← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀) စီနီယာကျေးဇူးပြုပြီး ဓားကိုးစင်းဂိုဏ်းကိုကယ်တင်ပေးပါ

ဓားကိုးစင်းဂိုဏ်းသည် တစ္ဆေတိုင်းပြည်၏ ထိပ်တန်းအဆင့် အင်အားစုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဓားကိုးစင်းဂိုဏ်းသည် ဓားကိုးထောင်တောင်ထွတ်ပေါ်တွင် တည်ဆောက်ထားပြီး ကိုယ်ပိုင်ဓားအစီ ရင်တစ်ခုဖြင့် ဝန်းရံထားသည်။

ထိုဓားအစီရင်သည် အလွန်ကြောက်စရာကောင်းပြီး စွမ်းအားကြီးပေသည်။ ဓားကိုးစင်းဂိုဏ်းသည် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝပြီး ၎င်းကိုသဘာဝအတိုင်း သုခဘုံဟုပင် ခေါ်ဆိုနိုင်ပေသည်။

ဓားတောင်ထွတ်များတွင် စိတ်ဝိညာဉ်စွမ်းအင်များဖြင့်ဝန်းရံထားပြီး မြူခိုးများကဝန်းရံနေသည်။ အလွန်လျှို့ဝှက်ဆန်းကြယ်ပေသည်။

လင်းပေါင်အာသည် ဓားကိုးစင်းဂိုဏ်း၏ ဂိုဏ်းချုပ်၏သမီးဖြစ်သောကြောင့် သူမ၏အဆင့်များ မှာလည်း သဘာဝအတိုင်းမြင့်မာပေသည်။

ယနေ့သည် ဓားကိုးစင်းဂိုဏ်း၏ဂိုဏ်းချုပ် လင်းချင်ရှန်းက ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ အကြီးအကဲများကလည်း ထိုဆုံးဖြတ်ချက်ကို တညီတညွှတ်တည်းသဘောတူညီကြသည်။

ဤသည်ကား တစ္ဆေအရိုးဂိုဏ်းကိုတိုက်ခိုက်ရန်ဖြစ်သည်။ တစ္ဆေအရိုးဂိုဏ်း၏နောက်ကွယ်၌ အင်မော်တယ်များရှိနေလျင်ပင် ဓားကိုးစင်းဂိုဏ်းက တစ္ဆေအရိုးဂိုဏ်းကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။

ဟုတ်ပေသည်။ ဓားကိုးစင်းဂိုဏ်း၏ ပံ့ပိုးမှုအရာအားလုံးက တစ်ခုတည်းသာဖြစ်သည်။ ဤသည်မှာ လင်းပေါင်အာ၏ဆရာ ချမ်ချန်ကန်းကြောင့်ဖြစ်သည်။

ဓားကိုးစင်းဂိုဏ်း၏ အထွတ်အထိပ်အကြီးအကဲများထဲတွင် ကံကြမ္မာကိုကြိုတင်ခန့်မှန်းနိုင်ပြီး ကံဆိုးခြင်းကို ကံကောင်းခြင်းအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် ကံကြမ္မာတွက်ချက်သူ ဆရာသခင် တစ်ပါးလည်းရှိသည်။

သူတို့သည် ကံကြမ္မာကိုတွက်ချက်ပြီး ချမ်ချန်ကန်း၏လျှို့ဝှက်ချက်များကို စူးစမ်းလိုကြသည်။ သို့သော်လည်း ချမ်ချန်ကန်း၏လျှို့ဝှက်ချက်များကို မတွေ့ကြပေ။

ယင်းအစား ဓားကိုးစင်းဂိုဏ်း၏ အထွတ်အထိပ်အကြီးအကဲသာ သူ၏သက်တမ်းကို အနှစ်တစ်ထောင်အထိ လျော့ချခံလိုက်ရသည်။

