အခန်း ၅၄
Vol. 5 Ch. 54
အခန်း (၅၄) သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ကြောင့် ကမ္ဘာကြီးတစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွားခြင်း
ခွေးကဲသို့လျှာနဲ့ယက်တယ်.....
ခွေးလိုလျှာနဲ့ယက်တယ်.....
ဤကဲ့သို့ ချမ်ချန်ကန်း၏ မောက်မာသောစကားများက အင်မော်တယ်စစ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးကို ဒေါသထွက်စေခဲ့သည်။
“မင်းလိုအောက်တန်းကျတဲ့ နိမ့်ကျတဲ့ပုရွက်ဆိတ်ကများ....ငါတို့လိုအင်မော်တယ်တွေကို ခုလိုမျိုး ပြောရဲတယ်ဟုတ်လား။ ငါတို့တွေက မင်းကို လက်ညိုးတစ်ချောင်းတည်းနဲ့တောင် သတ်ပစ်လို့ရတယ်”
လင်းချင်ရှန်းကမူ ချမ်ချန်ကန်းတစ်ယောက် အင်မော်တယ်စစ်သူကြီး ဆယ့်နှစ်ပါးကို တစ်ယောက်တည်းရင်ဆိုင်သည်ကိုကြည့်ပြီး သူ့စိတ်ထဲ၌ ချမ်ချန်ကန်းအပေါ် ချစ်ခင်လေးစားမှုအပြည့်ရှိလာခဲ့ သည်။
စီနီယာသာ မကျိန်းသေပါက ဤကဲ့သို့စကားပြောရဲလိမ့်မည်မဟုတ်ပေ။ အင်မော်တယ်ဆယ့်နှစ်ပါးကလည်း ချမ်ချန်ကန်းကို စောင့်ကြည့်နေကြသည်။
သို့သော် ချမ်ချန်ကန်း၏ခန္ဓာကိုယ်မှ မည်သည့်ကျင့်ကြံခြင်းအငွေ့အသက်မှ ထွက်ပေါ်လာခြင်းမရှိပေ။ ထို့ကြောင့်အင်မော်တယ်ဆယ့်နှစ်ပါးစလုံးက ချမ်ချန်ကန်းကို လှောင်ပြောင်ရယ်မောကြသည်။
သူတို့သည် အင်မော်တယ်ဓားနှင့် ကျူးရန်အင်မော်တယ်သစ်ပင်ကို အနိုင်ရရှိတော့မည်ဟု စိတ်ထဲ၌ သတ်မှတ်ပြီးသားဖြစ်သည်။
သူတို့သည် သူတို့၏ခွန်အားကို ယုံကြည်မှုအပြည့်ရှိပေသည်။ နောက်ဆုံး၌ သူတို့၏ခန္ဓာကိုယ်ထဲတွင် အင်မော်တယ်စွမ်းအားများပါဝင်ပြီး ရှန့်ဝူအင်မော်တယ်နယ်မြေ၏ဗိုလ်ချုပ်များဖြစ်ကြသည်။
*နိမ်ကျတဲ့အောက်ဘုံက တာအိုကျင့်ကြံသူကများ သူတို့ကိုဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ*
ထို့ကြောင့် အင်မော်တယ်ဗိုလ်ချုပ်များ၏ နှလုံးသားထဲတွင် ချမ်ချန်ကန်းက သေလူသာဖြစ်သည်။
“မင်းတို့တွေ ငါ့ကိုသတ်ချင်တယ်ဆိုလို့ရှိရင် ဒီအင်မော်တယ်နယ်မြေကိုရော၊ အင်မော်တယ်ဓားကိုရော၊ ဒါမှမဟုတ် ကျူးယန်အင်မော်တယ်သစ်ပင်ကိုပါ ယူသွားလို့ရတယ်”
ချမ်ချန်ကန်းက သာမန်ကာလျှံကာပြောလိုက်သည်။
တခဏတွင်းမှာပင် အင်မော်တယ်စစ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးတို့၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများက ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးတို့သည် ချမ်ချန်ကန်းနှင့် ရိုင်းရိုင်းစိုင်းစိုင်းစကားများပြောဆိုရန် ရည်ရွယ်ချက်မရှိတော့ပဲ သတ်ဖြတ်လိုစိတ်များ အရှိန်အဟုန်ပြင်းလာခဲ့သည်။
