အခန်း ၅၉
Vol. 5 Ch. 59
အခန်း (၅၉) ကောင်းကင်မြေခွေးနတ်ဆိုးအရှင်သခင်၊ အပြစ်ကိုလာရောက်ဝန်ခံခြင်း
“အဖွား အရှေ့မှာ ချီဝမ်တတောင်ကို ရောက်နေပြီ။ ဖေးရှန့်တောင်နဲ့သိပ်မဝေးတော့ဘူး”
ကောင်းကင်ကို ဖြတ်သန်းသွားသော နတ်ဆိုးအလင်းတန်းနှစ်ခုရှိပြီး ထိုသူတို့မှာ ပိုင်ယွဲ့နှင့် ရှေးဟောင်းနတ်ဆိုးမြေခွေးအဖွားတို့ဖြစ်သည်။
အဖွားအိုက စိတ်အားထက်သန်စွာကြည့်နေမိသည်။
“ငါ အင်မော်တယ်တွေရဲ့ ဆန်းကြယ်တဲ့ အငွေ့အသက်ကိုခံစားရတယ်။ ဖေးရှန့်တောင်ပေါ်မှာ အင်မော်တယ်တွေရဲ့ လက်ရာခြေရာတွေ ကျန်ရစ်ခဲ့တာပဲ။ အဲဒါကိုသာနားလည်ရင် အင်မော်တယ် တာအိုကိုလျှောက်လှမ်းဖို့အတွက် ပိုပြီးအကျိုးရှိလိမ့်မယ်”
ပိုင်ယွဲ့က ခေါင်းညိတ်လိုက်သည်။ သို့သော်ဘပိုင်ယွဲ၏နှလုံးသားထဲ၌ ချမ်ချန်ကန်း သေလားမသေလားကိုပဲ သိချင်နေမိသည်။
ထို့ကြောင့် ဤဖေးရှန့်တောင်သို့ ခရီးစဉ်က သူမ၏သံသယများကို သဘာဝကျကျဖြေရှင်းပေးနိုင်မည် ဖြစ်သည်။
မကြာမီမှာပင် အဖွားကြီးနှင့်ပိုင်ယွဲ့တို့ ဖေးရှန့်တောင်ပေါ်သို့ ရောက်လာကြသည်။ သူတို့သည် ဖေးရှန့် တောင်ကိုရောက်သည်နှင့် တောင်ခြေရင်း၌ ပုံရိပ်ပေါင်းများစွာကို မြင်တွေ့လိုက်ရသည်။
အဖွားအိုက ပြောလိုက်သည်။
“အင်မော်တယ်တွေထွက်သွားတာ နေ့တစ်ဝက်ပဲရှိသေးတယ် ဒါပေမဲ့ ကျင့်ကြံသူတွေ ဒီလောက်မြန်မြန်ရောက်လာမယ်လို့ မမျှော်လင့်ထားမိဘူး။ ကျင့်ကြံသူတွေကလည်း အင်မော်တယ်တွေရဲ့ အငွေ့ အသက်ကိုလာရောက်ခံစားတာလား”
ထိုကျင့်ကြံသူများမှာ ချိုးချမ့်ထူနှင့် ထွက်ပြေးလာကြသော တစ္ဆေအရိုးဂိုဏ်းမှ အကြီးအကဲသုံးဦးသာ ဖြစ်သည်။
ဤအခိုက်တန့်တွင် သူတို့သည် ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်းတို့သာ ဖြစ်နေကြပြီး၊ တောင်ထိပ်ပေါ်ရှိ အင်မော်တယ်ဘုရားကျောင်းသို့ သွားရောက်နေကြခြင်းဖြစ်သည်။
ရုတ်တရက်သူတို့သည် နတ်ဆိုးအငွေ့အသက်နှစ်ခုကို ခံစားမိလိုက်သည်။
သူတို့မြင်လိုက်ရသည်မှာ အဖွားအိုနှင့်ပိုင်ယွဲ့တို့လာနေခြင်းဖြစ်သည်။
အထူးသဖြင့် တစ္ဆေအရိုးဂိုဏ်းမှ အကြီးအကဲသုံးဦးက ထိုအဖွားကြီးကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြသည်။
“အဲဒါက ကောင်းကင်နတ်ဆိုးမြေခွေး အင်ပါယာပဲ ”
သူတို့သည် ဤအဖွားကြီးအကြောင်း အရင်ကတည်းက သိကြပေသည်။
သူမသည် တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းအားရှိသူဖြစ်သည်။
ကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ရှေးဟောင်းမြေခွေး.....
