← Chapters

အခန်း ၄၇

Vol. 4 Ch. 47

အခန်း ၄၇

Vol. 4 Ch. 47

အခန်း (၄၇) ပိုင်ယွဲ၊ ငါ့နာမည်က ကျန်းရှောင်ပိုင်ပဲ

“ရှင်က မြွေပွေးရဲ့ပြိုင်ဘက်မှမဟုတ်တာ၊ ဘာလို့သူ့ကို သတ်ချင်နေသေးရတာလဲ၊ အဲ့ဒါက သေဖို့တောင်းဆိုးနေတာမဟုတ်ဘူးလား”

ချမ်ချန်ကန်း၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်ကို သတိပြုမိပြီး အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက ချမ်ချန်ကန်းကို ဖြည်းညှင်းစွာပြောလိုက်သည်။

ချမ်ချန်ကန်းက သူမကိုကြည့်လိုက်သည်။ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက ချမ်ချန်ကန်း၏အဖြေကို စောင့်မျှော်နေသကဲ့သို့ သူ့အား ပေါ့ပေါ့ပါးပါးပြုံးပြလိုက်သည်။

ချမ်ချန်ကန်းလည်း အံ့အားသင့်သွားသည်။ စိတ်ကူးရင်ကမ္ဘာတစ်ခုဆိုသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ဤအမျိုးသမီးသည်လည်း ဤကမ္ဘာပေါ်၌ လုံးဝရှိပုံမရဟု ထင်ရသည်။

သူသည် ဤနေရာတွင် ဤမျှပြီးပြည့်စုံသော အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ခဲ့ဖူးခြင်းဖြစ်ပေသည်။

ချမ်ချန်ကန်းက လက်သီးဆုပ်ပြီးပြောလိုက်သည်။

“ဒီမြွေပွေးက ငါ့ကိုသတ်ချင်နေတာလေ၊ ဒါက အကျိုးအကြောင်းဆီလျော်တာပဲ၊ သူ့ရဲ့ပြစ်မှုအတွက် ငါပြန်ပြီးပေးရမှာပေါ့၊ အဲ့ဒါက အကျိုးသက်ရောက်မှုလို့ခေါ်တယ်”

ချမ်ချန်ကန်း၏စကားကို နားထောင်ပြီး အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက တွေးလိုက်သည်။ အကြောင်းနှင့်အကျိုးသံသရာကို သတိထားမိလိုက်သည်။

“ရှင့်လိုသာမန်လူက ဒီလိုမျိုးပြောမယ်လို့ မမျှော်လင့်ထားဘူး ”

သူမသည် လူသားမျိုးနွယ်ကျင့်ကြံသူများကို တစ်ခါမှမမြင်ဘူးသော်လည်း ထိုလူသားမျိုးနွယ်သည် လောဘကြီးပြီး ကောင်းမွန်ခြင်းမရှိဟု ကြားသိခဲ့ဖူးသည်။

သို့သော် သူမရှေ့ရှိလူငယ်လေးသည် ကျင့်ကြံခြင်းမရှိသော်လည်း သူ၏မျက်လုံးများကဖြူစင်ပြီး အတွေးအမြင်ကလည်း မရိုးရှင်းပေ။

ချမ်ချန်ကန်း၏ခန္ဓာကိုယ်သည် ယခင်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ယခုအခါ စုတ်ပြဲပေပွနေသည်။

သူမသည် ချမ်ချန်ကန်းအား မည်သည့်အတွက်ကြောင့် ကယ်တင်ခဲ့မှန်း သူမကိုသူမ မသိပေ။

“ရှင် ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်မက လမ်းကြုံလို့ကူညီပေးခဲ့ရုံပဲ”

ထို့နောက် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးက သူမ၏ကြိုးနီနှင့်အတူ ထွက်သွားတော့မည်ပြုလိုက်သည်။

“ဒီနေရာက သာမန်လူတွေ ရောက်မလာနိုင်တဲ့တောင်ပဲ။ ပြီးတော့ ဒီတောင်ပေါ်မှာ တောင်ပေါင်းတစ်သိန်းက နတ်ဆိုးသားရဲတွေ အများကြီးသောင်းကျန်းနေတယ်”

