အခန်း ၅၈
Vol. 5 Ch. 58
အခန်း (၅၈) အခြေအနေများ၊ ဖေးရှန့်တောင်၏သခင်
ကောင်းကင်နတ်ဆိုးမြေခွေးမျိုးနွယ်စုကလန်။
ပိုင်ယွဲ့နှင့် အဖွားအိုကြီးတို့သည် ပေတစ်သောင်းမြင့်သော ဖေးရှန့်တောင်၏ဦးတည်ရာသို့ စိုက်ကြည့် နေကြသည်။
“အဖွား အင်မော်တယ်ဆယ့်နှစ်ပါးရဲ့ စွမ်းအားတွေကတော့ ပျောက်ကွယ်သွားပြီ ”
အဖွားကြီးက ရှုပ်ထွေးသောအမူအရာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“အဟုတ်ပဲ အင်မော်တယ်တွေရဲ့စွမ်းအားကို ကိုယ့်မျက်စိနဲ့ကိုယ် မကြည့်နိုင်ခဲ့တာ သနားစရာကောင်း လိုက်တာ။ အင်မော်တယ်တွေရဲ့ စွမ်းအားလည်း ပျောက်ကွယ်သွားပြီဆိုတော့။ အဲဒီအင်မော်တယ်တွေ ကျူးရှိုက်တိုက်ကြီးက ထွက်ခွာသွားလောက်ပြီထင်တယ်။ အထက်ကမ္ဘာမှာရှိတဲ့ အင်မော်တယ်တွေက အရိပ်လိုရောက်ပြီး သဲလွန်စမရှိပဲ ပြန်ထွက်သွားတာ တကယ့်ကိုကြောက်စရာကောင်းတယ်”
ပိုင်ယွဲ့က ညည်းညူရင်း သက်ပြင်းချလိုက်သည်။
ထို့အပြင် အဖြူရောင်ဝတ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော ညီမဟုန်ရီ၏သခင်မှာ သေသွားနိုင်သည် ဟု သူမက ထင်မှတ်မိသည်။
သို့သော်လည်း မသိနားမလည်သော အကြောင်းရင်းတစ်ခုရယ်ကြောင့် ထိုလူငယ်မှာ ပိုင်ယွဲ့၏စိတ်ထဲမှ ပေါ်လာခဲ့သည်။
သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး သူ၏မျက်နှာကို မမြင်နိုင်ခဲ့ပေ ထိုအဖြူရောင်ဝတ်ထားသည့် လူငယ်လေးက အလွယ်တကူမသေဆုံးဟူသော ခံစားချက်မျိုး သူမ၌ရှိနေခဲ့သည်။
“ပိုင်ယွဲ့ ဟုန်ရီနဲ့အမြီးလေးကို ဖေးရှန့်တောင်အကြောင်း သွားပြောလိုက်။ အခုကစပြီး သူတို့တွေ ကောင်းကင်းနတ်ဆိုး မျိုးနွယ်စုမှာပဲနေရတော့မယ်။ အဲ့လူနဲ့ပတ်သက်ပြီး အခြားအတွေးမရှိသင့်တော့ဘူး”
ပိုင်ယွဲ့က ခဏလောက်တုန့်ဆိုင်းသွားပြီး
“အဖွား ပိုင်ယွဲ့က ဖေးရှန့်တောင်ကို အရင်သွားကြည့်ချင်သေးတယ်”
အဖွားအိုက ရယ်မောပြီး
“ကောင်းပြီ ကောင်းပြီ...အဲဒါကအင်မော်တယ်တွေရှိခဲ့တဲ့နေရာပဲ။အတူတူသွားကြည့်ရအောင်။ အင်မော်တယ်တွေမရှိတော့ပေမဲ့ သူတို့ရဲ့အင်မော်တယ်စွမ်းအားတွေကို ငါတို့ခံစားလို့ရဦးမှာပဲ”
ပိုင်ယွဲ့က ခေါင်းညိတ်ပြီး ဘာမှမပြောလိုက်ပေ။ အမှန်တော့ သူမသည် အင်မော်တယ်များ၏ စွမ်းအားကို ခံစားချင်ရုံမဟုတ်ပဲ အဖြူရောင်ဝတ်ထားသည့် လူငယ်လေး သေလားရှင်လား သိချင်၍သာဖြစ်သည်။
