အခန်း ၅၁
Vol. 5 Ch. 51
အခန်း (၅၁) ကပ်ဘေးတစ်ခုဖြစ်ပွားခြင်း
“ဆရာ …”
လင်းပေါင်အာက ချမ်ချန်ကန်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ချမ်ချန်ကန်းကို သူ့ဆရာအဖြစ်ကိုးကွယ်ထားပြီးသားဖြစ်သည်။
သို့ပေမဲ့ လင်းချင်ရှန်းကတော့ သူမ၏အဖေဖြစ်သည်။
ချမ်ချန်ကန်း ကူညီပေးလိမ့်မည်ဟု သူမမျှော်လင့်မိသည်။ ချမ်ချန်ကန်းက စကားမပြောပဲ ပေါင်အာ၏ မျက်နှာကိုကြည့်လိုက်သည်။
*ကူညီတာလား ဟုတ်ပါတယ်လေ။ ဒါပေမဲ့ ဒါကအရေးမကြီးပါဘူး။ အရေးကြီးတာက ငါသာဒီအင် မော်တယ်တွေကို တိုက်နိုင်လို့ရှိရင် ဓားကိုးစင်းဂိုဏ်းကို ကူညီပေးတာနဲ့အတူတူပဲ*
“ကောင်းပြီ မင်းရဲ့ဆရာကို ဒီလိုမျက်လုံးနဲ့ကြည့်မနေနဲ့။ ဆရာက မင်းကိုကူညီမှာပေါ့”
ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ်ဆရာ”
လင်းပေါင်အာက ချမ်ချန်ကန်းကို အလွန်ကျေးဇူးတင်လိုက်သည်။ ဟုတ်ပေသည်။ လင်းပေါင်အာသည်လည်း အပြစ်ရှိစိတ်ခံစားလိုက်ရသည်။
ဆရာ့ကိုဒုက္ခရောက်အောင်လုပ်တဲ့သူအားလုံးရဲ့ အပြစ်ပဲဖြစ်သည်။ လင်းချင်ရှန်းသည် ထိုစကားကို ကြားသောအခါ သူ၏နှလုံးသားထဲမှ နောက်ဆုံး၌ သက်ပြင်းတစ်ချက်ချနိုင်ခဲ့သည်။
“ချင်ရှန်းက စီနီယာကို ကျေးဇူးတင်ပါတယ်။ စီနီယာသာလိုအပ်ရင် ဓားကိုးစင်းဂိုဏ်းကို ကြိုက်တဲ့ နေရာမှာ အသုံးချနိုင်ပါတယ်”
ချမ်ချန်ကန်းက လက်ဝှေ့ယမ်းလိုက်သည်။
“အင်မော်တယ်တွေက အောက်ဘုံကိုရောက်လာတာတောင်မှ ဘာလို့အင်မော်တယ်ရတနာအတွက် ဖေးရှန့်တောင်ကို ရောက်မလာကြသေးတာလဲ”
ဓားကိုးစင်းဂိုဏ်း၏ ပြဿနာကိုဖြေရှင်းရန်မှာ ချမ်ချန်ကန်းအတွက် အလွန်ရိုးရှင်းပေသည်။ အင်မော်တယ်အကုန်လုံးကို သတ်ပြစ်ခြင်းသာဖြစ်သည်။
ထို့အပြင် သူ၏ ကျောထောက်နောက်ခံနှင့်ဆိုလျှင် ဓားကိုးစင်းဂိုဏ်းကလူတွေကို နာခံမှုမရှိ လွှတ်ပေးပေလိမ့်မည်။
ပြောရမည်ဆိုလျင် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ကို သတ်ခြင်းဖြစ်သည်။
“စီနီယာ အင်မော်တယ်တွေက ရောက်ခါနီးပါပြီ။ မကြာခင်တောင်ပေါင်းတစ်သိန်းတောင်ကို ရောက်လာတော့မယ်”