“ရှင်က ကံကောင်းထောက်မလို့ နတ်ဆိုးအငယ်လေးနဲ့ တွေ့ခဲ့တာပဲ။ ပိုသန်မာတဲ့နတ်ဆိုးတစ်ကောင်နဲ့သာတွေ့ရင် ရှင်သေသွားနိုင်တယ် ”

ချမ်ချန်ကန်းက သက်ပြင်းချပြီးပြောလိုက်သည်။

“ဟုတ်တယ် ဒီတောင်ပေါင်းတစ်သိန်းက အရမ်းကိုအန္တရာယ်များတယ်။ ”

သူသည် အရင်ကတည်းက အင်မော်တယ်ဘုရားကျောင်းဝန်းထဲမှာသာ နေထိုင်မည်ဟူသောဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပုံရသည်။

“ရှင်က ကျင့်ကြံခြင်းမရှိဘူးဆိုတော့ ဒီတောင်ပေါင်းတစ်သိန်းကနေ အပြင်ကိုထွက်သွားချင်လား”

အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးကမေးလိုက်သည်။

ချမ်ချန်ကန်းက ခေါင်းခါယမ်းလိုက်သည်။

“မလိုပါဘူး”

ဤသည်မှာဘသူ၏ကိုယ်ပွားဖြစ်သည်။ အသက်နှင့်သေဆုံးခြင်းကို ဂရုစိုက်စရာမလိုပေ။ သူ မည်သည့်နေရာသို့သွားသွား အတူတူပင်ဖြစ်သည်။

မြွေပွေးမရှိတော့သဖြင့် အနည်းငယ်တော့ စိတ်မချမ်းမသာဖြစ်သွားသည်။ အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးက ချမ်ချန်ကန်း၏ အကြောင်းကိုသိချင်မိသည်။

ချမ်ချန်ကန်းကလည်း အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးအကြောင်းကို သိချင်သည်။

ထို့နောက် သူကပြောလိုက်သည်။

“ငါ့မှာ မိတ်ဆွေတစ်ယောက်ရှိတယ်၊ သူ့နာမည်က ဟုန်ရီ၊ သူက မင်းနဲ့အတော်လေးတူတယ်၊ မင်းကလည်းရှေးမြေခွေးမျိုးနွယ်ကလား”

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကအံ့အားသင့်သွားသည်။

“အစ်မဟုန်ရီကို သိလိမ့်မယ်လို့မမျှော်လင့်ထားဘူး။ ဟုတ်တယ် ကျွန်မကလည်း ရှေးမြေခွေးမျိုးနွယ်ကပဲ ”

သူမ၏အမူအရာနှင့်ပတ်သက်၍ အနည်းငယ်ထူးခြားသည်။ ဟုန်ရီသည်နတ်ဆိုးဘုရင်ဖြစ်သည်။ သို့သော် ဤလူငယ်လေးက နတ်ဆိုးဘုရင်ကို သိကြောင်းပြောလေသည်။

သူသည် သာမန်လူဖြစ်သော်လည်း သူ၏အပြောအဆိုမှာ ထူးခြားပြီးသူ၏ခန္ဓာကိုယ်၌လည်း လူများအတွက် လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါမျိုးခံစားနေရသည်။

“ဪ … ဟုတ်တယ် ငါတကယ်သိတယ်”

ချမ်ချန်ကန်းက ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ချမ်ချန်ကန်းသည် သူ့ရှေ့ရှိညအဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးရောက်လာခြင်းမှာ ရှေးမြေခွေးမျိုးနွယ်သို့ သွားသောဟုန်ရီနှင့်အမြီးလေးနှင့်များ သက်ဆိုင်မလားဟု သူ့စိတ်ထဲ၌တွေးနေမိသည်။

ထိုသို့သာမဟုတ်ပါက သူမက ဤနေရာ၌ရှိနေမည်နည်း။ ချမ်ချန်ကန်းကနုတ်ဆိတ်ပြီး စိတ်ထဲ၌ တွေးနေမိသည်။

