အခန်း ၆၅
Vol. 6 Ch. 65
အခန်း (၆၅) အင်မော်တယ်ဘုံ၊ နတ်ဘုရားသစ်ပင်ကိုရှာမယ်
“ပေါင်အာ ကျို့ယင်အရိုးဖြူလက်သည်းသိုင်းကို သင်ချင်တယ်လို့ ငါ့ကိုမပြောနဲ့နော် ”
ချမ်ချန်ကန်း၏နှလုံးသားမှာ လှုပ်ရမ်းသွားပြီး မမေးပဲမနေနိုင်တော့ပေ။
“ဆရာ အဲဒီကျို့ယင်အရိုးဖြူလက်သည်းသိုင်းက အရမ်းအစွမ်းထက်တယ်မလား။ တပည့်အဲဒါကို သင်ချင်တယ်”
“ကျို့ယင်အရိုးဖြူလက်သည်းသိုင်းက ဆရာ အင်တာနက်မှာ နှစ်ပေါင်းများစွာ လေ့လာဆည်းပူးထားပေမဲ့ အဲဒီသိုင်းပညာက အရိုးနဲ့အရွတ်တွေကိုဖျက်စီးဖို့ လက်ဆယ်ချောင်းကို သုံးရတာနော်။ အရမ်းရက်စက်တယ်။ အဲဒါက တပည့်နဲ့မသင့်တော်မှာ ဆရာစိုးရိမ်တယ်”
ချမ်ချန်ကန်းက ပြုံးပြီးပြောလိုက်သည်။
အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်ကြောင့် ဤကမ္ဘာကြီးတွင် မည်သည့်ကိုယ်ခံပညာက စွမ်းဆောင်နိုင်မလည်းဆိုတာ သူအလွန်ပဲသိချင်မိသည်။
သို့သော်လည်း ချမ်ချန်ကန်းသည် ပေါင်အာအား ဤကဲ့သို့ရက်ဆက်ကြမ်းကြုပ်သော သိုင်းပညာမျိုးကို သင်ယူရန်မလိုလားပေ။
လင်းပေါင်အာသည် အနာဂတ်တွင် အခြားသောကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများနှင့် မတိုက်ခိုက်သည်က မဖြစ်နိုင်ပေ။
ထို့ကြောင့် ရန်သူ့ခေါင်းဆောင်ကိုဖျက်စီးရန် ဤကျို့ယင်အရိုးဖြူလက်သည်းသိုင်းကို အသုံးပြုသည်ဆိုပါက အလွန်အမင်းသွေးထွက်သံယိုများမာ်ကို တွေးကြည့်ရသည်မှာ ကြောက်စရာကောင်းပေသည်။
ကလေးမလေးက ဘယ်လောက်တောင် ရက်စက်သွားမှာလဲ။
“ဟွန်း … ဆရာ အဲ့တာဆိုတပည့်ဆရာပြောတာ နားထောင်ပါ့မယ်”
လင်းပေါင်အာက နာခံမှုရှိရှိ ခေါင်းညိတ်လိုက်သည်။
“သွားတော့ သွားတော့.... အေးဆေးသွားနားတော့၊ ဆရာ ဒီညစဉ်းစားထားမယ်၊ မနက်ဖြန်ကျဘာသင် ပေးရမလဲဆိုတာကို”
အထက်ဘုံ၊ ရှန်းဝူအင်မော်တယ်နယ်မြေ၊ ဝမ်ကျိုးမြို့တော်
ဤမြို့သည် အင်မော်တယ်မြို့ကြီးဖြစ်ပြီး အလွန်ခမ်းနားလှပေသည်။
ထို့အပြင် မြို့ကြီးတစ်ခုလုံးက ကြီးကျယ်ခမ်းနားသော ဧရာမသားရဲကြီးတစ်ကောင်အိပ်ပျော်နေသည့်အလား ခမ်းနားထည်ဝါလှပေသည်။
ယခုဆိုလျှင် ဝမ်ကျိုးမြို့၌ အင်မော်တယ်ပွဲတော်တစ်ခုရှိချေသည်။
၎င်းသည် ရှန့်ဝူပွဲတော်ဖြစ်ပြီး နှစ်တစ်တောင်တိုင်းတစ်ကြိမ် ကျင်းပလေ့ရှိသည်။
အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်သူတော်စင်များ၏ ဤနေရာတွင် စုဝေးရောက်ရှိကြ ပေသည်။
ထိုစုဝေးပွဲတွင် အင်မော်တယ်သူတော်စင်က ထောင့်နားတွင်ထိုင်ပြီး အင်မော်တယ်ဝိုင်ကို တစ်ကြိုက်တည်းသောက်ကာ သူ၏မျက်နှာမှာ အေးစက်နေသည်။
အောက်ဘုံ၌ သူ၏နတ်ဘုရားရတနာမှာ ဆုံးရှုံးခဲ့ရပြီး အင်မော်တယ်ဆယ့်နှစ်ပါးလည်း သေဆုံးခဲ့ရသဖြင့် ဤဒေါသကို မျိုချမရနိုင်ပဲရှိနေခဲ့သည်။
သို့ပေမဲ့လည်း ထိုသူမှာ အောက်ဘုံတွင် ရှိနေခြင်းက သူ့အတွက် အခက်အခဲတစ်ခုဖြစ်သည်။
ထိုသူသာ အထက်ဘုံတွင်ရှိနေသည်ဆိုပါက လက်တစ်ဖက်တည်းဖြင့် ချေမှုန်းနိုင်ပေသည်။
ထို့အပြင် ဤလူသည်အောက်ဘုံ၌ ကျူးရှို့တိုက်ကြီး၏ တာအိုဥပဒေဿအရကာကွယ်ပေးခံထားရသဖြင့် ထိုနေရာသို့ အင်မော်တယ်ဗိုလ်ချုပ်များကို စေလွှတ်လျှင်ပင် အသုံးမဝင်ပေ။
အထက်ကမ္ဘာ၌ အင်မော်တယ်များကြားတွင် လူသား၊ မြေကြီးနှင့် ကောင်းကင်ဟူ၍ လျှို့ဝှက်နယ်ပယ်သုံး မျိုးခွဲခြားထားသည်။
လူသားနတ်ဘုရား၊ ကမ္ဘာမြေနတ်ဘုရား၊ ကောင်းကင်နတ်ဘုရားဟုလည်းခေါ်ကြသေးသည်။
လူသားအအဆင့်တွင် အင်မော်တယ်စစ်သည်၊ အင်မော်တယ်စစ်သူကြီး၊ လူသားအင်မော်တယ်၊ အင်မော်တယ်လျှို့ဝှက်နယ်ပယ်အဆင့်တို့ပါဝင်သည်။
ကမ္ဘာမြေအဆင့်တွင် အင်မော်တယ်ဗိုလ်ချုပ်၊ အင်မော်တယ်ဘုရင်၊ အင်မော်တယ်သူတော်စင်တို့ပါဝင်သည်။
ကောင်းကင်အဆင့်တွင် အင်မော်တယ်အင်ပါယာ၊ အင်မော်တယ်ဧကရာဇ်၊ အင်မော်တယ်နယ်မြေအရှင်တို့ပါဝင်သည်။
အင်မော်တယ်ဝာစ်ဝက်အဆင့်သည် အထက်ဘုံသို့မတက်လှမ်းရသေးသောကြောင့် ၎င်းသည် အင်မော်တယ်အမွေကို လက်မခံရသေးသဖြင့် အင်မော်တယ်ဘုံနှင့် မသက်ဆိုင်ပေ။
(အင်မော်တယ်သတ်ဖြတ်သူအား အင်မော်တယ်တစ်ဝက်အဆင့်ဟု ပြောင်းလဲပါမည်)
အင်မော်တယ်တစ်ဝက်အဆင့်သည် အောက်ဘုံတွင်တည်ရှိပြီး ၎င်းသည်အင်မော်တယ်များကို ဆန့်ကျင်တိုက်ခိုက်နိုင်သော်လည်း ၎င်းသည် အင်မော်တယ်နယ်ပယ်ရှိ လူသားအင်မော်တယ်ထက် သာလွန်သည်ဟု မဆိုလိုပေ။
သို့သော်လည်း သူ၏ခွန်အားသည် အလွန်သန်မာနေပြီး အထက်ဘုံရှိအင်မော်တယ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်နိုင်မည်ကို အလွန်စိုးရိမ်မိသည်။
