← Chapters

အခန်း ၄၆

Vol. 4 Ch. 46

အခန်း ၄၆

Vol. 4 Ch. 46

အခန်း (၄၆) အရှင်သခင် အနိုင်ကျင့်ခံရသည်၊ အဖြူရောင်နတ်ဆိုးမိန်းကလေး

*ပြိုင်ဘက်ကင်းနယ်မြေထဲက ထွက်လာတာအမွှေးတိုင်တစ်တိုင်စာတောင် မကုန်သေးဘူး။ တကယ်ပဲ ပြင်ပကမ္ဘာမှာရှိတဲ့ လေထုကမတူညီဘူး။

အပြင်ဘက်က လေက အရမ်းလန်းဆန်းတယ်၊ အရမ်းချိုတယ်၊ အရမ်းမိုက်တယ်၊ ပြီးတော့ အရမ်းမွှေးတယ်*

*လေထုကအေးမြနေပြီး နေရာင်ခြည်ကလည်း တောက်ပနေတယ်၊ မြစ်ချောင်းအင်းအိုင်တွေကလည်း လှပလိုက်တာ*

ပြိုင်ဘက်ကင်းနယ်မြေမှ ထွက်ခွာလာသည့် ချမ်ချန်ကန်းက အလွန်ကျေနပ်နေသည်။

သူသည် မွေးဖွားကတည်းက ကျင့်ကြံမှုအခြေခံမရှိခဲ့သော်လည်း ချမ်ချန်ကန်းသည် ကြောက်လန့်ခြင်းမရှိပေ။ မွေးပြီးရင် သေရပေမည်။

ဖေးရှန့်တောင်သည် နတ်ဆိုးဘုရင်သုံးပါးကြောင့် အခြားနတ်ဆိုးနှင့် မိစ္ဆာများမရှိတော့ပေ။ ထို့ကြောင့် ချမ်ချန်ကန်းသည် တောင်ပေါ်၌လုံခြုံနေသည်။

ချမ်ချန်ကန်းသည် တောင်ပေါ်တလျောက် လမ်းလျှောက်နေပြီး ပန်းများကိုကြည့်ရှုနေသည်။ တောင်ပေါ်ရှိသစ်ပင်များမှာ အလွန်ကြီးမားပြီး သန်မာလှသည်။

ကျားဟိန်းဟောက်သံများ၊ မျောက်များ၊ ဖားများ၏ အဆုံးမရှိသော ငှက်များ၏အသံများလည်း ကြားနေရသည်။

အေးချမ်းပြီး သာယာလွန်းပေသည်။ ယခင်က ဖေးရှန့်တောင်တွင် နတ်ဆိုးများနှင့် မိစ္ဆာများရှိခဲ့သော်လည်း ထို့ပါယဲ့က ထိုနတ်ဆိုးများနှင့် မိစ္ဆာများက သခင်ဖြစ်သူကိုနှောင့်ယှက်မည် စိုးရိမ်သဖြင့် မောင်းထုတ်ခဲ့သည်။

မဟုတ်ပါက ချမ်ချန်ကန်းသည် တောင်ပေါ်၌ ဤကဲ့သို့ အသက်ရှင်လျက် လမ်းလျှောက်သွားနိုင်မည် မဟုတ်ပေ။

*ဟူး … နောက်ဆုံးတော့ တောင်အောက်ကိုရောက်ပြီ*

ချမ်ချန်ကန်းသည် နဖူးမှချွေးများကို သုတ်လိုက်သည်။ သူသည် တောင်ပေါ်မှဆင်းပြီး ခရီးလမ်းကမလွယ်ကူပေ။ တောင်တစ်တောင်လုံး ဆူးများဖြင့်ပြည့်နှက်နေပြီး သူ့အဝတ်စားတွေ စုတ်ပြဲလာသည်။

ကံကောင်းထောင့်မစွာဖြင့် နောက်ဆုံးတော့ ဆင်းလာနိုင်ခဲ့သည်။ ချမ်ချန်ကန်းသည် ဖေးရှန့်တောင်မှ ထွက်ခွာသွားပြီးညတောင်ပေါင်းတစ်သိန်းတောင်ကို ဆက်လက်လမ်းလျှောက်ပြန်သည်။