ဝေးကွာသောနေရာ၌ ချိုးချမ့်ထူနှင့် အခြားသူများက စောင့်ကြည့်နေကြသည်။ အင်မော်တယ်စစ်သူကြီး ဆယ့်နှစ်ပါး လှုပ်ရှားသွားသည်ကိုတွေ့လိုက်ရသောအခါ သူတို့မှာစိတ်လှုပ်ရှားသွားသည်။
“အင်မော်တယ်တွေစတင်နေပြီ”
ချိုးချမ့်ထူနှင့် အခြားသူများက ချမ်ချန်ကန်းတစ်ယောက် အင်မော်တယ်များ၏ သတ်ဖြတ်ခံရသည်ကို စောင့်ကြည့်နေကြပေသည်။
ချမ်ချန်ကန်းသည် အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါး အတူတကွသတ်ဖြတ်လိုစိတ်ရှိသည့်ပုံကို ကြည့်ပြီးပြုံးကာပြောလိုက်သည်။
သူက “ကြည့်ရတာ မင်းတို့က ဒီအရှင်ကိုအထင်သေးနေတဲ့ပုံပဲ။ ဒါတောင်မှ အတူတကွ တိုက်ခိုက်ချင်နေကြသေးတယ်၊ ဒီအရှင်ကို အပေါ်ယံမျက်နှာပြင်မှာတော့ အထင်အမြင်သေးကြပေမဲ့ စိတ်ထဲမှာတော့ကြောက်ရွံ့နေကြတာပေါ့၊ ဒါပေမဲ့ မင်းတို့တွေ အုပ်စုလိုက်တိုက်ရင်တောင်မှ မင်းတို့က ဒီအရှင်ရဲ့ ပြိုင်ဘက်တွေမဟုတ်ဘူး ”
ထိုသို့ပြောပြီးနောက် ချမ်ချန်ကန်းက သူ့လက်ထဲမှဓားကို ဝှေ့ယမ်းလိုက်သည်။ သူသည် ကျူးရှို့တိုက်ကြီးတွင် ဓားနည်းစနစ်များကိုမသင်ကြားခဲ့ဖူးသော်လည်း ကမ္ဘာမြေပေါ်၌ သူ၏ယခင်ဘဝတွင် သိုင်းပညာကိုစိတ်ဝင်စားသောကြောင့် အချိန်အတော်ကြာ ဓားသိုင်းပညာအချို့ကို သင်ယူခဲ့ဘူးသည်။
သူသည် စစ်သည်တစ်ထောင်သုတ်သင်ခြင်း လှုပ်ရှားမှုအကွက်ကို အသုံးပြုလိုက်သည်။ ချမ်ချန်ကန်း သည် သူ့ရှေ့တွင်ရှိသော အင်မော်တယ်ဆယ့်နှစ်ပါးကို ဓားတစ်ချက်တည်းဖြင့် ဝှေ့ယမ်းလိုက်သည်။
မည်သို့ပင်ရှိစေ ဤဓားက အလွန်ရိုးရှင်းပေသည်။ အင်မော်တယ်ဆယ့်နှစ်ပါးတို့က အထင်အမြင်သေး နှာရှုံ့နေကြပေသည်။
ဤဓားမှာ အရှင်ရွှယ်ကျန်း၏ မွေးရာပါမှော်လက်နက်ဖြစ်ပြီး အရှင်ရွှယ်ကျန်းသာလျင် အင်မော်ဓား၏ တန်ခိုးစွမ်းအားကို အသုံးပြုနိုင်ပေသည်။
“အောက်ပြည်က ပုရွက်ဆိတ်ကများ အရှင်ရွှယ်ကျန်းရဲ့ အင်မော်တယ်ဓားကို အစွမ်းထုတ်ပြဖို့ အရည်အချင်းပြည့်မီလို့လား”
သို့သော်အကြောင်းရင်းကို သူတို့မသိကြပေ နောက်အခိုက်တန့်၌ အင်မော်တယ်ဆယ့်နှစ်ပါးတို့၏ မျက်နှာပေါ်၌ လှောင်ပြောင်သည့် အမူအရာများမှာအေးခဲသွားပြီး ၎င်းတို့အားလုံး တစ္ဆေသရဲကို မြင်လိုက်ရသည့် အမူအရာများဖြစ်သွားကြသည်။
