အခန်း ၆၃
Vol. 6 Ch. 63
အခန်း (၆၃) ထို့ပါယဲ့ မင်းမှာဗုဒ္ဓနဲ့ကံကြမ္မာရှိတယ်
ထို့ပါယဲ့လည်း အံ့ဩသွားသည်။ လင်းပေါင်အာနှင့် ဗောဓိတို့ကလည်း သူတို့၏နားများကို စွင့်လိုက်ကြသည်။
ဤအမည်မဲ့နိဗ္ဗာနသုတ္တန်နှင့် ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်သော အရာများကို အားလုံးက ကြားချင်ကြသည်။
သူသည် ထို့ပါယဲ့ကို ပြန်လည်အသက်ဝင်လာအောင် ကူညီပေးပြီး လက်ရှိအခြေအနေကို ပြောင်းလဲနိုင်ခဲ့သည်။
ချမ်ချန်ကန်း၏အမူအရာက လေးနက်သွားသည်။ သူ၏အသံကခေါင်းလောင်းလို ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“အဆွေခင်ပွန်းသည် ရုပ်ခန္ဓာမရှိ ခပ်သိမ်းသောအရာတို့က ငါဖန်ဆင်းတော်မူ၏။ အတိတ်နဲ့ပစ္စုပ္ပန်က အစဉ်အမြဲဆက်စပ်နေ၏။ မူလတရားသည် သာလွန်သည်ဖြစ်ပြီး ထိုနှစ်ခုနှင့် လားလားမျှမသက်ဆိုင်ပေ။
နိဗ္ဗာနလို့ခေါ်တဲ့သုတ္တန်က ကြီးမားကျယ်ပြန့်ပြီး တရားဓမ္မနဲ့မကင်းပဲ နိဗ္ဗာန်လမ်းကြောင်းကို ရစေဖို့ရာ တည်း….”
ချမ်ချန်ကန်းထံမှ ထိုသုတ္တန်ကို ကြားလိုက်ရသည်။
ထို့ပါယဲ့နှင့် လင်းပေါင်အာတို့၏ အမူအရာများမှာ ပြောင်းလဲသွားကြသည်။
ဗောဓိပင်၏အကိုင်းအခက်များကလည်း ပြင်းထန်စွာလှုပ်ယမ်းလာခဲ့သည်။
ချမ်ချန်ကန်း၏စကားသည် လျှို့ဝှက်ဆန်းကြယ်ပြီး လေးနက်ပေသည်။
တာအိုဘာသာ၏ အကန့်အသက်မရှိသော လျှို့ဝှက်ဆန်းကြယ်မှုများကိုလည်း ခံစားလိုက်ရသည်။
မကြာမီတွင်ကမ္ဘာကြီးက အပြောင်းအလဲတစ်ခုဖြစ်လာခဲ့သည်။
ချမ်ချန်ကန်းကို ဗဟိုထားပြီး ကြောက်စရာကောင်းသော အရှိန်အဝါအငွေ့သက်များက နေရာအနှံ့ပျံ့နှံ့သွားခဲ့သည်။
အရှေ့အရပ်ဆီမှာ ခရမ်းရောင်အလင်းတန်းများက မိုင်ပေါင်းသုံးသိန်းအနှံ့ပျံ့နှံ့သွားပြန်သည်။
ကောင်းကင်ထံတွင် ကြယ်တာရာများ တောက်ပနေပြီး ကြယ်ပွင့်တစ်ပွင့်ဆီတိုင်းက မရေတွက်နိုင် သောအလင်းတန်းများ ထုတ်လွင့်ကာ ချမ်ချန်ကန်းကို လွှမ်းခြုံထားသည်။
သူသည် သေမျိုးကမ္ဘာသို့ ပြည်နှင်ဒဏ်ပေးခံရသော မသေမျိုးတစ်ပါးအလား တူနေပေသည်။
ထိုခဏ၌ တစ္ဆေတိုင်းပြည်သာမက ကျူးရှို့တိုက်ကြီးတစ်ခုလုံးသည် ထိုရူပါရုံကို မြင်လိုက်ရပြီး ကောင်းကင်နှင့် မြေကြီး၏ အပြောင်းအလဲများကို တွေ့လိုက်ကြရာ တုန်လှုပ်ခြောက်ခြားသည့် အမူအရာများ ပြသလာခဲ့သည်။