ခြုံငုံပြောရလျှင် ချမ်ချန်ကန်းသည် သူ၏ကိုယ်ပွားကို တောင်ပေါ်ကဆင်းဖို့အသုံးပြုခဲ့ပေမယ့် ပြန်သွားရန် မစီစဉ်ခဲ့ပေ။

ချီဝမ်တတောင်သည် အမှန်တကယ်ပင် နတ်ဆိုးမိစ္ဆာများအတွက် သုခဘုံဖြစ်သည်။ ဖေးရှန့်တောင်ပေါ် ရှိ ပတ်ဝန်းကျင်နှင့် မနှိုင်းယှဉ်နိုင်ပေ။

ဤနေရာတွင် နတ်ဆိုးများသောင်းကြမ်းနေပြီး ဧရာမသစ်ပင်ကြီးများလည်း ဖုံးအုပ်ထားသည်။ တစ်ခါတရံတွင် နတ်ဆိုးများ၏ဟိန်းဟောက်သံများလည်း ထွက်ပေါ်လာသည်။

ချမ်ချန်ကန်းသည် မှောင်မိုက်သောတောအုပ်ကို ဖြတ်လျှောက်သွားသောအခါ အဝေးမှနတ်ဆိုးဟိန်း ဟောက်သံကို ကြားလိုက်ရသဖြင့် တံတွေးမျိုချလိုက်မိသည်။ ခြေသလုံးမှာလည်း တုန်လှုပ်သွားသည်။

*ပြင်ပကမ္ဘာဟာ တကယ်ကိုအန္တရာယ်များတာပဲ။ ငါ့ရဲ့ကိုယ်ပွားကိုအစွမ်းထက်တဲ့ကိုယ်ပွားဖြစ်ဖို့ ပန်းလစန္ဒာကြေးမုံကို ထပ်ပြီးသုံးသင့်လား။ ဘာပဲဖြစ်ဖြစ်ကျင့်ကြံမှုကတော့ အခြေခံတည်ဆောက်ခြင်း အဆင့်လောက်တော့ရှိသင့်တယ်ထင်တယ်*

ချမ်ချန်ကန်းက တွေးနေမိသည်။ သို့သော်တွေးနေစဉ် သူ၏အနောက်၌ အသံသေးတစ်ခုထွက်ပေါ်လာခဲ့သည်။

နင်မေကျီးတော် ဒါကသရဲလား*

ချမ်ချန်ကန်းက စိတ်ထဲတွင်တုန်လှုပ်သွားပြီး နောက်ကိုလှည့်ကြည့်လိုက်သည်။ သူ၏မနီးမဝေးရှိမြင့်မားသော သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။

ထိုအပင်ပေါ်၌ မြွေပွေးတစ်ကောင်သည် ပင်စည်ထဲတွင်မြှုပ်နေပြီး ချမ်ချန်ကန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။

ချမ်ချန်ကန်းကို သူ၏သားကောင်အဖြစ် မှတ်ယူထားပုံရသည်။ ဤမြွေပွေးသည် အလွန်အားနည်းသော နတ်ဆိုးစွမ်းအင်ရှိသော်လည်း ၎င်းသည် ချီသန့်စင်ခြင်းနယ်မြေ၏ ပဉ္စမအဆင့်ဖြစ်သည်။

ချမ်ချန်ကန်းက အနိုင်ယူနိုင်မည်မဟုတ်ပေ။

*ကြည့်စမ်း ဖေးရှန့်တောင်ပေါ်က ဆင်းလာတာနဲ့ နတ်ဆိုးတစ်ကောင်နဲ့တွေ့တယ်*

မြွေပွေးသည် အလွန်လျင်မြန်သောအရှိန်ဖြင့် အလင်းတန်းတစ်ခုသို့ပြောင်းလဲကာ ချမ်ချန်ကန်းဆီသို့ ပစ်ပေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ပါးစပ်ကိုဟပြီး သူ၏အစွယ်နှစ်ချောင်းက အေးစက်သောအဆိပ်များ တောက်ပနေသည်။

ချမ်ချန်ကန်းလည်း အရမ်းထိတ်လန့်သွားပြီး ခေါင်းကိုချာကနဲလှည့်ကာ ထွက်ပြေးသွားတော့သည်။

