← Chapters

အခန်း ၅၂

Vol. 5 Ch. 52

အခန်း ၅၂

Vol. 5 Ch. 52

အခန်း (၅၂) ပေါင်အာ....ဆရာက အင်မော်တယ်တွေကိုသတ်တာ မြင်ချင်လား

“စီနီယာ....အင်မော်တယ်တွေရောက်လာပြီ”

အင်မော်တယ်ဘုရားကျောင်းထဲတွင် မငြိမ်မသက်ဖြစ်နေသော လင်းချင်ရှန်းသည် ကြောက်မက်ဖွယ်ရာ အင်မော်တယ်စွမ်းအားများကို ခံစားလိုက်ရပြီး တုန်လှုပ်တကြားဖြင့် ချမ်ချန်ကန်းကိုပြောလိုက်သည်။

ချမ်ချန်ကန်းသည် တောင်ထိပ်ပေါ်တွင် လက်နှစ်ဖက်နောက်ပစ်ပြီး သူ့မျက်လုံးများက မထူးခြားဟန် ဖြင့် အဝေးကိုလှမ်းကြည့်လိုက်သည်။

သူ့ဘေးတွင် လင်းပေါင်အာက ကြောက်ရွံ့သောအမူအရာဖြင့်ရှိနေသည်။

“လူတွေတောင်ရောက်မလာသေးဘူး။ ကမ္ဘာကြီးကို ပြောင်းလဲသွားစေတာပဲ။ တကယ့်ကို အထက်ဘုံက အင်မော်တယ်တွေပဲ ”

ချမ်ချန်ကန်းက မထိန်းနိုင်ပဲ အံ့အားတကြီးဖြစ်သွားသည်။

ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်နေပြီး မြေပြင်များလည်း ကွဲအက်ကာ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသည့် မြင်ကွင်းတစ်ခုဖြစ်နေသည်။

အင်မော်တယ်များ၏ ဖိနှိပ်မှုသည်အလွန်ကြောက်စရာကောင်းပြီး ဤကမ္ဘာကြီးမှာ ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် ကျူးရှို့တိုက်ကြီး၏ ဥပဒေဿများသည် အင်မော်တယ်များ၏ဖိနှိပ်မှုကို အပြင်းအထန် ခုခံနေရသည်။

ကျူးရှို့တိုက်ကြီး၏ ဥပဒေဿများပင်လျှင် အင်မော်တယ်များ၏ ခုခံမှုကိုမခံနိုင်ပါက ကျူးရှို့တိုက်ကြီးတစ်ခုလုံးပျက်စီးသွားပေလိမ့်မည်။ မှန်ပေသည်။ ကျူးရှို့တိုက်ကြီးသည် မည်မျှပင်အားနည်းပါစေ သာမန်အင်မော်တယ်များက ဖျက်စီးနိုင်ပေလိမ့်မည်တော့မဟုတ်ပေ။

ဤသည်မှာ ဥပဒေဿများက ကာကွယ်ထားသောကြောင့်ဖြစ်သည်။ ထို့အပြင် ကောင်းကင်ဘုံ၌ ကမ္ဘာပေါင်းသိန်းနှစ်သောင်းနှစ်ချီနေပြီ အင်မော်တယ်များ၏ နယ်ပယ်သည်လည်းအဆုံးမရှိပေ။

ဤကျူးရှို့တိုက်ကြီးမှာမူ ၎င်းတို့ထဲမှသမုဒ္ဒရာ၏ ရေတစ်စက်မျသာဖြစ်သည်။ ထို့ကြောင့်တန်ခိုးစွမ်း အားကြီးသော အင်မော်တယ်များက ဤနေရာကို မည်ကဲ့သို့အရေးလုပ်မည်နည်း။

ဆင်တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို မည်ကဲ့သို့အာရုံစိုက်မည်နည်း။ သို့သော်လည်း လမ်းလျှောက်ရင်း ပုရွက်ဆိတ်များကိုမတော်တဆနင်းမိပြီး သေဆုံးသွားနိုင်ပေသည်။

“ဆရာ...တပည့်နည်းနည်းကြောက်တယ်”

လင်းပေါင်အာက စိတ်လှုပ်ရှားနေပြီး ချမ်ချန်ကန်း၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

ဤနည်းဖြင့် သူမ၏စိတ်ထဲမှကြောက်လန့်မှုမှာ အနည်းငယ်လျော့ပါးသွားပုံရသည်။ ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး လင်းပေါင်အာ၏ခေါင်းကို ပုတ်လိုက်သည်။

“ဆရာဒီမှာရှိနေတယ်။ ဘာမှကြောက်မနေနဲ့။ ဒီအင်မော်တယ်တွေကို ဆရာကစောင့်နေတာလေ”

