အခန်း ၅၇
Vol. 5 Ch. 57
အခန်း (၅၇) အင်မော်တယ်ဆေးလုံး၊ ချိုးချမ့်ထူကြောက်လန့်သွားခြင်း
စန္ဒကူးအင်မော်တယ်ကြေးမုံသည် အင်မော်တယ်ရတနာများထဲ၌ အဆင့်ငါးရှိပြီးသော ရတနာတစ်ခုဖြစ်သည်။
ရှန်းဝူအင်မော်တယ်နယ်မြေ၌ ၎င်းသည် လူသိများသော အင်မော်တယ်ရတနာတစ်ခုဖြစ်သည်။ မမျှော်လင့်ပဲရွှယ်ကျန်းရှန့်ဝူက အောက်ဘုံ၏အခြေအနေများကို စုံစမ်းဖော်ထုတ်ရာ၌ စန္ဒကူးအင်မော်တယ်ကြေးမုံမှာ ကွဲသွားခဲ့ပေသည်။
ဤကဲ့သို့အဖြစ်မျိုး အင်မော်တယ်ဘုရင်ထျန်းယွင်က တစ်ခါမှမမျှော်လင့်ထားခဲ့ပေ။
“အောက်ဘုံကတစ်ယောက်ယောက် အင်မော်တယ်ပုံရိပ်ကို ကာကွယ်နိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး။ စန္ဒကူးအင်မော်တယ်ကြေးမုံက အဲ့ဒီတုန့်ပြန်မှုကို ခံနိုင်ရည်မရှိပါလား”
ထျန်းယွင်အင်မော်တယ်ဘုရင်က လေးလေးနက်နက်ပြောလိုက်သည်။
အင်မော်တယ်သူတော်စင်ရှန်းဝူက အေးစက်စွာအော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများက သတ်ဖြတ်လို သည့် စိတ်ဆန္ဒများပြည့်နှက်လာခဲ့သည်။
“အရမ်းကောင်းတယ်။ အောက်ဘုံမှာ ဒီလိုလူမျိုးတွေရှိနေလိမ့်မယ်လို ငါမမျှော်လင့်ထားဘူး။ အင်မော်တယ်သတ်ဖြတ်သူက နှစ်ပေါင်းများစွာကြာပြီးတော့ နောက်ထက်တစ်ဖန် ပြန်လည် မွေးဖွားလာတာ ဖြစ်လာနိုင်ချေရှိတယ်”
အင်မော်တယ်ဘုရင်ထျန်းယွင်က အံဩသွားပြီး
“ဒါကအင်မော်တယ်သတ်ဖြတ်သူ တိုက်ခိုက်လိုက်တာပဲဖြစ်ရမယ်”
“သူသေသင့်တယ်”
အင်မော်တယ်သူတော်စင်ရှန်းဝူက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် အေးစက်စွာအော်ဟစ်လိုက်ပြီး သူ၏အင်္ကျီလက်များကိုခါကာ ထွက်သွားလေတော့သည်။
“အရှင်ရွှယ်ကျန်း ဒီပျက်စီးသွားတဲ့ စန္ဒကူးအင်မော်တယ်ကြေးမုံကို ငါကဘာဆက်လုပ်ရတော့မှာလဲ”
အင်မော်တယ်သူတော်စင်ရှန်းဝူထွက်သွားသည်ကိုမြင်သောအခါ အင်မော်တယ်ဘုရင်ထျန်းယွင်က ကမန်းကတန်းအော်ဟစ်လိုက်သည်။
ကံမကောင်းစွာပဲ အင်မော်တယ်သိုင်းသူတော်စင်က မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွား တော့သည်။
“မင်းကတော်တော်ကို အရှက်မရှိတဲ့ သိုင်းသူတော်စင်ပဲ။ မင်းကသူများပစ္စည်းကို ပျက်စီးသွားတာတောင်မှ ငါ့ကိုလျော်ကြေးပေးမသွားဘူး။ အင်မော်တယ်သူတော်စင်ဟုတ်လား ချီးပဲ။ ငါမင်းကိုနောက်တစ်ခါ ကူညီတော့မယ်မထင်နဲ့”
ဤအခိုက်အင်မော်တယ်ဘုရင် ထျန်းယွင်က အရိုအသေမပေးတော့ပဲ အားရပါးရ ကျိန်ဆဲလိုက်တော့သည်။