ထိုအချက်ကြောင့် ဓားကိုးစင်းဂိုဏ်း အကြီးအကဲများအားလုံး ထိတ်လန့်သွားကြသည်။ ဤကဲ့သို့အဖြစ် မျိုးတစ်ခါမှမဖြစ်ဘူးပေ။ ဤအဖြစ်အပျက်ကြောင့် ချမ်ချန်ကန်းသည် အင်မော်တယ်ဖြစ်ရ လိမ့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ကြသည်။

ထို့ကြောင့် သူတို့သည် တစ္ဆေအရိုးဂိုဏ်းကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ကြသည်။ ထို့အပြင် ဂိုဏ်းချုပ်၏ သမီးလင်းပေါင်အာသည် ချမ်ချန်ကန်း၏ တပည့်ဖြစ်သည်။

ထိုကြောင့်ဓားကိုးစင်းဂိုဏ်း၏နောက်၌ ချမ်ချန်ကန်းသည် သဘာဝအတိုင်းတည်ရှိပေသည်။

“ဒီတစ္ဆေအရိုးဂိုဏ်းက အရမ်းမာနကြီးပြီး စိတ်ကြီးဝင်ရဲတယ်။ ငါတို့ရဲ့ဓားကိုးစင်းဂိုဏ်းကိုများ ခြိမ်းခြောက်ရဲတယ်။ ဒီနေ့တော့ သူတို့ကို မှတ်လောက်သားလောက်အောင် ပညာပေးရမယ်။”

“အမှန်ပဲ ဒီတစ္ဆေအရိုးဂိုဏ်းက အင်မော်တယ်တစ်ယောက်ရဲ့ထောက်ပံ့မှုရှိတယ်ဆိုရင်တောင်မှ ငါတို့ ဓားကိုးစင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရဲ့သမီးကလည်း အင်မော်တယ်ရဲ့တပည့်ပဲ။ ငါတို့ဓားကိုးစင်းဂိုဏ်းမှာရော အထောက်အပံ့မရှိဘူးလို့ထင်နေတာလား”

“လင်းဟိုင် ဒီတစ်ခါကောင်းကောင်းလုပ်နိုင်တယ်ဆိုတာကို စီနီယာသာသိသွားရင် ငါတို့ဓားကိုးစင်းဂိုဏ်းကိုလည်း သွေးဆေးလုံးများ ဆုချမလားမသိဘူး“

ဓားကိုးစင်းဂိုဏ်းမှ အထွတ်အထိပ်အကြီးအကဲအများအပြားက တစ္ဆေအရိုးဂိုဏ်းအကြောင်း စကားပြောရင်း ဆွေးနွေးနေကြသည်။

လင်းဟိုင်က ပြုံးပြီးပြောလိုက်သည်။

“အဲဒါတော့ ကျုပ်လည်းမသိဘူး။ ဒါပေမဲ့ စီနီယာက ဓားကိုးစင်းဂိုဏ်းကိုတော့ ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ဘူး “

ထို့နောက် ရုတ်တရက် သူတို့ရှေ့တွင် လွင့်မျောနေသော အနက်ရောင်မီးခိုးများပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး မှေးမှိန်သွားသည်။

ရံဖန်ရံခါ တစ္ဆေသရဲများနှင့် ဝံပုလွေများ၏ အူသံကိုကြားနေရသည်။

“ငါတို့ရှေ့က တစ္ဆေအရိုးဂိုဏ်းရဲ့နယ်မြေ။ပဲ ငါတို့ဝင်ရမယ်။ ဟုတ်ပြီနောက်ဆုံးတော့ ရောက်ပြီပဲ။ တစ္ဆေအရိုးဂိုဏ်းကို သင်ခန်းစာကောင်းကောင်းပေးပြီး ဓားကိုးစင်းဂိုဏ်းက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ သိအောင်ပြောရမယ်”

