← Chapters

အခန်း ၆၂

Vol. 5 Ch. 62

အခန်း ၆၂

Vol. 5 Ch. 62

အခန်း (၆၂) ပြာပုံမှတစ်ဖန်မွေးဖွားလာခြင်း၊ ဖီးနစ်နိဗ္ဗာနသုတ္တန်

လေပြင်းများတိုက်ခက်ပြီး တိမ်မဲများစုစည်းကာ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး အရောင်များ ပြောင်းသွားခဲ့သည်။

အင်မော်တယ်နယ်မြေထဲ၌ ထို့ပါယဲ့သည် တင်ပျဉ်ခွေထိုင်ပြီး သူ၏တကိုယ်လုံး၌ အင်မော်တယ်စွမ်းအားများက တောက်ပနေသည်။

တစ်ဖက်တွင် ချမ်ချန်ကန်းနှင့် လင်းပေါင်အာတို့က စောင့်ကြည့်နေကြသည်။

လင်းပေါင်အာက စိတ်ပူစွာမေးမြန်းလိုက်သည်။

“ဆရာ အစ်ကိုနွားက ဒီဆေးလုံးကိုသောက်တာ စိတ်ချရပါ့မလား”

ချမ်ချန်ကန်းက ခေါင်းကို အနည်းငယ် ခါရမ်းလိုက်သည်။

“ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းတွေက တစ်ခုနဲ့တစ်ခုမှီခိုနေတယ်။ အဲဒါက သူ့အပေါ်မှာပဲ မူတည်နေတယ်”

ဤဆေးလုံးသည် သွေးဆေးလုံးနှင့်မတူပေ။ ချမ်ချန်းကန်းလည်း ဆေးသောက်ပြီးပါက မည်သို့အကျိုး သက်ရောက်မှုရှိမလည်းမသိပေ။

ထို့ပါယဲ့သည် ဆေးလုံးကိုသောက်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ချမ်ချန်ကန်းက ခံစားလိုက်ရသည်။

ဆေးလုံးသည် သူ၏မူလခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့ပြီး အဆုံးမဲ့သော အင်မော်တယ်စွမ်းအားများ ကို ထုတ်လွှတ်ကာ သူ၏ခန္ဓာကိုယ်ထဲတွင် မရေတွက်နိုင်သော အင်မော်တယ်ပုံရိပ်များကို ဖြစ်ပေါ်စေခဲ့သည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်စွမ်းအင်များကို အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဆက်တိုက်စုပ်ယူနေသည်။

အဆုံးမဲ့သောစွမ်းအင်များကို သူကဆက်တိုက်ဆက်တိုက် မျိုချနေသည်။ ထို့ပါယဲ့၏ အသက်ရှုသံများက ပို၍ပျင်းလာခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံး အုံ့မှိုင်းလာပြီး မိုးခြိမ်းသံများက မည်ဟီးလာသည်။

မိုးကြိုးအတိဒုက္ခကျရောက်လာခဲ့သည်။

၎င်းသည် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး စွမ်းအားဖြစ်ပြီး ကောင်းကင်မြေကြီးနှင့် အရာအားလုံးကိုပင် ဖျက်စီးပစ်နိုင်လောက်သည်အထိ အားကောင်းနေပေသည်။

ဖေးရှန့်တောင်အနီးတစ်ဝိုက်တစ်ခုလုံးကို မျိုးသုဉ်းဖျက်စီးခြင်းနှင့်တူပေသည်။

သို့သော် ဖေးရှန့်တောင်ပေါ်တွင် ပြိုင်ဘက်ကင်းနယ်မြေတစ်ခုရှိပြီး မည်သူမှထိခိုက်ခြင်းမရှိပေ။

“ဒီဆေးလုံးကိုသောက်ပြီးတာနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ မိုးကြိုးအတိဒုက္ခတွေ ရောက်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ အရာအားလုံးကိုတာဆီးနိုင်တဲ့ နယ်မြေကြောင့်သာမဟုတ်ရင် ထို့ပါယဲ့ကတော့ မိုးကြိုးအတိဒုက္ခအောက်မှာပဲ သေဆုံးရပြီး သူ့ရဲ့ဝိညာဉ်ကလည်း ပြန့်ကျဲသွားလိမ့်မယ်”

