← Chapters

အခန်း ၆၀

Vol. 5 Ch. 60

အခန်း ၆၀

Vol. 5 Ch. 60

အခန်း (၆၀) မကျေနပ်ချက်များရှင်းလင်းခြင်း၊ ငါတို့တွေအချင်းချင်းအကြွေးမတင်တော့ဘူး

“ခွင့်လွှတ်ပေးပါဟုတ်လား”

ချမ်ချန်ကန်းက သူ့ရှေ့တွင်ဒူးထောက်နေသော ချိုးချမ့်ထူနှင့်အခြားသူများကို စိုက်ကြည့်လိုက်သည်။

သူဘာတွေတွေးနေလည်း မည်သူမှမသိနိုင်ပေ။

ချိုးချမ့်ထူနှင့်အခြားသူများသည် စိတ်ထဲ၌ကြောက်လန့်မှုကို ခံစားနေရပြီး ခေါင်းငုံ့နေကာ ချမ်ချန်ကန်းကို ကြည့်ရှုရန်ပင် သတ္တိမရှိပေ။

သူတို့သည် ထိတ်လန့်တုန်လှုပ်နေပြီး ချမ်ချန်ကန်းမှ သူတို့ကိုလျော့လျော့ပေါ့ပေါ့ ကိုင်တွယ်ဖြေရှင်း ပေးရန်သာ စဉ်းစားနေမိသည်။

တစ်ဖက်တွင်မူ နတ်ဆိုးအင်ပါယာကလည်း သွေးများဖြူဖျော့နေသည်။

သူမသည် အစွမ်းထက်သည့် နတ်ဘုရားအသွင်ပြောင်းလဲခြင်းတစ်ပါးဖြစ်သော်လည်း သူမရှေ့ရှိ အင်မော်တယ်ဆယ့်နှစ်ပါးကိုသတ်ခဲ့သည့် ချမ်ချန်ကန်းကိုမူ ရင်မဆိုင်နိုင်စွမ်းလုံးဝမရှိပေ။

ပထမဆုံးအကြိမ် စတွေကတည်းက ချမ်ချန်ကန်းသည် ကျယ်ပြောလှသည့် ကောင်းကင်ထက်၌ များပြားလှသည့် ကြယ်တာယာများလို ခံစားချက်မျိုးကိုပေးစွမ်းလေသည်။

နားမလည်နိုင်သော အဆုံးမဲ့ပင်လယ်နှင့် ပိုတူပေသည်။

ပိုင်ယွဲ့က ချမ်ချန်ကန်းကို စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်သည်။

သို့သော် ယခုအချိန်ထိ ချမ်ချန်ကန်း၏မျက်နှာကို မမြင်ရသည်မှာ သနားစရာကောင်းပေသည်။

“ပိုင်ယွဲ့ သူကဘယ်သူလဲ”

အဖွားအိုကိုကြည့်ပြီး ချမ်ချန်ကန်းကမေးလိုက်သည်။

ပိုင်ယွဲက သူမ၏အကြည့်များကို ပြန်လည်ထိန်းချုပ်ပြီး

“စီနီယာ သူက ရှေးမြေခွေးမျိုးနွယ်စုရဲ့ နတ်ဆိုးအင်ပါယာဖြစ်ပါတယ်။ သူက ပိုင်ယွဲရဲ့အဖွားလည်းဖြစ်ပါတယ်။ စီနီယာထံ အပြစ်ဝန်ချတောင်းပန်ဖို့ ဖေးရှန့်တောင်ကို လာခဲ့တာပါ”

“နတ်ဆိုးအင်ပါယာဟုတ်လား”

ချမ်ချန်ကန်း၏ မျက်လုံးများက မှေးစင်းလိုက်သည်။

ကိုယ့်ကိုယ်ကို နတ်ဆိုးအင်ပါယာဟု ခေါ်ဆိုသူများသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်စွမ်းအားရှိသူများဖြစ်သည်။

တစ်ချိန်က အစွမ်းထက်ခဲ့သော လူတစ်ယောက်က ယနေ့ သူ၏အမှားကိုဝန်ခံရန် လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာမှာလည်း ထိတ်လန့်သွားပြီး သူမ၏မျက်နှာမှာ ဖြူဖျော့ကာ လက်သီးဆုပ်ပြီး အရိုအသေဦးညွှတ်လိုက်သည်။

“ရှေးမြေခွေးမျိုးနွယ်စုဖြစ်တဲ့ ကောင်းကင်နတ်ဆိုးအင်ပါယာက စီနီယာထံ လာရောက်တွေ့ဆုံပါတယ်။”