“အင်မော်တယ်ရူပါရုံပဲ။ ဘယ်သူက အင်မော်တယ်ရူပါရုံကို ထုတ်လွှတ်နေတာလဲ။ ဒီနေ့မှာ တစ်ယောက်ယောက်က အင်မော်တယ်အဖြစ် တက်လှမ်းသွားတာလား”
ကျူးရှို့တိုက်ကြီးတစ်ခုလုံး မည်သည့်အသံမှထွက်ပေါ်မလာပဲ သူတို့၏မျက်လုံးများထဲ၌ ထိတ်လန့် တုန်လှုပ်မှုများကိုသာ မထိန်းချုပ်နိုင်ကြတော့ပေ။
ကျူးရှို့တိုက်ကြီးတစ်ခုလုံးကို အင်မော်တယ်တစ်ဝက်၏ စွမ်းအားများဖြင့်ဖုံးလွမ်းထားသည်။
ထိုအင်မော်တယ်ရူပါရုံသည် အင်မော်တယ်အဖြစ်သို့ တက်လှမ်းမှသာပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။
နှစ်ပေါင်းများစွာကြာခဲ့သည်အထိ မည်သူကမှ တက်လှမ်းခြင်းကိုမပြီးမြောက်ခဲ့ပေ။
ယနေ့တွင်ဘအဆိုပါ အထွတ်ထိတ်နယ်ပယ်သို့ နတ်ဆိုးနတ်ဘုရားတစ်ပါးက နောက်ဆုံး၌ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
သူသည် အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပေသည်။
ကျူးရှို့တိုက်ကြီးတစ်ခုလုံး ဆူပွက်အုံကြွသွားကြသည်။
ကျူးရှို့တိုက်ကြီးတွင် မရေတွက်နိုင်သော ကျင့်ကြံသူများ၊ မရေတွက်နိုင်သော စွမ်းအားရှင်များ၊ မရေတွက်နိုင်သော နတ်ဆိုးများသရဲတစ္ဆေများ၊ လူတိုင်းတုန်လှုပ်ခြောက်ခြားနေသော အမူအရာများ ဖြစ်နေကြသည်။
၎င်းတို့ထဲမှအများစုမှာ စိတ်ဝိညာဉ်ပြောင်းလဲသည့် အဆင့်တွင်ရှိနေကြပြီး တချို့မှာ အင်မော်တယ်တက်လှမ်းခြင်းအဆင့်တွင်ရှိနေကြသည်။
ဤအခိုက် သူတို့အားလုံးတစ္ဆေတိုင်းပြည်၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်ကြသည်။
“ဒီအင်မော်တယ်ရူပါရုံက တစ္ဆေတိုင်းပြည်ကနေလာတာပဲ။ အဲဒီတစ်ယောက်က ကွေ့ကျိုးမှာရှိတဲ့ ဖုန်းယွင်ရှေးဟောင်းဂိုဏ်းကလူများ ဖြစ်နိုင်လား”
“ဖြစ်နိုင်လောက်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကတည်းက သူကအင်မော်တယ်စွမ်းအားရထားပြီလို့ ငါတို့ကြားထားတယ်။ သူက သူ့ရဲ့သေမျိုးသန္ဓေသားလောင်းခန္ဓာကိုယ်ကို အင်မော်တယ်စွမ်းအားထဲ သွန်းလောင်းပြီးတော့ မသေမျိုးအဖြစ် တက်လှမ်းသွားတာဖြစ်နိုင်တယ် ”
အထက်ဘုံ၊ ရှမီးအင်မော်တယ်နယ်မြေ၊ လဲ့ယင်အင်မော်တယ်ဘုရားကျောင်း
ထိုနေရာ၌ ဗုဒ္ဓ၏အလင်းတန်းများက ကောင်းကင်ထံသို့ ပျံ့နှံ့သွားပြီး တစ်သောင်းထိမြင့်မားသော ဗုဒ္ဓဆင်းတုတော်တစ်ဆူတည်ရှိနေသည်။
