← Chapters

အခန်း ၅၅

Vol. 5 Ch. 55

အခန်း ၅၅

Vol. 5 Ch. 55

အခန်း (၅၅) ခြိမ်းခြောက်မှုများ၊ သေဆုံးရန်ပိုကောင်းသောနည်းလမ်း

ယခုမူ အင်မော်တယ်စစ်ဗိုလ်ချုပ် ဆယ့်နှစ်ပါးလုံး ကြောက်လန့်တကြားအော်ဟစ်နေကြပြီး လွတ်မြောက်လိုစိတ်များ ပြင်းပြနေကြသည်။

သို့ပေမဲ့ သူတို့သည်ပြိုင်ဘက်ကင်းနယ်မြေထဲ၌ရှိသဖြင့် ချမ်ချန်ကန်းသာလွတ်မပေးပါက သူတို့ းလွတ်မြောက်မည်မဟုတ်ပေ။

ဤအင်မော်တယ်များသည် ချမ်ချန်ကန်းအတွက် အလွန်အသုံးဝင်ပေသည်။

ချမ်ချန်ကန်းက သူ့ဓားကိုပြန်ဆွဲလိုက်ပြီး သူ့ရှေ့က ကွဲနေသောဟင်းလင်းပြင် အပ်ကြောင်းကိုစူးစူးစိုက်စိုက်ကြည့်လိုက်မိသည်။

“ဒါက ဘာဖြစ်သွားတာလဲ”

ထို့နောက် ချမ်ချန်ကန်းသည် ဟင်းလင်းပြင်အပ်ကြောင်းထဲသို့ သူ့လက်ကိုဆန့်လိုက်သည်။ မကြာခင်မှာပင် ဟင်းလင်းပြင်အပ်ကြောင်းသည် ချမ်ချန်ကန်း၏လက်နှင့်ထိလိုက်သောအခါ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးလည်း ထိုအချင်းအရာကိုမြင်သောအခါ မျက်လုံးများပြူးသွားပြီး အံ့ဩမင်သက်သွားသည်။

ထိုအနက်ရောင်ကြီးသည် ဟင်းလင်းပြင်ပျက်စီးခြင်း၏စွမ်းအားဖြစ်သည်။ အရှင်ရွယ်ကျန်းသည်ပင် အဓိကအချက်သုံးချက်ကို ကြောက်ရွံ့နေမိသည်။

သို့သော်လည်း သူတို့ရှေ့တွင်ရှိသော ချမ်ချန်ကန်းကမူ တိုက်ရိုက်ထိလိုက်ရုံဖြင့် ဘာမှမဖြစ်သလို ပြန်လည်ကောင်းမွန်သွားခဲ့သည်။

မကြာမီမှာပင် ဟင်းလင်းပြင် အက်ကွဲကြောင်းက ပျောက်ကွယ်သွားတော့သည်။

ချမ်ချန်ကန်းသည် ထုံထိုင်းနေသော အင်မော်တယ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးကိုကြည့်ပြီး ပြောလိုက်သည်။

“အင်မော်တယ်တွေက တကယ်ကိုထူးခြားတာပဲ၊ ဒီဓားတစ်ချက်တည်းနဲ့ မင်းတို့ကိုမသတ်နိုင်လိုက်ဘူး။”

ထိုအခိုက်တွင် ဘုရားကျောင်း၏အတွင်းနဲ့အပြင်နှစ်ခုစလုံး တိတ်ဆိတ်နေပြီး ချမ်ချန်ကန်း၏ အသံတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။

သူကလွဲ၍ ဒုတိယစကားပြောဝံ့သူတစ်ယောက်မှမရှိပေ။ ဖေးရှန်းတောင်ထွတ်တွင် အင်မော်တယ်ဗိုလ်ချုပ်ဆယ့်နှစ်ပါး ချိုးချမ့်ထူနှင့် အဝေးမှအခြားသောကြည့်နေသူများလည်း မည်သည့်အသံမှ မထွက်ရဲကြချေ။

သူတို့အားလုံး ချမ်ချန်ကန်းကိုသာ စိုက်ကြည့်နေကြသည်။ တစ်ယောက်ချင်းစီ၏ စိတ်ထဲ၌အလွန် တုန်လှုပ်ကြောက်လန့်သွားကြသည်။

