← Chapters

အခန်း ၄၅

Vol. 4 Ch. 45

အခန်း ၄၅

Vol. 4 Ch. 45

အခန်း (၄၅) အပြင်ဘက်ကမ္ဘာသို့လမ်းလျှောက်ထွက်ခြင်း

ထို့နောက် ချမ်ချန်ကန်းသည် အမှတ်ကိုနောက်ထပ်ထည့်ရန်သာ ရွှေးချယ်လိုက်ရသည်။

စနစ်ကိုအဆင့်မြင့်တင်ပြီးနောက် သူ့၌ နယ်မြေတန်ဖိုး ရှစ်ထောင့်လေးရာကျန်နေခဲ့သည်။ ယခုအခါ အတွေ့အကြုံကတ်အတွက် လုပ်ဆောင်ချက်ကို ပိုမိုချဲ့ထွင်ရန် နယ်မြေတန်ဖိုးငါးထောင်ကိုပါ ထည့်ပေါင်းလိုက်သည်။

ထို့ကြောင့် ယခုအခါတွင် ချမ်ချန်ကန်း၏ခန္ဓာကိုယ်ပေါ်၌ နယ်မြေတန်ဖိုး သုံးထောင့်လေးရာသာ ကျန်တော့သည်။

အတွေ့အကြုံကတ်ကိုအသုံးပြုပြီးနောက် သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲမှ အရာအားလုံးက အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အမှောင်ထုထဲ၌ နတ်ဘုရားတစ်ပါး မွေးဖွားလာတယ်....

နတ်ဘုရားရဲ့အလင်းရောင်က တောက်ပပြီး နတ်ဘုရားရဲ့စွမ်းအားကလည်း အလွန်ကြီးမားတယ်...

ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံး အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျင့်ကြံနေသော လင်းပေါင်အာသည် ဤကမ္ဘာကြီး၏ပြောင်းလဲမှုကို ချက်ရှင်းသတိပြုမိလိုက်သည်။

သူမက မျက်လုံးပြူးပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ အင်မော်တယ်အငွေ့သက်များက သူမကိုလွှမ်းခြုံထားသည်။

သူမသည် လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခုသို့ ရောက်နေသလို ခံစားလိုက်ရသည်။ အကန့်အသတ်မရှိသော အင်မော်တယ်စွမ်းအားများက သူမခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။

တကယ်အဆင်ပြေတာပဲ။ ဒါပေမယ့် ဘာကြောင့်လည်းဆိုတာ သူမ မပြောနိုင်ပေ။ အရပ်မျက်နှာတိုင်းက နတ်ဘုရားကမ္ဘာကဲ့သို့ဖြစ်နေသည်။

ယခု အင်မော်တယ်နယ်မြေ မွေးဖွားလာသောအခါ ကျူးယန်အင်မော်တယ်သစ်ပင်ကြီးလည်း လိုက်လျောညီထွေဖြစ်ခဲ့သည်။

ပန်းများသည်လည်း အပြည့်အဝဖူးပွင့်ပြီး အလွန်လက်ရာမြောက်စွာ ထွင်းထုထားသလို လှပနေတော့ သည်။ ဤနေရာတွင် ပေါက်ရောက်နေသော အခြားသောစိတ်ဝိညာဉ်မြက်များမှာလည်း အင်မော်တယ်နယ်မြေဟူသော ဒဏ္ဍာရီအတိုင်း တဖြည်းဖြည်းအသွင်ပြောင်းသွားကြသည်။

အကျိုးကျေးဇူးက ထင်ရှားသိသာပေသည်။ ချမ်ချန်ကန်းသည် အတွေ့အကြံကတ်အောက်၌ သူ၏ပြိုင်ဘက်ကင်းနယ်မြေ၏ အပြောင်းအလဲများကိုကြည့်ရှု့လိုက်သည်။

အရင်ကထက် နည်းနည်းတော့ကွာပေမယ့် ဘာမှမထူးခြားသလိုပဲဟု ချမ်ချန်ကန်းက ညည်းညူလိုက်သည်။