“ဟုန်ရီနဲ့အမြီးလေးက ဘယ်မှာလဲ”

ချမ်ချန်ကန်းက မသိချင်ဟန်ဆောင်ပြီးမေးလိုက်သည်။

ထိုလျစ်လျူရှုစွာပြောလိုက်သော စကားများကကြီးမားသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှင့်နေပုံရသည်။

ထိုစကားကိုကြားသောအခါ နတ်ဆိုးအင်ပါယာ၏နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။

“စီနီယာ ကျေးဇူးပြုပြီးအသက်ကိုချမ်းသာပေးပါ။ ဒီဂျူနီယာက အရမ်းရဲရင့်ပြီး စီနီယာရဲ့တပည့်နှစ်ဦး ကို ထောင်ချရဲတဲ့သတ္တိရှိခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်မပြန်သွားပြီး ချက်ချင်းပဲ ဟုန်ရီနဲ့အမြီးလေးကို ပြန်လွှတ်ပေးပါ့မယ်။ စီနီယာခွင့်လွှတ်ပေးပါ”

ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာပင်လျင် ကြောက်လန့်တကြားတုန်လှုပ်သွားခဲ့သည်။

ချိုးချမ့်ထူနှင့် အခြားသူများသည် မြေပြင်ပေါ်၌ဒူးထောက်ကာ သူတို့၏နှလုံးသားထဲ၌ ကြောက်လန့်မှုများမှာ ပို၍ပင်များပြားလာခဲ့သည်။

သူတို့၏ခန္ဓာကိုယ်များကိုလည်း မထိန်းနိုင်ကြတော့ပဲ တသိမ့်သိမ့်တုန်လှုပ်နေကြသည်။

ဘေးနားတွင်ရှိသော ပိုင်ယွဲ့က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သူတို့သာ ဤအချင်းအရာကို စောစောကတည်းကသာသိပါက ဤကဲ့သို့ ပြလုပ်နိုင်မည်မဟုတ်ပေ။ အမြီလေး၏အရည်အချင်းမှာ အလွန်မြင့်မားပေသည်။

အမြီးလေးသည် သူမရှေ့ရှိပုဂ္ဂိုလ်မှပြုစုပျိုးထောင်ပေးသော လူများထဲမှတစ်ယောက်ဖြစ်ပေသည်။

စီနီယာကအရမ်းကို သန်မာပေသည်။ သို့ပေမဲ့ စီနီယာက ဤမျလောက်သန်မာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

အင်မော်တယ်များပင်လည်း စီနီယာ၏လက်ထဲ၌ သေဆုံးခဲ့ရသည်။

ပိုင်ယွဲ့သည် ကောင်းကင်မြေခွေအင်ပါယာအနားတွင်ရပ်ကာ အပြစ်ရှိကြောင်းဝန်ခံလိုက်သည်။ သို့သော် ပိုင်ယွဲ့၏ နှလုံးသားထဲ၌ ကြောက်လန့်ခြင်းမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် ငြိမ်းချမ်းနေပေသည်။

ဤကဲ့သို့ငြိမ်းချမ်မှုက သေခြင်းတရားနဲ့ရင်ဆိုင်လာသည့်အခါ ငြိမ်းချမ်းမှုမျိုးနှင့် ပိုတူပေသည်။

သေခြင်းတရားသည် သူမကို ကြောက်ရွံစေသည့်ပုံမပေါ်ပေ။

ထိုအချင်းအရာကို မြင်သောအခါ ချမ်ချန်ကန်းက စိတ်ဝင်တစားမေးလိုက်သည်။

“ပိုင်ယွဲ့ ဒီအရှင်က မင်းကိုဘယ်လိုဖြေရှင်းမယ်လို့ထင်လဲ”

“စီနီယာ ပိုင်ယွဲ့ ဖေးရှန့်တောင်ကို ရောက်လာတဲ့အခါတုန်းက သာမာန်သေမျိုးတစ်ယောက်နဲ့ တွေ့ခဲ့ဖူးပါတယ်။ သူကအကြောင်းနဲ့အကျိုးသံသရာက အမြဲတမ်းအနိုင်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။”

ချမ်ချန်ကန်းက ပြုံးလိုက်သော်လည်း သူမသည် ပန်းလစန္ဒာကြေးမုံမှ သေမျိုးကိုပါ ပြောခဲ့သည့်စကားကိုပါ မှတ်မိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

“အဲဒါဆိုရင်ဘာဖြစ်လဲ”

