← Chapters

အခန်း ၅၃

Vol. 5 Ch. 53

အခန်း ၅၃

Vol. 5 Ch. 53

အခန်း (၅၃) ခွေးလျှာဖြင့်ယက်ခြင်း

တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံး ကောင်းကင်ကြီးမှာ မဲမှောင်နေပြီး မြေပြင်မှာလည်း ကွဲအပ်နေသည်။ နေနှင့်လတို့၏ အလင်းတန်းမှာလည်း ပျောက်ကွယ်သွားသည်။

အင်မော်တယ်ဆယ့်နှစ်ပါးစလုံး ဖေးရှန့်တောင်သို့ ရောက်ရှိလာကြသည်။ ယနေ့အဖြစ်အပျက်သည် တောင်ပေါင်းတစ်သိန်းတောင်တစ်ခုလုံး၏ အာရုံစူးစိုက်မှုကိုဖြစ်စေခဲ့သည်။

သူတို့အားလုံး ဖေးရှန့်တောင်ကို စိုက်ကြည့်နေကြသည်။ တောင်ပေါင်းတစ်သိန်းတောင်ထဲက မည်သူကများ အင်မော်တယ်များကို အောက်ဘုံကို ဆင်းသက်လာတဲ့အထိ စွဲဆောင်နိုင်ခဲ့သနည်း။

နတ်ဆိုးဘုရင်များသို့မဟုတ် နတ်ဆိုးမျိုးနွယ်စု အနည်းငယ်မှလွဲ၍ ကျန်သူများသည် ဖေးရှန့်တောင်မှ အင်မော်တယ်ရတနာနှင့် ဆက်စပ်လိမ့်မည်ဟုမသိကြပေ။

အခြားသောနတ်ဆိုးငယ်လေးများ၊ တစ္ဆေသရဲများနှင့် မိစ္ဆာများအားလုံး ၎င်းတို့၏မျက်နှာပေါ်၌ ရှုပ်ထွေးသောအကြည့်များရှိနေကြသည်။

ချမ်ချန်ကန်းသည် သူ့လက်ထဲတွင်အင်မော်တယ်ဓားကို ကိုင်ဆောင်ထားပြီး အမူအရာမပြောင်းလဲပဲ အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးကို ရင်ဆိုင်လိုက်သည်။

တကမ္ဘာလုံးတိတ်ဆိတ်ငြိမ်သက်နေကြသည်။ အသက်ရှုသံကိုကြားနိုင်လောက်သည့်အထိ မည်သူမှ စကားမပြောကြပေ။

“အင်မော်တယ်ဓားကို လွှဲပေးစမ်း”

အင်မော်တယ်စစ်သူကြီးတစ်ဦးက အော်ဟစ်လိုက်သည်။

ချမ်ချန်ကန်းက သာမန်ကာလျှံကာပြောလိုက်သည်။

“ဓားက ငါ့လက်ထဲမှာရှိတယ်၊ မင်းတို့သာအရည်အချင်းရှိတယ်ဆိုရင် လာယူလို့ရတယ်။”

“ဟမ့် … ကိုယ့်အစွမ်းကိုမသိတဲ့ ပုရွက်ဆိတ်ကများ”

အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးလုံးက ကြိမ်းမောင်းလိုက်သည်။

ချမ်ချန်ကန်းက ငြိမ်သက်စွာကြည့်နေခဲ့သည်။ ယခုတွင် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေသည်။ ရှစ်ဆယ့်သုံးမီတာအထိညကျယ်ပြန့်လာခဲ့ပြီး မီတာတစ်ရာနီးပါးသို့ ချည်းကပ်နေပြီဖြစ်သည်။

သို့သော် အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးသည် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေ၏ အသွင် အပြင်ကိုသေချာပေါက် သတိမထားမိပေ။

မကြာမီပင် သူတို့အားလုံး ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာကြသည်။ လင်းချင်ရှန်းမှာလည်း ကြောက်လန့်သွားပြီး သူသည် အင်မော်တယ်ဆယ့်နှစ်ပါးကို တိုက်ရိုက်မကြည့်ဝံ့ပေ။

လင်းပေါင်အာလည်း မကြည့်ဝံ့ပေ။ သို့သော်လည်း လင်းပေါင်အာသည် ဆရာဖြစ်သူကို မြင်သောအခါ သူမ၏စိတ်မှာ တည်ငြိမ်သွားသည်။ သူမက အံ့ကြိတ်ပြီးပြောလိုက်သည်။

