အခန်း ၆၁
Vol. 5 Ch. 61
အခန်း (၆၁) ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းက ဒွန်တွဲနေတယ်
ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“မင်းက နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်ဆိုရင်တောင်မှ ဒီသွေးဆေးလုံးကိုသောက်တာက မင်းရဲ့ကျင့်ကြံခြင်းအတွက် အကျိုးရှိတယ်။ တကယ်လို့မင်းသာ အခြေတည်စိတ်ဝိညာဉ်ဆိုရင်တော့ ဒီသွေးဆေးလုံးက နယ်ပယ်သေးတစ်ခုကို ကျော်ဖြတ်ဖို့ဆိုတာ ခက်ခဲမှာမဟုတ်ဘူး။ ဒါက မင်းတို့ ကောင်းကင်နတ်ဆိုးမြေခွေးကလန်က နတ်ဆိုးကျင့်ကြံနည်းစနစ်ကို အမြီးလေးအတွက် သင်ကြားပေးလို့ ဒီအရှင်ဆီက ကျေးဇူးတင်တဲ့ လက်ဆောင်တစ်ခုအနေနဲ့ ယူထားလို့ရတယ်”
ချမ်ချန်ကန်း၏ စကားကိုကြားသောအခါ ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာ၏ အမူအရာက တုန်လှုပ်သွားပြီး
“စီနီယာ ဒီဆေးလုံးက အရမ်းအဖိုးတန်လွန်းတယ်။ ပြန်ယူလိုက်ပါ။ ကောင်းကင်နတ်ဆိုးမြေခွေး မျိုးနွယ်စုအတွက် အမြီးလေးကို သင်ပေးရတာက တကယ့်ကိုဂုဏ်ယူစရာပါပဲ။ ကောင်းကင်နတ်ဆိုး မြေခွေးမျိုးနွယ်စုက အကြီးအကဲတွေက ဒီတာဝန်ကို ထမ်းဆောင်ဖို့ဆန္ဒရှိပါတယ်”
သို့သော် ချမ်ချန်ကန်းက သူတို့ကိုဘာမှမပြောပဲ လှည့်ထွက်သွားလိုက်သည်။
အင်မော်တယ်အငွေ့အသက်များက အုံ့ဆိုင်းနေပြီး အဆုံးအစမရှိသကဲ့သို့ဖြစ်နေသည်။
ထိုအငွေ့သက်များ ပျောက်ကွယ်သွားသည့်အခါ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာနှင့်ပိုင်ယွဲ့တို့သည် အင်မော်တယ်ဘုရားကျောင်းမှ မီတာတစ်ထောင်လောက်အကွာတွင် ရုတ်တရက်ပေါ်ပေါက် လာခဲ့သည်။
နှစ်ယောက်စလုံး အံအားသင့်သွားကြသည်။
စီနီယာ၏ကျင့်ကြံမှုက အလွန်အားကောင်းပေသည်။
ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာသည်ပင်လျှင် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူဖြစ်သော်လည်း ယခုအခါ သူသည် အင်မော်တယ်ဘုရားကျောင်းထဲတွင် ထိုင်နေသည်မှာ ထင်ရှားပေသည်။
သို့သော် ယခုမူမီတာတစ်ထောင်အကွာ၌ ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာသည် ရှုပ်ထွေးသောအကြည့်ဖြင့် သူမ၏လက်ထဲတွင်ရှိသော သွေးဆေးလုံးနှစ်လုံးကိုကြည့်လိုက်သည်။
သူမက သက်ပြင်းချပြီး မနာလိုစွာပြောလိုက်သည်။
“ဒီသွေးဆေးလုံးကိုသောက်ခြင်းက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို အမှန်တကယ်ကျော်ဖြတ်စေနိုင်တာပဲ။ ဟုန်ရီရဲ့ကျင့်ကြံမှုအခြေခံတွေ အများကြီးတိုးတက်လာတာ အံ့ဩစရာမရှိဘူး။ ဟုန်ရီက တကယ့်ကို ကံကြမ္မာကောင်းကိုရခဲ့တာပဲ၊ ”