ချမ်ချန်ကန်း၏ဓားသည် တောက်ပသော အင်မော်တယ်အလင်းတန်းများထွက်ပေါ်လာပြီး ကြီးမားသောစွမ်းအားက ဓား၌ အလျင်အမြန်ပေါင်းစပ်သွားပြီး ဓားတစ်စင်းလုံး၌ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဓားလွှာများဖြင့်ဖုံးအုပ်ထားသည်။
အင်မော်တယ်ဆယ့်နှစ်ပါးတို့သည် ထိုဓားမှ ပို၍ပို၍ အစွမ်းထက်လာသည်ကို မြင်သောအခါ ပို၍စိတ်မသက်မသာဖြစ်လာကြသည်။
ဓားထံမှကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းက ချက်ချင်းပင် လှိုင်းထန်နေသော သမုဒ္ဒရာကဲ့သို့ ဖြတ်သန်းလာတော့သည်။
ကောင်းကင်ကြီးတစ်ခုလုံးသည် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များဖြင့် ပြည့်နေပြီး ကြယ်တာရာများလည်း ရွေလျားလာကြသည်။
သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်သည် မြေပြင်ထက်မှထွက်ပေါ်လာပြီး နဂါးနှင့်မြွေတို့ မြေပြင်ထက်မှ ကောင်းကင်ထက်သို့ မြင့်တက်လာသလို ခံစားလိုက်ရသည်။
လူတိုင်း သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို ခံစားလိုက်ရပြီး ကမ္ဘာကြီးမှာတုန်လှုပ်ခြောက်ခြား သွားသည်။
ဓား၏အပြောင်းအလဲများကို မြင်လိုက်ရသဖြင့် အင်မော်တယ်ဆယ့်နှစ်ပါးတို့သည် သူတို့၏နှလုံး သားထဲမှ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
အင်မော်တယ်ယိုရှန်း၏ မျက်နှာမှာ ရုတ်ချည်းပြောင်းလဲသွားပြီး အလျင်အမြန်တုန့်ပြန်လိုက်သည်။
“ဒီဓားကသေနိုင်တယ် မြန်မြန်ရှောင်ရှားလိုက်တော့ ”
နောက်ဆုံးတွင် ချမ်ချန်ကန်းကို တိုက်ခိုက်သည့်အခိုက်အတန့်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိသဖြင့် သူတို့က အပြေးအလွှားရှောင်ရှားလိုက်ကြသည်။
သူတို့အားလုံး အင်မော်တယ်ဓား၏တိုက်ကွက်ကို ရှောင်လိုက်ကြသည်။ အင်မော်တယ်ဆယ့်နှစ်ပါးတို့သည် အလွန်လျင်မြန်သောသက်တန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ချမ်ချန်ကန်း၏ဓားကို ရှောင်ရန်အစွမ်းကုန် ကြိုးစားလိုက်ကြသည်။
သူတို့သည် ပြိုင်ဘက်ကင်းနယ်မြေ၏အစွန်းသို့ ဆုတ်ခွာလိုက်ကြသောအခါ သူတို့နောက်၌ မမြင်နိုင်သည့် အတားအစီးတစ်ခုက သူတို့ကိုပြန်မထွက်နိုင်အောင် ပိတ်ဆို့ထားလိုက်သည်။
သူတို့နှလုံးသားတစ်ခုလုံး နစ်မြှုပ်သွားကြသည်။ တစ်စုံတစ်ခုတော့ မှားယွင်းနေပြီဖြစ်သည်။ သို့သော်လည်း အင်မော်တယ်ဆယ့်နှစ်ပါးတို့ကို ပျော်ရွှင်စေသည့် တစ်ခုတည်းသောအရာမှာ ချမ်ချန်ကန်း၏ဓားချက်ကိုရှောင်နိုင်ခြင်းပင်ဖြစ်သည်။