ချမ်ချန်ကန်းက အနည်းငယ်အံအားသင့်သွားသည်။

ဤဆေးလုံးက တကယ်ပင်ထူးခြားပေသည်။ လင်းပေါင်အာလည်း ဤသို့ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအတိဒုက္ခမြင်ကွင်းကြောင့် ကြောက်လန့်တကြားဖြစ်သွားသည်။

လေးပြင်းများတိုက်ခက်မှုကြောင့် သူမ၏ဆံပင်များကလည်း ရှုပ်ပွနေခဲ့သည်။

“ဝူး … ဝူး… ဝူး… ”

ထို့ပါယဲ့သည် ကောင်းကင်ထက်သို့မော့ကာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုအနှံ့အဆုံးမဲ့သော အင်မော်တယ်စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲရှိသွေးများကလည်း တောင်ကျချောင်းများမှ စီးဆင်းလာသော ရေလုံးများသကဲ့သို့ သန္တာကျောက်တန်းသို့ ရိုက်ခက်လာသော ဆူနာမီလှိုင်းများသကဲ့သို့ တဟုန်းဟုန်းရိုက်ခက် နေတော့သည်။

အင်မော်တယ်ပုံရိပ်မှာ လောင်ကျွမ်းနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးနှင့် လုံးလုံးလျားလျားပေါင်းစပ်နေတော့သည်။

ဖော်မပြနိုင်သော အင်မော်တယ်စွမ်းအားများက ထို့ပါယဲ့၏ခန္ဓာကိုယ်မှ ဖျာကျလာခဲ့သည်။

“အင်မော်တယ်လား ထို့ပါယဲ့က အင်မော်တယ်တစ်ယောက်ဖြစ်လာတော့မှာလား”

ချမ်ချန်ကန်းက အံအားသင့်သွားသည်။

“အစ်ကိုနွားက အင်မော်တယ်တစ်ယောက်ဖြစ်လာတော့မှာလား”

လင်းပေါင်အာကလည်း ထို့ပါယဲ့ကို တောက်ပသောမျက်လုံးလေးများဖြင့် ကြည့်နေမိသည်။

“ဂျွတ်”

ရုတ်တရက် ထို့ပါယဲ့၏ ခန္ဓာကိုယ်မှမြည်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

အပြစ်အနာအဆာကင်းသည့် ကြွေထည်တစ်စရုတ်တရက် ကွဲအပ်သွားသလို ခံစားလိုက်ရသည်။

ချမ်ချန်ကန်း၌ ထူးခြားသည့်ခံစားချက်တစ်ခုရှိလာခဲ့သည်။

“ဂျွတ် .. ဂျွတ်… ဂျွတ် …”

ထို့ပါယဲ့ထံမှ ကွဲအပ်သည့်အသံများ အဆက်မပြတ်ကြားနေရသည်။

သူ၏မူလခန္ဓာကိုယ်မှာ ဆေးလုံးကပေးသော အင်မော်တယ်စွမ်းအား၏ဒဏ်ကို မခံနိုင်သောကြောင့် ကွဲအက်သွားခဲ့ပြီဖြစ်သည်။

အင်မော်တယ်ပုံစံတွင် အင်မော်တယ်နိယာမများပါဝင်နေသည်။

၎င်းသည် ထို့ပါယဲ့၏ခန္ဓာကိုယ် ခံနိုင်ရည်ရှိသော အရာမဟုတ်ပေ။

“အား …”

ထို့ပါယဲ့က နာကျင်စွာအော်ဟစ်လိုက်သည်။

သူ၏အသက်ဓာတ်များမှာ ပျောက်ကွယ်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဆေးလုံး၏အစွမ်းကို မခံနိုင်သဖြင့် အင်မော်တယ်မီးတောက်က သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းစေပြီး သူ၏စိတ်ဝိညာဉ်များလည်း ပြန့်ကျဲသွားတော့သည်။

“ဆရာ အစ်ကိုနွား သူ …”