လွန်ခဲ့သည့်နှစ်နှစ်ထောင်လောက်က တစ္ဆေတိုင်းပြည်တွင်ရှိသော အင်အားစုများ စုပေါင်းပြီး တောင်ပေါင်း တစ်သိန်းတောင်တန်းကို သိမ်းပိုက်ရန်ကြံစီကြသည်။
ထိုအချိန်၌ မြေခွေးနတ်ဆိုးအင်ပါယာ ပေါ်ပေါက်လာခဲ့ပြီး ထိုတစ္ဆေတိုင်းပြည်တစ်ခုလုံးကို သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့် တားဆီးခဲ့သည်။
ထို့နောက် ကောင်းကင်နတ်ဆိုးကို မြေခွေးအင်ပါယာ၏ အကာအကွယ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်အတွင်း လူသားမျိုးနွယ်စုအနည်းငယ်လောက်သာ နတ်ဆိုးများနှင့် မိစ္ဆာသားရဲများ၏ မြင့်မြတ်သည့် နေရာဖြစ်သော ဤတောင်ပေါင်းတစ်သိန်းတောင်တန်း၌ အခြေချနိုင်ခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းကောင်းကင်ဘုံ မြေခွေးမျိုးနွယ်စု၏ ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာသည် သဘာဝအတိုင်း ကွေ့ကျိုး၌ အလွန်ကျော်ကြားပေသည်။
အင်မော်တယ်များ တောင်ပေါင်းတစ်သိန်းတောင်သို့ ဆင်းသက်လာခြင်းက ကောင်းကင်နတ်ဆိုး မြေခွေးအင်ပါယာကိုပါ သတိပေးလိုက်ခြင်းဖြစ်ပေသည်။
အဖွားအိုက လှောင်ပြောင်ပြီး ပြောလိုက်သည်။
“တောင်ပေါင်းတစ်သိန်းတောင်တန်းက ငါတို့နတ်ဆိုးမျိုးနွယ်စုရဲ့ နယ်မြေပဲ။ နင်တို့က တကယ်ကိုရဲရင့်တာပဲ။ နတ်ဆိုးမျိုးနွယ်စုရဲ့ နယ်မြေကိုများကျူးကျော်ဝံ့တယ်။ နင်တို့ကတကယ်ပဲ စိတ်မရှည်နိုင်တော့ ဘူးလား ”
နတ်ဘုရားအသွင်ပြောင်းခြင်းစွမ်းအား၏ ဖိအားများပေါ်ထွက်လာပြီး ချိုးချမ့်ထူနှင့် အကြီးအကဲလေးယောက်၏ မျက်နှာများမှာ ပြောင်းလဲသွားကြသည်။
ချိုးချမ့်ထူက
“စီနီယာနတ်ဆိုးအင်ပါယာ ကျွန်တော်တို့က စီနီယာတို့ရဲ့နယ်မြေကို စော်ကားလိုစိတ်နဲ့ ရောက်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဖေးရှန့်တောင်ပေါ်က စီနီယာတစ်ယောက်ကို အပြစ်ဝန်ခံတောင်ပန်ပြီးရင် ဒီရှီဝမ်တောင်ကနေ အမြန်ဆုံးထွက်သွားမှာပါ”
ကျန်အကြီးအကဲသုံးယောက်ကလည်း ကမန်းကတန်းခေါင်းညိတ်လိုက်သည်။
“စီနီယာနတ်ဆိုးအင်ပါယာ ကျွန်တော်တို့စော်ကားမိခဲ့တာရှိရင် ခွင့်လွှတ်ပေးပါ”
သို့ပေသည့် အဖွားအိုက ခြိမ်းခြောက်စကားသာပြောခြင်းဖြစ်သည်။ ဤလူတွေကို သတ်ဖြတ်လိုစိတ်မရှိပေ။
ထို့အပြင် သူတို့၌ အခြေတည်စိတ်ဝိညာဉ်အဆင့် သုံးယောက်လည်းပါဝင်ပေသည်။
သူတို့၏နောက်ကွယ်တွင်ရှိသောစွမ်းအားက မသေးငယ်ဟုယူဆရပေသည်။
သူမက ဒီထက်ပိုပြီး ပြဿနာမရှာချင်ပေ။ သူမသည် နတ်ဘုရားအသွင်ပြောင်းခြင်းတစ်ပါးဖြစ်သော်လည်း တစ္ဆေတိုင်းပြည်တွင် အခြားသော နတ်ဘုရားအသွင်ပြောင်းခြင်းပုဂ္ဂိုလ်များမရှိသည် မဟုတ်ပေ။
သို့သော် သူတို့၏စကားများက အဖွားအို၏သိချင်စိတ်အား အလွန်ဖြစ်စေခဲ့သည်။