ထို့နောက် အင်မော်တယ်ဘုရင်ထျန်းယွင်သည် ပျက်စီးသွားသောစန္ဒကူးအင်မော်တယ်ကြေးမုံကို ထပ်မံကြည့်ရှုရာ သူ၏မျက်နှာမှာ ပို၍ပင် နာကျင်လာတော့သည်။
“ငါ့ရဲ့စန္ဒကူးအင်မော်တယ်ကြေးမုံလေး ”
ယခုအချိန်တွင် တောင်ပေါင်းတစ်သိန်းတောင်၏ ကောင်းကင်ယံက ကြည်လင်နေသည်။
ဖေးရှန့်တောင်၏အပေါ်၌ ချမ်ချန်ကန်းက မျက်မှောင်အနည်းငယ်ကြုံ့လိုက်သည်။
အစောပိုင်းက သူ သူလျှိုလုပ်ခံရသည်ဟု ခံစားလိုက်ရသည်။ သို့ပေမဲ့ ခဏလောက်သာဖြစ်သည်။
ဧကန္တထင်ရောင်ထင်မှားဖြစ်သည့်ပုံရသည်။
ထို့နောက် ချမ်ချန်ကန်းက သူ့ရှေ့တွင်တောက်လောင်နေသော မီးတောက်ဆယ့်နှစ်ခုကို ကြည့်လိုက်သည်။
လင်းချင်ရှန်း၊ လင်းပေါင်အာ၊ ချိုးချမ့်ထူနှင့် အခြားသူများကလည်း မီးတောက်ဆယ့်နှစ်ခုကို စိုက်ကြည့် နေကြသည်။
သူတို့သည် အင်မော်တယ်စွမ်းအားကို မခံစားနိုင်ကြတော့သဖြင့် အင်မော်တယ်ဆယ့်နှစ်ပါး အသက်ရှင်လား သေလားပင်မသိကြသေးပေ။
ဂုဏ်သိက္ခာကြီးမားသော အထက်ဘုံမှ အင်မော်တယ်များသည် အောက်ဘုံ၌ ဤကဲ့သို့ အမှန်တကယ် သေဆုံးသွားလိမ့်မည်ဟု မည်သူမှမထင်မှတ်ထားကြပေ။
လူတိုင်းအကြည့်များအောက်၌ အင်မော်တယ်ဆယ့်နှစ်ပါးမှာ မီးတောက်များငြိမ်းအေးလာခဲ့သည်။ ထို့နောက်တဖြည်းဖြည်း ပြာများလွင့်စင်သွားပြီး ရွှေရောင်ဆေးလုံးဆယ့်နှစ်လုံးပေါ်လာခဲ့သည်။
ဤဆေးလုံးဆယ့်နှစ်လုံးသည် ရွှေရောင်ကဲ့သို့လင်းလက်တောက်ပနေပြီး အင်မော်တယ်ပုံရိပ်များနှင့် ပြည့်နှက်နေသည်။
၎င်းတို့သည်အလွန်ကြီးမားသော အင်မော်တယ်စွမ်းအားများဖြင့် ပြည့်ဝနေသည်။
ဤသည်မှာ ချမ်ချန်ကန်း၏ အင်မော်တယ်နယ်ပယ်ရှိ အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြု ပြီး အင်မော်တယ်ဆယ့်နှစ်ပါးရဲ့ အနှစ်သာရကို ဆေးလုံးဆယ့်နှစ်လုံးအဖြစ် သန့်စင် လိုက်ခြင်းဖြစ်သည်။
ဤဆေးလုံးဆယ့်နှစ်လုံးသည် ကျူးရှို့တိုက်ကြီးတွင် အဖိုးတန်ဆုံးဆေးလုံးဆယ့်နှစ်လုံးဖြစ်နိုင်သည်ဟု ဆိုနိုင်ပေသည်။
၎င်းတို့သည် အင်မော်တယ်များ၏ အနှစ်သာရများမှ ပေါင်းစပ်ထားသဖြင့် သူတို့၏တန်ဖိုးက အဖိုးမဖြတ်နိုင်ပေ။
လင်းချင်ရှန်းလည်း အံအားသင့်သွားသည်။
သူသည် ဆေးလုံးဆယ့်နှစ်လုံးကို ထိတ်လန့်စွာကြည့်နေမိသည်။
စီနီယာ၏စွမ်းအားအရ ဤဆေးလုံးဆယ့်နှစ်လုံးမှာ အင်မော်တယ်များ၏ အနှစ်သာရများကို ပေါင်းစပ်ထားခြင်းဖြစ်ပေလိမ့်မည်။
*ဒီဆေးလုံးက ဘာလုပ်ဖို့လဲ။ဒီဆေးလုံးကိုသာ သန့်စင်နိုင်ခဲ့ရင် တစ်ကြိမ်တည်းနဲ့ အင်မော်တယ်ဖြစ်သွားမှာလား*