“ကောင်းပြီ မင်းအရင်ဒီမှာနေလိုက်။ အင်မော်တယ်တွေကို ဖျက်စီးပြီးသွားရင် တစ္ဆေအရိုးဂိုဏ်းကို သွားပြီး လူလွတ်ပေးဖို့ ပြောလိုက်တော့။ တစ္ဆေအရိုးဂိုဏ်းသာ ဖျက်စီးမခံချင်ဘူးဆိုရင် နာခံမှုရှိရှိ နဲ့ မင်းတို့ဓားကိုးစင်းဂိုဏ်းက အကြီးကဲတွေကို လွတ်ပေးလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်စီနီယာ”
လင်းချင်ရှန်းက အလွန်ကျေးဇူးတင်မိသည်။
တစ်နာရီခန့်ကြာသွားခဲ့သည်။ မူလကကြည်လင်နေသော ကောင်းကင်ကြီးမှာ တိမ်မဲများအလိပ်လိုက် တက်လာခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံး အုံ့မှိုင်းပြီးအလွန်ထိတ်လန့်စရာကောင်းပေသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအားများက တောင်ကျရေများနှင့် ဧရာမလှိုင်းလုံးကြီးကဲ့သို့ တလိမ့်လိမ့် လိမ့်တက်လာပြီး တောင်ပေါင်းတစ်သိန်းတောင် တစ်ခုလုံးကိုပြည့်လျှံသွားစေခဲ့သည်။
တောင်ပေါင်းတစ်သိန်းတောင်ရှိ နတ်ဆိုးများနှင့် မိစ္ဆာသရဲများအားလုံး ကြောက်ရွံ့သွားကြသည်။ ထို့အပြင်တောင်ပေါင်းတစ်သိန်းတောင်၏ အနက်ရှိုင်းဆုံးနေရာတွင်ရှိသော နတ်ဆိုးဘုရင်များလည်း အလားတူခံစားလိုက်ရသည်။
စိတ်ငြိမ်သည့်အရပ်၌ ကျင့်ကြံနေသော နတ်ဆိုးဘုရင်တစ်ပါးလည်းရှိပေသည်။ သူသည်လည်း ထိုဖိအားကြောင့် ကြောက်လန့်သွားခဲ့သည်။
*တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ ဒီလိုကြောက်စရာကောင်းတဲ့ ဖိနှိပ်မှုတွေ ဘယ်လိုလုပ်ပေါ်လာခဲ့ရတာလဲ။ မဟုတ်ဘူး သေစမ်း..... တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ အင်မော်တယ်တွေ ရောက်လာတာပဲ*
ဤအင်မော်တယ်စွမ်းအားသည် ကျူးရှို့တိုက်ကြီးရှိ ကျင့်ကြံသူများမှထွက်ပေါ်လာသော ဖိနှိပ်မှု၊ နတ်ဆိုးဘုရင်များ မိစ္ဆာများ၏ဖိနှိပ်မှုနှင့် လုံးဝကွဲပြားသည်။
ဤကဲ့သို့ အင်မော်တယ်စွမ်းအားများသည် အထက်ဘုံရှိအင်မော်တယ်များထံတွင်သာရှိပေသည်။ မမျှော်လင့်ပဲ ယနေ့၌ တောင်ပေါင်းတစ်သိန်းတောင်၌ ပေါ်ပေါက်လာခဲ့သည်။
*မကြာသေးမီက ရှီဝမ်တတောင်မှာ ဘာတွေဖြစ်နေတာလဲ*
(ရှီဝမ်တတောင်=တောင်ပေါင်းတစ်သိန်းတောင်တန်း)
