အခန်း ၆၄
Vol. 6 Ch. 64
အခန်း (၆၄) ရွှေဗဟိုချက်အဆင့် အင်မော်တယ်၊ ကျို့ယင်အရိုးဖြူလက်သည်း
တောက်ပသောနတ်ဘုရား အလင်းတန်းများက ထို့ပါယဲ့ထံမှ ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်တွင်ဘထို့ပါယဲ့၏ခန္ဓာကိုယ်သည် သန့်စင်ကြည်လင်နေပြီး နတ်ဆိုးစွမ်းအားများ မရှိတော့ပေ။
ဦးချိုတစ်စုံနှင့် အလွန်ထွားကြိုင်းသောခန္ဓာကိုယ်ကြီးက အားကောင်းသည့်စွမ်းအားများအဖြစ် ဝန်းရံထားသည်။
ဤသည်မှာ ယခင်က ကမ္ဘာမြေကို လှုပ်ခါစေခဲ့သော ထို့ပါယဲ့၏ပုံစံကြီးမှာ ပြောင်းလဲသွားခဲ့ခြင်းဖြစ် သည်။
“သခင်...သခင့်ရဲ့ လက်အောက်ငယ်သားက သခင့်ကိုအရှက်မရစေခဲ့ပါဘူး”
ထို့ပါယဲ့သည် ဒူးတစ်ဖက်ထောက်လိုက်ပြီး ချမ်ချန်ကန်းကို လေးစားကြည်ညိုရုံမှတစ်ပါး အခြားမရှိတော့ပေ။ လင်းပေါင်အာသည်လည်း မျက်တောင်ခက်သွားပြီး ထို့ပါယဲ့ကို စိုက်ကြည့်ကာ
“အစ်ကိုနွား အစ်ကိုကပြောင်းလဲသွားသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ မပြောင်းလဲသလိုလည်း ခံစားရတယ်”
ချမ်ချန်ကန်းက ပြုံးလိုက်ပြီး သူမ၏ခေါင်းလေးကို ပုတ်လိုက်သည်။
“ပေါင်အာ သေသေချာချာခံစားကြည့်လိုက် ”
“အယ် … အယ် … ”
လင်းပေါင်အာသည် ထိုအရာကိုခံစားလိုက်ပြီး မျက်လုံးများပြူးကျယ်ကာ ထိတ်လန့်တကြား ဖြစ်သွားသည်။
“ဆရာ အဲဒါက အင်မော်တယ်အငွေ့အသက်ပါလား ”
ဤအရှိန်အဝါသည် ယခင်က အင်မော်တယ် ဗိုလ်ချုပ်ဆယ့်နှစ်ပါးလုံးထံမှ ထွက်ပေါ်လာသော အရှိန်အဝါနှင့် အတူတူပင်ဖြစ်သည်။
ထို့ပါယဲ့က ကျယ်လောင်စွာပြောလိုက်သည်။
“သခင် သခင့်ရဲ့လက်အောက်ငယ်သားက ကျင့်ကြံမှုအခြေခံတော့ မတိုးတက်သေးပါဘူး။ ဒါပေမဲ့ အင်မော်တယ်စွမ်းအားနဲ့ ပေါင်းစည်းသွားပြီးတော့ အင်မော်တယ်တစ်ပါးဖြစ်လာခဲ့တယ်။ အင်မော်တယ်မီးက နတ်ဘုရားတွေကိုတောင် လောင်ကျွမ်းစေနိုင်တယ်။ အခုတော့ ဒီငယ်သားက ပြန်လည်မွေးဖွားပြီး အင်မော်တယ်ခန္ဓာကိုယ် ရရှိလာခဲ့ပြီ ”
“ဘာရယ် အင်မော်တယ်ခန္ဓာကိုယ်ဟုတ်လား”
လင်းပေါင်အာက ကြက်သေသေသွားခဲ့သည်။
“အမှန်ပဲ အဲဒါက တကယ့်ကိုအံ့ဩစရာကောင်းတယ်”
ချမ်ချန်ကန်းက အံအားမသင့်ပေ။ အရာအားလုံးက သူ၏မှန်းဆချက်အတိုင်းသာဖြစ်သည်။
“ထို့ပါယဲ့ ဒါဆိုမင်းရဲ့ လက်ရှိခွန်အားက ဘယ်လောက်ရှိလဲ”
ထို့ပါယဲ့က သူ၏ခေါင်းကို ခေါင်းငုံ့ပြီးပြောလိုက်သည်။