နောက်ဆုံးတွင် သူသည် အခြေတည်စိတ်ဝိညာဉ်နတ်ဆိုးဘုရင်များမှ သွေးဆေးလုံး၏လျှို့ဝှက်ဆန်းကြယ်မှုကို မြင်တွေ့ခဲ့ပြီးပြီးဖြစ်သည်။
ယခုအခါ ဤဆေးလုံးဆယ့်နှစ်လုံးသည် ယခင်ဆေးလုံးများနှင့် ကွဲပြားပေသည်။ ဤသည်မှာ အင်မော်တယ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ချမ်ချန်ကန်းက သူ့လက်ကိုမြှောက်လိုက်သည်။ ဆေးလုံးဆယ့်နှစ်လုံးက သူ့လက်ဖဝါးထဲသို့ ကျရောက်လာခဲ့သည်။
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“အင်မော်တယ်ဆေးလုံး ဒါကတကယ့်ကိုတောက်ပပြီး ပူလောင်နေတာပဲ။ ဒါက ကောင်းမွန်တဲ့ သေခြင်းတရားပဲ။ ဒီလိုမှပဲမဟုတ်ရင် သေဆုံးရတာအလကားဖြစ်တယ်”
အလွန်ဝေးကွာသော ကောင်းကင်ယံထက်၌ ချိုးချမ့်ထူနှင့် အခြားသူများက ဤမြင်ကွင်းကို ထိတ်လန့် တကြားကြည့်နေကြသည်။
အင်မော်တယ်များ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့၏ဘိုးဘေးများလည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့အာလုံးသည် ချမ်ချန်းကန်း၏လက်ထဲတွင်ရှိသော ဆေးလုံးအဖြစ်သို့ ပြောင်းလဲခြင်းခံလိုက်ရသည်။
နံဘေးရှိ တစ္ဆေအရိုးစုဂိုဏ်း၏ အကြီးအကဲများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့သည် ဘိုးဘေး များ၏နောက်သို့ လိုက်ပါလာခဲ့ပြီး အလွန်စိတ်မောက်မာနေခဲ့သည်။
မူလက ဘိုးဘေးများသည် အင်မော်တယ်စွမ်းအားများပြသပြီးနောက် သူတို့သည် ဓားကိုးစင်းဂိုဏ်းကို ကိုင်တွယ်ရန် ဤအခွင့်အရေးကိုရယူမည်ပြုလိုက်သည်။
မည်သူကထင်ထားမည်နည်း။ ဘိုးဘေးများသည် ဝတ်ရုံဖြူနှင့်လူငယ်လေးကို မတားဆီးနိုင်သည့်အပြင် လူတိုင်းသေဆုံးသွားကြသည်။
“စောက်ကျိုးနည်း....”
အင်မော်တယ်ဆယ့်နှစ်ပါးမှာ ထိုသူ၏ရှေ့၌ ခုခံနိုင်စွမ်းပင်မရှိပေ။ ဝတ်ရုံဖြူဝတ်ထားသည် ဒီလူငယ်လေးက ဘယ်လောက်တောင် သန်မာလိုက်သလဲ။
“မြန်မြန် မြန်မြန်ပြန်ကြ.... ဓားကိုးစင်းဂိုဏ်းက အကြီးအကဲတွေအားလုံးကို လွှတ်ပေးလိုက်”
လက်ရှိတွင် ချိုးချမ့်ထူသည် ချမ်ချန်ကန်းကို ရန်စရန် စိတ်ကူးမရှိတော့ပေ။ သူသည် ချမ်ချန်ကန်း သတိမထားမိခင် သူနှင့်တစ္ဆေအရိုးဂိုဏ်းမှ အကြီးအကဲများက အမြန်ထွက်ပြေးသွားကြသည်။
အထူးသဖြင့်သူတို့သည် ဓားကိုးစင်းဂိုဏ်းကို ရန်မစဝံ့တော့ပေ။ ယခုအခါဓားကိုးစင်းဂိုဏ်းသည် အင်မော်တယ်ဆယ့်နှစ်ပါးကို တစ်ခါတည်းနဲ့ သတ်ဖြတ်ခဲ့သော အဖြူရောင်ဝတ်ရုံဝတ်ထားသည့် လူငယ်လေးမှ ကြောထောက်နောက်ခံပြုထားခြင်းဖြစ်သည်။