“နင်တို့ပြောတဲ့ စီနီယာက အရင်ကတောင်ပေါင်းတစ်သိန်းကို လာလည်တဲ့အင်မော်တယ်တွေလား ”
အဖွားအို၏အမြင်အရ အင်မော်တယ်များသာ စီနီယာဟုခေါ်ဆိုထိုက်ပေသည်။
“သူတို့ကလာပြီးတောင်းပန်ကြတယ်ဆိုတော့ အင်မော်တယ်တွေက တောင်ပေါင်းတစ်သိန်းမှာ ရှိနေတာဖြစ်နိုင်သေးလား ”
အဖွားအိုက အံအားသင့်သွားသည်။
သို့သော် အကြီးအကဲသုံးယောက်နှင့် ချိုးချမ့်ထူက ခေါင်းခါနေသည်ကို မြင်လိုက်ရသည်။
ချိုးချမ့်ထူက ကြောက်လန့်တကြားပြောလိုက်သည်။
“စီနီယာနတ်ဆိုးအင်ပါယာ စီနီယာပြောတဲ့ အင်မော်တယ်တွေက အကုန်သေသွားကြပြီ။ အခုအဲဒီအင်မော်တယ်တွေအတွက် သူတို့ရဲ့အမှားကို ဝန်ခံဖို့ ကျွန်တော်တို့လာခဲ့တာပါ”
“မင်းဘာပြောလိုက်တယ်”
ထိုစကားထွက်လာသည်နှင့် အဖွားကြီးမှာ တုန်လှုပ်သွားခဲ့သည်။ သူ့ဘေးနားတွင်ရှိသော ပိုင်ယွဲ့လည်း အံအားသင့်သွားသည်။
“အင်မော်တယ်တွေသေသွားတာလား။ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အဖွားအိုက မယုံပေ။ ချိုးချမ့်ထူက သက်ပြင်းချလိုက်သည်။
“စီနီယာနတ်ဆိုးအင်ပါယာ ကျွန်တော်တို့က စီနီယာကိုမလိမ်ပါဘူး။ အင်မော်တယ်ဆယ့်နှစ်ပါးက တကယ်ပဲသေသွားပြီ။ ပြီးတော့ အဲ့ဒီအင်မော်တယ်တွေထဲကတစ်ယောက်က ကျွန်တော်တို့ တစ္ဆေအရိုးဂိုဏ်းရဲ့ ဘိုးဘေးပဲ။ ဒါပေမဲ့အခု သူလည်းသေသွားပြီ ”
တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ အင်မော်တယ်တွေကိုတောင် သတ်ဖြတ်နိုင်တဲ့ စီနီယာ တစ်ယောက်ပုံးကွယ်နေလိမ့်မယ်လို့ မထင်ထားဘူး။
ပိုင်ယွဲ့က ထိတ်လန့်သွားပြီး စိတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် သူမက မမေးပဲ မနေနိုင်တော့ပေ။
“ရှင်တို့ပြောတဲ့စီနီယာက ဖေးရှန့်တောင်ပေါ်က ဘုရားကျောင်းမှာရှိတဲ့သူလား”
ချိုးချမ့်ထူက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ အမှန်ပဲ ဒီတစ်ခါတော့ စီနီယာက မကောင်းတဲ့လုပ်ရက်တွေကို မေ့ပေးပြီး တစ္ဆေအရိုးဂိုဏ်းကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်”
အဖွားအိုက မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
“အင်မော်တယ်တွေက ပြန်သွားတာမဟုတ်ဘူးလား။ သေသွားတာလား.... ဘယ်လိုဖြစ်သွားတာလဲ။ ငါ့ကို မြန်မြန်ရှင်းပြစမ်း”
အရှေ့ရှိအဖွားအိုသည် အစွမ်းထက်သော နတ်ဘုရားအသွင်ပြောင်းလဲခြင်းပုဂ္ဂိုလ်ဖြစ်သဖြင့် သူတို့က သူမကိုလျစ်လျူမရှုရပေ။
ဖေးရှန့်တောင်မှဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို မြန်မြန်ဆန်ဆန်ပြောပြလိုက်သည်။
အရာအားလုံးကို နားလည်သွားပြီးနောက် အဖွားကြီး၏မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။
ပိုင်ယွဲ့နှင်ြပတ်သက်ပြီးတော့ သူမကလည်း အံအားသင့်သွားသည်။
“စီနီယာရဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းတယ်။ အင်မော်တယ်တွေတောင်မှ သူ့ရဲ့ပြိုင် ဘက်မဟုတ်ဘူး။ အင်မော်တယ်တွေကို ဓားတစ်ချောင်းတည်းနဲ့ သုတ်သင်ပြီး စကားလုံးတစ်လုံး တည်းနဲ့ ရပ်တန့်အောင်တားဆီးနိုင်တဲ့အစွမ်းက တကယ်ပဲဟုန်ရီရဲ့ သခင်ဖြစ်နေတာပဲ”
အဖွားကြီး၏မျက်နှာမှာ ဖြူဖျော့နေပြီး နှလုံးမှာလည်း တုန်ခါ နေသည်။
*ဘုရားရေ ဖေးရှန့်တောင်မှာ ဒီလိုမျိုးကြောက်စရာကောင်းတဲ့ လူတစ်ဦးဘယ်တုန်းကတည်းက ပုန်း ကွယ်နေတာလဲ*
ပို၍အရေးကြီးသည်မှာ အင်မော်တယ်များအားလုံး သူ့ထက်ထဲ၌ သေဆုံးသွားကြခြင်းဖြစ်သည်။
*ဒါကြောင့်သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်မှာရှိနေတာလဲ။ ပြီးပြီး.... သွားပြီ*
သူမသည် အမြီလေးနှင့်ဟုန်ရီကို ဖမ်းဆီးရန်သတ္တိရှိခဲ့သည်။
ဤအချင်းအရာသည် သေခြင်းတရားကို ရှာဖွေနေခြင်းမဟုတ်ပါလား။
ချိုးချမ့်ထူနှင့် အခြားသူများကဖြစ်ပျက်ခဲ့သမျှကိုပြောပြီးသည့်အခါ အဖွားအို၏မျက်နှာက ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
သူတို့လည်း မတွေးပဲ မနေနိုင်တော့ပေ။
ဤကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက ထိုစီနီယာကိုများ ရန်စခဲ့ဘူးသလား။
အဖွားအိုမှာအသက်ပြင်းပြင်းရှုပြီး သူမ၏စိတ်ထဲ၌ ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုကို ထိန်းချုပ် လိုက်သည်။
“ပိုင်ယွဲ့ မင်းဘယ်လိုထင်လဲ”
ပိုင်ယွဲက သက်ပြင်းချလိုက်ပြီး အဖွားအို၏စိတ်ထဲမှ ကြောက်လန့်အားငယ်မှုကို သဘာဝအတိုင်း မြင်လိုက်ရသည်။
“အဖွား စီနီယာက ညီမဟုန်ရီနဲ့အမြီးလေးကို ဖေးရှန့်တောင်ကို သုံးရက်အတွင်း လုံလုံခြုံခြုံ ပြန် ခေါ်လာရမယ်လို့ပြောတယ်။ အဲဒီလိုဆိုရင် စီနီယာက အပြစ်မပေးလောက်ဘူးလို့ထင်တယ်”
အဖွားအိုကပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ဒီနေ့ရောက်ပြီဆိုတော့ စီနီယာကိုတောင်းပန်ဖို့ ဖေးရှန့်တောင်ကိုသွားရမယ် ”
“ဟုတ်တယ် သွားသင့်တယ် အဖွား”
ပိုင်ယွဲ့ကလည်း အဖွား၏စကားကို သဘောတူထောက်ခံလိုက်သည်။
ချိုးချမ့်ထူနှင့်အခြားသူများကလည်း စကားဆက်မပြောတော့ပေ။
ယခု သူတို့နှစ်ဖက်စလုံးအပြစ်ရှိကြောင့် ဝန်ခံရန်ဖေးရှန့်တောင်ကို ရောက်နေသဖြင့် နှစ်ဦးနှစ်ဖက် အရှက်ကွဲလိုသည့် စကားများကိုမပြောလိုကြတော့ပေ။
သူတို့သည် ဖေးရှန့်တောင်ပေါ်သို့ တက်သွားရင်း အင်မော်တယ်ဘုရားကျောင်းသို့သွားသည့် ခြေလှမ်းများမှာ အလွန်လေးလံနေသည်။
စီနီယာ၏ကျင့်ကြံမှုအခြေခံမှာ ပြိုင်ဘက်ကင်းဖြစ်ပြီး စီနီယာဘာအတွေးများရှိနေနိုင်လည်း မည်သူမှမသိနိုင်ပေ။