ထိုဆင်းတုတော်၏ ပတ်ပတ်လည်တွင် ကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးပါးသော ရှင်သာမဏေများက တည်ငြိမ်စွာထိုင်နေကြသည်။
ဘုရားလောင်း၊ ရဟန္တာ၊ ဗုဒ္ဓ၊ ဘုန်းကြီး စသည်တို့က ထိုနေရာ၌စုရုံးနေကြသည်။
“အဆွေခင်ပွန်းက ဗလာနတ္တိဖြစ်ပြီး အရာအားလုံးက ငါကိုယ်တော်၏ ဖန်ဆင်းတော်မူခြင်းသာဖြစ်သည်။
ဖီးနစ်နိဗ္ဗာန ပြာပုံမှပြန်လည်မွေးဖွားခြင်း”
ထိုရှေးကျသည့် ခုံမင်းအသံက ကောင်းကင်ဘုံကိုးခုနှင့် ဆယ်ပြည်တောင်ကြားကို ဖြတ်သန်းပြီး
ချမ်ချန်ကန်း၏ အင်မော်တယ်ဘုရားကျောင်းမှတဆင့် ကောင်းကင်ဘုံကို ဆယ်ပြည်တောင်မှဖြတ်သန်းပြီး ကျရောက်လာခဲ့သည်။
ဘုရားလောင်းများ၊ ရဟန္တာများ၊ ဗုဒ္ဓများနှင့် အင်မော်တယ်ဘုန်းကြီးများအားလုံး စိတ်လှုပ်ရှားနေကြသည်။
“သူက တကယ်ထူးဆန်းတာပဲ။ အင်မော်တယ်ထောင်ပေါင်းများစွာထဲက ထူးဆန်းစွာ မွေးဖွားလာတာပဲ ဖြစ်ရမယ်”
“ဟုတ်တယ်။ ဗုဒ္ဓမွေးဖွားလာပြီ။ ငါတို့ရှမီးဘုရားကျောင်းမှာ ခေါင်းဆောင်တစ်ဦးရှိနိုင်ပြီ။ ခုချက်ချင်း ဗုဒ္ဓကိုရှာဖွေကြတော့”
ထိုအခိုက် ဖေးရှန့်တောင်၌ ချမ်ချန်ကန်းသည် သူသည် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဗုဒ္ဓတရားတော်ကို ဟောပြောခြင်းကြောင့် မည်သို့ခံစားချက်မျိုး ဖြစ်ပေါ်လာသည်ကိုတော့ သူမသိပေ။
ဤအခိုက်အတန့်တွင် သူ၏ခြေထောက်အောက်၌ ရွှေရောင်ကြာပန်းက ပွင့်လန်းနေပြီး အင်မော် တယ်အလင်းတန်းများက ဝန်းရံထားသည်။
ထိုအခြင်းအရာက ချမ်ချန်ကန်းကို ပိုလိုတောင်ထူးခြားနေစေသည်။
“ဓမ္မအားလုံးက အကန့်အသတ်မရှိ။
ဗောဓိဆိုတာကလည်း အကန့်အသတ်မရှိ။ မဂ္ဂင်လမ်းကို သိမြင်ခြင်းက အံ့ဩစရာကောင်းတဲ့ နှောင်ဖွဲ့မှုတွေရှိတာပဲ။ ဒါကြောင့် ဖီးနစ်နိဗ္ဗာနက ပြာပုံမှ မွေးဖွားခြင်းမည်တယ်”
နောက်ဆုံးတွင် အမည်မဲ့နိဗ္ဗာနသုတ္တန်မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ချမ်ချန်ကန်း၏ ပါးစပ်မှာလည်း ခြောက်သွေ့သွားခဲ့သည်။
ရူပါရုံကလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သို့သော် ယခုချိန်တွင် လင်းပေါင်အာ ဗောဓိပင်နှင့် အင်မော်တယ်မီးများ တောက်လောင်နေသော ထို့ပါယဲ့တို့သည် ချမ်ချန်ကန်း၏ အမည်မဲ့နိဗ္ဗာနသုတ္တန်၌ နစ်မြှုပ်နေဆဲဖြစ်သည်။
