အခန်း ၆၆
Vol. 6 Ch. 66
အခန်း (၆၆) နည်းစနစ်များသင်ကြားပေးခြင်း၊ တူကူးဓားကိုးလက်
အရှေ့အရပ်၌ နေထွက်လာခဲ့သည်။ ဗောဓိပင်၌ပန်းများပွင့်လန်းနေပြီး ကျူးယန်အင်မော်တယ်သစ်ပင်ပေါ်မှ အသီးအနှံများကလည်း ရင့်ကျက်မှုအရိပ်အမြွက်များပြသပြီး နတ်ဘုရားအလင်းရောင်များ ဖျာထွက်နေသည်။
ဥယျာဉ်တစ်ခုလုံး ပန်းရနံ့များဖြင့် ပြည့်နှံ့နေသည်။
ဤနေရာသည် အင်မော်တယ်များမရှိသော်လည်း ၎င်းသည် ကျူးရှို့တိုက်ကြီးတစ်ခုလုံးရှိ ကမ္ဘာပေါ်တွင်အထူးခြားဆုံး နတ်ဘုရားနယ်မြေတစ်ခုဖြစ်သည်။
လင်းပေါင်အာသည် ကျူးယန်အင်မော်တယ် သစ်ပင်အောက်တွင်ရှိပြီး အင်မော်တယ်သစ်သီးများကို ကြည့်ကာ သူမ၏နှုတ်ခမ်းတောင့်မှာ သွားရည်များစီးကျလာခဲ့သည်။
“ဆရာ ဒီကျူးယန်အင်မော်တယ်သစ်သီးက ဘယ်လောက်ကြာမှ ရင့်မှည့်လာမယ်ထင်လဲ”
ချမ်ချန်ကန်းက သန်းလိုက်သည်။ သူ၏မျက်လုံးအောက်မှ အမည်းစက်နှစ်စက်ဖြင့် နိုးလာခဲ့သည်။
သူသည် ညကလည်း လင်းပေါင်အာအတွက် သင့်လျောသော ကိုယ်ခံပညာရှာဖွေနေရသဖြင့် တညလုံး ကောင်းကောင်းမအိပ်ခဲ့ရပေ။
သို့သော် သူ၏ကြိုးစားအားထုတ်မှုမှာ အောင်မြင်ခဲ့သည်။
သူသည်ဘလင်းပေါင်အာအတွက် အလွန်အားကောင်းသော ကိုယ်ခံပညာကို ရှာတွေ့ခဲ့သည်။
ဤသည်မှာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုကို စိတ်ဝင်စားသူအဖြစ် သူ၏ယခင်ဘဝက အိုတာခုဖြစ်ခဲ့ကြောင်းလည်းဖြစ်သည်။
သူသည် ကော်ကျင့်၊ ဝမ်လင်းနှင့် ပိုင်အိုချတို့၏ လက်ယာများနှင့်ရင်းနှီးခဲ့ပြီး သူ၏ယခင်ဘဝ၌ အကြောင်းအရာတော်တော်များများကို သိခဲ့ရသည်။
ထို့ပါယဲ့ကို ကယ်တင်ရန်အတွက် သူသင်ပေးခဲ့သော အမည်မဲ့နိဗ္ဗာနသုတ္တန်လိုပင် သူသည် အင်တာနက်၌ တစ်နေ့တစ်နေ့သိုင်းကျမ်းများစွာကို ရှာဖွေဖတ်ရှုခဲ့သည်။
အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်၏ ကောင်းချီးကြောင့် အမည်မဲ့နိဗ္ဗာနသုတ္တန်မှာ အမှန်တကယ်ပဲ အသုံးဝင်ခဲ့သည်ဟု သူမမျှော်လင့်ခဲ့ပေ။
ထို့ကြောင့် ချမ်ချန်ကန်းသည် လင်းပေါင်အာအား သူသင်ပေးမည့် ကိုယ်ခံပညာမှာလည်း အလွန် အသုံးဝင်မည်ဟု ယုံကြည်ပေသည်။
သူမသိသောအရာမှာ ဤထူးခြားသော ကိုယ်ခံပညာစွမ်းရည်ကို သင်ပေးခြင်းက ဤကျူးရှို့တိုက်ကြီးတွင်အစွမ်းထက်သလားဆိုတာပင်။