ပိုင်ယွဲ့က ခေါင်းညိတ်ပြီး
“စီနီယာရဲ့ ကျင့်ကြံမှုအခြေခံက တကယ့်ကိုနားမလည်နိုင်လောက်အောင်ပဲ”
“အဖွား သူက ဒဏ္ဍာရီလာအင်မော်တယ် သတ်ဖြတ်သူများဖြစ်နိုင်လား”
ကောင်းကင်မြေခွေးနတ်ဆိုး အင်ပါယာက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသည်။
“တကယ်ပေါ့။ စီနီယာသာ အင်မော်တယ်တွေကို မသတ်ဖြတ်နိုင်ခဲ့ရင် ဘယ်လိုလုပ်စီနီယာကို အင်မော်တယ်သတ်ဖြတ်သူလို့ ခေါ်တော့မှာလဲ။ ဒီတောင်ပေါင်းတစ်သိန်း တောင်တန်းမှာ ဒီလိုမျိုး အင်မော်တယ်တစ်ပါးရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး၊း”
ညနေဘက်နေဝင်ချိန်၌ အနောက်ဘက်တောင်တန်းပေါ်၌ ထို့ပါယဲ့တစ်ယောက် ဖေးရှန့်တောင်သို့ စိုးရိမ်တကြီးအပြေး လာခဲ့သည်။
သူသည် ဖေးရှန့်တောင်ကို အဝေးမှမြင်လိုက်ရသဖြင့်
“သခင်.... မမလေးပေါင်အာ.... အင်မော်တယ်နယ်မြေ....မင်းတို့တွေအသက်ရှင်ကြရဲ့လား ”
အင်မော်တယ်များ တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ရောက်သည့်အခါ၌ ထို့ပါယဲ့သည် နဂါးကြက်ဆင်တောင်တွင် နဂါးကြက်ဆင်ဘုရင်ကို ဖမ်းနေဆဲဖြစ်သည်။
ထိုအချိန်၌ သူသည် နဂါးကြက်ဆင်တောင်ပေါ်တွင် မလှုပ်ရှားနိုင်သည့် စိတ်ဝိညာဉ်ဖိအားကို ခံစားလိုက်ရသဖြင့် ကြောက်ရွံ့မှုများဖြစ်လာသည်။
အင်မော်တယ်များရောက်လာကြောင်း ထို့ပါယဲ့က သိလိုက်သည်။
သူသည် သခင်မလေးပေါင်အာ၏ လက်ထဲတွင်ရှိသော အင်မော်တယ်ဓားကြောင့် လာခြင်းဖြစ်မှန်းသိပေသည်။
သို့သော် ကြောက်စိတ်ကလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။ အင်မော်တယ်များကို သူခုခံနိုင်စွမ်းမရှိပေ။ ထို့ကြောင့်သူသည် သခင်ဖြစ်သူနှင့် သခင်မလေးပေါင်အာ လွတ်မြောက်ပါစေဟုသာ ဆုတောင်းနေမိသည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ သတ္တဝါများအားလုံးသည် အင်မော်တယ်များ၏ဖိနှိပ်မှုကြောင့် အလွန်ကြောက်လန့်နေကြသည်။
ထို့ပါယဲ့သည် ထိုအင်မော်တယ်စွမ်းအားများက မည်မျှကြောက်စရာကောင်းသည်ကို စိတ်ကူးကြည့်သည် ထက်ပင်ပို၍ခက်ခဲပေသည်။
တစ်ချိန်တည်းမှာပင် လေးလံသောနှလုံးသားဖြင့် ထို့ပါယဲ့သည် အင်မော်တယ်ဘုရားကျောင်းသို့ ပြန်လာခဲ့သည်။
မကြာခင်မှာပင် ခြံဝန်းထဲ၌ ကျင့်ကြံနေသော လင်းပေါင်အာကို တွေ့လိုက်ရသည်။