ဘေးတွင်နားထောင်သော လင်းချင်ရှန်းက ချမ်ချန်ကန်း၏ယုံကြည်မှုရှိသော စကားကိုနားထောင်ပြီး ပို၍ပင်အံ့အားသင့်သွားသည်။

*ဒီအင်မော်တယ်တွေကို သေချာကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ စီနီယာကိုငါအခုတော့ယုံသွားပြီ*

စိတ်ထဲက ပြောလိုက်မိသည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု အဝေးမှထွက်ပေါ်လာခဲ့သည်။ အင်မော်တယ်များ၏ အင်မော်တယ်ရှေးဟောင်းရထားဆယ့်နှစ်စီးက အရှိန်အဟုန်ပြင်းပြင်းဖြင်ြ ကောင်းကင်ကိုထိုးခွဲကာ ပျံသန်းရောက်ရှိလာခဲ့သည်။

ဤမြင်ကွင်းကို တောင်ပေါင်းတစ်သိန်းတောင်တန်းတွင်ရှိသော နတ်ဆိုးများနှင့် မိစ္ဆာသားရဲများ အားလုံးက မြင်လိုက်ရသည်။

သူတို့၏မျက်နှာများမှ ပြောင်းလဲသွားကြသည်။

“အင်မော်တယ်တွေ ဒီကိုရောက်လာပြီ

အင်မော်တယ်ရထားဆယ့်နှစ်စင်းပါလား။တကယ်ပဲ အင်မော်တယ်ဆယ့်နှစ်ပါးရောက်လာတာပဲ”

အောက်ဘုံတစ်ခုလုံး အင်မော်တယ်ဆယ့်နှစ်ပါး၏ သတင်းကြောင့်တုန်လှုပ်သွားကြသည်။ အင်မော်တယ်ရထားများ၏အနောက်တွင် လူတစ်စုရှိပေသည်။

၎င်းတို့သည် တစ္ဆေအရိုးဂိုဏ်းမှ ဂိုဏ်းချုပ် ချိုးချမ့်ထူ နှင့် တစ္ဆေအရိုးဂိုဏ်းမှ အထွတ်အထိပ်အကြီးကဲများဖြစ်ကြသည်။

သူတို့သည် ဂုဏ်ယူဝမ်းမြောက်နေသော အကြည့်ဖြင့်နောက်ကွယ်မှ လိုက်ပါလာခဲ့ပြီး ၎င်းတို့၏ဘိုးဘေးများသည် အင်မော်တယ်များဖြစ်ကြသည်ဟူသော အချက်ကိုထုတ်ပြကာ တစ္ဆေပြည်နယ်ရှိ အင်အားစုများအားလုံးကို ဖိနှိပ်တော့မည်ဖြစ်သည်။

အနာဂါတ်တွင် တစ္ဆေတိုင်းပြည်ရှိ အခြားသောအင်အားစုများအားလုံးသည် တစ္ဆေအရိုးဂိုဏ်းကို တိုက်ခိုက်လိုပါက ၎င်းတို့သည် အင်မော်တယ်များထံမှ လက်စားချေခံရမည်ကိုကြောက်ရွံ့သဖြင့် ထပ်မံစဉ်းစားကြရပေတော့မည်။

“ရထားဆယ့်နှစ်စီး....အင်မော်တယ်ဆယ့်နှစ်ပါးတောင် ရောက်လာတာပဲ။ တကယ့်ကိုစိတ်ဝင်စားဖို့ ကောင်းတယ် ”

ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။

*အင်မော်တယ်တွေအများကြီးပါလား။ ငါ့နယ်မြေတန်ဖိုးက ဘယ်လောက်တောင်ရလိုက်မလဲ ငါသိချင်လာပြီ*

ချမ်ချန်ကန်းသည် ထိုအချင်းအရာကိုသာသိချင်ပြီး အလွန်စိတ်ဝင်စားနေသည်။

ရထားဆယ့်နှစ်စီးလုံးသည် အင်မော်တယ်အစစ်အမှန် လက်နက်များဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အလွန်လှပသော ပန်းများနဂါးများဖိနှိပ်ပုံသဏ္ဍာန်များ ထွင်းထုထားပြီး ခန့်ညားနေတော့သည်။

ဤကဲ့သို့စွမ်းအားမျိုးသည် ကျူးရှို့တိုက်ကြီးတွင်ရှိသော မည်သူမှမယှဉ်နိုင်မည်ကို လူတိုင်းစိုးရိမ်နေကြသည်။

“ဒါက အထက်ဘုံက အင်မော်တယ်တွေပဲ”

“ပေါင်အာ အင်မော်တယ်ဓားကိုပေး”

