← Chapters

အခန်း ၅၆

Vol. 5 Ch. 56

အခန်း ၅၆

Vol. 5 Ch. 56

အခန်း (၅၆) အင်မော်တယ်သိုင်းသူတော်စင်၊ စန္ဒကူးအင်မော်တယ်ကြေးမုံ

အင်မော်တယ်ဆယ့်နှစ်ပါးတို့သည် စိတ်ထဲ၌ထိတ်လန့်ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများ ဖြစ်တည်သွားကြသည်။

အင်မော်တယ်သတ်ဖြတ်သူသည် အလွန်အားကောင်းကြောင်းကို သူတို့သိသော်လည်း ဤမျအစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

သူ၏နှုတ်ဖျားမှထွက်လာသည့် စကားလုံးတစ်လုံးတည်းနှင့် လှုပ်ရှား၍မရနိုင်တော့ပေ။

သူတို့အတွက်ပင်လျှင် ဤကဲ့သို့မှော်ဆန်းသောဖြစ်ရပ်မျိုးက ပထမဆုံးအကြိမ်တွေ့ကြုံရခြင်းဖြစ်သည်။

မှန်ပေသည်။ ဤသည်က သူတို့၏ နောက်ဆုံးအတွေ့အကြုံလည်းဖြစ်ပေသည်။

“မင်း ငါတို့ကို သတ်ရဲရင်အရှင်ရွှယ်ကျန်းက မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး။ မင်းအောက်ဘုံမှာရှိနေတောင်မှ အရှင်ရွှယ်ကျန်း မင်းကိုသတ်ဖို့နည်းလမ်းပေါင်းစုံရှိတယ်”

ဤအင်မော်တယ်ဗိုလ်ချုပ်များက အင်မော်တယ်အရှင်ရွှယ်ကျန်းနှင့် ချမ်ချန်ကန်းကို ခြိုင်းခြောက်ရုံမှအပ ရွေးချယ်စရာရှိတော့ပေ။

ကံမကောင်းစွာဖြင့် သူတို့၏ခြိမ်းခြောက်မှုများက ချမ်ချန်ကန်းအတွက် အသုံးမဝင်လှပေ။

အင်မော်တယ်ဘုရင်ဖြစ်ပါစေ၊ အင်မော်တယ်သူတော်စင်ဖြစ်ပါစေ အရည်အချင်းသာရှိပါက သူ့အား ဖေးရှန့်တောင်သို့ လာရောက်ရှာနိုင်ပေသည်။

ချမ်ချန်ကန်းက လမ်းခရီး၌ မင်းတို့အတွက် အဖော်လုပ်ပေးရန်အရှင်ရွှယ်ကျန်းကိုပါ ဂရုတစိုက်ပို့ပေးလိမ့်မည်ဖြစ်သည်။

ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

အင်မော်တယ်စစ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးတို့သည် ဤအပြုံးကိုမြင်လိုက်ရသောအခါ ချက်ချင်းပဲ တစ်ကိုယ်လုံးအေးစက်သွားကြသည်။

“ကောင်းပြီ ကောင်းပြီ....ယုတ်မာတဲ့စကားတွေကို ရပ်လိုက်တော့။ ဒီအရှင်ကမင်းတို့ကို လိုက်ပို့ပေးတော့မယ်”

အတွေးတစ်ခုတည်းဖြင့် ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံး ရုတ်တရက်တောက်ပလာခဲ့သည်။ အလင်းတန်းကတောက်ပလာပြီး လူတိုင်းတိုက်ရိုက်မကြည့်ရှုနိုင်တော့ပေ။

သေခြင်းတရားနီးကပ်လာသည့် မီးနစ်တိုင်းစက္ကန့်တိုင်းတို့က ဤအင်မော်တယ်ဆယ့်နှစ်ပါးအတွက် နှိပ်စက်ညှင်းပန်းမှုတစ်ခုသာဖြစ်သည်။

ချမ်ချန်ကန်းက ဖိနှိပ်လိုက်သည်နှင့် ပြိုင်ဘက်ကင်းနယ်မြေ၏စွမ်းအားက သူတို့အပေါ်ဖိနှိပ်လိုက်မိသည်။