ဓားကိုးစင်းဂိုဏ်းကိုသာ နှောက်ယှက်ဝံ့ပါက သူတို့က မိမိသေတွင်းကိုသာ ရိုးရိုးရှင်းရှင်း ရှာဖွေနေခြင်းဖြစ်သည်။
“ဆရာ တစ္ဆေအရိုးဂိုဏ်းထွက်ပြေးသွားပြီ”
လင်းပေါင်အာက သတိပြုမိပြီး ချမ်ချန်ကန်းကို အမြန်ပြောလိုက်သည်။
ချမ်ချန်ကန်းက တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်များကို ရုပ်သိမ်းလိုက်သည်။
သူသည် တစ္ဆေအရိုးဂိုဏ်းကို ပြဿနာရှာချင်သော်လည်း ကံမကောင်းစွာပင် သူ၏ပြိုင်ဘက်ကင်းနယ်မြေက လိုအပ်သေးပေသည်။
အခု သူတို့လွတ်မြောက်သွားသဖြင့် ချမ်ချန်ကန်းက သူတို့အား ဘာမှမလုပ်နိုင်တော့ပေ။
“သူတို့တွေ အခုအရမ်းကြောက်သွားပြီလေ ထွက်သွားပါစေပေါ့။ အနာဂတ်မှာ သူတို့ကိုရင်ဆိုင်ဖို့ အခွင့်အရေးရလာမှာပဲ”
ထိုစကားကိုပြောပြီးနောက် ချမ်ချန်ကန်းသည် အင်မော်တယ်ဓားကို လင်းပေါင်အာလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
လင်းပေါင်အာက ဓားကိုပျော်ရွှင်စွာကိုင်လိုက်သည်။
“ဆရာ သူတို့က တကယ်ပဲအင်မော်တယ်ဓားကို ယူမသွားနိုင်ခဲ့ဘူး”
ချမ်ချန်ကန်းက ပြုံးလိုက်သည်။
“မင်းရဲ့လက်ထဲကဓားကို ကိုင်ဝံ့တဲ့လူရှိရင် အဲ့ဒီလူကသေရမှာပဲ ”
“ဒါဆိုရင်ဆရာ ဒီအင်မော်တယ်တွေရဲ့သခင်က မကြာခင်လာရောက်တော့မယ်ထင်တယ်။ အဲဒီသခင်က အရမ်းတန်ခိုးကြီးနိုင်လား”
လင်းပေါင်အာက မေးလိုက်သည်။
အင်မော်တယ်အရှင်အား ဤအင်မော်တယ်ဆယ့်နှစ်ပါးက ရိုသေလေးစားမှုရှိကြောင်း သူမတို့သိနိုင်ပေသည်။
ထို့ကြောင့် ဤအင်မော်တယ်အရှင်က အလွန်အားကောင်းရပေမည်။ သို့သော်လင်းပေါင်အာက ချမ်ချန်ကန်းကို ယုံကြည်မှုအပြည့်ရှိပေသည်။
အင်မော်တယ်အရှင်ပင်လျင် သူမ၏ဆရာလောက် တန်ခိုးမကြီးဟုသူမယုံကြည်ပေသည်။
မည်သူကမှ သူမဆရာ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။
ချမ်ချန်ကန်းက အနည်းငယ်ပြုံးလိုက်ပြီး
“ရွှယ်ကျန်းက ဘယ်လောက်ပဲအစွမ်းထက်ပါစေ၊ မင်းရဲ့ဆရာက သူ့ကို သေတဲ့အထိ ရိုက်နိုင်တယ်”
ဘေးနားတွင်ရှိသော လင်းချင်ရှန်းက ချမ်ချန်ကန်း၏စကားကို နားထောင်ပြီးနောက် သူ၏နှလုံးသားမှာ တုန်လှုပ်သွားပြန်သည်။
အောက်ဘုံသို့ အင်မော်တယ်ဆယ့်နှစ်ပါးကို တစ်ခါတည်းလွှတ်နိုင်သည့် အင်မော်တယ်အရှင်ဆိုသူသည် အထက်ဘုံ၌ အလွန်အားကောင်းရပေမည်။
သို့သော်လည်းစီနီယာမှ ယုံကြည်မှုအပြည့်ဖြင့် ထိုကဲ့သို့စကားမျိုးပြောနိုင်လိမ့်မည်ဟု မမျော်လင့်ထားပေ။
စီနီယာ၏စွမ်းအားသည် မည်မျှသန်မာလိုက်သနည်း။ လင်းချင်ရှန်းလည်း မသိတော့ပေ။