လင်းပေါင်အာသည် အင်မော်တယ်ဓားကို ချမ်ချန်ကန်း၏ လက်ထဲသို့ထည့်လိုက်သည်။

ဖေးရှန့်တောင်ထိပ်တွင် ချမ်ချန်ကန်းသည် အင်မော်တယ်ဓားကို လက်ထဲ၌ကိုင်ထားသည်။

လေက တဟူးဟူးတိုက်နေပြီး ချမ်ချန်ကန်း၏ အဖြူရောင်ဝတ်ရုံက လေထုထဲ၌လွှင်မျောနေသည်။ အတွေးတစ်ချက်တည်းနှင့်ပင် ပြိုင်ဘက်ကင်းနယ်မြေ၏ စွမ်းအားက အင်မော်တယ်ဓားထဲသို့ စိမ့်ဝင်လာခဲ့သည်။

“ချွင် … ”

အင်မော်တယ်ဓား၏အသံက ကောင်းကင်နှင့် မြေပြင်တစ်လျောက် ပဲ့တင်ထပ်သွားခဲ့သည်။ ဓားအလင်းသည် အလွန်ကြီးမား ကျယ်ပြောပြီး ကောင်းကင်တစ်ခွင်ကိုတောက်ပနေတော့သည်။

အင်မော်တယ်ရထားဆယ့်နှစ်စီးတွင်ရှိသော အင်မော်တယ်ဆယ့်နှစ်ပါးစလုံး ထိုအချင်းအရာကို ခံစားလိုက်ရသည်။

“ဒါကအရှင်ရွှယ်ကျန်းရဲ့အင်မော်တယ်ဓားပဲ။ တကယ်ပဲဒီမှာရှိနေတာပဲ။ အရှင် ရွယ်ကျွန်းရဲ့ဓားကိုများ ကိုင်ဆောင် ထားရဲတယ်။ သေဖို့တောင်းဆိုနေတာပဲ”

အင်မော်တယ်ဆယ့်နှစ်ပါးသည် ချက်ချင်းပြေးထွက်လာရာ အင်မော်တယ်စွမ်းအားများသည် အဆုံးမရှိသောမြစ်တစ်စင်းကဲ့သို့ တောင်ပေါင်းတစ်သိန်းတောင်တစ်ခုလုံးကို ဖိနှိပ်ထားတော့သည်။

ယခုအခါ တောင်ပေါင်းတစ်သိန်းတောင်ရှိ နတ်ဆိုးသားရဲများနှင့် မိစ္ဆာသားရဲများအားလုံး တုန်လှုပ်ပြီး မြေပြင်ပေါ်၌ လဲကျသွားကြတော့သည်။

သို့သော် ထိုအင်မော်တယ်စွမ်းအားသည် ချမ်ချန်ကန်း၊ လင်းပေါင်အာနှင့် လင်းချင်ရှန်းတို့ကို မထိခိုက်စေပေ။

လင်းချင်ရှန်းက ဤအချင်းအရာကို ခံစားလိုက်ရပေသည်။

“အင်မော်တယ်တွေရဲ့ဖိအားက အရမ်းကြောက်စရာကောင်းတယ် ဒါပေမဲ့ ငါနည်းနည်းလေးမှ မခံစားရဘူး ”

လင်းပေါင်အာက မျက်တောင်ခက်လိုက်သည်။

ချမ်ချန်ကန်း၏ လွှမ်းမိုးမှုကြောင့် လင်းပေါင်အာသည် အင်မော်တယ်ဆယ့်နှစ်ပါးကို ကြောက်လန့် ခြင်းမရှိတော့ပဲ မျက်တောင်မခက်ပဲ စိုက်ကြည့်လိုက်သည်။

“ပေါင်အာ ဆရာ ဒီနေ့အင်မော်တယ်တွေကို ဘယ်လိုသတ်လည်းဆိုတာကို မင်းကြည့်ချင်လား”

“အယ် … တကယ်ပဲလား”

လင်းပေါင်အာ၏ မျက်လုံးများက မျှော်လင့်များပြည့်သွားသည်။

“သေမျိုးလေးကများ အင်မော်တယ်တွေကို သတ်ချင်တယ်လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတုန်းပဲ”

အင်မော်တယ်စစ်သူကြီးတစ်ဦးက အေးစက်စွာဟစ်အော်လိုက်သည်။ သူ၏အသံက ကောင်းကင်တစ်ခွင်လုံးပြန့်နှံ့သွားပြီး မိုးခြိမ်းသံတစ်ခုအလား ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

အင်မော်တယ်စစ်သူကြီး ဆယ့်နှစ်ပါးသည် ကောင်းကင်ထက်တွင်ရပ်လျက် အင်မော်တယ်ဘုရား ကျောင်းထဲတွင်ရှိသော ချမ်ချန်ကန်းကို အေးစက်စွာစိုက်ကြည့်နေကြသည်။