ထိုအကြောင်းအရာကိုသာ အဖွားအိုကိုပြောလိုက်ပါက အဖွားက သူမအားလှောင်ပြောင်မည်မှာ အသေချာအပင်ဖြစ်သည်။
ပိုင်ယွဲလည်း သိပေသည်။
သို့သော်လည်း သူမသည်သူမ၏စိတ်ဆန္ဒအတိုင်း လုပ်ချင်မိသည်။
“ဆရာ ဒါကအဲ့ဆေးလုံးဖြစ်နိုင်လား”
ဘုရားကျောင်းထဲတွင် လင်းပေါင်အာက သူမရှေ့တွင်ရှိသော ဆေးလုံးဆယ့်နှစ်လုံးကို ကြည့်နေလိုက်သည်။
ဆေးလုံးသည် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်အလင်းများတောက်ပနေသည်။
ချမ်ချန်ကန်းကပြုံးပြီး ပြောလိုက်သည်။
“ဒါကအင်မော်တယ်တွေရဲ့ အနှစ်သာရနဲ့စုစည်းထားတာပဲ။ ဒါကဆေးမဟုတ်ရင် ဘာဖြစ်မှာလဲ”
“ဆရာပြောတာ ဟုတ်ပါတယ်”
ချမ်ချန်ကန်းက ဆေးလုံးကို
ကောက်ယူလိုက်သည်။
ဆေးလုံးသည်ရွှေအိုရောင် နတ်ဘုရားအလင်းတန်းများ တောက်ပနေပြီး အတွင်း၌ အင်မော်တယ်စွမ်းအားများက လှုပ်ရှားနေသည်။
ချမ်ချန်ကန်းက ဤဆေးလုံးစားသုံးခြင်း၏ သက်ရောက်မှုကို အလွန်သိချင်မိသည်။
“ပေါင်အာ မင်းစမ်းကြည့်ချင်လား”
လင်းပေါင်အာက သူမ၏နှုတ်ခမ်းကိုလျှာဖြင့် ယက်လိုက်ပြီး
“ဆရာ ဒီဆေးလုံးကိုစားရင် တပည့်ကအင်မော်တယ်ဖြစ်သွားမှာလား”
ချမ်ချန်ကန်းက စဉ်းစားလိုက်သည်။
“အဲ့ဒါဖြစ်နိုင်တယ်ထင်တယ်”
လင်းပေါင်အာသာ ဤဆေးလုံးကိုစားပြီး ရုတ်တရက် အင်မော်တယ်ဖြစ်သွားပါက မည်သို့လုပ်မည်နည်း။
ချမ်ချန်ကန်းသည် သူရရှိထားသောတပည့်ကောင်းလေးမှ သူ့ကိုထားခဲ့ရန်မလိုလားပေ။
“ဒါဆိုရင်မစားနဲ့တော့ မင်းသာစားပြီး အထက်ဘုံကိုရောက်သွားခဲ့မယ်ဆိုလို့ရှိရင် အဲ့ဒီအင်မော်တယ်အရှင်က မင်းကိုဖမ်းပြီး မင်းအရေခွံစုပ်ပြီး မင်းရဲ့သွေးကိုသောက်လိမ့်မယ်”
ထိုစကားကိုကြားသောအခါ လင်းပေါင်အာ၏မျက်နှာလေးမှာ ထိတ်လန့်တကြား ဖြူဖျော့သွားပြီး ချမ်ချန်ကန်း၏ လက်မောင်းကိုတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
“ဆရာ .. ဆရာ .. တပည့်ကိုမစားပါနဲ့ တပည့်အင်မော်တယ်မဖြစ်ချင်ဘူး။ တပည့်အထက်ဘုံလည်း မသွားချင်ဘူး။ ဆရာနဲ့ပဲအတူတူရှိချင်တာ”
“ဟား … ဟား … ဟား .. တပည့်လေး မင်းကတော့ အရမ်းကြောက်နေပြန်တာပဲ”
လင်းပေါင်အာ၏ ကြောက်လန့်နေသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ၊ ချမ်ချန်ကန်းက မရယ်မောပဲ မနေနိုင်တော့ပေ။