“သခင့်ကိုတင်ပြရမည်ဆိုရင်တော့ လက်အောက်ငယ်သားက အင်မော်တယ်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားပြီး အင်မော်တယ်စွမ်းအားရရှိသွားပါပြီ။ ကျင့်ကြံမှုကတော့ အခြေတည် စိတ်ဝိညာဉ်အဆင့်မှာ ရှိနေတယ်ဆိုပေမဲ့လည်း လက်အောက်ငယ်သားက ခွန်းအားအစစ်အမှန်ကိုတော့ သေသေချာချာမပြောတတ်ပါဘူး ”
“ငါနားလည်ပြီ”
ချမ်ချန်ကန်းက စဉ်းစားလိုက်သည်။
“ထို့ပါယဲ့ ဒီအရှင်ကညမင်းကို ရှေးမြေခွေးမျိုးနွယ်စုဆီသွားခိုင်းပြီးတော့ အမြီးလေးနဲ့ ဟုန်ရီကို ပြန်ခေါ် ခိုင်းခဲ့မယ်။ တစ်ချိန်တည်းမှာပဲ ရှေးမြေခွေးမျိုးနွယ်စုနဲ့ ဆွေးနွေးခိုင်းစရာရှိတယ်”
“ဒီလက်အောက်ငယ်သား လိုက်နာပါ့မယ်”
“ထို့ပါယဲ့ မင်းကလည်းနတ်ဆိုးဘုရင်ပဲ။ သူမကလည်းနတ်ဆိုးဘုရင်ပဲ။ မင်းကိုယ်မင်းယုံကြည်ချက်ရှိရဲ့လား”
ချမ်ချန်ကန်းက ပြုံးပြီးမေးလိုက်သည်။
“သခင် ဒီလက်အောက်ငယ်သားက ယုံကြည်ချက်အပြည့်အဝရှိပါတယ်။ ပြီးတော့ လက်အောက်ငယ်သားရဲ့ ခန္ဓာကိုယ်က အင်မော်တယ်ခန္ဓာကိုယ်ဖြစ်ပြီးတော့ စွမ်းအားတွေကလည်း အင်မော်တယ်စွမ်းအားတွေပြည့်နေတာပါ။ ဒါကြောင့် နတ်ဆိုးအင်ပါယာတစ်ယောက်ဆိုရင်တောင်မှ ဒီလက်အောက်ငယ်သားက အပြည့်အဝအနိုင်တိုက်နိုင်စွမ်းရှိပါတယ်။”
“ကောင်းပြီ မင်းမှာသတ္တိရှိတယ်ဆိုမှတော့ဘသွားလိုက်တော့”
“အမိန့်အတိုင်းပါပဲ”
ထို့ပါယဲ့သည်ဘချက်ချင်းပဲ နတ်ဘုရားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်ကို ထိုးဖောက်ကာ အမှောင်ညထဲ ပျောက်ကွယ်သွားခဲ့သည်။
“ဟဲ … ဟဲ .. အင်မော်တယ်အဆင့် ရွှေဗဟိုချက်နယ်ပယ်။ ဒီကမ္ဘာပေါ်မှာ ဒီလိုနတ်ဆိုးတစ်ကောင်တည်းပဲရှိလား ငါသိချင်မိတယ်”
ချမ်ချန်ကန်းကပြုံးပြီး အဝေးကို လှမ်းကြည့်လိုက်သည်။
အနီးအနားတွင်ရှိသော လင်းပေါင်အာက မေးလိုက်သည်။
“ဆရာ တကယ်ပဲအစ်ကိုနွားက အင်မော်တယ်တစ်ပါးဖြစ်လာတာလား”
ချမ်ချန်ကန်းက အနည်းငယ်ရှင်းပြလိုက်သည်။
“ဟုတ်လည်းဟုတ်တယ်။ မဟုတ်လည်းမဟုတ်ဘူး”
“ဆရာက ဘာကိုဆိုလိုတာလဲ။ တပည့်နားမလည်ဘူး”
ချမ်ချန်ကန်းက ရှင်းပြလိုက်သည်။
“ထို့ပါယဲ့က အင်မော်တယ်တစ်ယောက်လို့ပြောလို့ရတယ်။ သူ့ခန္ဓာကိုယ်က အင်မော်တယ်ဖြစ်လာပြီး အင်မော်တယ်စွမ်းအားတွေ ထုတ်နိုင်တဲ့အတွက် သူက သဘာဝအတိုင်း အင်မော်တယ် ခန္ဓာကိုယ်ပဲ။ ဒါပေမဲ့ အင်မော်တယ်မဖြစ်ဘူးလို့လည်း ပြောလို့ရတယ် ဘာလို့ဆိုတော့ သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကရွှေဗဟိုချက်နယ်ပယ်မှာဖြစ်ပြီးတော့ ရွှေဗဟိုချက်နယ်ပယ် အင်မော်တယ်တစ်ပါးဖြစ်နေလို့ပဲ”