ချမ်ချန်ကန်းမှာမူ ဗောဓိပင်အောက်၌ ကျောက်စားပွဲတစ်ခုတွင် ထိုင်နေပြီး သူ၏ရှေ့၌ အဖြူအမဲ စစ်တုရင်ခုံတစ်ခုံရှိကာ စစ်တုရင်ကစားလျက်ရှိသည်။
ချမ်ချန်ကန်းက အမဲရောင်စစ်တုရင် တစ်ခုကိုချလိုက်သည်။
သူ၏ဆန့်ကျင်ဘက်တွင် ဗောဓိပင်၏ အကိုင်းက အဖြူရောင်စေ့ကို ထပ်မံချလိုက်သည်။
သို့သော်အဖြူရောင်စေ့မှာ ရှုံးနှိမ်သွားခဲ့သည်။
ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်က ကွေးတက်လာပြီး ပြောလိုက်သည်။
“ဗောဓိ မင်းရှုံးသွားပြီ”
ကြီးမားအုံ့ဆိုင်းနေသည့် ဗောဓိပင်က လူသားတစ်ယောက်အသံဖြင့် ပြောလိုက်သည်။
“သခင် ဒီဗောဓိက ထပ်ပြီးရှုံးသွားပြန်ပြီလား ”
ချမ်ချန်ကန်းက ပြုံးပြီးပြောလိုက်သည်။
“ဗုဒ္ဓက ပြောခဲ့ဖူးတယ် ဗောဓိပင်ဆိုတာ ဉာဏ်ပညာကြီးတဲ့ သစ်ပင်တဲ့။ ပြီးတော့သူ့ရဲ့ဉာဏ်ပညာက ပြိုင်ဘက်ကင်းတယ်။ အခု ငါက မင်းကိုနတ်ဆိုးအဖြစ် ပြောင်းလဲလိုက်တာတောင်မှ မင်းက ငါထင်သလောက်မထက်မြက်သေးဘူး။ မင်းက ငါးပွဲဆက်တိုက်တောင် ရှုံးနေတာပဲ”
“ဒီဗောဓိပင်က သခင်နဲ့မယှဉ်နိုင်ပါဘူး၊ ဒီဂိမ်းရဲ့ကိုမိုကုဖွဲ့စည်းပုံမှာ သခင်ကစစ်တုရင်းကွက်ကို ဘယ်လိုလှုပ်ရှားလိုက်လဲဆိုတာတောင် ဒီဗောဓိကမသိဘူး”
ချမ်ချန်ကန်းက ပြုံးပြီးပြောလိုက်သည်။
“အဲဒါက ပုံရိပ်အတုနဲ့ ထိုးနှက်ခြင်းပဲ။ ဗောဓိသေချာနားထောင်နော် ပွဲတစ်ခုမှာ အစစ်အမှန်ကို ရှောင်တိမ်းခြင်းနဲ့ အတုအယောင်တိုက်ကွက်ဆိုတာရှိတယ်။ အဲဒါက ကျားကွက်ကစားချင်းရဲ့ အနှစ်သာရပဲ။ ဒါပေမဲ့ ဒီတိုက်ကွက်အတွက် ထိုးစစ်ကအရမ်းအရေးကြီးတယ်။ ထိုးစစ်ကသာ လွတ်နေတဲ့နေရာကနေ အနိုင်တိုက်နိုင်င်ပြီး ပြိုင်ဘက်ကိုအနိုင်ရမယ်ဆိုလို့ရှိရင် ဒီလှုပ်ရှားမှုကိုရှောင်စရာမလိုပဲနဲ့ အလွယ်တကူအနိုင်ရလိမ့်မယ်။ ပြိုင်ဘက်ကလည်းအလွယ်တကူ ရှုံးနှိမ့်သွားလိမ့်မယ်”
ချမ်ချန်ကန်း၏စကားအောက်၌ ဗောဓိပင်၏ အကိုင်းအခက်နှင့် အရွက်များက လှုပ်ခါသွားပြီး အင်မော်တယ်အငွေ့သက်များက ၎င်းကိုရေလောင်းလိုက်သကဲ့သို့ ဗောဓိပင်တစ်ခုလုံး အင်မော် တယ်အနှစ်သာရများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
၎င်းသည်ပြိုင်ဘက်ကင်းနယ်မြေ၏ ဗားရှင်း 3.0 အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်ကြောင့်လည်းဖြစ်သည်။
ချမ်ချန်ကန်း၏ စကားများသည် အင်မော်တယ်တာအို၏ အစစ်အမှန်သဘာဝများပါဝင်ပြီး ဗောဓိပင်သည် မူလကတည်းက ဉာဏ်ပညာကြီးမြတ်သောသစ်ပင်ဖြစ်သဖြင့် ချမ်ချန်ကန်းမှ နတ်ဆိုးအဖြစ် ပြောင်းလဲလိုက်သောအခါ သူ၏အသိဉာဏ်မှာ ပို၍အားကောင်းလာသည်။