လင်းပေါင်အာက မျက်နှာများဖြူဖျော့သွားသည်။

ချမ်ချန်ကန်းက စကားမပြောပေမဲ့ သူ၏ပုံရိပ်က ထို့ပါယဲ့အရှေ့၌ပေါ်လာခဲ့သည်။

“သခင် ….. ဒီလက်အောက်ငယ်သား …… သွားရတော့မယ်”

ထို့ပါယဲ့သည် ဒွါရခုနှစ်ပေါက်မှ သွေးများစီးထွက်နေပြီး အလွန်အားနည်းကာ သေဆုံးလုနီးပါးဖြစ်နေသည်။

သူသည် မသေဆုံးမီ၌ သခင်ဖြစ်သူ၏အဖိုးတန်ဆေးလုံးကို ဖြုန်းတီးမိခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း ခံစားနေရသည်။

သူက အသုံးမဝင်တော့ချေ။

“မဟုတ်ဘူး မင်းကောင်းကောင်းလုပ်ခဲ့တယ် ”

ချမ်ချန်ကန်းက နှစ်သိမ့်လိုက်သည်။

“မင်းက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ဆေးလုံးနဲ့ အင်မော်တယ်တစ်ယောက်ဖြစ်လာချရင် ဒီအရှင်ကပိုပြီးကောင်းတာကို ဖန်တီးပေးနိုင်တယ်”

ထို့ပါယဲ့၏အငွေ့အသက်က အလွန်အားနည်းလာခဲ့သည်။

“သခင်က ကျွန်တော့်အပေါ်အရမ်းကောင်းတာပဲ။ ဒီလက်အောက်ငယ်သားက သခင့်အတွက်သေဖို့ဆန္ဒရှိပါတယ်”

ချမ်ချန်ကန်းက ပြုံးလိုက်သည်။

“ကံဆိုးမှုနဲ့ ကံကောင်းမှုဆိုတာရောထွေးနေတယ်။ သေခြင်းတရားကို လွယ်လွယ်ပြောဖို့ စောလွန်းသေးတယ်၊ ငါက မင်းကို ဘယ်လိုလုပ်ဒီလိုမျိုးစွန့်လွှတ်ပေးနိုင်မှာလဲ”

အင်မော်တယ်မီးတောက်က ထို့ပါယဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လောင်ကျွမ်းနေသည်။ သူ၏အသွေးအသား၊ ရိုးတွင်းခြင်ဆီ၊ သူ၏စိတ်ဝိညာဉ်ထိပါ လောင်ကျွမ်းနေခဲ့သည်။

ချမ်ချန်ကန်း၏ စကားကိုကြားသောအခါ မူလက စိတ်ပျက်အားငယ်နေသော ထို့ပါယဲ့၏ နှလုံးသားမှာ တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြင်းပြလာခဲ့သည်။

“သခင်ပြောတာမှန်တယ်။ သခင့်ရဲ့လက်အောက်ငယ်သားက မသေသေးဘူး။ သခင့်ကိုထားခဲ့ပြီး ဒီလက်အောက်ငယ်သားက ဘယ်လိုလုပ် ထွက်သွားရမှာလဲ”

အင်မော်တယ်မီးတောက်များက လောင်ကျွမ်းနေပြီး ထို့ပါယဲ့၏ မျက်လုံးများထဲမှ နတ်ဆိုးအလင်းတန်း တစ်ခုကို ပစ်လွတ်လိုက်သည်။

ထို့နောက် သူ၏ခေါင်းထက်ရှိဦးချိုအဆုံးက စူးရှသောထောင်ထွတ်များကဲ့သို့ ကောင်းကင်တစ်ခုလုံးကိုပင်ထိုးဖောက်ဝင်ရောက်ဟန်ဖြစ်လာခဲ့သည်။

ထိုတစ်ချိန်တည်းမှာပင် ထို့ပါယဲ့က သူ၏နတ်ဆိုခန္ဓာကိုယ်ကို ပြောင်းလဲလိုက်သည်။

အနက်ရောင်တောက်ပနေသော အမွှေးရှည်ကြီးများဖြင့် ကြီးမားသောနွားသိုးကြီးတစ်ကောင်က အင်မော်တယ်မီးများဖြင့် တောက်လောင်နေသည်။