သူတို့ကို လုံးဝခုခံနိုင်စွမ်းမရှိအောင် လုပ်လိုက်သည်။ ထို့နောက်ချမ်ချန်ကန်းက သူ၏ပါးစပ်ကိုဟပြီး လေမှုတ်ထုတ်နေသည်ကို တွေ့လိုက်ရသည်။

တခဏအတွင်းမှာပင် အင်မော်တယ်ဆယ့်နှစ်ပါးစလုံး တဖြည်းဖြည်းမီးလောင်လာပြီး နာကျင်မှုကြောင့် ရုန်းကန်အော်ဟစ်နေကြရသည်။

ထိုအော်ဟစ်သံကို ကြားသိသူတိုင်း ရင်ထဲ၌အေးစက်သော ခံစားချက်များရလိုက်ပြီး ထိတ်လန့်တုန်လှုပ်သွားကြရသည်။

ချိုးချမ့်ထူနှင့်အခြားသူများက ဤမြင်ကွင်းကိုအဝေးမှမြင်လိုက်ရပြီး

“ကျိန်းသေပေါက် အစွမ်းကြီးတဲ့ နတ်ဘုရားတစ်ပါးပဲ ”

သူတို့၏ခန္ဓာကိုယ်များမှာ ပူလောင်နေသော်လည်း ပူလောင်မှုကြောင့်နာကျင်စွာအော်ဟစ်နေရပေမဲ့လည်း လှုပ်ရှားရန်မဖြစ်နိုင်ပေ တောက်လောင်နေသော မီးများကြောင့် ကိုယ်တွင်းနှင့်အမျှ ခန္ဓာကိုယ်တစ်ခုလုံး ဖောက်ထွင်းမြင်နေရပြီး ကိုယ်တွင်းအင်္ဂါများလည်း လောင်ကျွမ်းကာ သူတို့၏အသားနှင့် အရိုးများပါ တဖြည်းဖြည်းအရည်ပျော်ကြခဲ့သည်။

တခဏတွင်းမှာပင် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက သူတို့ကိုဖုံးလွှမ်းသွားပြီး မည်သည့်ကိုမှမမြင်နိုင်တော့ပေ။

ဤကဲ့သို့အင်မော်တယ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးကို လောင်ကျွမ်းစေနိုင်သည့် မီးတောက်သည် သာမန်မီး တောက်မဟုတ်ပေ။ တကယ့်ကို နတ်ဘုရားမီးတောက်သာဖြစ်သည်။

မီးတောက်အောက်၌ အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးတို့၏ အကြွင်းမဲ့ထိတ်လန့်စရာအပြုအမူများက ချိုးချမ့်ထူနှင့် အခြားသူများကို တုန်လှုပ်ခြောက်ခြားသွားရအောင် ခံစားလိုက်ရစေသည်။

*ပြီးပြီး ..*

*ပြီးပြီ*

*အရာအားလုံးပြီးသွားပြီ*

ဘိုးဘေး … .....

ချိုးချမ့်ထူနှင့်အခြားသူများမှာ ဖြူဖျော့နေပြီး သူတို့၏စိတ်ထဲမှာ ဗလာဖြစ်နေသည်။ မည်သည့်စကားမှ မပြောနိုင်တော့ပဲ မီးလောင်နေသော သူတို့၏ဘိုးဘေးများကိုသာ တလိုက်မိသည်။

လင်းချင်ရှန်းကလည်း စကားတစ်ခုမှမပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။ သို့သော်သူ၏နှလုံးသားမှာ အရမ်းစိတ်လှုပ်ရှားနေပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။

စီနီယာ၏ကျင့်ကြံမှုအခြေခံသည် နားမလည်နိုင်လောက်အောင်ဖြစ်ပြီး အင်မော်တယ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးကပင်သူ၏ပြိုင်ဘက်များမဟုတ်ပေ။

မီးတောက်များကြားတွင် ဤအင်မော်တယ်ဆယ့်နှစ်ပါးမှာ အသက်မရှင်တော့ပေ။

မီးတောက်များအောက်၌ အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါး၏အသက်ဓာတ်များက ရပ်တန့်သွားခဲ့သည်။

သူတို့ဆီမှထွက်ပေါ်နေသော အင်မော်တယ်စွမ်းအားများကလည်း လုံးဝကိုပျောက်ကွယ်သွားခဲ့သည်။