သူသည် ပြိုင်ဘက်ကင်းနယ်မြေထဲ၌သာ အလွန်အားကောင်းသည်။ သို့သော် ပြိုင်ဘက်ကင်းနယ်မြေအပြင်ဘက်မှာတော့ သူသည် သာမန်လူတစ်ယောက်သာဖြစ်သည်။

ယခုကဲ့သို့ ချီသန့်စင်ခြင်းနယ်ပယ်အဆင့်၌သာရှိသော မြွေနတ်ဆိုးလေးတစ်ကောင်ကပင် သူ့ကို အလွယ်တကူသတ်နိုင်ပေသည်။

အရှင်သခင်က အခုတော့အနိုင်ကျင့်ခံနေရသည်။

သို့သော်ဘချမ်ချန်ကန်းသည် ဤမျှကြေကွဲဖွယ်နည်းဖြင့် သူ၏ပထမဆုံးအကြိမ်ကို မစတေးနိုင်ချင်ပေ။

သူသည် ချီဝမ်တတောင်တန်းများကိုဖြတ်ပြီး အသည်းအသန်ထွက်ပြေးလေသည်။ သူ့နောက်မှ မြွေကလည်း ရန်ဖန်ရန်ခါအော်မြည်ကာ လိုက်လေသည်။

ချမ်ချန်ကန်းသည် သာမန်လူတစ်ယောက်ဖြစ်သဖြင့် မကြာမီဖမ်းမိတော့မည်ဖြစ်သည်။

“မင်းရဲ့ဦးလေးကို လိုက်နေတာရပ်လိုက်စမ်း။ ထို့ပါယဲ့လာလို့ကတော့ မင်းကို ဖေးရှန့်တောင်ကိုခေါ်လာပြီး မြွေသားဟင်းချက်ခိုင်းပစ်မယ်”

မြွေက ဂရုမစိုက်ပေ။ နောက်ဆုံးကြိမ်မှ သူသည် သားကောင်ကိုတွေ့ခဲ့ခြင်းဖြစ်သည်။ မည်ကဲ့သို့ လွှတ်ပေးနိုင်မည်နည်း။

*ဟမ့် ဒီသားကောင်က တကယ့်ကိုအမှိုက်ပဲ။ ကျင့်ကြံခြင်းအခြေခံတောင်မရှိတဲ့ သာမန်လူတစ်ယောက်ပဲ*

*ဒီလိုမျိုးတောင်ပေါင်းတစ်သိန်းမှာ သူ့လိုလူနဲ့လာတွေ့တယ်ဆိုတာက တကယ့်ကိုကောင်းကင်ပေါ်ကကျလာတဲ့ ပိုင်မုန့်ပဲ၊ *

မြွေက တွေးလိုက်မိသည်။

ချမ်ချန်ကန်းလည်း ချွေးများတသီကြီးထွက်ပြီး အသက်ရှုမဝဖြစ်လာသည်။ မြွေကလည်း သူ့နားသို့ တဖြည်းဖြည်းရောက်လာခဲ့သည်။

*သေစမ်း ငါမပြေးနိုင်တော့ဘူး*

ချမ်ရှန်ကန်းသည် ရပ်လိုက်ပြီး ခါးကုန်းကာ အသက်ပြင်းပြင်းရှုရှိုက်လိုက်သည်။ သူထွက် မပြေးနိုင်တော့ပေ။ မြွေသည် သူ့ရှေ့၌ရပ်လိုက်ပြီး ချမ်ချန်ကန်းထက် ပိုမြင့်စွာ ပါးပြင်းထောင်လိုက်သည်။

၎င်းသည် ချမ်ချန်ကန်းကို လူသားဆန်သောအကြည့်ဖြင့် လျှောင်ပြောင်လိုက်သည်။

သူသည် ချမ်ရှန်ကန်း၏ လွန်ကဲစွာပြေးနိုင်ပုံကို လျှောင်ပြောင်နေခြင်းဖြစ်သည်။

ချမ်ချန်ကန်းက ကျိန်ဆဲလိုက်သည်။

“လာစမ်း မင်းသာ ငါ့ကိုတစ်ကိုက်တည်းနဲ့ စားဝံ့ရင် မြွေစွပ်ပြုတ်လုပ်ပစ်မယ်”