အကြီးအကဲများ၏အရှိန်သည် အလွန်လျင်မြန်လာပြီး တစ်ချိန်တည်းမှာပင် ဒေါသမြစ်က ဟုန်းဟုန်းတောက်လောင်နေသော လှိုင်းလုံးကြီးသကဲ့သို့ သူတို့ခန္ဓာကိုယ်မှ အရှိန်အဝါများ ထွက်ပေါ်လာကြသည်။

မကြာမီ သူတို့သည် တစ္ဆေအရိုးဂိုဏ်း၏နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။ နံနက်စောစော အချိန်၌ လိမ္မော်ရောင်သန်းနေသော နေရောင်က အရှေ့အရပ်မှထွက်ပြူလာခဲ့သည်။

ချမ်ချန်ကန်းသည် အင်မော်တယ်ဘုရားကျောင်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး နောက်ကျမှ အိပ်ရာထသည်။

အပြင်ဘက်တွင် လင်းပေါင်အာက ဟင်းချိုပန်းကန်လုံးတစ်လုံးကို ကမ်းပေးလိုက်သည်။

“ဆရာ ထပြီး စွပ်ပြုတ်သောက်ပါဦး“

ချမ်ချန်ကန်းက သန်းဝေပြီး ခုတင်ပေါ်မှထထိုင်လိုက်သည်။

“တပည့်ကောင်းလေး မင်းက စောစောနိုးနေတာပဲ”

လင်းပေါင်အာက ပြောလိုက်သည်။

“ဆရာကဖြင့် နေ့လည်အချိန်တောင်နီးနေပြီလေ”

ထိုသို့ပြောပြီး လင်းပေါင်အာက ပန်းကန်လုံးထဲမှ မြွေဟင်းချိုကို မှုတ်ပေးလိုက်သည်။

“ဆရာ မနက်ပဲ တောင်ပေါင်းတစ်သိန်းမှာ ဆရာ အစ်ကိုနွားကိုဖမ်းဖို့ ညွှန်ကြားထားတဲ့ မြွေပွေးလေ။ မှတ်မိသေးတယ်မလား။ အခု ဒီမှာ ဆရာညွှန်ကြားတဲ့အတိုင်း ဟင်းချိုချက်ထားတယ်။ အခုဆရာ မြည်းကြည့်မလား။ “

ချမ်ချန်ကန်းက ပြုံးပြီးပြောလိုက်သည်။

“ပေါင်အာရဲ့လက်နဲ့ချက်ထားတဲ့ မြွေဟင်းရည်အစပ်ဆိုမှတော့ အရသာရှိရမယ်။ အဲဒါကြောင့်အိပ်မက်ထဲမှာတောင် အနံ့မွှေးမွှေးလေးတစ်ခုရလိုက်တာပဲ”

“ဟီး … ဟီး .. ဟီး ဆရာကတော့ တပည့်ကို မြှောက်နေပြန်ပါပြီ”

လင်းပေါင်အာသည် ချမ်ချန်ကန်း၏ ချီးမွန်းသည့်စကားကို ကြားလိုက်ရသောအခါ အရမ်းပင်ပျော်သွားသည်။

ထို့နောက် သူသည် လင်းပေါင်အာ၏ လက်ထဲမှ မြွေဟင်းရည်ပန်းကန်ကို ကောက်ယူပြီး အိပ်ရာမှထကာ ခြံဝန်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။

လင်းပေါင်အာကလည်း နာခံမှုအပြည့်ဖြင့် နောက်ကလိုက်လာခဲ့သည်။

“ပေါင်အာ ဒီနေ့ရာသီဥတုက အရမ်းသာယာတာပဲ။ အင်မော်တယ်တွေ ဖေးရှန့်တောင်ကို ဆင်းလာဖို့က ရက်အနည်းငယ်လောက် ကြာဦးမယ်ထင်တယ်”