“ဒါက တစ်ခါမှ မကြုံဘူးတဲ့အရာမဟုတ်ဘူးလား ”
လင်းပေါင်အာက နားလည်သွားသည်။
သင်သာအင်မော်တယ်တစ်ယောက်ဖြစ်လို့ပါက ချီသန့်စင်ခြင်းအဆင့်မှစတင်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင့်သည့် လမ်းကိုလျောက်လှမ်းရပေမည်။ ထိုမှသာ အင်မော်တယ်တက်လှမ်းခြင်းကတဆင့် အင်မော်တယ်တစ်ပါးဖြစ်လာနိုင်ပေသည်။
သို့သော်လည်း ထိုနယ်ပယ်နှင့်ကွာခြားသည့် ကျင့်ကြံသူတစ်ဦး ဤကမ္ဘာ၌မည်သူကရှိမည်နည်း။
ထို့ကြောင့် ထို့ပါယဲ့သည် ရှေးသမိုင်းထဲတွင်ပင်မရှိဖူးသော ပထမဦးဆုံးသော အင်မော်တယ်အဆင့် ရွှေဗဟိုချက်နယ်ပယ် ကျင့်ကြံသူဖြစ်လာခဲ့သည်။
ထို့အပြင် ထို့ပါယဲ့၏ခန္ဓာကိုယ်သည်လည်း အင်မော်တယ်သားရဲခန္ဓာကိုယ်ကြီး ဖြစ်လာခဲ့သည်။
သို့သော်ထိုသို့ဖြစ်ရခြင်းမှာ မလွယ်ကူပေ။ သူ၏အသက်မှာလည်း အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။
ကံအားလျော်စွာဖြင့် နိဗ္ဗာနပြန်လည်မွေးဖွားခြင်းကို အောင်မြင်နိုင်ခဲ့ပေသည်။
ယခုအခါတွင်မူ ချမ်ချန်ကန်း၏လက်ထဲ၌ ဆေးလုံးဆယ့်တစ်လုံးရှိခဲ့ပေသည်။ သို့သော် ချမ်ချန်ကန်းသည်၎င်းတို့ကို အသုံးမပြုဝံ့တော့ပေ။
ဆေးလုံးထဲတွင် ပါဝင်သောစွမ်းအားများက အလွယ်တကူခံနိုင်ရည်ရှိသည့် အရာမျိုးမဟုတ်ပေ။ အကျိုးဆက်ကတစ်ခုသာရှိသည်။ ထိုအချင်းအရာက သေခြင်းသာဖြစ်သည်။
ချမ်ချန်ကန်းက လင်းပေါင်အာကို ဤဆေးလုံးကိုတိုက်ရိုက်မသောက်ခွင့် မပေးဘဲ ထို့ပါယဲ့ကို အရင်စမ်းကြည့်ခွင့်ပေးခြင်းက အရမ်းကံကောင်းသွားခဲ့ပေသည်။
မဟုတ်ပါက လင်းပေါင်အာသည် လက်ရှိအချိန်၌ သေခြင်းနတ်ဘုရားကိုသွားတွေ့နေမှာဖြစ်ကြောင်း သူစိုးရိမ်မိသွာသည်။
“မှန်တယ်.... အမှန်ပဲ။ အမည်မဲ့နိဗ္ဗာနသုတ္တန်က အရမ်းလေးနက်လွန်းတယ်။ တပည့်တောင်နားထောင်ပြီး ခေါင်းရှုပ်ပ်သွားတယ်။ တကယ့်ကို နားမလည်နိုင်တော့ဘူး၊”
ချမ်ချန်ကန်းက ပြုံးလိုက်သည်။
“ဗုဒ္ဓဘာသာမှာ ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာဆိုတာရှိတယ်။ ဆိုလိုတာက မင်းကနားမလည်တဲ့အတွက် မင်းကသီလရှင်ဖြစ်စရာမလိုတော့ဘူး ”
