← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း (၄၉) မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ခြင်း

သူ့လူများကိုပင် ထောင်ချရဲသည့် ထိုရှေးမြေခွေးမျိုးနွယ်စုမှ အဖွားကြီးကို ချမ်ချန်ကန်းက အရမ်းစိတ်တိုနေမိသည်။

လင်းပေါင်အာသည်လည်း ဟုန်ရီနှင့်အမြီးလေးတို့၏ အခြေအနေကို အလွန်စိုးရိမ်နေ၏။

ပိုင်ယွဲက

“စီနီယာ....ညီမဟုန်ရီနဲ့အမြီးလေးက ရှေးမြေခွေးမျိုးနွယ်စုမှာ လုံခြုံပါတယ်၊ အဖွားက သူတို့ကို ဘာမှလုပ်မထားပါဘူး”

သို့သော်လည်း ချမ်ချန်ကန်း၏ တစ်ကိုယ်လုံး မှုန်ဝါးနေသဖြင့် ချမ်ချန်ကန်း၏ အမူအရာ မည်ကဲ့သို့ ဖြစ်နေသည်ကို သူမ မမြင်နိုင်ပေ။

ပိုင်ယွဲ၏နှလုံးသားမှာ တုန့်ဆိုင်းသွားသည်။ ပိုင်ယွဲသည် ဟုန်ရီထံမှ ချမ်ချန်ကန်းအကြောင်းကို သိခဲ့သော်လည်း တစ်ဖက်သူ၏စကားအရ ချမ်ချန်ကန်းက အလွန်အားကောင်းသည်ဟူသည်ဆိုတာကိုသာ သိခဲ့သည်။

သို့ပေမဲ့ မည်မျှအားကောင်းလည်း ဆိုတာကိုတော့ မသိရသေးပေ။ ဤနေရာ၌မရောက်ခင်က ပိုင်ယွဲတစ်ယောက်၎င်းကို စိတ်ထဲမထားခဲ့ပေ။

ချမ်ချန်ကန်း၏ ကျင့်ကြံမှုမှာ မည်မျှပင် သန်မာပါစေ အများစုမှာနတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်ဟုသာ ထင်ခဲ့ပေသည်။

သူတို့၏ရှေးမြေခွေးမျိုးနွယ်စု၌လည်း နတ်ဘုရားအသွင်ပြောင်းလဲခြင်းတစ်ပါးရှိနေသည်။ ထို့ကြောင့် သူ၏အဖွားက ချမ်ချန်ကန်းကိုမကြောက်လန့်ပေ။

ထို့ကြောင့် သူသည် ချမ်ချန်ကန်းထံမှ အမြီးလေးကို လုယူခဲ့ခြင်းဖြစ်သည်။ သို့ပေမယ့် ယခု ပိုင်ယွဲသည် ချမ်ချန်ကန်းကိုတွေ့သောအခါမှ သူမ၏ယခင်အတွေးများက မည်မျှမိုက်မဲကြောင်းကို သူမ သဘောပေါက်လိုက်သည်။

ဤနေရာထံမှ အလွန်အေးစက်ပြီး နားမလည်နိုင်သော အငွေ့သက်များက လူတို့ကိုကြောက်လန့်စေခဲ့ သည်။ ဤကြောက်လန့်မှုအာရုံအရ သူမ၏အဖွားသည်ပင် ဤမျှလောက်ကြောက်လန့်စရာမကောင်း‌ေပ။

*ဒါဆိုရင် စီနီယာက ငါ့အဖွားထက်ပိုပြီး သန်မာတာလား*

ပိုင်ယွဲသည် ချမ်ချန်ကန်းတစ်ယောက် ရှေးမြေခွေးမျိုးနွယ်စုအပေါ် ဒေါသထွက်မည်ကို အရမ်းစိုးရိမ်နေမိသည်။

ဤသည်ကား သူမ မမြင်ချင်သည့်အရာဖြစ်သည်။ သို့သော်လည်း ပိုင်ယွဲသည် လောလောဆယ်တွင် ကောင်းမွန်သောအဖြေကို ရှာမတွေ့ပေ၊

ချမ်ချန်ကန်းက ပိုင်ယွဲကိုစိုက်ကြည့်လိုက်သည်။ ပိုင်ယွဲသည်လည်း ချမ်ချန်ကန်း၏အကြည့်ကို ခံစား မိသည်။ သူမသည် ငြိမ်သက်နေပုံရသော်လည်း စိတ်ထဲ၌ အလွန်ပင်တုန်လှုပ်နေသည်။