လင်းပေါင်အာက ခေါင်းခါလိုက်သည်။

“မကြာခင် ဖြစ်သင့်တယ်ထင်တယ်”

ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။

ရှေးမြေခွေးမျိုးနွယ်စုကို ဟန့်တာဖို့ သူသည် မျောက်ကိုသတ်ပြီး ကြက်ကို ခြောက်တော့မည်ဖြစ်သည်။ သူ့လက်ထဲက မြွေစွပ်ပြုတ်ပန်းကန်ကိုကြည့်ပြီး ချမ်ချန်ကန်းက ပြုံးလိုက်သည်။

မနေ့ညက ထို့ပါယဲ့သည် ရှီဝမ်တ တောင်တလျှောက် ချမ်ချန်ကန်းပြောသည့် မြွေပွေးကိုလိုက်ရှာလိုက်သည်။ နာရီအနည်းငယ်အကြာတွင် ထိုမြွေပွေးကို ဖေးရှန့်တောင်မှ ဖမ်းမိခဲ့သည်။

မြွေပွေးသည် အလွန်ကြောက်လန့်သွားပြီး ဘောလုံးအဖြစ်ခွေခွေလေး ကျုံ့သွားသည် သူ၏စိတ်ထဲ၌လည်း မသက်မသာခံစားလိုက်ရသည်။

သူ့ထက် အင်အားကြီးမားသည့် နတ်ဆိုးဘုရင်က ဘာကြောင့်ဤနတ်ဆိုးလေးကို ဖမ်းနေမှန်းသူမသိပေ။ သို့သော် မြွေပွေးသည် ဖေးရှန့်တောင်တွင် ချမ်ချန်ကန်းကို မြင်လိုက်ရသောအခါ အံအားသင့်သွားသည်။ ဤသည်မှာ သူနေခင်းဘက်၌ လိုက်ခဲ့သည့် သားကောင်ဖြစ်ကြောင်း သိလိုက်ရသည်။

ဤအတွက်ကြောင့် သူသည် ဤမနက်၌ မြွှေဟင်းချိုဖြစ်လာခဲ့သည်။ ချမ်ချန်ကန်းက တစ်ငုံသောက်လိုက် သည်။ အရသာမှာ အလွန်ရှိပေသည်။

လင်းပေါင်အာ၏ ဟင်းချက်စွမ်းရည်က ပို၍ကောင်းလာခဲ့သည်။ မြွေစွပ်ပြုတ်သောက်ပြီးနောက် ချမ်ချန်ကန်းက မေးလိုက်သည်။

“ပေါင်အာ ထို့ပါယဲ့ဘယ်မှာလဲ”

“ဆရာလွန်ခဲ့တဲ့ နှစ်ရက်ကပဲ နဂါးကြက်ဆင်ဘုရင်တွေ ကုန်သွားပြီလေ။ အခု နဂါးကြက်ဆင်ထပ်သွားဖမ်းတယ်”

“အိုး …”

ချမ်ချန်ကန်း၏ မျက်လုံးများက ခြံဝန်းထဲရှိ အင်မော်တယ်သစ်ပင်ပေါ်ကို စိုက်ကြည့်လိုက်သည်။ ယနေ့တွင် ဤအင်မော်တယ်သစ်ပင်ရှိ ပန်းပွင့်များမှာ တဖြည်းဖြည်းညှိုးလာပြီး အသီးကင်း လေးများက တဖြည်းဖြည်းကြီးထွားလာခဲ့သည်။

ဤအင်မော်တယ်နယ်မြေ၏ ထူးခြားချက်ကြောင့် ချမ်ချန်ကန်းသည် အလုံးစုံသော သက်ရှိစွမ်းအားကို ရေလောင်းသလို အသုံးပြုခဲ့သည်။ ထို့ကြောင့် ကျူးယန်အင်မော်တယ်သစ်ပင်သည် မကြာခင်အသီးများ ရင့်မှည့်တော့မည်ဖြစ်သည်။