လင်းပေါင်အာက ရုပ်တည်ကြီးနှင့်ပြောလိုက်သည်။
“တပည့်က မကြောက်ပါဘူးနော်။ တပည့်က ဆရာ့နားမှာပဲရှိချင်တာ။ တပည့်သာထွက်သွားရင် ဆရာကမိသားစုရှိတော့မှာမဟုတ်ဘူး”
လင်းပေါင်အာသည် သူမဆရာနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ရချိန်ကို သတိရမိသည်။ ထိုအချိန်၌ သူမဆရာကိုကြည့်ရသည်မှာ သူတောင်းစားတစ်ယောက်နှင့် တူနေသည်။
ယခုမူ သူမ၏ဂရုစိုက်မှုကြောင့် ဆရာက ချောမောပြီး ခန့်ညားလာခဲ့ပေသည်။
ပို၍အရေးကြီးသည်မှာ သူ့ဆရာနှင့်အတူ အစပ်အစားအစာများ စားနေရသဖြင့် အထက်ဘုံကို တစ်ယောက်တည်း မတက်လှမ်းချင်တော့ပေ။
“ကောင်းပြီ ကောင်းပြီ....ပေါင်အာ မင်းကိုငါက ကောင်းကောင်း သင်ကြားပေးထားတာပဲ၊ အခု ဒီဓားက ငါတို့လက်ထဲမှာရှိပြီး အင်မော်တယ်တွေကိုလည်းငါတို့က သတ်ပြစ်လိုက်ပြီဆိုတော့ အဲဒီအင်မော်တယ်အရှင်ဆိုတဲ့ကောင်က ငါတို့ကိုအလွတ်ပေးမှာမဟုတ်တော့ဘူး။ မင်းရဲ့ကျင့်ကြံမှုက နှိမ့်ကျသေး တယ်။ ဆရာမှာ မင်းအတွက်တာဝန်တစ်ခုရှိတယ်။”
“ဆရာ ဘာတာဝန်လဲ”
“တစ်လအတွင်း အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ဖို့ပဲ ”
“တစ်လလား...ဆရာတပည့်လုပ်နိုင်မယ်မထင်ဘူး။ ”
လက်ရှိလင်းပေါင်အာ၏ ကျင့်ကြံမှုအခြေခံသည် ရွှေဗဟိုချက်နယ်ပယ် အလွှာခုနှစ်တွင်တည်သာတည်ရှိနေသည်။
ဤသည်မှာ အလွန်မြန်ဆန်နေပြီဖြစ်သည်။ သို့သော် တစ်လအတွင်း အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖြတ်နိုင်မည်ဟူသော ယုံကြည်ချက်မျိုး သူမ၌မရှိပေ။
ချမ်ချန်ကန်းက ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြီးပြောလိုက်သည်။
“ပေါင်အာ မင်းကငါ့ရဲ့တပည့်ပဲ။ ဆရာကလုပ်နိုင်တယ်ပြောရင် မင်းသေချာပေါက်လုပ်နိုင်ရမယ်”
သူမဆရာသည် သူမအပေါ်၌ ယုံကြည်မှုလွန်ကဲနေသည်ကို တွေ့လိုက်ရသဖြင့် လင်းပေါင်အာ၏ မျက်လုံးလေးများမှာ တင်းမာလာသည်။
“ဟွန်း … ဆရာ တပည့်သေချာပေါက် ကောင်းကောင်းကျင့်ကြံမယ်။ တစ်လအတွင်း ကျိန်းသေပေါက် အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ရမယ်။”
လောလောဆယ် လင်းပေါင်အာသာ အခြေတည်စိတ်ဝိညာဉ်ကျော်ဖြတ်ပါက ကျူးရှို့တိုက်ကြီး၌ သူမကိုသူမကာကွယ်နိုင်စွမ်းရှိလာပေမည်။
