← Chapters

အခန်း ၄၈

Vol. 4 Ch. 48

အခန်း ၄၈

Vol. 4 Ch. 48

အခန်း (၄၈) ရှေးမြေခွေးမျိုးနွယ်စု၏ မျက်နှာဖျက်ရိုက်ခံရခြင်း

*ဒါကဖေးရှန့်တောင်ပဲ။ ညီမဟုန်ရီပြောတဲ့အတိုင်းပဲ။ အင်မော်တယ်ဘုရားကျောင်းရှိတယ် ပြီးတော့ သူလေးစားရတဲ့သခင်ကလည်း ဒီအင်မော်တယ်ဘုရားကျောင်းထဲမှာတဲ့လား*

ပိုင်ယွဲက ညည်းညူလိုက်သည်။

သူမသည် ဖေးရှန့်တောင်သို့ရောက်ခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်းပင် မကြာမီ၌တောင်ထိပ်ပေါ် တွင် ဘုရားကျောင်းတစ်ခုကို တွေ့လိုက်ရ၏။

“ဆရာကြည့်ပါဦး။ တစ်ယောက်ယောက် ရောက်လာပြန်ပြီ”

ပိုင်ယွဲရောက်လာသည်ကို မြင်သောအခါ လင်းပေါင်အာက သူမ၏အငွေ့အသက်ကို သတိထားမိလိုက်သည်။ ချမ်ချန်ကန်းသည် အဖြူရောင်နတ်ဆိုးအလင်းတန်းကို မြင်လိုက်ရ၏။

သူသည် စဉ်းစားမနေတော့ပေ။ သူမသည် တောင်ပေါင်းတစ်သိန်း၌ သူတွေ့ခဲ့သော ပိုင်ယွဲပင်ဖြစ်သည်။ ချမ်ချန်ကန်းသည် တစ်ချက်တည်းဖြင့် အမော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်အောက်၌ သူ၏မျက်နှာကို ဖုံးလွှမ်းလိုက်သည်။

လင်ပေါင်အာကလည်း ဆရာဘာကြောင့် ဖုံးလွှမ်းသည်ကို စပ်စုချင်မိသည်။ နတ်ဆိုးအလင်းတန်းပျောက်ကွယ်သွားပြီး ပိုင်ယွဲလည်း အင်မော်တယ်ကျောင်းထဲသို့ ရောက်လာခဲ့သည်။

သူမက မော့ကြည့်လိုက်သည်။ လင်းပေါင်အာကို တွေ့လိုက်ရသည်။ လင်းပေါင်အာ၏ဘေး၌ လူတစ်ယောက်ရှိပေသည်။ ပိုင်ယွဲလည်းသတိထားမိသည်။

သို့ပေမယ့် ပိုင်ယွဲက ထူးဆန်းသော ခံစားချက်မျိုးခံစားလိုက်ရသည်။ ဤနေရာ၌ လူတစ်ယောက်ရပ်နေပေမယ့် ပိုင်ယွဲက သူ့မျက်နှာကိုမမြင်နိုင်ပေ။ လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများကဖုံးလွှမ်းထားသကဲ့သို့ပင်။

*သူက ညီမဟုန်ရီပြောတဲ့ သခင်များဖြစ်နေမလား*

ပိုင်ယွဲက တွေးလိုက်မိသည်။

ပိုင်ယွဲသည် သူမ၏စိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး မိုက်မိုက်မဲမဲမစူးစမ်းရဲပေ။ ဟုန်ရီ၏ပါးစပ်မှ သူ၏သခင်မှာ အလွန်အစွမ်းထက်ကြောင်းသိပေသည်။

ဤသို့သာဆိုပါက သူမစော်ကားလို့မရသည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။

“ဝိုး … သူကအရမ်းလှတာပဲ၊ ဆရာ သူက နတ်သမီးများလား”

လင်းပေါင်အာသည် ပိုင်ယွဲ၏အသွင်အပြင်ကြောင့် အံ့အားသင့်သွားသည်။ ချမ်ချန်ကန်းက လင်းပေါင် အာကို တစ်ချက်ကြည့်လိုက်သည်။

ပိုင်ယွဲ၏အသွင်အပြင်သည် အလွန်လှပသော်လည်း သူမ၏စိတ်အခြေအနေက အဓိကအားဖြင့် ထင်ဟပ်နေခြင်းဖြစ်သည်။