ချမ်ချန်ကန်းက မလွတ်မြောက်သဖြင့် ပြေးခြင်းကို စွန့်လွှတ်လိုက်သည်။

“ဟမ့် မြွေစုတ်ကများ ဒီသခင်ရဲ့ကိုယ်ပွားကိုစားဝံ့တယ်။ သေသင့်တယ်”

မြွေက ချမ်ချန်ကန်းကို အရူးတစ်ယောက်လိုမျိုးကြည့်လိုက်သည်။

ထို့နောက် သူ့ပါးစပ်ကိုဟလိုက်ရာ အနံ့သက်ဆိုးများ ထွက်လာခဲ့သည်။ ချမ်ချန်ကန်း၏ မျက်နှာသည်လည်း စိမ်းစိုသွားပြီး နှာခေါင်းကိုအမြန်ဖုံးလိုက်သည်။

“ နံတယ်....နံစော်နေတာပဲ ဒီလိုဗိုက်ထဲမှာသာသေရင်တော့ ငါတော့ သိက္ခာကျပြီပဲ”

သို့သော် ကံကောင်းထောက်မစွာဖြင့် ဤနေရာ၌ ချမ်ချန်ကန်းနှင့်မြွေသာရှိပေသည်။

အခြားသူမရှိပေ။ မဟုတ်ပါက ဤမြွေပွေးမျိုချသည်ကို အခြားသူများ မြင်လျှင် အလွန်ရှက်စရာကောင်းပေသည်။

ဟုတ်ပေသည်။ ပေါင်အာကိုမခေါ်ထုတ်ခဲ့တာ မှန်ပေသည်။ ချမ်ချန်ကန်းသည် မြွေ၏နံစော်နေသော ပါးစပ်ကို ခိုးကိုးရာမဲ့စွာ ကြည့်နေမိသည်။

ချမ်ချန်ကန်းသည် မြွေ၏ဗိုက်အတွင်း၌ သေဆုံးရန်မရည်ရွယ်ပဲ သူ့ကိုယ်သူပေါက်ကွဲရန် ကြံစည်လိုက်သည်။

ကိုယ်ပွားမှာ ကျင့်ကြံမှုအခြေခံမရှိသော်လည်း သူ့ကိုယ်သူ ဖျက်ဆီးနိုင်စွမ်းရှိပေသည်။

ပါးစပ်က သူ့အနားနီးကပ်လာသောအခါ ချမ်ချန်ကန်းက သူ့ကိုယ်သူ ဖောက်ခွဲတော့မည်ပြုလိုက်သည်။ ထိုအခိုက် အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဘာဖြစ်တာလဲဟ”

အနီရောင်အလင်းတန်းက ချမ်ချန်ကန်း၏ခါးကို ရစ်ပတ်လိုက်သည်။ ထို့နောက် အနောက်ကို ဆွဲထုတ်လိုက်သည်။

ချမ်ချန်ကန်းလည်း အော်ဟစ်ပြီး တစ်ကိုယ်လုံး လွှင့်စင်သွားသည်။ သူသည်ဘာဖြစ်နေမှန်းမသိပေမယ့် သစ်ပင်တစ်ပင်၌ တင်းတင်းကြပ်ကြပ်ချည်နှောင်ခံထားရသည်။

“အဆင်ပြေရဲ့လား”

ချမ်ချန်ကန်း၏နားထဲ၌ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုမှသာလျှင် ချမ်ချန်ကန်းသည် အဝေးမှ အမျိုးသမီးတစ်ဦးရပ်နေမှန်းသိလိုက်ရသည်။ ချမ်ချန်ကန်းသည် သူ့ရှေ့မှ အမျိုးသမီးကိုမြင်လိုက်ရသောအခါ အမှန်ပင် အံ့အားသင့်သွားပြီး မျက်လုံးမှ အရောင်တောက်လာခဲ့သည်။

ဤအမျိုးသမီးသည် သူမလက်ထဲတွင် အနီရောင်ကြိုးတစ်ချောင်းကို ကိုင်ထားပြီး သစ်ပင်၏ပင်စည်ပေါ်တွင် မတ်တက်ရပ်နေသည်။

သူမ၏ပတ်ဝန်းကျင်တွင် နတ်ဆိုးစွမ်းအင်များက တောက်ပနေသည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှင်းပွင့်များကဲ့သို့ သန့်ရှင်းသပ်ရပ်နေသည်။