ခဏတွင်းမှာပင် တိမ်တိုက်များက လင်းလက်လာပြီး လေထုမှာလည်း သန့်စင်ကြည်လင်သွားသည်။ အင်မော်တယ်များ ရုတ်တရက်ပျောက်ကွယ်သွားသောအခါ တောင်ပေါင်းတစ်သိန်းတွင်ရှိသော နတ်ဆိုးများနှင့် မိစ္ဆာသားရဲများအားလုံး သတိပြုမိသွားကြသည်။

ဤအင်မော်တယ်ဆယ့်နှစ်ပါး အဘယ့်ကြောင့်ရုတ်တရက်ပျောက်ကွယ်သွားသနည်းဟု လူတိုင်း အံအားသင့်သွားကြသည်။

“အင်မော်တယ်တွေ ရုတ်တရက်ထွက်သွားတာလား”

သူတို့က ထိုကဲ့သို့သာထင်လိုက်ကြသည်။

အကြောင်းရင်းမှန်ကိုသိလျှင် အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးမှာ လွှတ်မြောက်သွားခြင်း မဟုတ်ဘဲ ထို့အစားသူတို့သည် ပြိုင်ဘက်ကင်းနယ်မြေထဲ၌ ကြေကွဲဖွယ်ကောင်းလောက် အောင် သေဆုံးသွားခဲ့ကြခြင်းသာဖြစ်ပေသည်။

အထက်ဘုံရှန်းဝူအင်မော်တယ်နယ်မြေ၌ ခမ်းနားထည်ဝါသောနန်းတော်တွင် ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အင်မော်တယ်စွမ်းအင်များက ဒီရေအလားဝန်းရံထားသည့်ပုဂ္ဂိုလ်တစ်ဦးက ကျင့်ကြံရေးခန်းမထဲ၌ တရားမှတ်နေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကမ္ဘာပေါ်၌ ကြောက်စရာအကောင်းဆုံး အင်မော်တယ်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။

ထိုပုဂ္ဂိုလ်က တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ကျင့်ကြံရာမှနိုးလာကာ မျက်လုံးကိုဖွင့်လိုက်သည်။

သူ၏မျက်လုံးများက အအေးဆုံးအအေးဓာတ်များသဖွယ် အေးစက်နေပြီး ချွန်ထက်သော ဓားတစ်ချောင်းကဲ့သို့ သူ၏အကြည့်တစ်ချက်တည်းဖြင့် သူ၏အရှေ့ရှိဟင်းလင်းပြင်ကို ချက်ချင်းပဲထိုး ဖောက်လိုက်သည်။

အင်မော်တယ်စစ်သူကြီး ဆယ့်နှစ်ပါးစလုံး အောက်ဘုံမှာသေသွားကြပြီ*

ဤကဲ့သို့အဖြစ်မျိုး ဖြစ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

*မြင့်မြတ်အင်မော်တယ်နတ်ဘုရားဓားက အောက်ဘုံ ကိုကျသွားတာနဲ့အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးကို အောက်ဘုံကိုစေလွှတ်လိုက်ရုံနဲ့ သူတို့တွေအကုန်လုံး အောက်ဘုံမှာသေဆုံးသွားခဲ့ပါလား*

ထိုအချိန်တွင် အင်မော်တယ်သူတော်စင်ရှန့်ဝူ(ရွှယ်ကျန်း)က သူ၏မျက်နှာမှာ အလွန်ဒေါသထွက်နေသည်။ ကြောက်လန့်ဖွယ်ရာကောင်းသည့် ချီစွမ်းအင်များက ပေါက်ကွဲတော့မည့် မီးတောင်အလား အပေါ်မှအောက်သို့ နိမ့်လိုက်မြင့်လိုက် အတက်အကျဖြစ်နေသည်။

ဤခိုက်၌ အင်မော်တယ်အလင်းတန်းတစ်ခုပေါ်လာပြီး သူတော်စင်ဝူရှန့်ကျူး၏ နန်းတော်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။

မိုင်ထောင်ပေါင်းများစွာဝေးသောနေရာ၌ အင်မော်တယ်သူတော်စင်ရှန့်ဝူက အင်မော်တယ်စံအိမ် တစ်ခု၌ပေါ်ပေါက်လာခဲ့သည်။