ထို့အပြင် အောက်ဘုံ၏ ဥပဒေဿအရ အထက်ဘုံမှ အင်မော်တယ်များ၏ စွမ်းအားများမှာ ဖိနှိပ်ခံထားရပြီးညသူတို့တွင်ရှိသော စွမ်းအားများကိုဘအရှိအတိုင်း အသုံးပြုနိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့်ဘအောက်ဘုံရှိ သက်ရှိများနှင့်ရင်ဆိုင်ရသောအခါ အထက်ဘုံရှိအင်မော်တယ်များမှာ လုံးဝခံနိုင်ရည်မရှိကြပေ။
ပို၍အရေးကြီးသည်မှာဘလွန်ခဲ့သောနှစ်ပေါင်းများစွာက ရှန်းဝူတွင် တားမြစ်ချက်တစ်ခုရှိခဲ့ပေသည်။
ထိုသည်မှာ အင်မော်တယ်နယ်ပယ်၏ အထက်တွင် လျှို့ဝှက်အင်မော်တယ်ဟု ရှိခြင်းဖြစ်သည်။
ထို့ကြောင့် အင်မော်တယ်သိုင်းသူတော်စင်သည် အထက်ဘုံတွင်ရှိသော်လည်း သူဘာကိုမှမလုပ်နိုင်ခဲ့ ပေ။
သူသည် ချမ်ချန်ကန်းထံ အင်မော်တယ်များကို ထပ်မံလွှတ်လျင်ပင် ထိုသူများ၏သေခြင်းမှာ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
လက်ရှိအနေ၌ ရှန့်ဝူရွှယ်ကျန်းသည် သူ့၌ဖြေရှင်းစရာတစ်ခုမှမရှာတွေ့တော့ပေ။ ထို့ကြောင့် သူသည် မပျော်မရွှင်ဖြစ်နေပေသည်။
“အစ်ကိုရှန့်ဝူ ဘာလို့တစ်ယောက်တည်းတောင့်မှာ ထိုင်ပြီးသောက်နေတာလဲ။ ပြဿနာရှိလို့လား”
ထိုအချိန်တွင် အင်မော်တယ်သိုင်းသူတော်စင်၏နား၌ စကားသံတစ်ခုကြားလိုက်ရသည်။ အင်မော်တယ်သူတော်စင်ရှန့်ဝူက ကြည့်လိုက်ရာ ၎င်းသည် အင်မော်တယ်သူတော်စင် လန်မင်ပင်ဖြစ်ပြီး သူနှင့်ဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်သည်။
အင်မော်တယ်သူတော်စင်ရှန့်ဝူသည် တိတ်ဆိတ်နေပြီး မည်သည့်စကားမှမပြောချေ။ အင်မော်တယ်သူတော်စင်လန်မင်သည် သူ၏ဘေးတွင်ထိုင်ပြီး အခြားဖန်ခွက်တစ်ခုကို ကောက်ကိုင်ကာ ဝိုင်တစ်ခွက်ကို သောက်လိုက်သည်။
ထို့နောက်အပြုံးကလေးဖြင့် ပြောလိုက်သည်။
“အစ်ကိုရှန့်ဝူ အစ်ကိုနဲ့ကျွန်တော်က သွေးသားမတော်စပ်တဲ့ ညီအစ်ကိုတွေအဖြစ် ကျိန်ဆိုခဲ့တယ်နော်။ ဒါကလည်းနှစ်ပေါင်းသုံးထောင်လောက်ကြာခဲ့ပြီ။ အစ်ကို့မှာ ပြသနာတစ်ခုခုရှိရင် ကျုပ်ကို ပြောလို့ရတယ်။ ကျုပ်လည်း ကူညီပြီးဖြေရှင်းပေးမယ်။ ကျုပ်ကူညီနိုင်တယ်ဆိုရင် ကျိန်းသေပေါက် ကူညီပေးမယ်”
“အဲဒါကအခြေအနေလေးတချို့ပါပဲ”
ရွှယ်ကျန်းရှန့်ဝူက သူ့ခေါင်းကိုခါရမ်းပြီးပြောလိုက်သည်။
အင်မော်တယ်သူတော်စင်လန်မင်က ရယ်မောလိုက်သည်။
“အသေးအဖွဲကိစ္စဆိုရင် ဘာဖြစ်လို့မပြောနိုင်ရတာလဲ”
ဤကိစ္စက အင်မော်တယ်သိုင်းသူတော်စင်အတွက် အလွန်ရှက်စရာကိစ္စပင်ဖြစ်သည်။