လက်ရှိပြိုင်ဘက်ကင်းနယ်မြေသည် ယခင်ကနှင့် အမှန်တကယ် ကွဲပြားပေသည်။

သို့သော်ဘသူသည် သာမန်လူတစ်ဦးသာဖြစ်၍ မည်သည့်အရာကိုမှ ခံစားနိုင်ခြင်းမရှိပေ။ အကယ်၍ သူသာကျင့်ကြံသူဖြစ်ပါက ဤအင်မော်တယ်နယ်မြေ၏ ပြောင်းလဲမှုကို သဘာဝအတိုင်း ခံစားနိုင်ပေသည်။

ဤနေရာတွင် တစ်ရက်ကျင့်ကြံလျင် မိုင်ပေါင်းတစ်ထောင်လောက် ခရီးရောက်ပေသည်။

အင်မော်တယ်နယ်မြေ၌ အချိန်ကြာမြင့်စွာနေထိုင်ခြင်းဖြင့် အင်မော်တယ်စည်းချက်များ၏ အာဟာရပြုပြီးနောက် အောက်ကမ္ဘာတွင်ရှိသော ကျင့်ကြံသူများပင်လျင် သေမျိုးမှ မသေမျိုးအဖြစ်သို့ သိသိသာသာပြောင်းလဲသွားနိုင်ပေသည်။

မသိလိုက်ဖာသာပဲ သေမျိုးခန္ဓာကိုယ်မှ မသေမျိုးခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။

ပို၍အရေးကြီးသည်မှာ ဤအရာသည် အထက်ဘုံသို့ တက်လှမ်းခြင်းမရှိပဲ အင်မော်တယ်တစ်ပါးဖြစ်လာနိုင်ခြင်းဖြစ်သည်။

အကယ်၍ ကျူးရှို့တိုက်ကြီးတွင်ရှိသော ကျင့်ကြံသူများသည်သာ ဖေးရှန့်တောင်ပေါ်၌ အင်မော်တယ်နယ်မြေတည်ရှိကြောင်းသိပါက ကျူးရှို့တိုက်ကြီးတစ်ခုလုံး အုံကြွသွားမည်ဖြစ်သည်။

တိုက်ပွဲဝင်ရန် မရေတွက်နိုင်သော သူများကိုလည်းစွဲဆောင်နိုင်ပေလိမ့်မည်။ ချမ်ချန်ကန်းကတော့ ထိုအချင်းအရာကိုမသိပေ။

နောက်ဆုံး၌ သူ၏ပြိုင်ဘက်ကင်းနယ်မြေသည် အင်မော်တယ်နယ်မြေ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ခြုံပြောရရင် ယခင်ကနှင့်တော့သိပ်မတူတော့ပေ။ ထို့နောက် ချမ်ချန်ကန်းသည် ပန်းလစန္ဒာကြေးမုံမှ လုပ်ဆောင်ချက်၏ ထူးခြားချက်ကိုစစ်ဆေးလိုက်သည်။

ချမ်ချန်ကန်းသည် ထိုလုပ်ဆောင်ချက်အကြောင်းကို သိသောအခါဝမ်းသာသွားခဲ့သည်။

“ဟားဟား … ဒါက တကယ့်စွမ်းအားပဲ၊ ကစားလို့ကောင်းတယ် “

ပန်းလစန္ဒာကြေးမုံ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ၎င်းသည်ညနယ်မြေတန်ဖိုးကို ထည့်သွင်းခြင်းဖြင့် ကိုယ်ပွားတစ်ခုကို မွေးထုတ်ပေးနိုင်ခြင်းဖြစ်သည်။

ကိုယ်ပွား၏ခွန်အားသည် ပြင်ပခန္ဓာကိုယ်၏ခွန်အားနှင့် မသက်ဆိုင်ပေ။ သုံးစွဲသူသည် နယ်မြေတန်ဖိုးအလိုက် မည်သည့်ကျင့်ကြံမှုနယ်ပယ်ကိုမဆို ပို၍ရရှိနိုင်ပေသည်။

မှန်ထဲ၌ စွမ်းအင်များကုန်သွားပါက သို့မဟုတ် သတ်ဖြတ်ခြင်းခံလိုက်ရပါက ကိုယ်ပွားမှာ တိုက်ရိုက်ပျောက်ကွယ် သွားလိမ့်မည်ဖြစ်သည်။