လင်းပေါင်အာက ခေါင်းရမ်းလိုက်သည်။
“သီလရှင်မဖြစ်ချင်ဘူး တပည့် ကတုံးမတုံးချင်ဘူး ”
လင်းပေါင်အာက ခေါင်းခါရမ်းပြီးပြောလိုက်သည်။
“ဆရာကရော ကတုံးတုံးပြီး ဘုန်းကြီးမဝတ်ချင်ဘူးလား။ ဆရာက တပည့်ကို ဘာမှမသင်ပေးတောင်ကြာသွားပြီ”
ထိုစကားကိုကြားသောအခါ ချမ်ချန်ကန်း၏ မျက်နှာပေါ်မှာ အပြုံးက အေးခဲသွားသည်။ ထို့နောက်သန်းလိုက်သည်။
“ပေါင်အာ မင်းရဲ့ဆရာပင်ပန်းနေပြီ။ ဒါကြောင့် ငါအရင်အနားယူတော့မယ်”
လင်းပေါင်အာက နှတ်ခမ်းဆူပြီး ချမ်ချန်ကန်း၏ အဝတ်အစားများကိုဆွဲကာ စိတ်အားထက်သန်စွာ မော့ကြည့်လိုက်သည်။
“ဆရာ ဆရာက အစ်ကိုနွားကိုတော့ သင်ပေးတယ်လေ။ တပည့်က ဆရာ့ရဲ့တပည့်လည်းဖြစ်ပြီး နာခံမှုရှိတာတောင် ဒါပေမဲ့ ဆရာက တပည့်ကိုမကြိုက်ဘူးလား။ ဆရာက တပည့်ကို မလိုချင်တော့ဘူးလား။တပည့်ကိုကျတော့ ဘာမှမသင်ပေးဘူး”
လင်းပေါင်အာသည် ထိုအကြောင်းကိုပြောပြီး မျက်လုံးများကနီရဲပြီး သနားစရာကောင်းလာခဲ့သည်။ ချမ်ချန်ကန်းသည် မည်သို့ပင်မဟုတ်ဘူးပြောပါစေ လင်းပေါင်အာက မျက်ရည်ကျတော့မည်ဖြစ်သည်။
ချမ်ချန်ကန်းက သက်ပြင်းချလိုက်သည်။
ဟုတ်ပေသည်။ သူ့အပြစ်သာဖြစ်သည်။ လင်းပေါင်အာကို တပည့်အဖြစ်လက်ခံလိုက်သည့်အချိန်မှစ၍ သူသည် သူမကိုဘာသင်ပေးရမှန်းမသိတော့ပေ။
ယခု နောက်ဆုံး၌ ဤနေ့ကိုရောက်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ့အားသက်ပြင်းချနိုင်စေသည့်အရာမှာ အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်ကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
ဒါကြောင့် သူမအား တစ်စုံတစ်ခုသင်ပေးလို့ရပေသည်။
ချမ်ချန်ကန်းက လင်းပေါင်အာ၏ ခေါင်းလေးကိုပွတ်ပြီးညတိုးတိုးလေးပြောလိုက်သည်။
“ဆရာက ပေါင်အာကို မလိုချင်ပဲ ဘယ်လိုလုပ်နေမှာလဲ။ ပေါင်အာ ဆရာဒီညစဥ်းစားလိုက်ဦးမယ်။ မနက်ဖြန်ကျရင်သင်ပေးမယ်နော်”
“ဆရာအဲဒါအမှန်ပဲလား”
လင်းပေါင်အာ၏ မျက်လုံးများက ရုတ်တရက်တောက်ပလာပြီး မျှော်လင့်ချက်ရောင်ခြည်တစ်ခု ထွက် ပေါ်လာခဲ့သည်။
“တကယ်ပေါ့ ”
ချမ်ချန်ကန်းက ရယ်မောပြီးပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်ဆရာ”
လင်းပေါင်အာက အလွန်အံအားသင့်သွားပြီး သူမ၏လက်နှစ်ချောင်းဖြင့် ချမ်ချန်ကန်းကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