တောင်ပေါင်းတစ်သိန်းတောင်တန်း၏အနက်ရှိုင်းဆုံးနေရာတွင်ရှိသော နတ်ဆိုးမျိုးနွယ်စုများ အားလုံး ကြောက်လန့်သွားကြသည်။
ထိုအခိုက်တွင် နတ်ဆိုးအလင်းနှစ်ခုသည် ကောင်းကင်နတ်ဆိုးမြေခွေးမျိုးနွယ်စုမှ ပြေးထွက်လာပြီး တောင်ပေါင်းတစ်သိန်းတောင်အနီး၌ ရပ်တန့်လိုက်ကြသည်။
နတ်ဆိုးအလင်းရောင် ပျောက်ကွယ်သွားပြီး အဖွားအိုတစ်ဦးနှင့် အဖြူရောင်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးပေါ်ပေါက်လာခဲ့သည်။
အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသမီးသည် ဖေးရှန့်တောင်မှပြန်လာသော ပိုင်ယွဲဖြစ်သည်။ ပိုင်ယွဲသည် လေးနက်သောအမူအရာဖြင့် အဝေးမှစိုက်ကြည့်ကာ
“အဖွား ဒီအငွေ့အသက်တွေက အင်မော်တယ်တွေများဖြစ်မလား ”
အဖွားဟုခေါ်ခံရသော အဖွားအိုမှာ ဆံပင်များဖြူဖွေးနေပြီး မျက်နှာမှာ အိုမင်းသော်လည်း သူမ၏ မျက်လုံးမှာ အလွန်ထက်ရှပြီး ဓားသွားကဲ့သို့ စူးရှနေသည်။
“ဟုတ်တယ်။ အမှန်ပဲ။ ဒါကတောင်ပေါင်းတစ်သိန်းတောင်ဆီကို အင်မော်တယ်တွေ ရောက်လာတာပဲ။ အင်မော်တယ်တွေ အောက်ကမ္ဘာကို ဆင်းလာတယ်ဆိုတော့ ကြီးကြီးမားမားတစ်ခုတော့ ဖြစ်တော့မှာပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကြားလိုက်ရတဲ့ အင်မော်တယ်ရတနာကြောင့်ဖြစ်ပုံရတယ်”
ပိုင်ယွဲက စိုးရိမ်သွားသည်။
*ညီမဟုန်ရီရဲ့စကားအတိုင်းဆိုရင် အဲဒီအင်မော်တယ်ရတနာက သခင်ရဲ့ တပည့်လက်ထဲကို ရောက်နေပြီလို့ပြောတယ်။ သူတို့အန္တရာယ် ကျရောက်တော့မှာလား*
အဖွားကြီးက လှောင်ရယ်လိုက်သည်။
“အင်မော်တယ်ရတနာဆိုတာ အရမ်းအဖိုးတန်တယ်။ အောက်ဘုံကသာမန်လူတွေက ဘယ်လိုလုပ် သူတို့ကိုသတ္တိရှိရှိထိရဲမှာလဲ။ ပိုင်ယွဲ့ အင်မော်တယ်ရတနာကို ရပြီးတာနဲ့အင်မော်တယ်ဖြစ်မယ်လို့ နင်ကထင်နေတာလား”
“အင်မော်တယ်တွေက သူတို့ကိုသတ်ပစ်မှာလား”
“အင်မော်တယ်တွေက အရမ်းရက်စက်တယ်။ မဟုတ်ရင် အင်မော်တယ်ရတနာ တစ်ခုတည်းနဲ့ ဒီကမ္ဘာကို ဘယ်လိုလုပ်ဆင်းလာမှာလဲ။ အဲ့ဒီအင်မော်တယ်ရတနာသာ ငါတို့ရှေးမြေခွေးမျိုးနွယ်စုကရခဲ့မယ်ဆိုရင် ဒီနေ့ငါတို့ရှေးမြေခွေးမျိုးနွယ်စု ဖြစ်လာမဲ့အရာကို ငါတွေးမိပြီးကြောက်မိတယ် ”