လက်ရှိတွင် မှန်မှပေါက်ဖွားလာသော ကိုယ်ပွားသည် အနည်းဆုံးတစ်ရက်သာကြာရှည်ခံနိုင်သည်။

သို့သော်လည်း နယ်မြေတန်ဖိုး၏ စားသုံးမှုမှာအလွန်ကြီးမားသည်။

ဥပမာအားဖြင့် ပန်းလစန္ဒာကြေးမုံ၏ လုပ်ဆောင်ချက်မှတစ်ဆင့် သူ့ကဲ့သို့ကျင့်ကြံခြင်းမရှိသည့် ကိုယ်ပွားတစ်ကောင်ကို ဖန်တီးပါက ၎င်းသည်နယ်မြေတန်ဖိုးငါးရာ ကုန်ကျမည်ဖြစ်သည်။

ချမ်ချန်ကန်းလည်း မထိန်းနိုင်ပဲ ရှော့ရသွားသည်။

*ဒီပစ္စည်းက အရမ်းစျေးကြီးတယ်*

သူ့တွင် နယ်မြေတန်ဖိုးများ ပိုရှိလျင်တောင်မှ ဤပန်းလစန္ဒာကြေးမုံလုပ်ဆောင်ချက်၏စားသုံးမှုကို သူခံနိုင်ရည်မရှိမှာ ကြောက်မိပေသည်။

သို့သော် ချမ်ချန်ကန်းသည် ပန်းလစန္ဒာကြေးမုံ၏လုပ်ဆောင်ချက်ကို အလွန်ကျေနပ်နေသည်။ သူသည် ဆားနယ်ငါး ငါးဆင်နယ်တစ်ကောင်လို အိမ်၌တစ်သက်လုံးနေနိုင်ပေမယ့် အခွင့်အရေးရပါက အပြင်သို့ထွက်ကြည့်ချင်မိသည်။

ဤအခွင့်အရေးရနေသဖြင့် သူသည်နောက်ဆုံး၌ စမ်းကြည့်တော့မည်ဖြစ်သည်။ သူ၏ပင်မခန္ဓာကိုယ် မှ အပြင်ထွက်စရာမလိုသဖြင့် သူ၏လုံခြုံရေးအတွက် စိတ်ပူစရာမလိုတော့ပေ။

“ကောင်းပြီ အခုတော့ပိုကောင်းလာပြီ”

ချမ်ချန်ကန်းက ရယ်မောလိုက်သည်။ သူ၌နယ်မြေတန်ဖိုး သုံးထောင့်လေးရာရှိပေသည်။ နယ်မြေတန်ဖိုးငါးထောင်ကို အသုံးပြုပြီး ပန်းလစန္ဒာကြေးမုံလုပ်ဆောင်ချက်ကို သုံးလိုက်သည်။

နယ်မြေတန်ဖိုးငါးရာ ကုန်ဆုံးသွားခဲ့သည်။ ချမ်ချန်ကန်းလည်း အနည်းငယ်စိတ်ညစ်သွားသည်။

“ဒါကနယ်မြေတန်ဖိုးငါးရာပါပဲ။ ဆိုးတော့မဆိုးပါဘူး။”

ချမ်ချန်ကန်းသည် ခဏလောက်စဉ်းစားပြီးနောက် ပန်းလစန္ဒာကြေးမုံ၏ လုပ်ဆောင်ချက်ကို အသုံးပြုလိုက်သည်။ သူ့ရှေ့တွင် မှန်တစ်ချပ်သည် လရောင်ကဲ့သို့ တောက်ပလာပြီး လှပသောရေများစီးဆင်းလာသည်။

မှန်ထဲ၌ ချမ်ချန်ကန်း၏ပုံသဏ္ဍာန်မှာ ထင်ဟပ်လာသည်။ ချမ်ချန်ကန်းက စိတ်ဝင်တစားကြည့်လိုက်သည်။

“ဝုန်း” ဟူသော အသံထွက်ပေါ်လာသည်။ မှန်ထဲမှ ချမ်ချန်ကန်းက လှုပ်ရှားလာခဲ့သည်။ ပန်းလစန္ဒာကြေးမုံမှ ချမ်ချန်ကန်း၏ကိုယ်ပွားမှာ ထွက်ပေါ်လာခဲ့သည်။