အင်မော်တယ်သူတော်စင်တစ်ပါး၏ အငွေ့အသက်ကြောင့် အင်မော်တယ်တစ်ပါးက စံအိမ်ထဲမှ ထွက်လာခဲ့သည်။

ထိုအင်မော်တယ်က လက်သီးဆုပ်ပြီးရိုသေလေးစားစွာ ပြောလိုက်သည်။

“အင်မော်တယ်သူတော်စင်တစ်ပါးက ဤအရပ်ကိုဘယ်အတွက်ကြောင့် ရောက်လာခဲ့သလဲ။ ဘာကိစ္စများရှိလို့ပါလဲ ”

“အင်မော်တယ်ဘုရင်ထျန်းယွင် ငါကမင်းရဲ့စန္ဒကူးအင်မော်တယ်ကြေးမုံကိုခဏငှားချင်လို့ပဲ ”

အင်မော်တယ်သူတော်စင်ရှန့်ဝူက ပြောလိုက်သည်။

အင်မော်တယ်ဘုရင်ထျန်းယွင်က ခေါင်းညိတ်ပြီး လက်ဖဝါးအရွယ်အစားရှိသော စန္ဒကူးအင်မော်တယ်ကြေးမုံကို ထုတ်ယူလိုက်သည်။

ထို့နောက် သူ၏လက်ကိုမြောက်လိုက်ရာ ထိုလက်ဖဝါးအရွယ်စားရှိသည့် စန္ဒကူးအင်မော်တယ်ကြေးမုံကချက်ချင်းပဲ ပေရာနှင့်ချီကြီးမားလာခဲ့သည်။

“အရှင်ရွှယ်ကျန်းက ဘာကိုကြည့်ချင်လို့လည်းမသိဘူး”

“အောက်ဘုံက ကျူးရှို့တိုက်ကြီး”

“အရှင်ရွှယ်ကျန်းခဏစောင့်ပေးပါ”

ထိုအင်မော်တယ်ကြေးမုံတွင် တိမ်များနှင့်မြူခိုးများ ဖုံးအုပ်နေပြီး နတ်ဘုရားလင်းရောင်က မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်ပနေသည်။

မကြာခင်မှာပင် ကျူးရှို့တိုက်ကြီး၏ ပုံရိပ်ပေါ်လာခဲ့သည်။

ထိုခဏတွင် အင်မော်တယ်ဘုရင်ယွမ်ယွမ်က အဘယ့်ကြောင့်အင်မော်တယ်ဘုရင်ရှန်းဝူက အောက်ဘုံက ကမ္ဘာငယ်လေးကို အာရုံစိုက်သည်ဟူသော အချက်ကိုအလွန်သိချင်မိသည်။

အင်မော်တယ်အရှင်ရှန်းဝူသည် စန္ဒကူးအင်မော်တယ်ကြေးမုံထဲရှိ ကျူးရှို့တိုက်ကြီးကို အေးစက်စွာ စိုက်ကြည့်နေပြီး အင်မော်တယ်ဘုရင်ထျန်းယွင်နှင့် စကားစပ်မြည်းပြောလိုက်သည်။

“အင်မော်တယ်ဘုရင်ထျန်းယွင် စန္ဒကူးကြေးမုံကနေ အင်မော်တယ်တွေရဲ့ အငွေ့သက်ကို ခံစားလို့ရလား ”

အင်မော်တယ်ဘုရင်ထျန်းယွင်က မျက်လုံးများကိုခဏလောက်မှိတ်လိုက်ပြီး ထို့နောက် သူ၏မျက်လုံးများကို အံအားသင့်စွာဖွင့်လိုက်သည်။

“အင်မော်တယ်ဆယ့်နှစ်ပါးရဲ့ အငွေ့သက်ကိုခံစားရပေမဲ့လည်း အခုတော့အဲ့အင်မော်တယ်ဆယ့်နှစ်ပါးက သေဆုံးသွားကြပြီ။ ဒါပေမဲ့ သူတို့ရဲ့အငွေ့အသက်က အဲကမ္ဘာကြီးမှာ ပျောက်ကွယ်ဖို့ အချိန်သိပ်ကြာ တော့မှာမဟုတ်ဘူး”