“ညီမဟုန်ရီက အမြီးလေးကိုခေါ်လာပြီး ရှေးမြေခွေးမျိုးနွယ်စုမှာ ကျင့်ကြံနည်းစနစ်ကို လာရောက်တောင်းခဲ့ပါတယ်။ အဲဒါက ပုံမှန်အတိုင်းဆိုရင် ရှေးမြေခွေးမျိုးနွယ်စုနဲ့ စီနီယာအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုဖြစ်ခဲ့သင့်သော်လည်း ရှေးမြေခွေးမျိုးနွယ်စုက သူတို့ရဲ့လွှမ်းမိုးချုပ်ကိုင်လိုတဲ့ ဗီဇကြောင့် စီနီယာရဲ့စွမ်းရည်ကို ဂရုမစိုက်မိပဲ အမြီးလေးကို ထိန်ချုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ အကျိုးသံသရာကြောင့် ကျွန်မတို့တွေသာ စီနီယာလက်ထဲမှာ သေဆုံးသွားရမယ်ဆိုရင် နောင်တရစရာမရှိပါဘူး။ ဒါတွေအားလုံးက ကျွန်မတို့ကောင်းကင်နတ်ဆိုး ရှေးမြေခွေးမျိုးနွယ်စုရဲ့ အပြစ်ပါပဲ”

ပိုင်ယွဲ့၏စကားကို နားထောင်ရင်း နတ်ဆိုးအင်ပါယာက ပို၍ရှက်ရွံ့လာခဲ့သည်။ သူမကိုသူမအပြစ် တင်မိသည်။

သူမသာ အမြီးလေးကို ထိန်းချုပ်ရန်အတင်းအကြပ်မလုပ်မိပါက စီနီယာကို ရန်စမိမည်မဟုတ်ပေ။ ဤအချင်းအရာက ရှေးမြေခွေးမျိုးနွယ်စုကို ဘေးဥပါဒ်ဖြစ်စေခဲ့သည်။

“စီနီယာ ဒါတွေအားလုံး ကျွန်မရဲ့အပြစ်ပါပဲ။ ကျွန်မရဲ့သေခြင်းနဲ့ တောင်းပန်ချင်ပါတယ်။ ကောင်းကင်နတ်ဆိုးရှေးမြေခွေးမျိုးနွယ်စုကိုတော့ ရှင်သန်ခွင့်ပေးပါလို့ စီနီယာကို တောင်းပန်ချင်ပါတယ်”

ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက ချက်ချင်းဆိုသလို မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။ ပိုင်ယွဲ့ကလည်း အလျင်အမြန်ဒူးထောက်လိုက်သည်။

“ပိုင်ယွဲ့ကလည်း အဖွားနဲ့အတူတူ သေခြင်းတရားနဲ့တောင်းပန်ဖို့ ဆန္ဒရှိပါတယ်။ ”

“စီနီယာ ကျေးဇူးပြုပြီး ရှေးမြေခွေးမျိုးနွယ်စုကိုတော့ အသက်ရှင်ခွင့်ပေးပါလို့ တောင်းပန်ချင်ပါတယ်”

“ပိုင်ယွဲ့ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး ”

ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက အမူအယာများပြောင်းလဲသွားပြီး အလျင်အမြန်ပြောလိုက်သည်။

“အဖွား ပိုင်ယွဲ့က စိတ်ကိုပြင်ထားပြီးပါပြီ”

“ကောင်းပြီ....ကောင်းပြီ မင်းတို့အားလုံးသေဖို့တောင်းဆိုနေကြတယ်ဆိုတော့ ဒီအရှင်က မင်းတို့ကို အဲဒီလမ်းကိုပို့ပေးရတာပေါ့”

ချမ်ချန်ကန်းသည် သူ့မျက်နှာထက်တွင် မည်သည့်အမူအရာမှမပြပဲ သူတို့ကိုသတ်ရန် လက်ကို မြှောက်လိုက်သည်။

အထွတ်အထိပ်စွမ်းအားများက ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအချင်းအရာက လူတိုင်းကို ငရဲဘုံသို့ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

ဤကဲ့သို့သောစွမ်းအားမျိုးက သူတို့နှိုင်းယှဉ်နိုင်သည်ထက် ကျော်လွင်နေပေသည်။

အသန်မာဆုံးဖြစ်သည့် ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာပင်လျှင် ထိုပြိုင်ဘက်ကင်းစွမ်းအားများ၏ ဖိနှိပ်ခြင်းကို ခံစားနေရသည်။

ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အနည်းသလိုခံစားလိုက်ရသည်။

စီနီယာက သူမကို သတ်ဖြတ်လိုကြောင်း ရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။