ချမ်ချန်ကန်း၏ကိုယ်ပွားသည် သူနှင့်အတူတူပင်ဖြစ်သည်။ အသိစိတ်ကလည်း အတူတူပင်ဖြစ်သည်။ သို့သော်ကြည့်ရသည်မှာ ထူးဆန်းပေသည်။

အဘယ့်ကြောင့်ဆိုသော် သူသည် သူ၏ကိုယ်ပွားကို အခြားရှု့ထောင့်မှကြည့်နေရသောကြောင့်ဖြစ်သည်။

ဒီခံစားချက်ကထူးဆန်းတယ်၊ ဒါပေမဲ့နှစ်ယောက်စလုံးကတော့ငါပဲ*

ချမ်ချန်ကန်းက အလွန်ပျော်သွားသည်။

ပင်မခန္ဓာကိုယ်သည် အနားယူရန် သစ်သားကုလာထိုင်သို့ ပြန်လှည့်သွားပြီး ကိုယ်ပွားက လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်လိုက်သည်။

သိပ်မကြာခင်မှာ ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ ကျင့်ကြံနေရာသို့ ရောက်လာခဲ့သည်။ လင်းပေါင်အာသည် ချမ်ချန်ကန်းရောက်လာသည်ကို သတိပြုမိပြီး မျက်လုံးဖွင့်လိုက်သည်။

“ဆရာ ဘာဖြစ်လို့လဲ”

“ငါ့ခန္ဓာကိုယ်ကအနံ့ရသေးလား၊”

ချမ်ချန်ကန်းက ရယ်မောပြီးမေးလိုက်သည်။

လင်းပေါင်အာက အနံ့ခံရန်အံအားသင့်သွားပြီး

“ဆရာ.. ဆရာ့ခန္ဓာကိုယ်က အနံ့တွေ ဘယ်ရောက်သွားတာလဲ။ ဘာလို့ပျောက်သွားတာလဲ”

ချမ်ချန်ကန်းက ဂုဏ်ယူစွာပြုံးလိုက်သည်။

ထို့နောက် ခြံဝန်းထဲရှိ ပင်မခန္ဓာကိုယ်ကို လက်ညိုးထိုးပြလိုက်သည်။ သူ၏ပင်မခန္ဓာကိုယ်က လင်းပေါင်အာကို လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။

လင်းပေါင်အာသည် ထိုအချင်းအရာကိုမြင်သောအခါ မျက်လုံးများပြူးကျယ်သွားသည်။

“ဆရာကနှစ်ယောက်တောင်မှ ဘယ်လိုဖြစ်သွားတာလဲ “

“ဒါကငါဖန်တီးထားတဲ့ ကိုယ်ပွားပဲ “

ချမ်ချန်ကန်းက ရယ်မောလိုက်သည်။

လင်းပေါင်အာက ရုတ်တရက်သဘောပေါက်သွားသည်။

“ဆရာက တကယ့်ကို အံ့ဩစရာပဲ။ ဒီလိုမျိုး တပည့်ပထမဆုံးကြားဖူးတာ၊ “

ထို့နောက် လင်းပေါင်အာသည် သူ၏လက်ချောင်းများဖြင့် ချမ်ချန်ကန်း၏ခန္ဓာကိုယ်ကို တို့လိုက်သည်။

“အယ်... ဒါကတကယ့်ကိုအစစ်လိုပဲ”

ချမ်ရှန်ကန်းက မျက်လုံးပြူးသွားသည်။

“ဟုတ်ပြီ ဟုတ်ပြီ... ဆရာလမ်းလျှောက်ထွက်ဦးမယ်”

“ဆရာ တပည့်လည်း လမ်းလျှောက်ချင်တယ်”

လင်းပေါင်အာက ချမ်ချန်ကန်း၏ လက်မောင်းကို ပွေ့ဖက်လိုက်သည်။

“ပေါင်အာ မင်းအခုရောက်နေတဲ့နေရာက ဆရာဖန်တီးထားတဲ့ အင်မော်တယ်နယ်မြေဖြစ်သွားပြီဆိုတာ မင်းကိုပြောဖို့မေ့သွားတယ်“

“အင်မော်တယ်နယ်မြေလား”