*ယွမ်ကျိုးကိုသွားတဲ့ မြွေကရော ဘယ်လိုအခြေအနေရှိလည်းမသိဘူး။*

ချမ်ချန်ကန်းက တွေးလိုက်မိသည်။

ထိုအချိန်တွင် ဝေးကွာသောကောင်းကင်ယံထက်၌ ဝိညာဉ်သက်တန့်တစ်စင်းက ဖေးရှန့်တောင်သို့အလျင်အမြန်ရောက်လာခဲ့သည်။

ထို့နောက် လင်းချင်ရှန်း၏ပုံရိပ်ပေါ်လာခဲ့သည်။ လင်းပေါင်အာလည်း အံအားသင့်သွားသည်။

“ဆရာ အဖေဒီမှာရောက်နေတာပဲ”

မကြာမီ လင်းချင်ရှန်းက အင်မော်တယ်ဘုရားကျောင်းသို့ ရောက်လာခဲ့သည်။ ယခုအချိန်တွင် လင်းချင်ရှန်း၏အမူအရာမှာ အလွန်လေးနက်ပြီး၊ သူ၏မျက်ခုံးများက ဖြောင့်တန်းကာ လေးနက်နေသည်။

သူ့ကိုကြည့်ရသည်မှာ ကြီးကြီးမားမားဖြစ်သွားခဲ့ပုံရသည်။

“စီနီယာ ဓားကိုးစင်းဂိုဏ်းကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်”

လင်းချင်ရှန်းသည် ချမ်ချန်ကန်းကို မြင်သောအခါ သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်တော့ပေ။ သူသည် ရှေ့သို့တစ်လှမ်းနှစ်လှမ်းလျှောက်၍ ချမ်ချန်ကန်း၏ရှေ့၌ ဒူးထောက်တော့မည်ဖြစ်သည်။

သို့သော် ချမ်ချန်ကန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သောစွမ်းအားတစ်ခုက လင်းချင်ရှန်းကို ဒူးထောက်ရာမှ တားမြစ်လိုက်သည်။

သူသည် လင်းပေါင်အာ၏ဖခင်ကို မည်ကဲ့သို့ ဒူးထောက်ခိုင်းမည်နည်း။ ချမ်ချန်ကန်းက မျက်မှောင်ကြုပ်လိုက်သည်။

“ဓားကိုးစင်းဂိုဏ်းကိုကယ်တင်ပါ ဟုတ်လား။ ဘာဖြစ်လို့လဲ”

သူသည် ဘုရားကျောင်းသို့ရောက်သောအခါ ဤနေရာပတ်ဝန်းကျင်တစ်ခုလုံး အင်မော်တယ်အခိုးငွေ့ များဖြင့် ပြည့်နက်နေပြီး သူ့ထံသို့ အင်မော်တယ်စွမ်းအားများ ဝင်ရောက်လာပေသည်။

သို့သော် ယခုအချိန်သည် ဤအကြောင်ကို စဉ်းစားရမည့်အချိန်မဟုတ်ပေ။

“စီနီယာ အင်မော်တယ်တွေ ဆင်းလာပြီ။ ဓားကိုးစင်းဂိုဏ်းကို ကယ်တင်ရမယ်နော်”

“အင်မော်တယ်တွေဆင်းလာတာလား”

ထိုစကားကိုကြားသောအခါ ချမ်ချန်ကန်း၏မျက်လုံးမှာ အရောင်တောက်လာခဲ့သည်။ ဤသည်က သတင်းကောင်းပင်ဖြစ်သည်။

နောက်ဆုံး၌ အင်မော်တယ်များသည် အောက်ဘုံအထိဆင်းလာခဲ့ပြီဖြစ်သည်။

“အင်မော်တယ်တွေ အောက်ဘုံကိုဆင်းလာတာ မင်းတို့ဓားကိုးစင်းဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ။ သူတို့သာ အင်မော်တယ်ဓားကိုလိုချင်ရင် ဒီအရှင်ရှိတဲ့ဖေးရှန့်တောင်ကို လာခိုင်းလိုက်လေ”