ချမ်ချန်ကန်းထံမှ အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်နှင့် ပြုစုခံရပြီးနောက် ဗောဓိပင်သည်နတ်ဆိုးသစ်ပင်မှ နတ်ဘုရားသစ်ပင်အဖြစ် နောက်ဆုံး၌ပြောင်းလဲသွားနိုင်ပေသည်။
ဤသည်က မဖြစ်နိုင်ခြင်းမဟုတ်ပေ။
“စစ်ပွဲအနုပညာဆိုတာ တိမ်တိုက်တစ်ခုလိုပဲ။ အစစ်အမှန်ကိုရှောင်ရှားပြီး အတုအရောင်နဲ့တိုက်ခိုက်ခြင်းပဲ ”
ဗောဓိပင်သည်ရေရွတ်နေပြီး အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်အောက်၌ ဉာဏ်အလင်းရလာခဲ့သည်။
ဗောဓိပင်တစ်ခုလုံး အင်မော်တယ်စီးချက်များဖြင့် တောက်ပနေသည်။
ချမ်ချန်ကန်းလည်း စွံ့အသွားသည်။ မမျှော်လင့်ပဲ သူက ပေါ့ပေါ့ပါးပါးပြောလိုက်သောစကားကြောင့် ဗောဓိပင်က ဉာဏ်အလင်းထပ်ရပြန်သည်။
အထူးသဖြင့် ဗောဓိပင်ရှိအင်မော်တယ်အရှိန်အဝါကို မြင်လိုက်ရသောအခါ ချမ်ချန်ကန်းက အလွန်သိချင်သွားသည်။
“ဒီဗောဓိပင်က နတ်သစ်ပင်အဖြစ် ပြောင်းနိုင်တာများလား”
ထိုအချိန်တွင် ထို့ပါယဲ့က အင်မော်တယ်ဘုရားကျောင်းထဲသို့ ပြန်လာခဲ့သည်။
ထို့ပါယဲ့က အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားသည်။
“သခင်.....”
ချမ်ချန်ကန်းက ကြည့်ကာပြောလိုက်သည်။
“ထို့ပါယဲ့ပြန်လာပြီလား၊ နဂါးကြက်ဆင်ဘုရင်ဘယ်မှာလဲ”
ထို့ပါယဲ့က အပြစ်ရှိသလိုခံစားလိုက်ရပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။
“ဒီလက်အောက်ငယ်သားက သခင်တစ်ခုခုဖြစ်သွားတယ်ထင်လို့ နဂါးကြက်ဆင်ဘုရင်ကိုတောင် ထပ်ပြီးဖမ်းဖို့စိတ်ကူးမရှိတော့ဘူး။ အခုသခင်အဆင်ပြေနေတာကိုတွေ့ရတော့ ဒီလက်အောက်ငယ်သား အရမ်းစိတ်သက်သာရာ ရသွားပါတယ်။ သခင်ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
ချမ်ချန်ကန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“ထထ ငါမင်းကိုအပြစ်မတင်ဘူး”
ထို့ပါယဲ့ထင်သည်က မှန်ပေသည်။ သူသည် အင်မော်တယ်၏ပြိုင်ဘက်မဟုတ်ဟု ထင်မိပြီး သူသည် အင်မော်တယ်၏လက်၌သေပြီဖြစ်ကြောင်း ထို့ပါယဲ့က တွေးထင်နေခြင်းဖြစ်သည်။
“မင်းအချိန်မီလာတယ်ဆိုတော့ မင်းကိုစမ်းသပ်စရာရှိတယ်”
ချမ်ချန်ကန်းက ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် ချမ်ချန်ကန်း၏လက်ထဲ၌ ဆေးလုံးတစ်လုံး ပေါ်လာခဲ့သည်။
ချမ်ချန်ကန်း၏လက်ထဲရှိ ရွှေရောင်ဆေးလုံးကိုကြည့်ပြီး ထို့ပါယဲ့က အံ့အားသင့်သွားသည်။