လင်းပေါင်အာက မျက်တောင်ခက်ပြီး ပဟေဠိဖြစ်သွားသည်။

ချမ်ချန်ကန်းက စဉ်းစားပြီးပြောလိုက်သည်။

“ဒါကအင်မော်တယ်နယ်မြေလေ။ အထက်ကမ္ဘာမှာရှိတဲ့ အင်မော်တယ်တွေ နေထိုင်တဲ့နေရာလိုမျိုးပေါ့၊”

လင်းပေါင်အာက ချက်ချင်းမျက်လုံးပြူးကျယ်သွားသည်။

“ဆရာ တကယ်ပဲအထက်ကမ္ဘာမှာရှိတဲ့ အင်မော်တယ်တွေနေထိုင်တဲ့ နေရာလို့ဆိုလိုတာလား”

ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။

“ငါ့တပည့် ဒါကကျူးရှို့တိုက်ကြီးမှာရှိတဲ့ တခြားကျင့်ကြံသူတွေမခံစားနိုင်တဲ့ နေရာပဲ။ မင်းကအခု အင်မော်တယ်နယ်မြေမှာနေပြီး အင်မော်တယ်တစ်ယောက်ဖြစ်လာတော့မှာနော်။ မင်းရဲ့ဆရာကို အရှက်မရစေနဲ့ ကောင်းကောင်းကျင့်ကြံပြီး မြန်မြန်ဆန်ဆန် အောင်မြင်အောင်ကြိုးစားတော့”

“အင်မော်တယ်နယ်မြေမှာ ကျင့်ကြံရတာက မင်းအတွက်စိတ်ကူးမယဉ်နိုင်တဲ့အရာပဲ။ အဲဒါကို သေချာမြတ်နိုးရမယ်။ “

လင်းပေါင်အာသည် ချမ်ချန်ကန်း၏ လက်ကိုလွှတ်ပြီး သူမ၏မျက်နှာလေးများမှာ အလွန်စိတ်လှုပ်ရှားပြီး ခေါင်းညိတ်လိုက်သည်။

“ဆရာ ဒီတပည့် သေချာပြင်းပြင်းထန်ထန် ကြိုးစားပါ့မယ်။ နောက်တစ်ခါကြမှ ဆရာနဲ့အပြင်ထွက် ဖို့ လိုက်ခဲ့တော့မယ်နော်”

လင်းပေါင်အာသည် ချမ်ချန်ကန်းကို ချော့မြူပြီးနောက် နောက်ဆုံး၌ သက်ပြင်းချလိုက်သည်။ ဤအရာသည် ပထမဆုံးအကြိမ်အင်မော်တယ်နယ်ပယ်၌ ကျင့်ကြံရပေမည်။

အပြင်သို့ထွက်ရသည်မှာ အဆင်မပြေပေ။ ချမ်ချန်ကန်းသည်လည်း သူ၏ကိုယ်ပွားဖြစ်နေသဖြင့် လင်းပေါင်အာကို မခေါ်ထုတ်နိုင်ပေ။ တစ်ယောက်တည်းပဲသွားတော့သည်။

ချမ်ချန်ကန်းက ပြုံးလိုက်သည်။ သူ့တွင် ယခင်က ပြိုင်ဘက်ကင်းနယ်မြေမှ ထွက်ခွာရန်စိုးရွံ့မူရှိခဲ့သော်လည်း ယခုအခါ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်ချင်းသာရှိတော့သည်။

ထာဝရအသက်ရှည်ခန္ဓာကိုယ်ကြောင့် အသက်ရှည်ခြင်းပညာရပ်ကိုသာ သုံးနှစ်ကြာသင်ကြားခဲ့ရပေမယ့် တစ်ခါမှ ဤအင်မော်တယ်ဘုရားကျောင်းကနေ မထွက်နိုင်ခဲ့ပေ။

*အခုတော့ နောက်ဆုံးအကြိမ်တော့ ငါလမ်းလျှောက်ထွက်နိုင်ခဲ့ပြီ*

ထိုသို့ပြောပြီးနောက် ချမ်ချန်ကန်းသည် ပြိုင်ဘက်ကင်းနယ်မြေထဲမှ ထွက်ခွာလာခဲ့လေသည်။

All Chapters