သူတို့သည်အပြစ်ရှိကြောင်း ဝန်ခံရန်လာသော်လည်း စီနီယာကသူတို့ကို လွှတ်ပေးနိုင်ပါ့မည်လား။ လေးလံသောစိတ်နှလုံးဖြင့် သူတို့သည် အင်မော်တယ်ဘုရားကျောင်းထဲသို့ ရောက်လာပြီး ပြိုင်ဘက် ကင်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။
ရုတ်တရက်ကြီးမားသော အင်မော်တယ်စွမ်းအားများကို ခံစားလိုက်ရသည်။
ဤလျှို့ဝှက်ဆန်းကြယ်မှုက အလွန်ပင်အံအားသင့်စရာကောင်းသည်။
*ဒီမှာတကယ်ပဲသန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေရှိနေတာပဲ*
အဖွားအိုက စိတ်ထဲမှ အော်ပြောလိုက်မိသည်။
ပိုင်ယွဲ့လည်း အင်မော်တယ်နယ်မြေသို့ ဒုတိယအကြိမ်ဝင်ရောက်လာသည် ဖြစ်ပေမဲ့ သူမ၏စိတ်ထဲမှာ တုန်ခါနေသည်။
အင်မော်တယ်စွမ်းအင်သည် သူမ၏စိတ်ထဲသို့ဝင်ရောက်လာပြီး နတ်ဆိုးကျင့်ကြံနည်းစနစ်က သူ့ဖာသာသူကျင့်ကြံနေကာ သူမ၏ခန္ဓာကိုယ်မှာ အပြည့်အဝလန်းဆန်းမှုကိုသာ ခံစားနေရသည်။
အဖွားကြီးနှင့် ပိုင်ယွဲ့လည်းထပ်တူပင်ဖြစ်သည်။ အခြားသူများလည်း ပြောစရာပင်မလိုတော့ပေ။
*ဒါကအင်မော်တယ်တွေပြောတဲ့ အင်မော်တယ်နယ်မြေများဖြစ်နိုင်လား*
ထိုအခိုက် သူတို့သည် အင်မော်တယ်များထံမှ အင်မော်တယ်နယ်မြေအကြောင်းကို ကြားခဲ့ဘူးသည်။
“ဒါက တကယ့်ကို ရတနာနယ်မြေပဲ”
ချို့ချမ့်ထူသည် ယခင်က ဤနေရာ၌ရှိခဲ့ဘူးသည်။
သို့သော် ထိုအချိန်တုန်းက ဤနေရာသည် မြင့်မြတ်နယ်မြေတစ်ခုသာဖြစ်ခဲ့သည်။ သို့သော်ယခုမူ အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားပြီး အံအားသင့်ဖွယ်ကောင်းသော ခြားနားသည့် ကမ္ဘာတစ်ခုဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ပိုင်ယွဲအဖွားအို ချိုးချမ့်ထူနှင့် အခြားသူများအားလုံး ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာကြသည်။
ထုံးစံအတိုင်း ချမ်ချန်ကန်းက ဤအချင်းအရာကိုသတိထားမိပေသည်။
သူ၏မျက်လုံးထဲ၌ အံအားသင့်သွားသည်။
“တစ္ဆေအရိုးဂိုဏ်းကလူတွေ တကယ်ပြန်လာတာပဲ”
ပိုင်ယွဲ၏အငွေ့သက်က ပိုပြီးပြင်းထန်နေသည်။ အမှန်က စိတ်လှုပ်ရှားနေခြင်းဖြစ်ပေသည်။
ချမ်ချန်ကန်းက ဘုရားကျောင်းအပြင်ဘက်၌ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ချိုးချမ့်ထူ၊ အဖွားအို၊ ပိုင်ယွဲတို့ရှေ့၌ ပေါ်လာခဲ့သည်။
ရုတ်တရက်ပုံရိပ်က အဖွားအိုအား ထိတ်လန့်သွားစေခဲ့သည်။
*ဟင်းလင်းပြင်ရဲ့ ဥပဒေဿတွေဖြစ်နိုင်လား*
တစ်ဖက်တွင် ချိုးချမ့်ထူ၊ တစ္ဆေအရိုးဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့က ချမ်ချန်ကန်းကို မြင်သောအခါ သူတို့၏မျက်နှာများမှာ ကြောက်လန့်သွားကြပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကာ အရိုအသေပေးလိုက်ကြသည်။
“စီနီယာတစ္ဆေအရိုးဂိုဏ်းက အပြစ်ရှိကြောင်းဝန်ခံပါတယ်။ စီနီယာမှအသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။”