ဤဆေးလုံးသည် အင်မော်တယ်အငွေ့သက်များပါရှိနေသည်။ မည်သို့ပင်ကြည့်ပါစေ ထူးခြားနေပေသည်။
“သခင် ဒါက”
ထို့ပါယဲ့ကစကားမပြောနိုင်ပဲ သူ၏နှလုံးသားထဲ၌ အသိစိတ်တစ်ခုရှိပေသည်။
“ဒါက အင်မော်တယ်တွေရဲ့အနှစ်သာရကို ပေါင်းစပ်ထားပေမဲ့ စွမ်းအားကတော့ မရှင်းလင်းသေးဘူး။ ထို့ပါယဲ့မင်းဒီဆေးလုံးကို စမ်းသပ်ကြည့်ချင်လား”
ချမ်ချန်ကန်းက မေးလိုက်သည်။
ထို့ပါယဲ့က မျက်လုံးပြူးသွားသည်။
*ဒါကတကယ့်ကိုအင်မော်တယ်အနှစ်သာရနဲ့ ပေါင်းစပ်ထားတဲ့ ဆေးလုံးပဲ။ ဒါကသူထင်တဲ့အတိုင်းပဲ သခင်ကအရမ်းကို သန်မာတယ်
သခင်ကအင်မော်တယ်တွေကို သတ်ပြီးတာတောင်မှ ဆေးလုံးအဖြစ် ပေါင်းစပ်နိုင်တယ်*
ထို့ပါယဲ့က စကားမပြောနိုင်လောက်အောင် အံအားသင့်သွားသည်။
ချမ်ချန်ကန်းက ပြောလိုက်သည်။
“ထို့ပါယဲ့ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဆိုတာက ဒီအပေါ်မှာမူတည်တယ်။ မင်းရဲ့ကံကောင်းမှုနဲ့ ကံဆိုးမှု အတွက် ငါမင်းကိုစမ်းသပ်ဖို့ အတင်းအကြပ်ခိုင်းမှာမဟုတ်ဘူး။ မင်းကိုယ်တိုင်ရှင်းရှင်းလင်းလင်း တွေးပြီးမှ ဆုံးဖြတ်သင့်တယ်။”
ထို့ပါယဲ့က ထိတ်လန့်တုန်လှုပ်ရာမှ ပြန်လည်သက်သာလာခဲ့သည်။
သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“သခင် ဒီလက်အောက်ငယ်သားက အဲဒါကိုရှင်းရှင်းလင်းလင်းသိပါတယ်။ ကျေးဇူးပြုပြီး ဒီဆေးလုံးကို စမ်းသပ်ဖို့ဆန္ဒရှိပါတယ် ”
ဤအရာက ဆေးလုံးဖြစ်သည်။ အင်မော်တယ်အနှစ်သာရများပါဝင်သည့် ဆေးလုံးဖြစ်သည်။
သွေးဆေးလုံးတစ်လုံးက သူ့အားနယ်ပယ်တစ်ခုကိုပင် တိုက်ရိုက်ကျော်ဖြတ်စေနိုင်သည်။
ဤဆေးလုံးသာဆိုရင် သူ့အားမည်သို့ပုံစံဖြစ်စေမည်နည်း။ သူ တကယ်သိချင်မိသည်။ ဤသည်မှာ သခင်ကပေးသော အင်မော်တယ်ကံကြမ္မာပင်ဖြစ်သည်။
ဖမ်းဆုပ်ရပေမည်။ သေချာပေသည်။ သူသာ ဤဆေးလုံးကိုသောက်ပြီး သေဆုံးသွားမည်ဆိုပါက နောင်တရမည်မဟုတ်ပေ။
ချမ်ချန်ကန်းက ကျေနပ်သွားသည်။
“အရမ်းကောင်းတယ်”
ထို့နောက် သူသည် ဆေးလုံးအား ထို့ပါယဲ့ကို ပေးလိုက်သည်။
သူ့လက်ထဲရှိသောဆေးလုံးကိုကြည့်ပြီး ထို့ပါယဲ့က စိတ်လှုပ်ရှားနေသည့်စိတ်ဖြင့် အသံကလည်း တုန်ရင်နေသည်။
“သခင်.... သခင့်ရဲ့လက်အောက်ငယ်သားက ဒီဆေးလုံးကိုဘယ်တော့သောက်ရမှာလဲ”
“မင်း အခုပဲသောက်ပြီး ဘာတွေပြောင်းလဲလည်း ကြည့်ကြတာပေါ့”
“လက်အောက်ငယ်သားက လိုက်နာပါ့မယ်”
ထို့ပါယဲ့က ခေါင်းညိတ်ပြီးတင်ပျဉ်ခွေထိုင်ကာ မဆိုင်းမတွပဲဆေးလုံးကို မျိုချလိုက်သည်။