ချမ်ချန်ကန်းသာ သူမကိုသတ်ဖြတ်လိုပါက လက်ညိုးတစ်ချောင်းတည်းနှင့်ပင် လုံလောက်ပေသည်။ ဤသည်မှာစီနီယာ၏ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုဖြစ်ပေသည်။

ဤအရာသည် အင်မော်တယ်များကိုပင် သတ်နိုင်သောစွမ်းအားဖြစ်သည်။

ကောင်းကင်နတ်ဆိုးမြေခွေးနတ်ဆိုးအင်ပါယာသည် နောင်တရရုံမှတစ်ပါးလွဲပြီးမတတ်နိုင်တော့ချေ၊ သူမသည်မျက်လုံးကို မှိတ်ထားပြီး သူမ၏ကံကြမ္မာကိုသာ လက်ခံရန်ပြင်လိုက်သည်။

ဤအရာသည် သူမကိုသာသတ်ပြစ်ပြီး ကောင်းကင်မြေခွေးမျိုးနွယ်စုကို ချန်ထားလိမ့်မည်ဟု မျှော်လင့်မိသည်။

သို့သော် သေခြင်းတရားက ရောက်မလာခဲ့ပေ။ ကြီးမားသောစွမ်းအားများက ချက်ချင်းပျောက်ကွယ် သွားခဲ့သည်။

“စီနီယာ”

ပိုင်ယွဲ့နှင့် ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာလည်း ချမ်ချန်ကန်းက ဘာကြောင့် ရုတ်တရက် ရပ်တန့်လိုက်လည်းမသိပေ။

“မင်းတို့တွေ တကယ်သေချင်ပြီး မင်းတို့စိတ်ထဲကနေ နောင်တရနေတာမြင်လိုက်ရတော့ ဒီအရှင်က မင်းတို့အသက်တွေကို ချမ်းသာပေးမယ်”

နတ်ဆိုးနှစ်ကောင်သည် အမှန်တကယ်ပင်ရိုးရိုးသားသား အပြစ်ကိုဝန်ခံပြီး သေချင်စိတ်ရှိခဲ့ပေသည်။ ထို့ကြောင့်ကပ်ဘေးမှလွတ်မြောက်ခဲ့ရသော ပိုင်ယွဲ့နှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့မှာ သူတို့၏စိတ်ထဲမှ ကံကောင်းခြင်းများကို ခံစားလိုက်ရပေသည်။

“အသက်ကိုချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ”

ချမ်ချန်ကန်းက အေးစက်စွာနှာမှုတ်ပြီး

“နတ်ဆိုးအင်ပါယာ ဒီတစ်ခါတော့ ပိုင်ယွဲ့ရဲ့မျက်နှာကြောင့် မင်းအသက်ကိုချမ်းသာပေးလိုက်မယ်။ နောက်တစ်ကြိမ် ဒီအရှင်ကိုရန်စဝံ့ရင် ဒီအရှင်ကမင်းကိုသတ်ပြီး မင်းတို့ရဲ့ကောင်းကင်နတ်ဆိုးမြေခွေး မျိုးနွယ်စုကိုပါ ဖျက်စီးပစ်ရလိမ့်မယ်။”

ယနေတွင် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက ရိုးရိုးသားသားကြောက်လန့်ကြောင်း ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။

ယခုတော့ သူမသည် ချမ်ချန်ကန်း၏စွမ်းအားကို မြင်လိုက်ရပြီဖြစ်သည်။ သူမက ဘယ်လိုလုပ်သတ္တိရှိရှိ ထပ်ပြီးရန်စံဝံ့မှာလဲ။ သို့ပေမဲ့ ပိုင်ယွဲ့ကြားသောအခါ သူမအံအားသင့်သွားသည်။

*သူမနှင့်စီနီယာသည် ဆက်ဆံရေးတစ်ခုသာရှိခဲ့ဘူးသည်။ ယခင်ကသူနှင့်မရင်းနှီးပေ။ သို့သော်စီနီယာက သူမ၏မျက်နှာကို ထောက်ရတာလဲ*

*ညီမဟုန်ရီက စီနီယာရဲ့လက်အောက်ငယ်သားပဲ။ ညီမဟုန်ရီက စီနီယာရဲ့ လက်အောက်ငယ်သားဆိုတော့ စီနီယာက ညီမဟုန်ရီရဲ့ မျက်နှာကိုထောက်တာ ပဲဖြစ်ရမယ်*