သို့သော် သူနှင့်အင်မော်တယ်သိုင်းသူတော်စင်လန်မင်တို့သည် သွေးသောက်ညီကိုများဖြစ်ကြလေသည်။
ခေတ္တခဏမျှ တုန့်ဆိုင်းသွားပြီးနောက် သူက အင်မော်တယ်သူတော်စင်လန်မင်ကို ထိုအကြောင်းအရာကို ရှင်းပြလိုက်သည်။
အင်မော်တယ်သူတော်စင်လန်မင်သည် ထိုအကြောင်းကိုသိသွားသောအခါ အံအားသင့်သွားသည်။
“အောက်ဘုံမှာ ဒီလိုမျိုးဘဝင်မြင့်တဲ့သူ ရှိသေးတာလား။ အဲဒီလိုလူမျိုးက ကျုပ်တို့ရှေ့မှောက်မှာ ပုရွက်ဆိတ်သာသာဖြစ်ပေမဲ့ အောက်ဘုံမှာတော့ အဲဒီပုရွက်ဆိတ်တွေကို ဘာမှလုပ်လို့မရပါလား”
ရွှယ်ကျန်းရှန့်ဝူက သူ့ကိုယ်သူလှောင်ရယ်လိုက်သည်။
အင်မော်တယ်သူတော်စင်လန်မင်က ပြုံးလိုက်ပြီး သူ့လက်ဖြင့် အင်မော်တယ်သူတော်စင်ရှန့်ဝူ၏ပုခုံးကို ဖက်လိုက်သည်။
“အစ်ကိုရှန့်ဝူ အဲလူက တကယ်ရဲရင့်တာပဲ၊ သူက အစ်ကိုရဲ့အင်မော်တယ်ရတနာကို လုယူရုံသာမကဘူး အစ်ကိုရဲ့လက်အောက်ငယ်သားတွေပါ သတ်ဖြတ်ပစ်ခဲ့တယ်။ အဲ့လူကို သတ်ဖို့ ကျုပ်ကူညီမယ်”
“မင်းကလား”
အင်မော်တယ်သူတော်စင်ရှန့်ဝူက အံ့အားသင့်သွားသည်။
အင်မော်တယ်သူတော်စင်လန်မင်က ဂုဏ်ယူစွာကြည့်လိုက်သည်။
“အောက်ဘုံမှာ ကျုပ်အမိန့်ပေးလို့ရတဲ့ သင့်တော်တဲ့လူတစ်ယောက် ကျုပ်လက်အောက်မှာရှိတယ်။ သူကလည်း အင်မော်တယ်တစ်ဝက်အဆင့်ပဲ။ ဒါကြောင့် အဲလူကိုသတ်ဖြတ်ဖို့က လုံးဝကိုပြီးပြည့်စုံတယ်။”
အင်မော်တယ်သူတော်စင် ရှန့်ဝူလည်း အံအားသင့်သွားပြီး
“ညီကိုလန်မင်မှာ ဒီလိုမျိုးအင်မော်တယ်တစ်ဝက်အဆင့်တစ်ယောက်ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး”
“ဒီကိစ္စကို ကျုပ်အတွက်သာထားလိုက်တော့။ အစ်ကိုရှန့်ဝူ အစ်ကိုစိတ်ချလက်ချသာနေလိုက်တော့။ သုံးရက်အတွင်း ဒီကောင်ရဲ့ခေါင်းနဲ့ အင်မော်တယ်ဓားကိုယူပြီး အစ်ကိုရှန့်ဝူဆီကို ယူလာပေးမယ် ”
အင်မော်တယ်သူတော်စင်ရှန့်ဝူက ပြုံးလိုက်ပြီး
“ဒါဆိုရင် ဒီကိစ္စတော့ ညီကိုလန်မင်ကိုပဲ ကျေးဇူးတင်ရတော့မယ်”
အင်မော်တယ်သူတော်စင်လန်မင်က ရယ်မောလိုက်သည်။
“အစ်ကိုရှန့်ဝူ ခင်ဗျားနဲ့ကျုပ်က ညီအစ်ကိုတွေပဲလေ။ ဒီလောက်အသေးစိတ်လေးကို ဘာလို့ဂရုစိုက်နေရတာလဲ။ တစ်ယောက်နဲ့တစ်ယောက်မတွေ့တာနှစ်အတော်ကြာနေပြီ ဒီနေ့တော့ ဝိုင်သောက်ပြီးအနားယူလိုက်ကြတာပေါ့”