လင်းပေါင်အာသည် ယခုငယ်ရွယ်သေးသော်လည်း ကြီးပြင်းလာသောအခါ၌ သူမသည် ပိုင်ယွဲထက် မနိမ့်ကျစွာ လှပပေလိမ့်မည်။

သို့ပေမယ်ြ စိတ်နေစိတ်ထားကမူ ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်မှာ လှုပ်ရမ်းသွားသည်။ သူ၏လက်မောင်းပေါ်တွင်ရှိသော သွားတန်းအမှတ်သားများကို တွေ့လိုက်မိသည်။

မည်သို့ပင်ကြည့်ပါစေ လင်းပေါင်အာသည် ကြီးပြင်းလာသည်နှင့်အမျှ ဆီစားသက်သာသည့် မီးခွက်တစ်ခုဖြစ်လာလိမ့်မည်မဟုတ်ပေ။

ပိုင်ယွဲက လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်သည်။

“ဒီကလေးမပိုင်ယွဲက စီနီယာကို အရိုအသေပေးပါတယ် ”

“ဆရာ သူက အင်မော်တယ်ဓားကို ယူဖို့လာခဲ့တာလား”

လင်းပေါင်အာက မေးလိုက်မိသည်။ ချမ်ချန်ကန်းက လင်းပေါင်အာကို ပြူးကြည့်လိုက်သည်။

“ပေါင်အာ မင်းရဲ့ခေါင်းထဲမှာ အစားတွေနဲ့ပြည့်နေတာလား၊ ကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေက ဓားကိုယူဖို့လာတဲ့အခါတုန်းက မောက်မာကြတယ်လေ၊ ဒီတစ်ယောက်က အဲ့လိုမျိုးရှိလို့လား၊ ”

“ဆရာ ဆရာကတကယ့်ကို အံအားသင့်စရာကောင်းတာပဲ၊ ဆရာက သိနေတာပဲ ”

ချမ်ချန်ကန်းက ဘဝင်မြင့်စွာဖြင့် သာမန်ကာလျှံကာပြောလိုက်သည်။

“မင်းရဲ့ဆရာပြောပြမယ်။ သူမက ဓားယူဖို့လာတာတင်မဟုတ်ဘူး။ သူမကဘယ်ကလာလည်းဆိုတာကအစ ငါကသိတယ်”

“ဟင် … ဟုတ်လား”

လင်းပေါင်အာ၏ မျက်လုံးလေးများက ကြယ်ရောင်များဖြင့် တောက်ပလာသည်။

“ဆရာ.. တပည့်ဆရာ့ကိုတကယ်လေးစားသွားပြီ”

ပိုင်ယွဲက ဆရာတပည့်နှစ်ယောက်၏စကားကို ထူးဆန်းသောအမူအရာမျိုးဖြင့်နားထောင်လိုက်သည်။ ချမ်ချန်ကန်း၏အသံကို တစ်နေရာရာ၌ ကြားခဲ့ဖူးသလိုခံစားလိုက်ရသည်။

သို့ပေမယ့် သူမ မစဥ်းစားနိုင်ချေ။ ပိုင်ယွဲတွေးနေချိန်၌ ချမ်ချန်ကန်းက

“ပိုင်ယွဲ မင်းကရှေးမြေခွေးမျိုးနွယ်စုက ဟုန်ရီနဲ့အမြီးလေးကြောင့် ဒီဖေးရှန့်တောင်ကို ရောက်လာခဲ့တာမလား”

ပိုင်ယွဲမှာ ထိတ်လန့်သွားသည်။ စီနီယာက တကယ့်ကို မှန်းဆလို့မရပေ။ သူမဘာမှမပြောရသေးခင် အရာအားလုံးကို ဖောက်ထွက်မြင်ပေသည်။

ပိုင်ယွဲသည် ချမ်ချန်ကန်းကို အထင်သေးခြင်းမရှိချေ။ ထို့အပြင် သူ့ရှေ့တွင်ရှိသော ချမ်ချန်ကန်းသည် လေးနက်သော ကျင့်ကြံမှုရှိသည့် စီနီယာတစ်ဦးအဖြစ် သူ့အားအပြည့်အဝ လေးစားပေသည်။

ဟုန်ရီသည် ဖေးရှန့်တောင်သို့ရောက်သောအခါ သူမ၏သခင်ကို စိတ်မတိုစေရန် သူမအားမှာကြားခဲ့သည်။