သူ့စိတ်ထဲ၌ ချမ်ချန်ကန်းအား ကြောက်ရွံ့မှုများက တဟုန်ထိုးစီးဆင်းနေသော မြစ်တစ်ခုလိုခံစားနေရသည်။
နောက်ထပ် ဥပမာတစ်ခုကတော့ မြစ်ဝါမြစ်ရေ၏လွှမ်းမိုးမှုကို ထိန်းမနိုင်သိမ်းမရဖြစ်နေသကဲ့သို့ ခံစားနေရသည်။
ချမ်ချန်ကန်းက လင်းချင်ရှန်းကို ပြောလိုက်သည်။
“ခင်ဗျားအခုထွက်သွားလို့ရပြီ။ ဓားကိုးစင်းဂိုဏ်းရဲ့အကြီးအကဲတွေကို တစ္ဆေအရိုးဂိုဏ်းကလွှတ်ပေး လိမ့်မယ်လို့ထင်တယ်”
လင်းချင်ရှန်းက အလျင်အမြန်ခေါင်းညိတ်လိုက်ပြီး
“ကူညီလို့ကျေးဇူးတင်ပါတယ်စီနီယာ”
“သွားတော့။ ပေါင်အာကိုစောင့်ရှောက်ပေးဖို့ ဒီအရှင်ကဒီမှာရှိတယ်။ မင်းတို့ကောင်းကောင်းထားခဲ့လို့ရတယ်။”
လင်းချင်ရှန်းက
“စိတ်မပူပါနဲ့ စိတ်မပူပါနဲ့.... စီနီယာရဲ့သင်ကြားမှုတွေက ပေါင်အာအတွက် တကယ့်ကိုကံကောင်းချင်းတွေပါပဲ ”
ချမ်ချန်ကန်းသည် ဂိုဏ်းချုပ်ဖြစ်သူ လင်းချင်ရှန်း၏မျက်လုံးထဲမှအရာများကို ကောင်းစွာသိပေသည်။ သမီးဖြစ်သူ၏ ဆက်ဆံရေးကြောင့်သာ မဟုတ်ပါက ယခင်က သွေးဆေးလုံးကို ပေးခဲ့မည်မဟုတ်ပေ။
“အကြီးအကဲကိစ္စမရှိတော့ရင် ကျွန်တော်အရင်သွားပါတော့မယ်”
ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။ သဘာဝအတိုင်း သူက လင်းချင်ရှန်းကို ဆွဲမထားတော့ပေ။
ဤတစ်ခါတော့ ဟုတ်ပေသည်။ ချမ်ချန်ကန်းက ဆေးလုံးကို လက်ဆောင်အဖြစ်မပေးခဲ့ပေ။
ဤသည်မှာ အင်မော်တယ်စွမ်းအားများနှင့် အင်မော်တယ်အနှစ်သားရများဖြင့် ပေါင်းစပ်ထားသော ဆေးလုံးဖြစ်ပြီး အခြေတည်စိတ်ဝိညာဉ်နတ်ဆိုးဘုရင်မှ ပေါင်းစပ်ထားသော သွေးဆေးလုံးထက် ပို၍ မြင့်မားပေသည်။
နှစ်ခုကြားကတန်ဖိုးက နှိုင်ယှဉ်လို့မရပေ။ လင်းချင်ရှန်းသည် လင်းပေါင်အာ၏ ဖခင်ဖြစ်သော်လည်း ချမ်ချန်ကန်းက ဤလောက်ရက်ရောချင်စိတ်မရှိပေ။
လင်းချင်ချန်းထွက်သွားပြီးနောက် ချမ်ချန်ကန်းနှင့် လင်းပေါင်အာတို့သည်သာ ဘုရားကျောင်းထဲ၌ ကျန်ရစ်ခဲ့သည်။
ထို့အပြင် ဤဖေးရှန့်တောင်သည် ယခင်ကကဲ့သို့ ငြိမ်းချမ်းမှုမျိုးကို ပြန်လည်ရရှိခဲ့သည်။
ယခင်က အင်မော်တယ်များ၏ ခြိမ်းခြောက်မှုကြောင့် ကမ္ဘာကြီးမှာ ကြောက်လန့်နေခဲ့သည်။
အင်မော်တယ်များ ပျောက်ကွယ်သွားသော်လည်း မည်သည့်နတ်ဆိုးများ၏ ဟိန်းဟောက်သံမျိုးကိုမှ မကြားရတော့ပေ။
အင်မော်တယ်များကြောင့် နတ်ဆိုးများနှင့် မိစ္ဆာသားရဲများအားလုံး အလွန်ကြောက်လန့်ပြီး ပုန်းအောင်းနေကြပေသည်။
ဤကာလတစ်လျှောက် တောင်ပေါင်းတစ်သိန်းတောင်က ဤကဲ့သို့သာဖြစ်နေပေတော့မည်။