ထိုအခိုက်တွင် ပွဲတွင်း၌ဆူညံတက်ကြွသော စကားသံများက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ အင်မော်တယ်များအားလုံး စကားသံများရပ်သွားကာ သူတို့၏အကြည့်များက အခမ်းအနားတွင်ပေါ် လာသော နတ်ဘုရားမပုံရိပ်တစ်ခုကို အာရုံစိုက်နေခဲ့သည်။
ထိုအမျိုးသမီး၏ မျက်လုံးမှာအရောင်တောက်နေပြီး၊ ဖြူဝင်းနေသော သွားများနှင့် သွယ်လျသောလည်တိုင်၊ ရေထဲမှပွင့်လန်းလာသော ခေါင်းရမ်းပန်းလေးကဲ့သို့ ကြွကြွယွယွလှပနေတော့သည်။
ပွဲတွင်းရှိ သူမ၏ပုံရိပ်ပေါ်လာသည်နှင့်အမျှ အင်မော်တယ်များ၏ မျက်လုံးပေါင်းများစွာက သူမကို အာရုံစိုက်ထားကြသည်။
ထိုထဲတွင် ရှန့်ဝူအင်မော်တယ်သူတော်စင်နှင့် လန်မင်အင်မော်တယ်သူတော်စင်တို့လည်းပါဝင်သည်။
သူတို့သည် ထိုအမျိုးသမီးကိုမြင်လိုက်ရပြီး သူမသည် အဖြူရောင် ကျောက်စိမ်းနတ်သမီးဝတ်စုံကိုဝတ်ဆင်ထားပြီး ရေခဲနှင့် ကျောက်စိမ်းအရိုးများကိုတန်ဆာဆင် ဝတ်ဆင်ထားခဲ့သည်။
သူမ၏အလှသည် မတည်ရှိသော အိပ်မက်ထဲမှ အလှနတ်ဘုရားတစ်ပါးကဲ့သို့ လူတိုင်းကို ခံစားရစေသည်။
လန်မင်အင်မော်တယ်က ဝိုင်ခွက်ကိုသောက်ပြီး ရီဝေဝေမျက်လုံးများဖြင့်
“ကျုံးထျန်းတိရဲ့ စိတ်ဝိညာဉ်အာရုံ။ ပြိုင်ဘက်ကင်းတဲ့အရှက်တရား၊ အေးစက်ပြီးလှပတဲ့ခန္ဓာကိုယ်နဲ့ ကျောက် စိမ်းကဲ့သို့အရိုးတွေ၊ သူမက တကယ့်ကိုပြီးပြည့်စုံတာပဲ”
“သူမက ရှန့်ဝူနတ်ဘုရားနယ်ပယ်မှာ တကယ်အလှဆုံးပဲ။ သူမလည်း ဒီနေ့ပွဲကို တက်ရောက်လိမ့်မယ်လို့ ငါမျှော်လင့်ထားဘူး။ တွေ့ရတာ တကယ်ကံကောင်းတာပဲ”
အင်မော်တယ်သူတော်စင်ရှန့်ဝူကလည်း သူမကိုကြည့်ပြီး တီတိုးရေရွတ်လိုက်သည်။
“ကျန်းယုချန်...ကျန်းမိသားစုရဲ့မာနကြီးတဲ့သမီးတော်။ သူမက တကယ်ပဲ ကောလဟာလတွေအတိုင်း ပြီးပြည့်စုံတဲ့မိန်းမလှပဲ။ သူမကိုလူတိုင်းက နတ်သမီးယုချန်လို့ခေါကြတယ်”
အကြည်များအောက်တွင် ကျန်းယုချန်၏ခန္ဓာကိုယ်သည် အင်မော်တယ်မွေးရနံ့များဖြင့် ပျံ့နှံ့နေပြီး လူများကိုအရူးအမူးစွဲလန်းသွားစေခဲ့သည်။
သူမသည် လှပသော ကောက်ကြောင်းများဖြင့် ခြေလှမ်းကျဲကျဲလျောက်ကာ ရှန်းဝူပွဲတော်၏ နောက်ဆုံးဆီသို့ဦးတည်သွားခဲ့သည်။
လူတိုင်းက သိချင်ကြသည်။
*သူမကတစ်စုံတစ်ယောက်ကို ရှာဖွေဖို့ရောက်လာတာလား*
ထျန်းယွင်အင်မော်တယ်ဘုရင်ကလည်း ကျန်းယုချန်ကို မြင်သောအခါ တစ်ကိုယ်လုံး ယစ်မူးစွဲလန်းသွားခဲ့သည်။