“အင်မော်တယ်အငွေ့အသက်ကဘယ်မှာလဲ”

“အရှင်ရွှယ်ကျန်း ကျေးဇူးပြုပြီးကြည့်လိုက်ပါ ”

ထို့နောက်ချက်ချင်းပင် စန္ဒကူးအင်မော်တယ်ကြေးမုံ၏ ပုံရိပ်သည်တောင်၏ မြစ်ချောင်းများကို လှည့်လည်သွားလာပြီး နေရာတစ်ခုကိုပြသပေသည်။

ထိုနေရာက တောင်ပေါင်းတစ်သိန်းတောင်တန်းဖြစ်သည်။ ပုံထဲတွင်အလွန်းကြီးမားခန်းနားသော တောင်ကြီးတစ်ခုရှိနေသည်။

အင်မော်တယ်သူတော်စင်ရှန်းဝူနှင့် အင်မော်တယ်ဘုရင်ထျန်းယွင်တို့က စန္ဒကူးအင်မော်တယ်ကြေးမုံရှိ ပုံရိပ်အား စိုက်ကြည့်နေသည်။

ထိုထဲတွင် ချိုးချမ့်ထူနှင့် အခြားသူများကိုတွေ့လိုက်ရသည်။ မကြာခင်မှာပင် ချမ်ချန်ကန်း၊ လင်းချင်ရှန်း၊ လင်းပေါင်အာတို့ကို တွေ့လိုက်ရသည်။

“အဲ့ဒါက မြင့်မြတ်အင်မော်တယ်နတ်ဓားပဲ ”

အင်မော်တယ်သူတော်စင်ရှန်းဝူက ချမ်ချန်ကန်း၏ လက်ထဲတွင်မြင့်မြတ်အင်မော်တယ်နတ်ဓားကို တွေ့လိုက်ရပြီး သူ၏မျက်လုံးများမှာ ကျဉ်းမြှောင်းလာကာ အေးစက်သောအမူအရာဖြစ်လာသည်။

ချမ်ချန်ကန်း၏အရှေ့၌ မီးတောက်ဆယ့်နှစ်ခုတောက်လောင်နေသည်။

အင်မော်တယ်သူတော်စင်ရှန်းဝူ၏မျက်လုံးများမှာ ရုတ်တရက်ပြူးကျယ်သွားသည်။

“အထက်ဘုံကစေလွှတ်လိုက်တဲ့ အင်မော်တယ်ဆယ့်နှစ်ပါးပါလား ”

ရုတ်တရက် အင်မော်တယ်သူတော်စင် ရှန်းဝူနှင့် အင်မော်တယ်ဘုရင်ထျန်းယွင်တို့သည် စန္ဒကူးအင်မော်တယ်ကြေးမုံ၌ ချမ်ချန်ကန်း၏အေးစက်သော မျက်လုံးများကို မြင်လိုက်ရသည်။

ချမ်ချန်ကန်းက သူတို့ကို ရုတ်တရက်ခေါင်းမော့ပြီး ကြည့်လိုက်ခြင်းဖြစ်ပေသည်။

မှန်ပေသည်။ သူတို့ကိုကြည့်နေပုံရသည်။

နောက်အခိုက်အတန့်၌

“ခွမ်း”

ကျယ်လောင်သောမြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

စန္ဒကူးအင်မော်တယ်ကျေးမုံမှာ ရုတ်တရက်ကွဲအပ်သွားပြီး ပုံရိပ်များလည်း ပျောက်ကွယ်သွားခဲ့သည်။ အင်မော်တယ်ဘုရင်ထျန်းယွင်၏ အမူအရာမှာပြောင်းလဲသွားခဲ့သည်။

“စန္ဒကူးအင်မောတယ်ကြေးမုံက ကွဲသွားပါလား၊ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

{အင်မော်တယ်သူတော်စင်ရှန်းဝူ၊ အရှင်ရွှယ်ကျန်း ဆိုသောနာမတို့သည် အတူတူပင်ဖြစ်ကြပြီး သူ၏ဂုဏ်ပုဒ်များပင်ဖြစ်ကြလေသည်။ }

All Chapters