သို့သော်လည်း သူတို့ရှေ့ရှိမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်မော်တယ်စစ်သူကြီးတိုင်း၏ အမူအရာများမှာ အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာများမှာလည်း ဖြူဖျော့သွားကြသည်။
သူတို့၏မျက်လုံးရှေ့တွင် အင်မော်တယ်ဓားဖြတ်သန်းသွားသောနေရာ၌ အမှောင်ထုကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ ဟင်းလင်းပြင်ကွဲအက်သွားခြင်းဖြစ်သည်။ ဟင်းလင်းပြင်ပျက်စီးခြင်း၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာစွမ်းအားပင်ဖြစ်သည်။
သူတို့သည် အင်မော်တယ်စစ်ဗိုလ်များဖြစ်လျင်ပင် ဤနေရာရှိ ဖျက်စီးခြင်းစွမ်းအားကို အလွယ်တကူမထိဝံ့ကြပေ။
ဤကျူးရှို့တိုက်ကြီးတွင်လည်း ဥပဒေဿများရှိပေသည်။ အင်မော်တယ်နယ်မြေ၏ အင်မော်တယ်များ အနေဖြင့် ၎င်းတို့တွင် သူတို့၏ ကိုယ်ပိုင်ဥပဒေဿများရှိသည်။
သို့သော်လည်း ကျူးရှို့တိုက်ကြီး၌ သူတို့၏ဥပဒေဿများကို ဖိနှိပ်ထားသည် သူတို့သည်မည်မျှပင် အားကောင်းသည်ဖြစ်ပါစေ ဤကမ္ဘာကြီးကိုဖျက်စီးရန် ဟင်းလင်းပြင်အက်ကြောင်းများကို ဖန်တီးရန်မဖြစ်နိုင်ပေ။
ဤကဲ့သို့ပြုလုပ်ရန်မှာ ကျူးရှို့တိုက်ကြီး၏ ဥပဒေဿ၏ အပြင်ဘက်တွင်ရှိမှသာ ရပေမည်။ သို့ပေမဲ့ ဤချမ်ချန်ကန်းကမူ ဓားတစ်ချောင်းတည်းနှင့် လုပ်ဆောင်နိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့၏ကြာရှည်နေသော အမှတ်တရများနိုးထလာပုံရပြီး အင်မော်တယ်စစ် သူကြီးတစ်ဦးက ထိတ်လန့်တကြားထပြောလိုက်သည်။
“ဒါလား ဒါကတိုက်ဆိုင်မှုလား၊ ဒါကနတ်ဘုရားပိုင်းဖြတ်ခြင်းလား”
ကျူးရှို့တိုက်ကြီးတွင် အမှန်တကယ်ပင် အင်မော်တယ်သတ်ဖြတ်သူတစ်ပါး ရှိနေပေသည်။ သူသည် အင်မော်တယ်ဖြစ်မလာသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အင်မော်တယ်များနှင့်ယှဉ်နှိုင်ပေသည်။
၎င်းတို့သည် အင်မော်တယ်များဖြစ်သော်လည်း အောက်ဘုံ၏ ဥပဒေဿများဖြင့် ဖိနှိပ်ခံထားရသောကြောင့် ၎င်းတို့၏ကိုယ်ပိုင်ဥပဒေသများကို အသုံးမပြုနိုင်သည့်အပြင် သူတို့၏တိုက်ခိုက်ရေးစွမ်း အားကိုလည်း အပြည့်အဝမပြနိုင်ပေ။
ထို့ကြောင့် အထက်ဘုံတွင်ရှိသော အင်မော်တယ်များအတွက် အောက်ဘုံ၌မကြုံတွေ့လိုသောအရာမှာ အင်မော်တယ်သတ်ဖြတ်ခြင်းသာဖြစ်သည်။
ဤအရာသည် အထက်နယ်ပယ်ရှိ အင်မော်တယ်များကိုပင် သေဆုံးလုနီးပါးဖြစ်စေခဲ့ခြင်းဖြစ်သည်။
*ဘုရားရေ.....*
အင်မော်တယ်သတ်ဖြတ်သူဆိုသည့် အကြောင်းကို သူတို့ကြားခဲ့ဖူးသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ယခု၌တွေ့ကြုံခဲ့ရပြီ။