ထိုအခိုက်တွင် ထျန်းယွင်အင်မော်တယ်ဘုရင်သည် ကျန်းယုချန်မှ သူ့ဆီကိုလမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းပင် ထျန်းယွင်အင်မော်တယ်ဘုရင်မှ ထိတ်လန့်သွားပြီး သူ၏နှလုံးသားမှာလည်း ဗြောင်းဆန်အောင် ခုန်ပေါက်သွားတော့သည်။
*တကယ်ပဲလား... ကျန်းယုချန်က ငါ့ဆီလာတာဖြစ်နိုင်လား*
ထိုသို့တွေးပြီး ထျန်းယွင်အင်မော်တယ်ဘုရင်က သူ့မျက်နှာကိုမထိပဲ မနေနိုင်တော့ပေ။
*ငါက သူမကိုစွဲဆောင်နိုင်တဲ့အထိ အရမ်းချောမောတာဖြစ်နိုင်လား*
မကြာမီပင် နတ်ဘုရားမယုချန်သည် အင်မော်တယ်ဘုရင်ထျန်းယွင်ဆီသို့လျှောက်သွားပြီး သူမ၏အသံက တစ်နေ့တာလုံးအတွက် နူးညံ့သိမ်မွေ့ပြီး လှပနေတော့သည်။
“ရှင်က ထျန်းယွင်အင်မော်တယ်ဘုရင်လား ”
ထျန်းယွင်အင်မော်တယ်ဘုရင်လည်း ရှော့ရသွားခဲ့သည်။
*လုံးဝမဖြစ်နိုင်ဘူး။ ဒါကအိပ်မက် မက်နေတာမဟုတ်လား။ နတ်သမီးယုချန်က ငါ့ဆီကိုရောက်လာ တာလား*
“ဟုတ်တယ် အဲဒါကျုပ်ပဲ၊ နတ်သမီးယုချန်က ကျုပ်ကိုဘာလို့ရှာတာလဲမသိဘူး”
အင်မော်တယ်ဘုရင်ထျန်းယွင်က သူမအား စိတ်ကျေနပ်စေရန် ကမန်းကတန်းပြုံးပြလိုက်သည်။
ရှန်းဝူအင်မော်တယ်ဘုံ၌ ပထမဆုံးထိပ်တန်းအလှတရားလေးနှင့် နီးစပ်ခွင့်ရသည်မှာ အလွန်ဂုဏ်ယူမိပေသည်။
“ရှင့်လက်ထဲမှာ အင်မော်တယ်မှန်တစ်ခုရှိတယ်လို့ ကြားမိတယ်။ လောဝမ်ရှန့်ကိုမြင်နိုင်တဲ့ စန္ဒကူးအင်မော်တယ်ကြေးမုံရှိတယ်လို့ကြားတယ်။ ဟုတ်လား”
ထျန်းယွင်အင်မော်တယ်ဘုရင်၏ နှုတ်ခမ်းထောင့်မှာတုန်လှုပ်သွားပြီး ထိုအရာကိုပြန်တွေးမိသောအခါ အင်မော်တယ်သိုင်းသူတော်စင်ကို စိတ်ထဲမှ လိပ်ဘုရင်၊ ယုတ်မာတဲ့လိပ်ဟု ကြိမ်းမောင်းလိုက်မိတော့သည်။
ရွှန့်ဝူအင်မော်တယ်သူတော်စင်သည် အောက်ဘုံမှ လူများကိုရှာဖွေရန် ကူညီပေးသည့်အတွက် စန္ဒကူးအင်မော်တယ်ကြေးမုံမှာ ပျက်စီးသွားခဲ့ရသည်။
ယခု နတ်ဘုရားမယုချန်သည် စန္ဒကူးအင်မော်တယ်ကြေးမုံအတွက် ဤနေရာမှရှိနေပုံရသည်။
အလှလေးကမေးသောအခါ ထျန်းယွင်အင်မော်တယ်ဘုရင်က လျစ်လျူမရှုဝံ့ပဲ ခေါင်းညိတ်လိုက်သည်။
“နတ်သမီးယုချန်းပြောတာမှန်တယ်။ စန္ဒကူးအင်မော်တယ်ကြေးမုံက ကျုပ်လက်ထဲမှာရှိတယ်။ ဒါပေမဲ့ နတ်သမီးယုချန်က ဘာအတွက်သုံးချင်လည်းဆိုတာ ကျွန်တော်သိချင်မိတယ်။”
“နတ်ဘုရားသစ်ပင်ကိုရှာဖို့ပဲ”