ချမ်ချန်ကန်းကလည်း ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။
တစ်ခါတရံတွင် သူသည် တပည့်များကို လက်မခံသင့်ကြောင်း အမြဲလိုလိုခံစားလာရသည်။ တပည့်နှင့် မတူပဲ သမီးတစ်ယောက်ရှိတာနှင့်ပင်တူပေသည်။
သို့ပေမဲ့လည်း ဤသည်က ကောင်းသည်ဟု ခံစားလိုက်ရသည်။
စဉ်းစားကြည့်ဦးမယ် မနက်ဖြန်ကျရင် ပေါင်အာ့ကို ဘာသင်ပေးရမလဲမသိဘူး။ ငါ နေကြာပန်းသိုင်းကိုများသင်ပေးရမလား။ မဟုတ်ဘူး....မဟုတ်ဘူး...ဒီနည်းစနစ်ကိုသင်ပေးလို့မရဘူး။ ဒီနည်းစနစ်ကို သင်ပေးမယ်ဆိုလို့ရှိရင် ပထမဦးဆုံး မင်းနန်းတွင်းထဲကိုဝင်ပြီး ကုန်းကုန်းဖြစ်ရမယ်*
*ပေါင်အာက သူမရဲ့အာရုံခြောက်ပါးနဲ့ ခံစားချက်ခုနှစ်မျိုးကို ဖြတ်တောက်နိုင်မှာမဟုတ်ဘူး၊ သင်ပေးလို့မဖြစ်ဘူး *
ချမ်ချန်ကန်းက သူ့ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။
သေချာစဉ်းစားကြည့်ရပေမည်။ အချိန်တန်သောအခါ အင်မော်တယ်တာအို၏ အစစ်အမှန်လုပ် ဆောင်ချက်ကို အားကိုးပြီး ယခင်ဘဝက ဝတ္ထုတိုများနှင့် တီဗီများတွင်တွေ့ခဲ့ဖူးသော သိုင်းပညာများကို ပေါင်အာအမှန်တကယ် လေ့ကျင့်နိုင်မည်လား စမ်းကြည့်ရပေမည်။
“ဆရာ ဘာတွေစဉ်းစားနေတာလဲ”
ချမ်ချန်ကန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ လင်းပေါင်အာက မေးလိုက်သည်။
“ဆရာမင်းကိုဘာသင်ပေးရမလဲတွေးနေတာ”
“ဆရာက ဘာသင်ပေးချင်လို့လဲ”
“ဆရာ အင်မော်တယ်နယ်ပယ်မှာ လွန်ခဲ့တဲ့နှစ်တစ်တောင်ကျော်ကတည်းက ဆရာတစ်ဆူတွေဖြစ်ခဲ့ဖူးတဲ့ နေကြားပန်းသိုင်းတို့၊ သွေးပြန်ကြောခြောက်ခုဓားသိုင်း၊ ယန်လက်ညိုးသိုင်း၊ နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်၊ လက်သီးသိုင်းနဲ့ ယန်အရိုးဆယ့်ကိုးချောင်းသိုင်း၊ ကျို့ယင်အရိုးဖြူလက်သည်းသိုင်းစတဲ့ ကျင့်ကြံစရာတွေအများကြီးပဲရှိတယ်”
“ဆရာ”
ပေါင်အာက ချမ်ချန်ကန်းကို နှောင့်ယှက်ပြီး ရုတ်တရက်စူးစမ်းလိုချင်းဖြင့် မေးလိုက်သည်။ ချမ်ချ
န်ကန်း၏အမူအရာမှာ ပြောင်းလဲသွားသည်။
“ဆရာ ကျို့ယင်အရိုးဖြူလက်သည်းသိုင်းက ဘာလဲဆရာ”
ချမ်ချန်ကန်းကို စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။
ချမ်ချန်ကန်း၏အမူအရာမှာပြောင်းလဲသွားသည်။
ကျို့ယင်အရိုးဖြူလက်သည်းသိုင်းက အလွန်ရက်စက်ပေသည်။
*ဘာလို့ ငါ့တပည့်က တခြားဟာကိုမမေးတာလဲ*