စီနီယာ၏အကြည့်က ခံစားချက်ကိုအလွန်စိုးရွားပေသည်။

“ပိုင်ယွဲ ရှေးမြေခွေးမျိုးနွယ်စုကို သုံးရက်အတွင်းဟုန်ရီနဲ့အမြီးလေးကို စွန့်လွှတ်ပေးဖို့ ပြောလိုက်။ ဒါမှမဟုတ်ရင် ဒီအရှင်က မင်းတို့ရဲ့ ရှေးမြေခွေးနတ်ဆိုးကလန်ကို ဖျက်စီးပစ်မယ်လို့ ပြောလိုက်စမ်း။ ကောင်းကင်နတ်ဆိုး ရှေးမြေခွေးမျိုးနွယ်စုက ဒီအရှင်ရဲ့ဒေါသကို ခံနိုင်ရည်ရှိလိမ့်မယ်လို့တော့မထင်ဘူး”

ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြောလိုက်ပေမဲ့လည်း သူ၏စကားတွေက အလွန်အေးစက်ပြီး လူအများကို ရေခဲလှိုဏ်ဂူထဲတွင် ပိတ်ထားသကဲ့သို့ ခံစားရစေသည်။

ထိုအခိုက်ကောင်းကင်နှင့် မြေကြီးသည်အရောင်ပြောင်းသွားပြီး နေနှင့်လတို့လည်း မရှိတော့သကဲ့သို့ ဗရမ်းဗတာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပိုင်ယွဲ၏မျက်နှာမှာ အလွန်ပြောင်းလဲသွားပြီး သူမ၏စိတ်ထဲ၌ အဆုံးမဲ့ကြောက်ရွံ့မှုကိုသာ ခံစားလိုက်ရသည်။

*ဒါက စီနီယာရဲ့ခွန်အားပဲ။ ဒေါသတစ်ချက်ထွက်ရုံနဲ့ ကမ္ဘာကြီးကိုပြောင်းလဲစေနိုင်တယ်။ သူသာတိုက်ခိုက်ရင် တကယ်ကြောက်စရာကောင်းလိမ့်မယ်။ ဒီလိုမျိုးစွမ်းအားရှင်က တကယ့်ကို လေးစားစရာကောင်းတယ်*

ပိုင်ယွဲက ကြောက်လန့်တကြား ပြောလိုက်သည်။

“ကျွန်မပြန်သွားပြီး ဟုန်ရီနဲ့အမြီးလေးကို လွှတ်ပေးဖို့အဖွားကိုအကြံပေးလိုက်ပါ့မယ် ”

သူမစိတ်ထဲ၌ ချမ်ချန်ကန်းလိုပုဂ္ဂိုလ်တစ်ယောက်ကို ရန်မစချင်လိုပေ။ ထို့အပြင် ဤဖိနှိပ်မှုကလည်း ပိုင်ယွဲကိုပစ်မှတ်ထားခြင်းမဟုတ်ပေ။

ချမ်ချန်ကန်းကလည်း ဤကိစ္စက သူမနှင့်မဆိုင်ဘူးဆိုတာ သိပေသည်။ ဖိနှိပ်မှုပျောက်ကွယ်သွားပြီး ကောင်းကင်နှင့်မြေကြီးသည် မည်သည့်အခါမှပျက်စီးသည့်ပုံသဏ္ဍာန်မဖြစ်သကဲ့သို့ ပြန်လည်ကြည် လင်လာခဲ့သည်။

ချမ်ချန်ကန်းက ပြောလိုက်သည်။

“နောက်သုံးရက်ကြာလို့မှအမြီးလေးနဲ့ဟုန်ရီကို မလွှတ်ပေးဘူးဆိုရင် မင်းတို့ရဲ့တံခါးဝကို လူကိုယ်တိုင်ရောက်လာလိမ့်မယ်”

“ပိုင်ယွဲက အဖွားကို ပြောပြလိုက်ပါမယ်။ အဖွားကအမြီးလေးနဲ့ ဟုန်ရီကိုလွှတ်ပေးမယ်လို့ ယုံကြည်ပါ တယ်”

ပိုင်ယွဲက ဦးညွှတ်ပြီးရိုသေစွာ ပြောလိုက်သည်။

“အခုသွားလို့ရပြီ ”

ထိုစကားကိုကြားသောအခါ ပိုင်ယွဲလည်းအလျင်အမြန်ထွက်ခွာသွားခဲ့သည်။ ပိုင်ယွဲထွက်သွားပြီးနောက် ချမ်ချန်ကန်းက သက်ပြင်းတစ်ချက်ချပြီး စဉ်းစားလိုက်သည်။