“ငါက ဆရာ့ရဲ့တပည့်ပဲ။ ဆရာ့ကိုဘယ်လိုလုပ် အရှက်ရစေမှာလဲ။ မဟုတ်ဘူး ဆရာ့ကိုအရှက်ရစေလို့ မဖြစ်ဘူး”

လင်းပေါင်အာသည် သူမ၏စိတ်ထဲမှ ကြောက်ရွံ့မှုကိုမျိုချပြီး အင်မော်တယ်ဆယ့်နှစ်ပါးကို နှာမှုတ်ကာ သေချာစိုက်ကြည့်လိုက်သည်။

ချမ်ချန်ကန်းက ပြုံးလိုက်သည်။

“တကယ့်ကို ဒီအရှင်ရဲ့တပည့်ဖြစ်ထိုက်တာပဲ”

ဟုတ်ပေသည်။ ချမ်ချန်ကန်းက သူ၏တပည့်ကို အင်မော်တယ်များနှင့် ရင်ဆိုင်သည့်အခါ မကြောက်ရွံ့ပဲ သတ္တိရှိစေချင်သည်။

အစက လင်းပေါင်အာသည် အင်မော်တယ်များနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ထိတ်လန့်နေသော်လည်း ယခုအခါ သတ္တိရှိရှိရင်ဆိုင်ရဲလာသည်။

သူသည်ဘအနှေးနှင့်အမြန်ဆိုသလို အင်မော်တယ်များကို ကြောက်ရွံ့တော့မည်မဟုတ်ပေ။ ဤအချင်းအရာက ချမ်ချန်ကန်းကို အလွန်ကျေနပ်စေခဲ့သည်။

အင်မော်တယ်ဆယ့်နှစ်ပါးတို့သည် ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာသောအခါ သူတို့ရဲအမူအရာများမှာ ပြောင်းလဲသွားကြသည်။

“ဒါက အင်မော်တယ်ချီတွေပဲ။ ဒီလိုအောက်ဘုံလေးမှာ ဘယ်လိုလုပ်အင်မော်တယ်စွမ်းအင်တွေ ရှိနေရတာလဲ။ တကယ့်ကို နတ်ဘုရားနယ်မြေရဲ့ချီတွေပဲ ”

အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးက စူးစိုက်ကြည့်ပြီး သက်ပြင်းချကာ *ဒီအင်မော်တယ်သစ်ပင်ကလည်းအသီးများက ရင့်မှည့်ခါနီးနေပြီ*

“ရှန်းယွင် .. ရှန်းချီ၊ ဒါက အင်မော်တယ်နယ်မြေများ ဖြစ်နိုင်မလား”

အင်မော်တယ်ဆယ့်နှစ်ပါးတို့လည်း တုန်လှုပ်ပြီးဆွေးနွေးနေကြတော့သည်။ သူတို့သည် ပြိုင်ဘက်ကင်းနယ်မြေထဲမှ အင်မော်တယ်နယ်မြေကို မြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ သူတို့သည် ဤနေရာသို့ ခြေချလိုက်သည်နှင့်အမျှ အဆုံးမဲ့သောအင်မော်တယ်စွမ်းရည်များက သူတို့ကိုယ်ထဲ တဟုန်ထိုး တိုးတက်လာသည်ကို ခံစားလိုက်ရသည်။

အထက်ဘုံရှိ အင်မော်တယ်နယ်မြေများပင်လျင် ဤကဲ့သို့သန့်စင်သော အင်မော်တယ်စွမ်းအင်မျိုးရှိသည့်နယ်မြေနှင့် မနှိုင်းယှဉ်နိုင်ပေ။

“အောက်ဘုံမှာ ဘယ်လိုလုပ်အင်မော်တယ်နယ်မြေကရှိနေတာလဲ”

ဤအင်မော်တယ်နယ်မြေက သူတို့ကို အလွန်တုန်လှုပ်စေခဲ့သည်။

ချမ်ချန်ကန်းကိုသတ်ပြီး အင်မော်တယ်ဓားကိုယူရန်မေ့နေကြသည်။ ချမ်ချန်ကန်း၊ လင်းပေါင်အာနှင့် လင်းချင်ရှန်းတို့သည် အင်မော်တယ်စစ်ဗိုလ်ချုပ်ကြီးများ၏ တုန်လှုပ်ဖွယ်ရာမှတ်ချက်များကို ရှင်းရှင်းလင်း လင်းကြားလိုက်ရသည်။