သူမ၏သခင်သည် စွမ်းအားကြီးလွန်းသဖြင့်ဘလက်တစ်ချက်တည်းဖြင့် ပိုင်ယွဲကို သတ်နိုင်သည်ဟုမှာကြားခဲ့သည်။

ပိုင်ယွဲက ပြောလိုက်သည်။

“စီနီယာ တကယ်ပါပဲ ပိုင်ယွဲက သူတို့နှစ်ယောက်အတွက် ဒီနေရာကိုရောက်နေခဲ့တာပါ “

“သူတို့က ဘာလို့ပြန်မလာသေးတာလဲ”

ချမ်ချန်ကန်းက မေးလိုက်သည်။

ပိုင်ယွဲက ခဏလောက်တိတ်ဆိတ်သွားပြီး

“ဟုန်ရီနဲ့အမြီးလေးအကြောင်းကို မပြောသေးခင် ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါစီနီယာ”

ချမ်ချန်ကန်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဘာဖြစ်လို့လဲ”

“ဟုန်ရီကအမြီးလေးကို ကောင်းကင်နတ်ဆိုးရှေးမြေခွေးကလန်ကို ခေါ်လာခဲ့ပေမယ့် ကျွန်မတို့အဖွားက ပြင်ပလူတွေကို သင်ကြားပေးဖို့ဝန်လေးနေတယ်။ ဒါပေမဲ့ အမြီးလေးရဲ့အရည်အချင်းကို မြင်ပြီးတဲ့နောက်မှာတော့ သူက အမြီးလေးကို ကောင်းကင်မြေခွေးကလန်မှာပဲ ထိန်းသိမ်းထားချင်ခဲ့တယ်။ အဲဒါကြောင့် ဟုန်ရီက သခင့်ကိုတွေ့ပေးဖို့ တောင်းဆိုဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး”

“ဒါဆိုရင် အစ်မဟုန်ရီနဲ့အမြီးလေးက၊ ရှေးမြေခွေးမျိုးနွယ်စုမှာ ပိတ်မိနေပြီးတော့ ပြန်မလာနိုင်တော့တာလား”

လင်းပေါင်အာသည် ထိုစကားကိုကြားပြီးနောက် သူမ၏မျက်နှာလေးမှာ ဝမ်းနည်းသွားသည်။ သူက ချမ်ချန်ကန်းကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။

“ဆရာ သမီးတို့ဘာလုပ်ကြမလဲ၊ ”

ချမ်ချန်ကန်းက ပိုင်ယွဲ၏စကားကို နားထောင်ပြီး မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်သည်။

“ဒါဆိုရင် ဟုန်ရီနဲ့အမြီးလေးကို ရှေးမြေခွေးမျိုးနွယ်စုက အကျဉ်းချထားတာပေါ့”

ပိုင်ယွဲက အားကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ နောက်ဆုံး၌ ခွဲခြမ်းစိတ်ဖြာမှုအပြီးတွင် ဤမှားယွင်း မှုသည် ကောင်းကင်နတ်ဆိုးရှေးမြေခွေးမျိုးနယ်စုကြောင့်သာဖြစ်သည်။

သို့ပေမယ့် အမြီးလေး၏ အရည်အချင်းက အံ့ဩစရာကောင်းလောက်အောင် မြင့်မားပေသည်။ သူမကိုသာပြုစုပျိုးထောင်ပါက အင်မော်တယ်အထိဖြစ်လာမည်မှာ သေချာပေသည်။

ထို့ကြောင့် ကောင်းကင်နတ်ဆိုးရှေးမြေခွေးကလန်က ဤကဲ့သို့ကိစ္စကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပိုင်ယွဲသည်လည်း အမြီးလေး၏ပါရမီကြောင့် အံအားသင့်သွားသည်။

သို့သော် ပိုင်ယွဲသည် ချမ်ချန်ကန်းအနားတွင်ရှိသော လင်းပေါင်အာကို မြင်သောအခါ ဤကောင်မလေး ၌လည်း ထူးခြားသောအရည်အချင်းများကို မြင်လိုက်ရသည်။

ထို့အပြင် သူမသည် အမြီးလေးထက် အားမနည်းမှာကို ကြောက်မိသည်။ ပို၍အရေးကြီးသည်မှာ ပိုင်ယွဲသည်အင်မော်တယ်ဘုရားကျောင်းသို့ ရောက်လာသောအခါ ဤနေရာသည် အံ့ဩဖွယ်ကောင်းကြောင်း ခံစားလိုက်ရသည်။