*ဒီလိုမျိုးခြိမ်းခြောက်တဲ့ စကားတွေပြောရတာ အသုံးဝင်ပါ့မလားတော့မသိဘူး။ ရှေးမြေခွေးမျိုးနွယ စုကဘယ်လိုမျိုးလဲ။ ဒီအရှင်လည်း သူတို့ကိုမမှတ်မိဘူး။ ဟူး.....မသိချင်တော့ဘူး လေက သဘာဝအတိုင်း တည့်တည့်သွားလိမ့်မယ်*

သူတွေးနေသည့်အခိုက်တွင် လင်းပေါင်အာက ဒေါသတကြီးပေါ်လာခဲ့သည်။

“ဆရာ ကောင်းကင်နတ်ဆိုးရှေးမြေခွေးမျိုးနွယ်စုက အရမ်းများသွားပြီ။ ဆရာက ဘာဖြစ်လို့ သူတို့ကို အချိန်သုံးရက်ပေးနေရတာလဲ။ သမီးတို့အခုပဲသွားသင့်တယ်လို့ထင်တယ်။ သမီးတို့သွားပြီး သူတို့ကို သေအောင်ရိုက်နှက်ပစ်လိုက်မယ်လေ ”

သို့ပေမယ့် ချမ်ချန်ကန်းသည် ကူရာမဲ့စွာဖြင့် မျက်ရည်များဝဲလာတော့သည်။

*မင်းရဲ့ဆရာက အဲ့လိုမှမလုပ်နိုင်တာပေါင်အာရဲ့*

“ပေါင်အာ ဆရာ့မှာ အကြံရှိတယ်။ မင်းကတော့ ဒီမှာပဲဆက်ပြီးကျင့်ကြံရမယ် ”

သူသည် လင်းပေါင်အာကို အမြန်ဆုံးအခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိလာစေခြင်း ဖြစ်ပေသည်။ ထို့မှသာ သဘာဝအတိုင်း ကာကွယ်နိုင်သည့် စွမ်းအားလည်းရရှိပေမည်။

ဟုတ်ပေသည်။ ဤသည်ကား ချမ်ချန်ကန်း စိတ်ပူနေသည့် အချက်ဖြစ်သည်။ သူသည် ပြိုင်ဘက်ကင်း နယ်မြေမရှိပါက သာမန်လူသားဖြစ်ပေလိမ့်မည်။

သူ၏နယ်မြေထဲ၌ လင်းပေါင်အာနှင့် အခြားသူများ၏ လုံခြုံရေးအတွက် စိတ်ပူစရာမလိုပေ။ သို့သော် သူတို့သည် ပြိုင်ဘက်ကင်းနယ်မြေထဲမှ ထွက်ခွာသွားပြီးနောက် ချမ်ချန်ကန်းကူညီပေးလို့မရတော့ပေ။

သွားမပါသည့်ကျားတစ်ကောင်ကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ချမ်ချန်ကန်းသည်လည်း သူ၏ အခြေအနေကြောင့် အရမ်းစိတ်မသက်မသာဖြစ်နေခဲ့သည်။

*ငါ့ရဲ့ပြိုင်ဘက်ကင်းနယ်မြေက ကန့်သတ်ချက်ရှိတာပဲ။ ငါ အမြန်ဆုံးနယ်မြေကို တိုးချဲ့ရမယ်*

ချမ်ချန်ကန်းက ခေါင်းခါယမ်းပြီး ကောင်းကင်ဘုံ ကောင်းကင်နတ်ဆိုးရှေးမြေခွေးမျိုးနွယ်စုကို မည်ကဲ့သို့ကိုင်တွယ်ရမည်ဟု လေးလေးနက်နက်စဉ်းစားနေခဲ့သည်။

၎င်းသည် နောက်ဆုံးနည်းလမ်းဖြစ်ပြီး ဖြစ်မလာပါက ချမ်ချန်ကန်းသည် ဟုန်ရီနှင့်အမြီးလေးကို ကယ်တင်ရန် ရှေးမြေခွေးမျိုးနွယ်စုသို့ မည်သို့သွားရမည်ဟု တွေးနေမိသည်။

ပိုကောင်းတဲ့နည်းလမ်းကို တွေးရပေမည်။ ရှေးမြေခွေးမျိုးနွယ်စုက လူတွေကိုလွှတ်ပေးခြင်း အကောင်းဆုံးဖြစ်သည်။

*ခုနက ငါအတွင်းအကြပ်ဖိအားပေးလိုက်တော့ ပိုင်ယွဲကတော့ ကြောက်လန့်သွားတယ်။ ဒါပေမဲ့ ရှေးမြေခွေးမျိုးနွယ်စုကတော့ ငါ့ကိုကြောက်နေတယ်လို့ မဆိုလိုဘူး။