ထို့အပြင် ဤကဲ့သို့သော ထိတ်လန့်မှုမျိုးက သူတို့စကားနှင့်ပင် ဖော်ပြ၍မရနိုင်ပေ။

“ကောင်းတယ်၊ အရမ်းသန်မာတာပဲ၊”

လင်းချင်ရှန်းက တံတွေးတစ်လုံးမျိုချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

ချမ်ချန်ကန်းသည် အင်မော်တယ်များနှင့် အသေအလဲတိုက်ခိုက်ပြီးမှ အင်မော်တယ်များကို ကိုင်တွယ် မည်ဟု မူလကထင်မှတ်ခဲ့သည်။

သို့သော်လည်း အစမှအဆုံး သူတွေးထားသည်နှင့် တခြားစီဖြစ်ခဲ့သည်။

ချမ်ချန်ကန်း၏ ဓားတစ်ချက်တည်းဖြင့် အင်မော်တယ်ဆယ့်နှစ်ပါးလုံး ရပ်တန့်သွားခဲ့သည်။

ဤသည်က တကယ့်ကိုနတ်ဘုရားပင်ဖြစ်သည်။

ထို့အပြင် ထိုအင်မော်တယ်များသည် ချမ်ချန်ကန်းကို ခုခံရန်မရည်ရွယ်ပဲ ရှောင်တိမ်းရန်သာ ရွေးချယ်ခဲ့ကြသည်။

“ဒါ .. ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ချိုးချမ့်ထူ၏မျက်နှာမှာ ဖြူဖျော့သွားပြီး သူမြင်နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။ လင်းပေါင်အာ၏ မျက်လုံးများမှာလည်း ကောင်းကင်ထက်မှ ကြယ်များကဲ့သို့တောက်ပနေပြီး သူမ၏မျက်လုံးတစ်ခုလုံး သူ့ဆရာ၏ပုံရိပ်များနှင့် ပြည့်နှက်နေသည်။

ချမ်ချန်းကန်း၏အဖြူရောင်ဝတ်ရုံမှာ လေထုထဲတွင် ပြန့်လွင့်နေပြီး သူ၏အနက်ရောင်ဆံပင်များ ကလည်း လေထုထဲတွင် လွင်ပျံနေသည်။

သူသည် အင်မော်တယ်ဓားကို မြဲမြန်စွာကိုင်ထားပြီး ကျက်သရေရှိသော ဓားနတ်ဘုရားတစ်ပါးကဲ့သို့ထင်ရသည်။

ချမ်ချန်ကန်းလည်း ကြောက်ရွံ့ပြီးမလှုပ်ခြားဝံ့သော အင်မော်တယ်ဗိုလ်ချုပ် းဆယ့်နှစ်ပါးကို ကြည့်လိုက်သည်။

ထို့နောက် သူ့လက်ညှိုးကို ဆန့်ထုတ်ကာ လက်ယကါခေါ်လိုက်သည်။

“အဲ့မှာဘာလို့ရပ်နေတာလဲ။ တိုက်ပွဲကစနေပြီလေ၊ ဆက်တိုက်ကြတာပေါ့”

“မင်း .. မင်းကအင်မော်တယ်သတ်ဖြတ်သူလား”

အင်မော်တယ်ဗိုလ်ချုပ်တစ်ယောက်က သူ့စိတ်ထဲမှကြောက်ရွံ့မှုကို ဖိနှိပ်ပြီး အသံနက်ကြီးနှင့် မေးလိုက်သည်။

“အင်မော်တယ်သတ်ဖြတ်သူလား၊ အဲ့ဒါကဘာလဲ.... အရမ်းအစွမ်းထက်လို့လား၊ ”

ချမ်ချန်ကန်းက မေးလိုက်သည်။

အင်မော်တယ်ဆယ့်နှစ်ပါးသည် ထိုစကားကြောင့် ချမ်ချန်ကန်းက သူတို့ကိုစော်ကားသလို ခံစားလိုက် ရသည်။