ချမ်ချန်ကန်းက ပြုံးလိုက်သည်။

*အခုမှအရူးထနေတယ်။ မင်းတို့တွေအထက်ဘုံကနေလာပြီးတော့ အင်မော်တယ်နယ်မြေကို မမြင်ဖူးကြဘူးလား။ ဒါလေးက အရမ်းထိတ်လန့်စရာလိုလိုလား*

လင်းချင်ရှန်း၏ မျက်လုံးများမှာပြူးကျယ်သွားပြီး အင်မော်တယ်စစ်ဗိုလ်ချုပ်များ၏စကားက သူ၏ စိတ်ထဲ၌ပဲ့တင်ထပ်နေတော့သည်။

“အင်မော်တယ်နယ်မြေ..... အင်မော်တယ်နယ်မြေ ဒါကတကယ့်ကို အင်မော်တယ်နယ်မြေဖြစ်သွားတာပဲ”

ယခုမူ လင်းချင်ရှန်းသည် ပြင်ပကမ္ဘာနှင့် လုံးလုံးလျားလျားကွဲပြားနေသည့် ခံစားချက်အကြောင်း နားလည်လိုက်သည်။

ဤနေရာက ဒဏ္ဍာရီလာအင်မော်တယ်နယ်မြေဖြစ်သည်။

*အရမ်းကံကောင်းတာပဲ၊ အောက်ဘုံမှာအင်မော်တယ်နယ်မြေရှိတယ်။ ဒီနေရာက အမြင့်မြတ်ဆုံးကျင့်ကြံခြင်းနေရာပဲ၊ ဒီလိုအင်မော်တယ်နယ်မြေမှာ ကျင့်ကြံတဲ့သူက တိုက်ရိုက်ပဲ အင်မော်တယ်ဖြစ်လာနိုင်တာ မဟုတ်ဘူးလား ငါ့သမီးက တကယ်ပဲ ဆရာကောင်းကို ကိုးကွယ်နိုင်ခဲ့တာပဲ*

လင်းပေါင်အာက မျက်တောင်ခက်လိုက်သည်။

“နတ်ဘုရားနယ်မြေလား ”

“ဘယ်ကနတ်ဘုရားနယ်မြေလည်း ငါတစ်ခါမှမကြားဖူးဘူး။ ဒါကရတနာနယ်မြေပဲ၊ တစ္ဆေအရိုးဂိုဏ်းနဲ့ နတ်ဆိုးနဂါးလှိုဏ်ဂူက ဒီနေရာအတွက်ပြိုင်ချင်နေကြတာပဲ။ အင်မော်တယ်ရတနာတွေလည်း ဒီနေရာကိုလုချင်နေမယ်လို့ မမျှော်လင့်ထားဘူး။ ဒီနေရာက အထက်ဘုံမှာတောင် အရမ်းရှားပါးလို့လား ”

လင်းပေါင်အာသည် သူတို့၏စကားကိုကြားပြီး နှာခေါင်းရှုံ့လိုက်မိသည်။

သို့သော် အင်မော်တယ်နယ်မြေနှင့် နတ်ဘုရားနယ်မြေက ကွဲပြားပေသည်။ အင်မော်တယ်နယ်မြေသည်၊ အင်မော်တယ်အနှစ်သာရများကို ကျင့်ကြံနိုင်ပေသည်။

၎င်းသည်အင်မော်တယ်များအတွက် ကျင့်ကြံရန် အမြင့်မြတ်ဆုံး မြင့်မြတ်နယ်မြေဖြစ်သည်။

ရှန်းဝူအင်မော်တယ်နယ်မြေတွင် အင်မော်တယ်အရှင်သခင်တိုင်းနီးပါး အင်မော်တယ်ကုန်းမြေရှိကြသည်။

သို့သော်လည်း သူတို့၏လက်အောက်ငယ်သားများအနေဖြင့် သူတို့၏အကြီးအကဲများ အပေါ်သစ္စာရှိသူများသာ ထိုအင်မော်တယ်နယ်မြေ၌ ကျင့်ကြံရန်သဘာဝအတိုင်း အရည်အချင်းပြည့်မှီကြသည်။

ထို့ကြောင့် သူတို့တုန်လှုပ်သွားခြင်းဖြစ်သည်။ သူတို့သည် ဒဏ္ဍာရီလာအင်မော်တယ်နယ်မြေထဲသို့ ရောက်နေကြသဖြင့် သူတို့၏ချွေးပေါက်တိုင်းသည် အင်မော်တယ်စွမ်းအင်များဖြင့် ဖိနှစ်ခြင်းခံလိုက်ရပြီး အဆုံးမဲ့သောအင်မော်တယ်စွမ်းအင်များက သူတို့၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

တက်ကြွသော ဤခံစားချက်က သူတို့၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော အင်မော်တယ်စွမ်းအားများကို အချိန်တိုင်းကြီးထွားစေခဲ့သည်။

သူတို့တစ်ခုလောက်ပြောချင်တယ်....