အကယ်၍ ငါ့ရဲ့နယ်မြေကို သူတို့တွေမလာဘူးဆိုရင်ရော*

ချမ်ချန်ကန်းက သစ်သားကုလာထိုင် သို့သွားပြီး တန်ပြန်အစီစဉ်များကို တွေးတောနေမိသည်။

ထိုအချိန်၌ ချမ်ချန်ကန်းသည် ခြံဝန်းထဲတွင်လင်းပေါင်အာ၏။ ဓားသိုင်းလေ့ကျင့်မှုကို ကြည့်နေသည်။ ဓားအလင်းက တဖျတ်ဖျတ်ခက်သွားပြီး ဓားသမားတစ်ယောက် ဓားအက ကနေသကဲ့သို့ လှပနေတော့သည်။

အမြီးလေးနှင့်ဟုန်ရီအခြေအနေက သူမကို စိတ်အားထက်သန်စေပြီး ကျင့်ကြံမှုကို ပြင်းပြင်းထန်ထန် လုပ်ချင်စိတ်ဖြစ်ပေါ်လာမိစေသည်။

လင်းပေါင်အာသည် ဓားကိုးစင်းဂိုဏ်းချုပ်၏ သမီးဖြစ်ထိုက်ပေသည်။ သူမသည် အင်မော်တယ်ဓားကိုရရှိခဲ့ပြီး ယခုမူ တိုက်ခိုက်ရေးစွမ်းအားမှာအလွန်တိုးတက်နေပြီဖြစ်သည်။

ချမ်ချန်ကန်းမှာ တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။

*ဒီဓားက ပေါင်အာအတွက် အတော်လေးသင့်တော်ပုံရတယ်*

ထိုသို့ပြောပြီးနောက် ချမ်ချန်ကန်း၏ မျက်လုံးမှာ တောက်ပလာခဲ့ပြီး နည်းလမ်းတစ်ခုကိုတွေးလိုက်မိသည်၊၊

*ဟုတ်တာပဲ အင်မော်တယ်ဓားပဲ၊ ငါတို့အင်မော်တယ်နယ်မြေက ကျူးရှို့တိုက်ကြီးမှာ သေချာပေါက် အာရုံစိုက်မှုကိုဖြစ်စေလိမ့်မယ်။ အချိန်တန်ရင် အင်မော်တယ်ဓားကို လိုချင်တဲ့သူတွေ ဖေးရှန့်တောင်ကို ရောက်လာလိမ့်မယ်။ ဒါဆိုရင် ရှေးမြေခွေးမျိုးနွယ်စုတွေလည်း မသိပဲနေမှာမဟုတ်ဘူး။

အချိန်တန်ရင် သူတို့က သေချာပေါက်အာရုံစိုက်လာလိမ့်မယ် *

ချမ်ချန်ကန်း၏ မျက်လုံးများက မှေး စင်းသွားသည်။

ကျူးရှို့တိုက်ကြီးရှိ ကျင့်ကြံသူများ နတ်ဆိုးများနှင့် မိစ္ဆာများအားလုံး အင်မော်တယ်ဖြစ်ချင်ကြသည်ကို သူသိပေသည်။ ဤကိစ္စက လူတိုင်းမရနိုင်ပေ။

*ဖေးရှန့်တောင်ပေါ်မှာ အင်မော်တယ်တွေ သေဆုံးသွားလို့ရှိရင် ရှေးမြေခွေးမျိုးနွယ်စုကလည်း ငါ့ရဲ့အစွမ်းသတ္တိကိုသိလာလိမ့်မယ်။

*

*ဒီလိုဆိုရင် ငါကိုယ်တိုင်ရှေးမြေခွေးမျိုးနွယ်စုကို မသွားရင်တောင်မှ သူတို့တွေ ငါ့ကိုကြောက်သွားလိမ့်မယ်။ *

ထို့နောက် သူတို့သည်ဟုန်ရီနှင့် အမြီးလေးကိုရိုးရိုးသားသား လွှတ်ပေးလိမ့်မည်ဟု သူ ယူဆမိပေသည်။ ဟုတ်ပေသည်။ ဤအရာက နည်းလမ်းကောင်းပင်ဖြစ်သည်။

*မျောက်ကိုခြောက်ဖို့ကြက်ကိုသတ်ကမယ်*

*အင်မော်တယ်တွေအကုန်လုံးသာ သေသွားရင်ရှေးမြေခွေးမျိုးနွယ်စုက ငါကိုမကြောက်ဘူးဆိုတာ မယုံဘူး*

All Chapters