အဖြူရောင်ဝတ်အမျိုးသမီးက ပြောလိုက်သည်။

“ကျွန်မနာမည်က ပိုင်ယွဲပါ။ ကျွန်မကဟုန်ရီရဲ့အစ်မပဲ၊ ရှင် သူနေတဲ့ဖေးရှန့်တောင်ကိုသိလား”

“ဖေးရှန့်တောင်ကိုသွားမလို့လား ”

ချမ်ချန်ကန်းက အံ့အားသင့်သွားသည်။ ပိုင်ယွဲက ခေါင်းညိတ်လိုက်သည်။

“ဖေးရှန့်တောင်ကိုရှာနေတာ ဒါပေမဲ့တောင်ပေါင်းတစ်သိန်းက ကြီးလွန်းနေတယ်၊ ညီမဟုန်ရီပြောထားတဲ့ ဖေးရှန့်တောင်ကို ခုရှာမတွေ့သေးဘူး၊ ရှင်သိရင် ပိုင်ယွဲကို ပြောပြပါလား”

ဤပိုင်ယွဲသည် ဟုန်ရီ၏အစ်မဖြစ်သဖြင့် သူမ၏ကျင့်ကြံခြင်းကလည်း မပျော့ညံ့ပေ။ ချမ်ချန်ကန်း၌ ကျင့်ကြံမှုမရှိလျှင်ပင် သူမသည်နူးညံ့သိမ်မွေ့ပြီး ကျိုးကြောင်းဆီလျောစွာ ပြောတတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ၊

ချမ်ချန်ကန်းက ပိုင်ယွဲကို သဘောကျစွာ ကြည့်နေမိသည်။ သူမသည်အကူအညီပေးရုံသာမက နူးညံ့သောစိတ်ထားလည်းရှိပေသည်။

ချမ်ချန်ကန်းသည် သူလာရာလမ်းကြောင်းကို ညွန်ပြလိုက်ရာ ခမ်းနားထည်ဝါစွာ တောင်ကြီးတစ်ခုရှိနေသည်။

“ဖေးရှန့်တောင်က အဲ့ဒီမှာပဲ”

ပိုင်ယွဲ၏ မျက်လုံးမှာ တောက်ပလာခဲ့သည်။

“ဒါဆိုရင်တော့ အရမ်းကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”

ချမ်ချန်ကန်းက ပြုံးလိုက်သည်။

“ဒါကလမ်းပြသက်သက်ပဲ။ ကိစ္စမရှိပါဘူး”

သို့သော် ချမ်ချန်ကန်းက စိတ်ဓာတ်ကျသွားသည်။ ပိုင်ယွဲသည် ဖေးရှန့်တောင်သို့သွားခြင်းမှာ သူ့အတွက်ဖြစ်ရပေမည်။ မည်သို့ရည်ရွယ်ချက်ရှိမှန်းမသိပေ။

သို့ပေမဲ့ မြွေပွေးရှေ့၌ ရှက်စရာကောင်းသော မြင်ကွင်းကို သူမမြင်ခဲ့ဖူးပေသည်။ ဘယ်လိုလုပ်ရမလဲ။ သူသည်ဟုန်ရီ၏သခင်ဖြစ်သည်။

သူမသာပြန်သွားပြီး ဟုန်ရီကိုပြောပြပါက အရှက်ရပေလိမ့်မည်။

*အင်း နောက်တစ်ခါအပြင်ထွက်ရင်တော့ မျက်နှာဖုံးတပ်မှရတော့မှာပဲ*

ပိုင်ယွဲကပြုံးပြပြီး ချမ်ချန်ကန်းကိုပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီကတာအိုရောင်းရင်းကိုတော့ ဘယ်လိုခေါ်ရမလည်းမသိဘူး ”

ချမ်ချန်ကန်းက သူ့နှာခေါင်းကို ပွတ်လိုက်သည်။

“ငါ့ကို ကျန်းရှောင်ပိုင်လို့ပဲခေါ်ပါ”

“တာအိုရောင်းရင်းရှောင်ပိုင် ကျွန်မမှာလုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ်နော်”