ထိုအင်မော်တယ်မီးများ တောက်လောင်နေသည့် ခန္ဓာကိုယ်မှယ ထို့ပါယဲ့၏မူလခန္ဓာကိုယ်ဖြစ်သည်။

သူသည် ဤကဲ့သို့ မသေချင်ပေ။ ဤဆေးလုံးကြောင့် သူအသတ်ခံရမည်မှာ သူလက်သင့်မခံလိုပေ။

ယခု အချိန်တွင် သူသည် အလျော့မပေးသော ဇွဲလုံ့လနှင့် ခိုင်မာသောစိတ်ဓာတ်တို့ဖြင့် အပြင်းအထန် ကြိုးစားနေသည်။

ချမ်ချန်ကန်းသည် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ တစ်စုံတစ်ခုကိုတွေးလိုက်မိသည်။

“ဖီးနစ်က နိဗ္ဗာနထဲမှာရှိနေတုန်းပဲ။ ဒါက ပြာပုံထဲကနေပြန်လည်မွေးဖွားခြင်းပဲ။ ဒါဆိုရင် သူက ဘာမှားနေတာလဲ”

ခဏအကြာတွင် ချမ်ချန်ကန်း၏မျက်လုံးများမှာ တောက်ပလာပြီး အတွေးတစ်ခုရလာခဲ့သည်။

“ထို့ပါယဲ့”

ချမ်ချန်ကန်းက ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထို့ပါယဲ့သည် ထိုအသံကိုကြားသောအခါ ချမ်ချန်ကန်းကို ကြည့်လိုက်မိသည်။

စိုးရိမ်တကြီးစောင့်ကြည့်နေသော လင်းပေါင်အာကလည်း သူမ၏နားရွက်ကိုအမြန်ဖုံးအုပ်လိုက်သည်။

ချမ်ချန်ကန်း၏အော်ဟစ်သံကြောင့် သူမမှာ မူးဝေလုနီးပါးဖြစ်သွားသည်။

“ဒီနေ့ ငါမင်းကို အမည်မဲ့နိဗ္ဗာနသုတ္တန်တရားတစ်ပုဒ်ကို ငါပြောပြမယ်။ ရှင်သသန်တာ မရှင်သန်တာကတော့ မင်းရဲ့ကံကြမ္မာအပေါ်မှာပဲမူတည်တယ်။ “

အမည်မဲ့နိဗ္ဗာနသုတ္တန်သည် ချမ်ချန်ကန်း၏အရင်ဘဝ၌ ပေါ့ပေါ့ပါးပါးဖတ်ခဲ့ဖူးသော ဗုဒ္ဓဘာသာစာသားတစ်ခုဖြစ်သည်။

ပြာပုံမှပြန်လည်မွေးဖွားလာသော ဖီးနစ်တစ်ကောင်၏အကြောင်းဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် ချမ်ချန်ကန်းသည် ထိုအခိုက်အတန့်ကို ပြန်သတိရသွားပြီး သူ၏စိတ်ထဲတွင် ဖတ်ခဲ့မိသော အမည်မဲ့နိဗ္ဗာနသုတ္တန်တော်ကို ရှင်းရှင်းလင်းလင်းပြန်လည်မှတ်မိလာခဲ့သည်။

ချမ်ချန်ကန်းသည် သူ့တွင်ပြိုင်ဘက်ကင်းနယ်မြေ ဗားရှင်း 3.0၏ အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်ရှိပေသည်။

သူ၏အပြောအဆိုနှင့်စကားလုံးတိုင်းက တာအိုကိုဖော်ပြနိုင်ပေသည်။

ထိုနောက် အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်မှတစ်ဆင့် ဤအမည်မဲ့နိဗ္ဗာနသုတ္တန်တော်သည် ထို့ပါယဲ့အတွက် အကျိုးသက်ရောက်မှုရှိမလားဆိုတာ ချမ်ချန်ကန်းမသိပေ။

သို့သော် သူကြိုးစားချင်မိသည်။

All Chapters