ဗုဒ္ဓ၏ဂါထာတော်သည် လေးနက်ပြီး သဘောပေါက်နားလည်ရန် ခက်ခဲပေသည်။
ထိုအချင်းအရာကို ဗုဒ္ဓဘာသာ၌ ကံကြမ္မာဟုလည်းခေါ်ပေသည်။
ထို့ပါယဲ့သည် အမည်မဲ့နိဗ္ဗာနသုတ္တန်နှင့် ဆက်စပ်နေမှုရှိမရှိ သူ့ပေါ်တွင်သာ မူတည်ပေသည်။
ဤသည်မှာ ချမ်ချန်ကန်းတစ်ယောက် ထို့ပါယဲ့ကို ကူညီပေးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။
ဤအင်မော်တယ်မီးအောက်တွင် အသက်ရှင်နိုင်သည်ဖြစ်စေ မရှင်နိုင်သည်ဖြစ်စေ သူ့ပေါ်တွင်သာ မူတည်ပေသည်။
“ထို့ပါယဲ့ ဖီးနစ်နိဗ္ဗာနတရားအရ မင်းက ဖီးနစ်မဟုတ်ပေမဲ့ မင်းမှာဖီးနစ်သွေးအမျိုးဆက်မရှိပေမဲ့ ဒီအရှင်က မင်းကိုယုံကြည်တယ်။ မင်းသေချာပေါက်လုပ်နိုင်လိမ့်မယ်။”
“သခင် ဒီလက်အောက်ငယ်သားက သခင့်ကို စိတ်မပျက်စေမှာသေချာပါတယ်”
ဟုန်းဟုန်းတောက်နေသော အင်မော်တယ်မီးတောက်ကား အဆုံးမရှိပေ။
ထို့ပါယဲ့၏နတ်ဆိုးသားရဲခန္ဓာကိုယ်ကြီးမှာလည်း လောင်ကျွမ်းနေပြီး ၎င်း၏အတွင်အင်္ဂါများ၊ အရိုးများ၊ အရေများ အပါအဝင် အရာအားလုံးက မီးတောက်အောက်၌ ကျွမ်းလောင်နေခဲ့သည်။
ဤအခိုက်တွင် ချမ်ချန်ကန်းပြောခဲ့သော အမည်မဲ့နိဗ္ဗာနသုတ္တန်၏ စာကြောင်းတိုင်းက ထို့ပါယဲ့၏ စိတ်ထဲ၌ ထပ်ခါထပ်ခါထွက်ပေါ်လာသည်။
သူသည်မီးထဲ၌ရှိနေသော်လည်း သူ၏နှလုံးသားက ငြိမ်အေးသွားပေသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်နေသော မီးတောက်၏နာကျင်မှုမျိုး မခံစားရတော့ပေ။ ထို့အပြင်သက်သာရာရသွားပြီး လွတ်မြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။
ထို့နောက် သူ၏အမွှေးအမျှင်တို့အားလုံး အင်မော်တယ်မီးထဲ၌ပြာပုံအဖြစ်သို့ လျော့ကျသွားခဲ့သည်။
သူ၏အသွေးအသား၊ သူ၏အတွင်းအင်္ဂါ၊ သူ၏အရိုးများ၊ အရာအားလုံးပြာပုံအတိဖြစ်သွားခဲ့သည်။
သို့သော် အစမှအဆုံးအထိ ထို့ပါယဲ့ကအေးဆေးတည်ငြိမ်သွားခဲ့သည်။
လင်းပေါင်အာသည် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ
“ဆရာ အစ်ကိုနွား မကြာခင်သေတော့မှာလား ”
ချမ်ချန်ကန်းက မဖြေပဲ ငေးကြည့်ရုံသာကြည့်နေမိသည်။
အဆုံးတွင် ထို့ပါယဲ့၏ အနက်ရောင်ဦးချိုတစ်စုံမှလွဲ၍ အရာအားလုံးပြာပုံများအဖြစ်သို့ ကျရောက်သွားခဲ့သည်။ သူ၏အသက်ရှုသံပင်မရှိတော့ပေ။
အင်မော်တယ်မီးတောက်များကလည်း ငြိမ်သက်သွားခဲ့သည်။