ချမ်ချန်ကန်းက ခေါင်းညိတ်ပေမယ့် တာအိုရောင်းရင်းဟုခေါ်ခံရသောစကားကို နည်းနည်းတော့ အဆင်မပြေပေ။ ပိုင်ယွဲသည် အကြာကြီးမနေတော့ပဲ အဖြူရောင်နတ်ဆိုးအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ဖေးရှန့်တောင်ကြီးသို့ ဦးတည်သွားလိုက်သည်။

ချမ်ချန်ကန်းသည် ရှုပ်ထွေးသောအမူအရာဖြင့် ထွက်ခွာသွားသော ပိုင်ယွဲ၏အမူရာကိုကြည့်လိုက်သည်။

*မကြာခင် ငါတို့ပြန်တွေ့တော့မယ်။ ဘယ်လိုရှင်းပြရမလဲမသိဘူး။*

ဟုတ်ပေသည်။ သူ့အတွက်တော့ သိပ်မခက်ခဲပေ။ တွေ့သည့်အချိန်၌ သူ့မျက်နှာကို အုပ်ထားရန်သာရှိသည်။

ထို့နောက် နောက်ကျောဘက်မှ နှာမှုတ်သံတစ်ခု ထွက်လာခဲ့သည်။ ချမ်ချန်ကန်း၏ နောက်ကွယ်၌ မြွေပွေးက မည်သည့်အချိန်ကတည်းက တိတ်တဆိတ်ရောက်နေမှန်းမသိပေ။

သူသည် အဝေး၌ပုန်းနေပြီး ပိုင်ယွဲထွက်သွားသည်ကို မြင်သောအခါ ပြန်လှည့်လာခြင်းဖြစ်သည်။ သူသည် ဤသားကောင်ကို လွှတ်ထားရန် ရည်ရွယ်ချက်မရှိပေ။

အနံ့ဆိုးထွက်နေသော ပါးစပ်ကိုဖွင့်ပြီး မြွေပွေးက ချမ်ချန်ကန်းကို မျိုချရန်ပြုလိုက်သည်။ ထိုအခိုက်တွင် ချမ်ချန်ကန်းတစ်ယောက် သူ့ရှေ့၌ ရုတ်တရက် “ဝုန်း” ဆိုသောပေါက်ကွဲသံနှင့်အတူ ရေလုံးအဖြစ်သို့ ပေါက်ကွဲသွားပြီး မြွေပွေးကို စိုရွှဲသွားစေခဲ့သည်။

မြွေပွေးလည်း အံ့အားသင့်သွားသည်။

“ဘာဖြစ်သွားတာလဲ။ သူ့ရဲ့သားကောင်က ဘာလို့ပျောက်သွားတာလဲ ”

ဘုရားကျောင်း၌ အနားယူနေသော ချမ်ချန်ကန်းတစ်ယောက် အလွန်ဒေါသထွက် သွားသည်။

“နံစော်နေတဲ့မြွေပွေးစုတ် မင်းကများ ပြန်လာပြီး ခိုးကြောင့်ခိုးဝှက်တိုက်ဝံ့တယ်ဟုတ်လား၊ စောင့်ကြည့်စမ်း၊”

ထို့နောက် ချမ်ချန်ကန်းသည် ပိုင်ယွဲကို မည်သို့ရင်ဆိုင်ရမည်ဟု တွေးတောကာ သက်ပြင်းချလိုက်သည်။

သူ့ရဲ့မျက်နှာအစစ်ကို မပြနိုင်ပါက ပို၍ကောင်းပေလိမ့်မည်။ ထို့နောက် ချမ်ချမ်ကန်း၏ မျက်လုံးများမှာပို၍ တောက်ပလာပြီး စနစ်အဆင့်မြင့်တင်ထားသော ဗားရှင်း 3.0 ၏ လုပ်ဆောင်ချက်အသစ် အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်များကို တွေးတောလိုက်သည်။

ထို့နောက် သူသည် သူ၏ညာဘက်လက်ဖြင့် မျက်နှာကိုပွတ်သက်ပြီး အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်ကို အသုံးပြုလိုက်သည်။