ပိုင်ယွဲ့က စိတ်ထဲမှထိုသို့တွေးလိုက်မိသည်။

အမှန်ပင် ချမ်ချန်ကန်းသည် ဟုန်ရီကြောင့်မဟုတ်ပဲ သူမကြောင့်ပင်ဖြစ်သည်။ အဓိကအားဖြင့် တောင်ပေါင်းတစ်သိန်းတောင်တန်း၌ ပိုင်ယွဲ့က သူ၏ကိုယ်ပွားကို တစ်ကြိမ်ကယ်တင်ခဲ့ပေသည်။

ဤသည်ကာ ပိုင်ယွဲ့၏အသက်ကယ်သည့် ကျေးဇူးအတွက်ပင်ဖြစ်သည်။

ချမ်ချန်ကန်းက အမြဲတမ်းပြတ်ပြတ်သားသား လုပ်တတ်သူဖြစ်သည်။

*ပိုင်ယွဲ့က ငါ့ရဲ့အသက်ကိုယ်ကယ်ခဲ့တယ် ဒါကြောင့်ဒီနေ့ငါသူတို့ကို လွှတ်ပေးလိုက်တယ်။ အမြီးလေးနဲ့ ဟုန်ရီပြန်လာလို့ရှိရင် ဒီအပြစ်ကပြီးသွားပြီ၊ အခုကစပြီး တစ်ယောက်နဲ့တစ်ယောက် ငါတို့ကြားမှာ အကြွေးတင်မှာမဟုတ်တော့ဘူး။ သူတို့သာထက်ပြီး ရန်စဝံ့ရင် ငါက သနားညှာတာနေမှာမဟုတ်ဘူး*

ရှေးမြေခွေးမျိုးနွယ်စု၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ချမ်ချန်ကန်းက ချိုးချမ့်ထူနှင့် အခြားသူများကို အာရုံစိုက်လာပြန်သည်။

ချိုးချမ့်ထူနှင့် အခြားသူများက ပိုရိုးသားပြီး ပိုကြောက်လန့်နေကြသည်။

သို့ပေမဲ့ သူတို့၏စိတ်ထဲ၌ အနည်းငယ်တွေးလိုက်မိသည်။

စီနီယာသည် ရှေးမြေခွေးမျိုးနွယ်စုကိုတောင် ခွင်လွှတ်ပေးသဖြင့် သူတို့ကိုရောခွင့်လွှတ်ပေးနိုင် မည်လား။

“ခွင့်လွှတ်ပေးပါစီနီယာ”

ချမ်ချန်ကန်းက ရယ်မောပြီး ဘာမှမပြောချေ။ သူ၏လက်များကို မြှောက်ထားလိုက်သည်။ ချိုးချမ့်ထူနှင့် အခြားသူများ မအော်ဟစ်နိုင်မီ၎င်းတို့က သွေးဆေးလုံးလေးလုံးအဖြစ် ပြောင်းလဲသွားသည်။

သွေးဆေးလုံး လေးလုံးကိုကြည့်ပြီး ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက ထိတ်လန့်သွားသည်။

အခြေတည်စိတ်ဝိညာဉ်သုံးပါးကို သွေးဆေးလုံးအဖြစ်ပြောင်းလဲလိုက်တယ်။ ဒီလိုကြောက်စရာကောင်း တဲ့နည်းလမ်းက ဥပဒေသရဲ့စွမ်အားလား*

သွေးဆေးလုံးလေးလုံးနှင့် နယ်မြေအမှတ်တန်ဖိုးများစွာရရှိနေသောကြောင့် ချမ်ချန်ကန်းက စိတ်ထဲ နေလို့ကောင်းနေသည်။

တွေးကြည့်လိုက်ပြီး သူက လက်ကိုခါရမ်းလိုက်ရာ သွေးဆေးလုံးနှစ်လုံးက လေထဲ၌ပျံသန်းသွားခဲ့သည်။

ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက အမြန်ဖမ်းမိသွားသည်။

သွေးဆေးလုံးထဲတွင် ပါဝင်သောအနှစ်သာရ၏စွမ်းအားများကို ခံစားလိုက်ရသည်။

၎င်းသည် အခြေတည်စိတ်ဝိညာဉ်များ၏ အနှစ်သာရမှပေါင်းစပ်ထားသဖြင့် စွမ်းအားမှာ အလွန်ကြီးကျယ်ခမ်းနားလိုက်သည်။

ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာလည်း အံအားသင့်သွားသည်။

ဤသွေးဆေးလုံးက ထူးခြားနေသည်မဟုတ်ပါလား။

“စီနီယာ ဒါက…. ”

All Chapters