ချမ်ချန်ကန်းသည် လင်းပေါင်အာအား ဖန်လုံအိမ်ထဲမှ ပန်းပွင့်တစ်ပွင့်မဟုတ်ကြောင်း သူ့ဘေးနားတွင် အချိန်တိုင်းမနေနိုင်ကြောင်း နားလည်ထားပေသည်။
လင်းပေါင်အာ၏ အရည်အချင်းများနှင့် ဤရတနာများဖြင့်ဆိုလျင် တစ်လအတွင်းအခြေတည်စိတ် ဝိညာဉ်ကို ကျော်ဖြတ်ရာမှာ သူမအတွက်မခက်ခဲပေ။
ချမ်ချန်ကန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး ရှေ့မှာဆေးလုံးဆယ့်နှစ်လုံးကို ဖယ်ထုတ်လိုက်သည်။
ဤဆေးလုံးဆယ့်နှစ်လုံးသည် ကျင့်ကြံမှုနယ်ပယ်ကို တိုးတက်စေလား သို့မဟုတ် အခြားသော အာနိသင်များရှိလား ချမ်ချန်ကန်းက သိချင်မိသည်။
လင်းပေါင်အာကို စမ်းသတ်ရန် ရည်ရွယ်ချက်မရှိပေ။ သူ့၌အစီအစဉ်တစ်ခုရှိပြီးသားဖြစ်သည်။
မကြာမီ ထို့ပါယဲ့တစ်ယောက် ကြက်ဆင်ဖမ်းပြီး ပြန်လာတော့မည်ဟု ယူဆရသည်။
ထို့ကြောင့် ထို့ပါယဲ့အား ဒန်ဆေးလုံးကို ပထမဆုံးအကြိမ် စမ်းသတ်စေမည်။
ချမ်ချန်ကန်းက လင်းပေါင်အာကို ကျင့်ကြံခိုင်းလိုက်သည်။
ထို့နောက်ချမ်ချန်ကန်းတစ်ယောက်တည်းသာ ဘုရားကျောင်းထဲတွင် ကျန်ရှိခဲ့သည်။
ချမ်းချန်ကန်းက ပြုံးပြီးစောင့်နေပေသည်။
ဤအင်မော်တယ်ဆယ့်နှစ်ပါးကို သတ်ဖြတ်ခြင်းက ကြီးမားသောအကျိုးအမြတ်စွန်းကို ရရှိခဲ့သည်။
ထို့ကြောင့် ယခုချိန်၌ သူရရှိထားသော နယ်မြေတန်ဖိုးကို ဘယ်လောက်ရှိလည်းဆိုတာ ကောင်းကောင်းကြည့်ရပေမည်။
စနစ်၏တုံ့ပြန်ချက်ကိုကြည့်လိုက်သောအခါ ယခုအခါ နယ်မြေတန်ဖိုးစုစုပေါင်း (၂၄၀၀၀၀)ရထားကြောင်း သိရပေသည်။
အင်မော်တယ်ဗိုလ်ချုပ်တိုင်းက သူ့အားနယ်မြေတန်ဖိုး နှစ်သောင်းပေးပေသည်။
အင်မော်တယ်တွေဆိုတာ သူမျှော်လင့်ထားတဲ့အတိုင်းပဲ အရမ်းအစွမ်းထက်လွန်းတယ်။
ချမ်ချန်ကန်းက သူရထားသောနယ်မြေတန်ဖိုးကြောင့် အံအားသင့်သွားသည်။
ဤရိပ်သိမ်းမှုက ဤမျှလောက်ချမ်းသာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ကျိန်းသေပေါက် သူ့ကိုစိတ်မပျက်စေခဲ့ပေ။
ဤသည်မှာ နယ်မြေတန်ဖိုး (၂၄၀၀၀၀)ဖြစ်သည်။
သူ၏ပြိုင်ဘက်ကင်းနယ်မြေကို ဖြန့်ကျက်ရန်အသုံးပြုလိုက်သည်နှင့် ၎င်းမှာ မီတာနှစ်ထောင့်လေးရာနှင့် ညီမျှပေသည်။
“စနစ် အခု ငါ့မှာနယ်မြေတန်ဖိုး (၂၄၀၀၀၀)ရှိနေပြီဆိုတော့ စနစ်ကိုထပ်ပြီး အဆင့်မြင့် တင်လို့ရလား”