သူတို့၏ခန္ဓာကိုယ် အထက်တွင်ရှိသော အင်မော်တယ်စွမ်းအားများသည် ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါအားလုံးကို ဖျတ်စီးပစ်လိုက်သည်။

သို့သော်လည်း အင်မော်တယ်ဆယ့်နှစ်ပါးကို ရှော့ရသွားစေသည့်အချက်မှာ ချမ်ချန်ကန်း၊ လင်းပေါင်အာနှင့် လင်းချင်ရှန်းတို့သာမက အင်မော်တယ်ဘုရားကျောင်းသည်ပါ ထိုစွမ်းအားကြောင့် ထိခိုက်မှုမရှိခဲ့ပေ။

ထိုအချင်းအရာကြောင့် အင်မော်တယ် စစ်သူကြီးဆယ့်နှစ်ပါးစလုံး အံအားသင့်သွားကြသည်။ အထူးသဖြင့်အင်မော်တယ်အရှင်၏ ဓားကိုကိုင်ဆောင်ထားသည့် ဝတ်ရုံဖြူနှင့်လူငယ်သည် သူ၏ခန္ဓာကိုယ်၌ မည်သည့်အတက်အကျမှမရှိပေ။

သူသည် အင်မော်တယ်ဓားကို ကိုင်ဆောင်ထားသည့် သာမန်လူတစ်ယောက်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းခံစားရပေသည်။

အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးနှင့်ရင်ဆိုင်ရသောအခါ ချမ်ချန်ကန်းက ကြောက်ရွံ့ခြင်းမရှိပဲ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“အင်မော်တယ်တွေက တကယ်မတူဘူးပဲ။ ဒါပေမဲ့ သူတို့က နည်းနည်းတော့အားနည်းတယ်။ ဒီအရှင်က အင်မော်တယ်တွေကို ဘယ်လိုသတ်မလည်းဆိုတာ မင်းတို့မယုံရင်စမ်းကြည့်လို့ရတယ်”

“ပုရွက်ဆိတ်လေးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ”

အင်မော်တယ်စစ်သူကြီးတစ်ဦးက လျောင်ပြောင်လိုက်ပြီး ချမ်ချန်ကန်း၏စကားကို အလေးအနက် မထားပေ။ အဝေးတွင်ရှိသော ချိုးချမ့်ထူသည် ဤမြင်ကွင်းကိုမြင်သောအခါ သက်ပြင်းချလိုက်သည်။

“ဒီကောင်စုတ်က မာနကြီးနေတုန်းပဲ။ အထက်ဘုံရဲ့အင်မော်တယ်တွေနဲ့ ရင်ဆိုင်နေရတာ သူမသိဘူးလား”

ချိုးချမ့်ထူသည် ဓားကိုးစင်းဂိုဏ်း၏ဂိုဏ်းချုပ် လင်းချင်ရှန်းကိုလည်းမြင်လိုက်ရပြီး လှောင်ရယ်လိုက်သည်။

“ဒီကောင်စုတ် ဘာတွေတွေးနေလည်းမသိဘူး။ သူက တကယ်ပဲ အဲဒီကောင်လေးဘက်မှာ ရပ်တည်နေတာပဲ။ တကယ်သေချင်နေတာပဲ”

ချိုးချမ့်ထူသည် အလွန်မြင့်မားသော ရည်မှန်းချက်ရှိပေသည်။ သူ၏ဘိုးဘေးများသည် အင်မော်တယ်ဓားကိုယူပြီးပြန်သွားသောအခါ သူသည် ဓားကိုးစင်းဂိုဏ်း၏ အကြီးအကဲများကိုအရင်ဆုံးသတ်ပြီး ဓားကိုးစင်းဂိုဏ်းကို ထိန်းချုပ်တော့မည်ဖြစ်သည်။

“ဟဲ .. ဟဲ .. ဓားကိုစင်းဂိုဏ်းကို သိမ်းပိုက်ပြီးတာနဲ့ ငါတို့တစ္ဆေအရိုးဂိုဏ်းရဲ့ခွန်အားတွေလည်း တိုးတက် လာမှာပဲ”

ဘိုးဘေးများ၏ ပံ့ပိုးမှုဖြင့်သူတို့ တစ္ဆေအရိုးဂိုဏ်းသည် တစ္ဆေတိုင်းပြည်တွင် အသန်မာဆုံးဂိုဏ်းဖြစ်သော ဖုန့်ယွင်ရှေးဟောင်းဂိုဏ်းကို ကျော်လွန်ပြီး တစ္ဆေတိုင်းပြည်ရှိ ပုဂ္ဂိုလ်ကြီး အားလုံးကို ဦးညွှတ်စေမည်ဖြစ်သည်။

All Chapters