သို့သော်လည်း ပြန်မပြောဝံ့သဖြင့်၊ နှုတ်ဆိတ်နေလိုက်ကြသည်။

*မင်းကအရမ်းသန်မာတယ်လေ၊ မင်းကအင်မော်တယ်တွေကိုတောင် သတ်ဖြတ်နိုင်တာပဲကို မင်းကများ မသိချင်ယောင်ဆောင်နေသေးတယ်*

မည်သို့ပင်စိုစေကာမူ အင်မော်တယ်သတ်ဖြတ်သည့်စွမ်းအားသည် သူတို့လုံးဝခံနိုင်ရည်မရှိပေ။ အနည်းဆုံးဤကျူးရှို့တိုက်ကြီးတွင်ဖြစ်သည်။

သူတို့သည် အင်မော်တယ်သတ်ဖြတ်ခင်း၏စွမ်းအားနှင့် တိုက်ခိုက်ခံရပါက လုံးဝမခုခံနိုင်ပေ။ အင်မော်တယ်ဗိုလ်ချုပ်တစ်ယောက်က ကြောက်လန့်တကြားပြောလိုက်သည်။

“မင်းက အင်မော်တယ်သတ်ဖြတ်သူ ဟုတ်သည်ဖြစ်စေ မဟုတ်ဘူးဖြစ်စေ အရေးမကြီးဘူး၊ အဲဒီအင်မော်တယ်ဓားနဲ့ ဒီအင်မော်တယ်နယ်မြေကိုသာလွှဲပေးမယ်ဆိုလို့ရှိရင် ငါတို့ချက်ချင်း ထွက်သွားမှာ”

ချမ်ချန်ကန်းက ရယ်မောလိုက်သည်။

“အင်မော်တယ်တွေက တကယ်ကိုမသေမျိုးဖြစ်ထိုက်တာပဲ။ အမြီးကိုဖြန့်ပြတဲ့ဒေါင်းတစ်ကောင်လိုပဲ ။သူတို့တွေ ဒီလောက်တောင်နှိပ်ဆက်ခံနေရတာတောင်မှ ထွက်သွားဖို့ပြောနေသေးတယ်။ ဒီအရှင်က မင်းတို့ကို ထွက်သွားဖို့ခွင့်ပြုလို့လား”

ထိုစကားကိုကြားသောအခါ အင်မော်တယ်ဗိုလ်ချုပ်ဆယ့်နှစ်ယောက်က အရုပ်ဆိုးသွားသည်။

အင်မော်တယ်ယိုရှန်းက ရှေ့သို့လှမ်းလာပြီး၊

“တာအိုရောင်းရင်း ကိုယ့်စည်းနဲ့ကိုနေကြရအောင်၊ အနာဂတ်မှာပဲပြန်တွေ့ကြတာပေါ့”

ချမ်ချန်ကန်းက

“မင်းက ဒီအရှင်ကို ခြိမ်းခြောက်နေတာလား”

“တာအိုရောင်းရင်း မင်းကတကယ်ပဲ ဒီလိုလုပ်ချင်တာလား၊ မင်းသာ ငါတို့ကိုသတ်ရဲမယ်ဆိုရင် အရှင်ရွှယ်ကျန်းက ကြိမ်းသေပေါက် မင်းဆီရောက်လာလိမ့်မယ်။”

“ဒီအရှင်က ကြောက်မယ်များထင်လို့လား”

“အရှင်ရွှယ်ကျန်း စွမ်အားအရဆိုရင် တာအိုရောင်းရင်းက အင်မော်တယ်တွေကို သတ်ဖြတ်နိုင်ပါစေဦး သူ့ရဲ့ပြိုင်ဘက်ဖြစ်မလာဘူး။ တာအိုရောင်းရင်း ထာဝရသက်ရှည်တဲ့ လမ်းကြောင်းက ရှည်လျှားပါတယ်။ တာအိုရောင်းရင်းလည်း ဒီအောက်ဘုံမှာ ရုပ်သေးရုပ်လိုအမြဲတမ်းနေနိုင်မှာ မဟုတ်ဘူး။ အရာရာတိုင်းကို ရေရှည်အကျိုးအတွက်စဉ်းစားသင့်တယ်။”