ချမ်ချန်ကန်း၏စကားကို နားထောင်ပြီးနောက် လင်းချင်ရှန်းက ရှက်သွားခဲ့သည်။

“တစ္ဆေအရိုးဂိုဏ်းက အရမ်းဘဝင်မြင့်တယ်။ ကျွန်တော်တို့ကလည်း အစတုန်းက အကြီးအကဲတွေကို ဦးဆောင်ပြီး တစ္ဆေအရိုးဂိုဏ်းရဲ့ မာနထောင်လွှားမှုကို ဖိနှိပ်ဖို့စီစဉ်ထားတာ။ ဒါပေမဲ့ အင်မော်တယ်တွေ အောက်ဘုံကို ဆင်းလာတဲ့အခြေအနေနဲ့ ကြုံသွားတော့ ဘယ်သူကထင်မှာလဲ။ အခုဆိုဓားကိုးစင်းဂိုဏ်းရဲ့ အကြီးအကဲတွေ အားလုံးကို တစ္ဆေအရိုးဂိုဏ်းက ဖမ်းလိုက်ပြီ“

ချမ်ချန်ကန်းက စကားမပြောနိုင်တော့ပေ။ သူ့ကို တာဝန်ခံခိုင်းခြင်းဖြစ်ပေသည်။ အရမ်းဒေါသထွက်သွားသည်။

*မင်းတို့ကို အရင်က နှိမ့်ချခိုင်းတာလေ၊ အခုတော့မကိုင်တွယ်နိုင်ပဲနဲ့ ငါ့ဆီရောက်လာတာလား*

ဘေးတွင်ရှိသော လင်းပေါင်အာက စိုးရိမ်တကြီးကြည့်လိုက်သည်။

“အဖေ အဖိုးဟိုင်ကိုလည်း တစ္ဆေအရိုးဂိုဏ်းက ဖမ်းသွားတာလား“

လင်းချင်ရှန်းက သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်။

“ဒီလိုမျိုးကံဆိုးမှုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ကျွန်တော်တို့လည်း မမျှော်လင့်ထားဘူး။ တကယ့်ကို အင်မော်တယ်တွေ အောက်ဘုံကိုဆင်းလာတဲ့ အချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ခဲ့ရတာပဲ”

ဤသို့ဆိုလျှင် ဓားကိုးစင်းဂိုဏ်းရဲ့ အကြီးအကဲများဦးဆောင်ရုံဖြင့် တစ္ဆေအရိုးဂိုဏ်းက အနိုင်ယူရန် နည်းလမ်းမရှိပေ။

သို့သော် ဤတစ်ကြိမ်၌ မတူတော့ပေ။ အင်မော်တယ်များသည် အလွန်အစွမ်းထက်ပြီး ဓားကိုးစင်းဂိုဏ်းမှအကြီးအကဲများကို တစ်ချက်တည်းဖိနှိပ်လိုက်သည်။

အင်မော်တယ်သာ အကြီးအကဲအားလုံးကို သတ်လိုက်ပါက ဓားကိုးစင်းဂိုဏ်းအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်လာပေလိမ့်မည်။

ထို့အပြင်အနည်းဆုံး အခုအချိန်မှစပြီး တစ္ဆေတိုင်းပြည်၌ ဓားကိုးဆင်းဂိုဏ်းသည် ထိပ်တန်းအင်အားစု များထဲသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။

လင်းချင်ရှန်းလည်း အလွန်ထိတ်လန့်သွားပြီး ချမ်ချန်ကန်းကို အကူအညီတောင်းရုံမှအပ ရွေးချယ်စရာမရှိတော့ပေ။

All Chapters