လင်းပေါင်အာ၏ မျက်နှာမှာဖြူလျော့သွားပြီး ကျန်ရှိနေသော ဦးချိုတစ်စုံကိုသာ ဝမ်းနည်းပက်လက် စိုက်ကြည့်နေမိသည်။
ချမ်ချန်ကန်းကလည်း ကြည့်နေမိသည်။ ဦးချိုသည်စွမ်းအားအတက်အကျမရှိတော့ပဲ အသက်အငွေ့ သက်လည်းမရှိတော့ပေ။ မြေပြင်ပေါ်၌ငြိမ်သက်စွာ လှဲလျောင်းနေခဲ့သည်။
“ထို့ပါယဲ့ရေ ကြည့်ရတာတော့ မင်းနဲ့ဗုဒ္ဓက ကံကြမ္မာမရှိဘူးထင်တယ် ”
ချမ်ချန်ကန်းက လျှို့ဝှက်စွာပြောလိုက်သည်။
သူက မကူညီနိုင်ပဲ သက်ပြင်းချလိုက်မိသည်။
ဤသည်က သူ၏ပထမဦးဆုံး လက်အောက်ငယ်သားဖြစ်သည်။ ကံမကောင်းစွာပင် သူ၏ အင်မော်တယ်လမ်းကြောင်းပေါ်၌ သေဆုံးသွားခဲ့ရသည်။
ရုတ်တရက် ချမ်ချန်ကန်း၏ မျက်လုံးများက တောက်ပလာပြီး ထိုဦးချိုနှစ်ချောင်းထံမှ အသက်အငွေ့ အသက်ကို ခံစားလိုက်ရသည်။
ချမ်ချန်ကန်းက ထိုအချင်းအရာကို သတိပြုမိသွားသည်။
*ထို့ပါယဲ့ မသေသေးဘူးလား*
ချမ်ချန်ကန်းသည် ၎င်းကို အသေအချာခံစားလိုက်ရခြင်းဖြစ်သည်။
သို့သော်အသက်အငွေ့အသက်က အလွန်အားနည်းနေပေသည်။
သေခြင်းနှင့် ရှင်ခြင်းက ဟိုဘက်သည်ဘက် လွန်စွဲနေသည်။
*မင်းမသေသေးဘူးဆိုမှတော့ ဒီအရှင်က မင်းကိုကူညီရမှာပေါ့*
ချမ်ချန်ကန်း၏ မျက်လုံးများက မျှော်လင့်ချက်အလင်းရောင်များပြည့်နေပြီး အလုံးစုံသောသက်ရှိစွမ်းအားကို အသုံးပြုလိုက်သည်။
ကြီးကျယ်ခမ်းနားသော အသက်ဓာတ်များက ဦးချိုထဲသို့စိမ့်ဝင်သွားခဲ့သည်။
ထိုဦးချိုနှစ်ချောင်းသည် ရုတ်တရက်ပေါင်းစည်းသွားပြီး လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားအလင်း တန်းများက ပြိုးပြိုးပျက်ပျက်ထွက်ပေါ်လာကာ လူအများတိုက်ရိုက်ကြည့်ရှုနိုင်ခြင်းပင် မရှိတော့ပေ။
လင်းပေါင်အာ၏မျက်လုံးများလည်း နာကျင်လာပြီး မျက်ရည်များပင်စီးကျလာသဖြင့် သူမက အမြန်ဆုံးမှိက်လိုက်ရသည်။
ထို့နောက် သူမက မျက်လုံးပြန်ဖွင့်ပြီး ထိုနတ်ဘုရားအလင်းတန်းများကိုကြည့်ကြည့်လိုက်သည်။ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာသည့်အောက်၌ ထိုဦးချိုများမှတဆင့် တဖြည်းဖြည်း ထွားကျိုင်းသောခန္ဓာကိုယ်ကြီး ဖြစ်ပေါ်လာခဲ့သည်။
“ဆရာ အဲဒါအစ်ကိုနွားလား”
ချမ်ချန်ကန်းက သံသယမရှိစွာပြုံးလိုက်သည်။
“ဒီအရှင်ကမှားသွားတယ်။ ထို့ပါယဲ့ မင်းမှာ ဗုဒ္ဓနဲ့ကံကြမ္မာရှိသားပဲ”