၎င်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်အငွေ့သက်များသည် ဤဘုရားကျောင်းတစ်ဝိုက် ကြောက်စရာကောင်းလောက်အောင် စီးစင်းနေသည်။

ရှေးမြေခွေးမျိုးနွယ်စုတွင်လည်း အလွန်ကောင်းမွန်သော မြင့်မြတ်နယ်မြေတစ်ခုရှိသည်။ သို့သော်လည်း ပိုင်ယွဲသည် ထိုရှေးမြေခွေးမျိုးနွယ်စု၏ ရတနာနယ်မြေသည် အခုသူရောက်နေသော နေရာနှင့်လုံးဝမယှဉ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်းသိပေသည်။

ပိုင်ယွဲသည် သူမရှေ့တွင်ရှိသောနေရာသည် အင်မော်တယ်နယ်မြေဖြစ်ကြောင်းသာသိလျှင် သူမ မည်သို့ခံစားရမည်နည်း။

“စီနီယာ ဘာအစီစဉ်များရှိပါသလဲ”

ပိုင်ယွဲက မေးလိုက်သည်။ ပိုင်ယွဲ၏အမြင်အရ ချမ်ချန်ကန်းသည် အလွန်အားကောင်းပြီး သူ၏ခွန်အားမှာလည်း နားမလည်နိုင်လောက်အောင် မှန်းဆ၍မရပေ။

ထို့ကြောင့် ရှေးမြေခွေးမျိုးနွယ်စုမှ ဟုန်ရီနှင့်အမြီးလေးကို ကယ်တင်ရန် နည်းလမ်းရှိပေမည်။ ပိုင်ယွဲသည် ရှေးမြေခွေးမျိုးနွယ်စုမှဖြစ်သော်လည်း ဤအချက်က ရှေးမြေခွေးမျိုးနွယ်စု၏ အမှားဖြစ်ကြောင်း သူမသိပေသည်။

ထို့ကြောင့် ဟုန်ရီဘက်မှ ရပ်တည်ရန်ရွေးချယ်ခဲ့သည်။ ဤအတွက်ကြောင့် ချမ်ချန်ကန်းကို အကူညီ တောင်းရန် ဖေးရှန့်တောင်ပေါ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ချမ်ချန်ကန်းက ပိုင်ယွဲကို မည်သို့ဖြေရမှန်းမသိပဲ တိတ်ဆိတ်နေခဲ့သည်။

*ငါဘာလုပ်ရမလဲ သေစမ်း၊ ငါအရမ်းသန်မာတယ်ဆိုပေမဲ့လည်း ပြိုင်ဘက်ကင်းနယ်မြေတွေက ကန့်သတ်ထားတာလေ၊ အပြင်ထွက်တာနဲ့အားနည်းတဲ့ မြွေပွေးကတောင် ငါ့ကိုအနိုင်ကျင့်နေတယ်၊ ပိုင်ယွဲအဲဒါတွေလည်း မင်းမြင်ပြီးပြီးမလား*

သို့သော် ချမ်ချန်ကန်းသည် ထိုစကားများကို နှုတ်မှမပြောပဲ စိတ်ထဲမှာသာညည်းညူလိုက်သည်။ မည်သို့ပင်ဖြစ်စေ ချမ်ချန်ကန်းက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။

ဟုန်ရီနှင့်အမြီးလေးတို့သည် သူနှင့်ဆိုင်သောသူများဖြစ်သည်။ ယခု၌ သူ့လူများကို သတ္တိရှိရှိ ချုပ်နှောင်ထားခြင်းသည် ရှေးမြေခွေးမျိုးနွယ်စုက သူ့မျက်နှာကို ဖျက်ရိုက်လိုက်ခြင်းဖြစ်သည်။

ချမ်ချန်ကန်းသည် မျက်နှာဖျက်ရိုက်ခံရခြင်းကို အမုန်းဆုံးဖြစ်သည်။ ထို့ကြောင့် သူ့လူများကို ကယ်တင်ရန် နည်းလမ်းရှာပေလိမ့်မည်။

ကောင်းကင်ဘုံ ကောင်းကင်နတ်ဆိုး ရှေးမြေခွေးမျိုးနွယ်စုကို သင်ခန်းစာတစ်ခုပေးရတော့မည်ဖြစ်သည်။

All Chapters