အထူးသဖြင့် နှင်းနတ်သမီးလေးကဲ့သို့ လှပနေတော့သည်။ သူမ၏ခန္ဓာကိုယ်အနှံ့ရှိ နတ်ဆိုးစွမ်းအင်များကြောင့် သူမသည် ဟုန်ရီနှင့်အမှန်တကယ်တူသော နတ်ဆိုးမိန်းကလေးဖြစ်ပေသည်။

သူမသည် မြေခွေးကဲ့သို့ အဖြူရောင်ကတ္တီပါနားရွက်တစ်စုံတည်ရှိသည်။ သူမအဖြူရောင်အမြီးမှာလည်းအနောက်ဘက်၌ ညှင်သာစွာ လှုပ်ရမ်းနေသည်။

ထိုနေရာ၌ရပ်နေသည်မှာ အလွန်လှပနေသည်။ ဟုန်ရီသည် စွဲမက်ဖွယ်ကောင်းစွာလှပပြီး ဤအမျိုးသမီးသည်တော့ ခြံဝန်းအတွင်းလှပနေသော သစ်ခွပန်းနှင့်တူသည်။

နတ်ဆိုးလားနတ်သမီးလား....

ချမ်ချန်ကန်းက မည်သို့သတ်မှတ်ရမှန်းမသိတော့ပေ။

ချမ်ချန်ကန်းသည် အလှအပကိုနှစ်သက်သော်လည်း ၎င်းကိုစွဲလန်းခြင်းမရှိပေ။ ထို့အစား သူ့ကိုယ်သူ သာ ယုံကြည်မှုအပြည့်ရှိပေသည်။

မည်သို့ပင်ဖြစ်စေ သူ၌ပြိုင်ဘက်ကင်းနယ်မြေရှိပေသည်။ သူသည် ဤကမ္ဘာပေါ်၌ အလှဆုံးကောင်လေးဖြစ်သည်။

ခဏတာငြိမ်သက်သွားပြီးနောက် မြွေပွေးက အဖြူရောင်အမျိုးသမီးထံမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအားကို ခံစားလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကာ မြေပေါ်သို့လဲကျသွားသည်။

“ထွက်သွား”

အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက သူမ၏ပါးစပ်ကိုဟလိုက်ပြီး နူးညံ့သိမ်မွေ့သောအသံက ကောင်းကင်ထံမှထွက်ပေါ်လာခဲ့သည်။

မြွေပွေးလည်း လွတ်ငြိမ်းချမသာခွင့်ရသဖြင့် ကျေးဇူးတင်ကာ အလျင်အမြန်ပြေးသွားတော့သည်။

“လူယုတ်မာ မင်းမပြေးနဲ့”

ချမ်ချန်ကန်းသည် ပြေးသွားသောမြွေကိုမြင်သောအခါ အလွန်ဒေါသထွက်သွားသည်။

သို့ပေမယ့် သူသည် အမြင့်ခုနှစ်မိတာ၊ ရှစ်မီတာရှိသော သစ်ပင်ပေါ်သို့ ရောက်ရှိနေသဖြင့် မြွေအနောက်သို့ လိုက်ဖို့နေနေသာသာ ပြုတ်ကျလျှင်ပင် အသေခံဖို့သာရှိတော့သည်။

ထို့အပြင် သူသည် ဖေးရှန့်တောင်ပေါ်၌ ပထမဦးဆုံးအကြိမ် အခြားတစ်ယောက်နှင့် တွေ့ဆုံရခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဤကဲ့သို့အရှက်ရခြင်းမျိုးကို ထပ်မံမလုပ်လိုတော့ပေ။

*ဒီမြွေကိုတော့သတ်ပစ်ရမယ်*

ချမ်ချန်ကန်းက ထိုကိစ္စကိုစဉ်းစားထားသည်။ သူပြန်သွားသည့်အခါ ထို့ပါယဲ့ကို မြွေကိုရှာခိုင်းပြီး သူ့အရေပြားကိုလှမ်ကာ မြွေစွပ်ပြုတ် ပြုတ်သောက်ပစ်မည်ဖြစ်သည်။

All Chapters