ချမ်ချန်ကန်းက စနစ်ကိုမေးလိုက်သည်။
စနစ်ဗားရှင်း 3.0 ကိုအဆင့်မြင့်တင်သည့်အခါက နယ်မြေတန်ဖိုး ငါးထောင်ကိုသာ ကုန်ကျခဲ့သည်။ ထို့ကြောင့် လက်ရှိအသတင်တန်ဖိုးနှစ်သောင်းလေးထောင်ရှိသဖြင့်၊ စနစ်ဗားရှင်း 4.0 ကိုအဆင့် မြင့်တင်ပါက ၎င်းသည်လုံလောက်သည်ထက် ပိုနေရပေမည်။
ချမ်ချန်ကန်း၏ အမြင်တွင်နယ်မြေကိုတိုးချဲ့ခြင်း အကျိုးကျေးဇူးများသည်။ စနစ်ဗားရှင်းကို အကျိုး ကျေးဇူးထက်ပို၍ မကောင်းပေ။
*အလုံးစုံသော သက်ရှိလုပ်ဆောင်ချက်က ဗားရှင်း 2.0ပဲ။ နောက်ပြီးတော့အစစ်အမှန်တာအိုရဲ့လုပ်ဆောင်ချက်က ဗားရှင်း 3.0 ပဲ။
အဲဒီမှာဆိုရင်ငါးဆားနယ်လုပ်ဆောင်ချက်အတွက် ပန်းလှစန္ဒာကြေးမုံနဲ့ အစစ်အမှန်တာအို လုပ်ဆောင်ချက်တို့တောင် ပါဝင်နေတယ်။*
ဒါတွေက သူ့ကိုအများကြီး အကျိုးပြုထားသည်။ ထို့ကြောင့် ချမ်ချန်ကန်းက စနစ်ကိုအဆင့်မြင့်တင်ရန် ကြံရွယ်လိုက်သည်။
“စနစ်၏သတိပေးချက်: အိမ်ရှင်သည်နယ်မြေတန်ဖိုး ငါးထောင်ကိုအသုံးပြုပြီး ပြိုင်ဘက်ကင်းနယ်မြေ 4.0 ကိုအဆင့်မြင့်တင် လိုက်ပြီးဖြစ်ပါသည်။ အခြေအနေတစ်ခုရှိပါသည်။”
“ဘယ်လိုအခြေနေလဲ”
“အိမ်ရှင်သည်ဖေးရှန့်တောင်သခင်ဟူသော ဘွဲ့ကိုရရှိရန်လိုအပ်သည်”
“ဖေးရှန့်တောင်သခင်ဟုတ်လား၊ မင်းက ဘာကိုဆိုလိုတာလဲ၊ ”
ချမ်ချန်ကန်းက နားမလည်ပေ။
“စနစ်၏သတိပေးချက်: ပြိုင်ဘက်ကင်းနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ ဖေးရှန့်တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည်ဖြစ်သည်။ ထို့ကြောင့် အိမ်ရှင်သည် ဖေးရှန့်တောင်သခင်ဟူသော ဘွဲ့ကိုရရှိရန်လိုအပ်ပေသည်။”
ချမ်ချန်ကန်းလည်း ထိတ်လန့်သွားမိပေသည်။
“နင့်မေကြီးတော်.. ဖေးရှန့်တောင်တစ်ခုလုံးကို ချဲ့ထွင်ရမယ်ဟုတ်လား ”
ဖေးရှန့်တောင်သည် အလွန်ကြီးမားပြီးကျယ်ပြောကြောင်း သိရပေမည်။
သူ၏နယ်မြေတန်ဘိုး (၂၄၀၀၀၀)ကို အသုံးပြုသော်လည်း ဖေးရှန့်တောင်၏ သုံးပုံတစ်ပုံကိုသာ ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း သူစိုးရိမ်ပေသည်။
ဆိုလိုသည်မှာ ချမ်ချန်ကန်းသည် ဖေးရှန့်တောင်တစ်ခုလုံးကို လွှမ်းခြုံလိုပါက အနည်းဆုံး နယ်မြေတန်ဖိုး (၅၀၀၀၀၀)လိုအပ်မည်ဖြစ်သည်။
ချမ်ချန်ကန်းမှာ စွံ့အသွားခဲ့သည်။
“စောက်ကျိုးနည်း ခွေးစနစ်”