“ပိုင်ယွဲ့ နင်ပြောခဲ့တာပဲလေ ဖေးရှန့်တောင်ပေါ်ကစီနီယာက အရမ်းသန်မာတယ်ဆို။ သူက အင်မော်တယ်ထက်တောင် ပိုပြီးသန်မာလို့လား”
“အဖွားက အမျှော်အမြင်ရှိရှိနဲ့ ဟုန်ရီနဲ့အမြီးလေးကို စောင့်ရှောက်ဖို့ ကာကွယ်လိုက်တာပဲ၊း။ မဟုတ်ရင် သူတို့ပြန်သွားတဲ့အခါ သူတို့နှစ်ယောက်စလုံး အဆုံးသတ်ကအတူတူပဲ။ ဒါ့ကြောင့် သူတို့နှစ်ယောက်စလုံး ငါ့ကိုကျေးဇူးတင်သင့်တယ်”
ပိုင်ယွဲ့က မည်သည့်စကားမှမပြောနိုင်တော့ပဲ သက်ပြင်းချလိုက်သည်။ ချမ်ချန်ကန်းက သူမ၏စိတ်ထဲ၌ လေးလေးနက်နက်စွဲထင်နေသည်။
သူမ၏အမြင်အရ စီနီယာသည် ကြီးမြတ်သူတစ်ဦးဖြစ်ရပေမည်။
ထို့ကြောင့်ဟုန်ရီသည် စီနီယာ၏ လက်အောက်ငယ်သားဖြစ်နိုင်သည်မှာလည်း ကောင်းချီးတစ်ခုဖြစ်သည်။
သူသည် အံ့ဩစရာကောင်းသော်လည်း အင်မော်တယ်နှင့် ယှဉ်နှိုင်သည်မဟုတ်ဟုထင်မိသည်။ ယခုမူ အထက်ဘုံမှ အင်မော်တယ်များကို ရန်စလိုက်သဖြင့် အဆုံးသတ်က တစ်ခုတည်းသာရှိသည်။
ရုတ်တရက် အဖွားအိုက တစ်စုံတစ်ခုကိုသတိပြုမိသွားသည်။ သူမ၏မျက်နှာမှာ အမူအယာပြောင်းလဲ သွားသည်။
“အဖွား ဘာဖြစ်နေတာလဲ”
“အင်မော်တယ်ဆယ့်နှစ်ပါး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အောက်ဘုံကို အင်မော်တယ်ဆယ့်နှစ်ပါးတောင်လာရလား ”
အဖွားအိုက ညည်းညူပြီး အမူရာက တုန်လှုပ်သွားသည်။ အင်မော်တယ်တစ်ပါးသာ ဆင်းလာမည် ဟုထင်မိသော်လည်း ဤအချိန်၌ အစွမ်းထက်သော အင်မော်တယ်ဆယ့်နှစ်ပါးရောက်လာခဲ့သည်။
“ဒါက အင်မော်တယ်ရတနာ တစ်ခုတည်းအတွက်ပဲလား”
တကယ်ပင် အင်မော်တယ်များ ဆယ့်နှစ်ပါး ဆင်းလာခဲ့သည်။ အဖွားအိုလည်း ထိတ်လန့်သွားသည်။ အင်မော်တယ်များသည် မည်မျှအစွမ်းထက်ကြောင်း သူမသိပေသည်။ ထို့အပြင်အင်မော်တယ် ဆယ့်နှစ်ပါး၏ စွမ်းအားကိုလည်း မသိရသေးပေ။
အင်မော်တယ်တစ်ပါးတည်းနှင့်ပင် တောင်ပေါင်းတစ်သိန်းတောင်တန်းကို အမှုန့်ချေနိုင်ပေသည်။ ယခုအခါ အင်မော်တယ်ဆယ့်နှစ်ပါးဖြစ်လာပြီဖြစ်သည်။
ချမ်ချန်ကန်းသည် အင်မော်တယ်ရတနာကို ရရှိခဲ့ပုံရပြီး ဤသည်မှာသူ့အတွက် အမှန်တကယ် ကပ်ဆိုးတစ်ခုဖြစ်စေခဲ့သည်။