ချမ်ချန်ကန်းက

“ထာဝရအသက်ရှည်တယ်ဆိုတာ တကယ့်ကိုဝေးကွာတဲ့အရာပဲ၊ ငါကတော့ မင်းတို့အင်မော်တယ်တွေကို အားမကျပါဘူး”(အားကျမလား ရနေပြီးသားလေ)

“မင်းပြောတာအမှန်ပဲ။ ဒီအရှင်က ဒီနေရာမှာ အမြဲတမ်းရှိနေမှာ။ မင်းတို့ရဲ့သခင်ရွှယ်ကျန်းကလည်း ဒီအရှင်ကိုသတ်ချင်တယ်ဆိုရင် ဒီကို သူကိုယ်တိုင်လာလို့ရတယ်*

ထိုစကားကိုကြားသောအခါ အင်မော်တယ်စစ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးစလုံး အသံတိတ်ပြီး စိတ်ပိုင်းဖြတ်လိုက်ကြသည်။

သူတို့၌အပေးအယူမရသဖြင့် သေသည့်အထိ တိုက်ပွားဖို့သာရှိတော့သည်။

အင်မော်တယ်ဆယ့်နှစ်ပါးသည် အင်မော်တယ်သတ်ဖြတ်သူ၏စွမ်းအားကို သိသဖြင့် အစွမ်းကုန်ကြိုးစားမှသာ အသက်ရှင်ရန် အခွင့်အလမ်းရှိကြောင်းသိပေသည်။

မဟုတ်ပါက သူတို့သေမည်မှာ သေချာပေသည်။

ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“ကောင်းတယ်။ မင်းတို့တွေသေဖို့အတွက် စိတ်ပိုင်းဖြတ်ထားပုံပဲ”

ထို့နောက် အင်မော်တယ်ဆယ့်နှစ်ပါးသည် အင်မော်တယ်သက်တန့် ဆယ့်နှစ်ခုအဖြစ်ပြောင်းလဲသွားပြီး ချမ်ချန်ကန်းကို သတ်ပြစ်ရန်ကြံစည်လိုက်သည်။

“အခုတော့ကြိမ်းသေသွားပြီပေါ့”

ချမ်ချန်ကန်းက သက်ပြင်းချလိုက်သည်။

တစ်ခါဏအတွင်းမှာပင် အင်မော်တယ်စစ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးစလုံး ချမ်ချန်ကန်းဆီသို့ အပြေးအလွှား နေရာယူပြီး ဝန်းရံလိုက်ကြသည်။

သို့‌ေသာ်အင်မော်တယ်ဆယ့်နှစ်ပါးသည် ကြောက်ရုပ်များသဖွယ် မလှုပ်ခြားပဲငြိမ်သက်နေကြသည်။

ဤသည်မှာ ချမ်ချန်ကန်း၏ ဥပဒေဿ၏စွမ်းအားပဲဖြစ်သည်။

လင်းချင်ရှန်းလည်း အံအားသင့်သွားသည်။

“စီနီယာရဲ့အစွမ်းက တကယ့်ကို အစွမ်းထက်တာပဲ ”

ပြောရလျှင် ဤအင်မော်တယ်ဆယ့်နှစ်ပါးသည် ချမ်ချန်ကန်း၏ဥပဒေဿကြောင့် မလှုပ်ရှားနိုင်တော့ပေ။ အဝေးကောင်းကင်ယံတွင် ကြည့်နေကြသော ချိုးချမ့်ထူနှင့်အခြားသူများကလည်း တစ္ဆေသရဲများကို မြင်လိုက်ရသလို သူတို့တစ်ကိုယ်လုံး အေးစက်သွားကြသည်။

သူတို့စိတ်ထဲ၌ အတွေးတစ်ခုသာရှိပေသည်။ ဤအင်မော်တယ်များတော့ ကိစ္စပြီးသွားပြီဖြစ်သည်။

ချမ်ချန်ကန်းက ရယ်မောလိုက်ပြီး

“မင်းတို့က အင်မော်တယ်တွေပဲ။ ဒီတော့ ငါက မင်းတို့အတွက် သေဖို့ပိုကောင်းတဲ့နည်းလမ်းကို စဉ်းစားပေးမယ်”

All Chapters