ထို့နောက် လင်းပေါင်အာဆီသို့ လျှောက်သွားလိုက်သည်။

“ပေါင်အာ ဆရာ့ရဲ့မျက်နှာကို မြင်နိုင်သေးလား”

“အမ် .. ဆရာ ဘယ်လိုဖြစ်သွားတာလဲ၊ တပည့်ဆရာ့မျက်နှာကို မမြင်ရတော့ဘူး”

ယခုအချိန်၌ လင်းပေါင်အာသည် ချမ်ချန်ကန်း၏ မျက်နှာကိုကြည့်လိုက်ရာ မူန်ဝါးနေပြီး နတ်ဘုရားတစ်ပါးကို မြင်ရသကဲ့သို့ ခံစားနေရသည်။

လင်းပေါင်အာသည် သူမ၏စိတ်ဝိညာဉ်အာရုံကို အသုံးပြုသော်လည်း ၎င်းကိုမမြင်ရနိုင်ပေ။ ချမ်ချန်ကန်းကပြုံးလိုက်သည်။

“အမှန်တကယ်အသုံးဝင်တာပဲ”

ဤအင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်က အစွမ်းထက်သော လက်နက်ဖြစ်ပေသည်။ ထို့နောက်သူ၏တစ်ကိုယ်လုံးကို အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်ကို အသုံးပြုခဲ့သည်။

“ကောင်မလေး အခုကော”

လင်းပေါင်အာ၏ လှပသောမျက်လုံးလေးများက ပြူးကျယ်သွားသည်။

“ဆရာ တပည့်ဆရာ့ကိုမတွေ့ရတော့ဘူး၊ ဆရာ့တစ်ကိုယ်လုံး လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားအငွေ့တွေ ဝိုင်းရံနေတာပဲတွေ့ရတယ် ”

ဤမှော်ဆန်သော နည်းလမ်းများက လင်းပေါင်အာတစ်ယောက် ချမ်ချန်ကန်းကို မယုံကြည်နိုင်လောက်သည့် ခံစားချက်များ ပို၍တိုးလာခဲ့သည်။

ချမ်ချန်ကန်းသည် အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်ကို ရုတ်သိမ်းလိုက်သည်။ ဖုံးကွယ်နေသော အင်မော်တယ် တိမ်တိုက်များပျောက်ကွယ်သွားသည်။

ချမ်ချန်ကန်း၏ ရုပ်သွင်က လင်းပေါင်အာ၏အရှေ့၌ ပေါ်လာခဲ့ပြန်သည်။

“ဆရာတပည့်ကို ပြောစမ်းပါ၊ ဆရာဘယ်လောက်သန်မာလဲ”

ချမ်ချန်ကန်းက လင်းပေါင်အာ၏မျက်နှာကိုမြင်ပြီး ပြောလိုက်သည်။

“အရမ်းသန်မာတာပေါ့”

“ဘယ်လောက်သန်မာလဲ”

ချမ်ချန်ကန်းက အဲ့ဒါကိုတွေးလိုက်မိသည်။

“အဲဒါတော့ဆရာလည်းမသိဘူး”

ထိုသို့လေးလေးနက်နက်ပြောလိုက်မိသည်။ ပြိုင်ဘက်ကင်းနယ်မြေဆိုသည်မှာ မည်သူမှအနိုင်မရကြောင်းကိုသိသော်လည်း မည်မျှထိ သန်မာမှန်းတော့ သူလည်းမသိပေ။ စကားလုံးနှင့် ဖော်ပြနိုင်၍ မရပေ။

လင်းပေါင်အာ နှုတ်ခမ်းစူပြီးပြောလိုက်သည်။

“ဆရာက လိမ်နေတာပဲ၊ ဆရာကိုယ်တိုင်မသိဘူးဆိုတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

တစ်ချိန်တည်းမှာပင် ချမ်ချန်ကန်းနှင့် လင်းပေါင်အာစကားစမြည်းပြောနေစဉ် ပိုင်ယွဲတစ်ယောက် ရောက်လာခဲ့သည်။

All Chapters