*သောက်ကျိုးနည်း.... ဒါကတကယ့်ကိုဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေပဲ။ အရှင်ရွှယ်ကျန်းရဲ့အင်မော်တယ် နယ်မြေတောင်မှ ဒီဟာနဲ့ယှဉ်လိုက်ရင် အမှိုက်တစ်ခုပဲ*

ချမ်ချန်ကန်းသည် အင်မော်တယ်တာအိုမှ အစစ်အမှန်လုပ်ဆောင်ချက်၏ အမှုကြောင့် ဤအင်မော်တယ်နယ်မြေကို အဆင့်မြင့်တင်ထားခြင်းဖြစ်သည်။

“ငါတို့တွေပြန်ရင် ဒီနယ်မြေကိုပါပြန်ယူသွားသင့်တယ်”

“ဟုတ်တယ်။ ပြန်ယူသွားရမယ်”

အင်မော်တယ်တစ်ပါးဖြစ်သည့် ယိုရှန်းက လောဘကြီးနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ အခြားသောအင်မော်တယ်များကလည်း မျက်လုံးများ၌ လောဘမီးခိုးများတောက်လောင်နေကြသည်။

ချိုးချမ့်ထူမှာ အံအားသင့်သွားသည်။

“ဘိုးဘေးတွေ ဘာလို့မစကြသေးတာလဲ။ သူတို့ဘာတွေပြောနေလည်းမသိဘူး၊ “

သူတို့သည် ထိုစကားကိုကြားရန် ဝေးကွာလွန်းပေသည်။ ဖေးရှန့်တောင်သာ အမှန်တကယ်နတ်ဘုရား နယ်မြေတစ်ခုဖြစ်သည်ကိုသိသွားပါက ရှော့ရသွားပေလိမ့်မည်။

“ဒီအင်မော်တယ်နယ်မြေက အရမ်းအဖိုးတန်တယ်။ ဒါ့အပြင် အင်မော်တယ်သစ်ပင်တစ်ပင်ပါ ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အဲဒါကိုသာယူပြီး အရှင်ရွှယ်ကျန်းကိုသာပေးလိုက်မယ်ဆိုရင် အရှင်ရွှယ်ကျန်းက ငါတို့ကိုမှတ်မိနေမှာ အသေအချာပဲ ”

“ဟား .. ဟား .. ဟား မင်းတို့ကခွေးလျှာတစ်အုပ်ပဲ။ မင်းတို့တွေ ဘာဖြစ်လို့ အင်မော်တယ်နယ် မြေတွေရော အင်မော်တယ်သစ်ပင်ကော အင်မော်တယ်ဓားကိုလည်း ကိုယ့်အတွက်ကို မသိမ်းထားရတာလဲ။ အဲဒါက ပိုမကောင်းဘူးလာ”

ချမ်ချန်ကန်းက အထင်သေးနှိမ့်ချသောအကြည့်ဖြင့်ပြောလိုက်သည်။

“ဆရာခွေးလျှာယက်တာဘာလဲ”

လင်းပေါင်အာက အံအားသင့်သွားသည်။

“ခွေးကိုလျှာနဲ့ယက်တာပဲဖြစ်ဖြစ်၊ လျှာနဲ့ခွေးခြေထောက်ကိုယက်တာပဲဖြစ်ဖြစ်၊ ခွေးကခြေထောက်ကို ယက်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်အတူတူပဲ”

ချမ်ချန်ကန်းသည် အင်မော်တယ်စစ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးကိုကြည့်ပြီး သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လို စိတ်များပြည့်ကာ အနည်းငယ်ပြုံးလိုက်သည်။

“ဘာလို့ခွေးလျှာက ဆက်မယက်တော့တာလဲ။ ဒါပေမဲ့လည်း ကံဆိုးတာက ခွေးလျာက ဆက်ယက်လို့မရတော့ဘူး။ ဘာလို့လည်းဆိုတော့ အကုန်လုံးဒီမှာပဲသေရပြီးတော့ ဘယ်သူမှလွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး”

All Chapters