ချမ်ချန်ကန်းသည် ဘုရားကျောင်းထဲမှ ထွက်လာပြီး ခြံဝန်းထဲရှိ သစ်သားကုလားထိုင်ပေါ်တွင် လှဲနေပြန်သည်။
“ပေါင်အာ ဒီအင်မော်တယ်အသီးတွေပဲ ကြည့်မနေနဲ့။ ရင့်မှည့်ဖို့အချိန်တော်တော်ကြာဦးမှာ”
သူမှမျက်နှာပေါ်တွင် ချိုမြိန်သောအပြုံးတစ်ခုဖြင့် လင်းပေါင်အာက ချမ်ချန်ကန်း၏ဘေးသို့ ပြေးသွားခဲ့သည်။
“ဆရာ ညက အလုပ်ကြိုးကြိုးစားစားလုပ်ခဲ့တာပဲ။ တပည့်ဆရာ့ပုခုံးကို နှိပ်ပေးမယ်နော် ”
သူမသည်ပြောပြီးနောက် သွယ်လျသောလက်ကလေးဖြင့် ချမ်ချန်ကန်း၏ပုခုံးပေါ်တွင်တင်ကာ သူ့ပုခုံးအား ညှင်သာစွာ နှိပ်ပေးလေသည်။
“မဆိုးဘူး မဆိုးဘူး ”
ချမ်ချန်ကန်းက ကျေနပ်စွာပြုံးလိုက်သည်။
“ပေါင်အာ့အတွက် ဓားသိုင်းကိုတော့ ရွေးချယ်ပြီးပြီး။ မင်းအတွက်ထူးခြားတဲ့ ဓားသိုင်းတစ်ခု ဆရာ ရွေးချယ်ထားတယ်။ ဒါပေမဲ့ အဲဒါကိုလေ့ကျင့်ပြီးရင် ဘယ်လိုအကျိုးသက်ရောက်မလည်းဆိုတာတော့ ဆရာမသိဘူး”
လင်းပေါင်အာ၏ မျက်လုံးများမှာ တောက်ပလာပြီး သူမမှာ ၎င်းကိုစောင့်မျှော်နေပေသည်။
ချမ်ချန်ကန်း၏အမူအရာက ရုတ်တရက် ပြင်းထန်လာပြီး သစ်သားကုလားထိုင်ပေါ်မှ မက်တပ်ထရပ်လိုက်သည်။
“ဒီသိုင်းပညာက ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်မှုတစ်ခုလို့ပြောလို့ရတယ်။ အဲဒါကို တူကူးဓားကိုးလက်လို့ခေါ်တယ်။ မင်းကဓားတွေကိုကြိုက်တဲ့အတွက် ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်မှုကို ဆရာသင်ပေးမယ်”
“တူကူးဓားကိုးလက်ဟုတ်လား”
လင်းပေါင်အာ၏မျက်လုံးမှာ ပြူးကျယ်သွားသည်။
ချမ်ချန်ကန်းက သူ့လက်ကို နောက်ကျောသို့တင်လိုက်ပြီး အနက်ရောင်စွမ်းအားများက အရှေ့မှ ထွက်ပေါ်လာကာ သူ့အပေါ်သို့ ကျဆင်းလာခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး အပူချိန်များထုတ်လွင့်လာသည်။
“တူကူးဓားကိုးလက်ကို ကိုင်ဒိုသူတော်စင်က ဖန်ဆင်းထားတာပဲ။ သူ့အား နတ်ဆိုးဓားလို့လည်း လူသိများတယ်”
“ထူးခြားတဲ့စွမ်းရည်နဲ့သူက နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့ပြီးတော့ သူရဲကောင်းတွေကိုလည်း အနိုင်ယူနိုင် ခဲ့တယ်”
“အင်မော်တယ်တွေကြားမှာတောင်မှ ကောင်းကင်ဘုံကိုးခုနဲ့ ဆယ်ပြည်တောင်မှာတောင် သူ့ရဲ့ပြိုင်ဘက်ကရှာတွေဖို့ခဲ့ရင်းတယ်။ အဲဒီကိုင်ဒိုသိုင်းပညာကို ဆရာသင်ပေးမယ်”
လင်းပေါင်အာက နားထောင်ပြီး အံ့ဩမဆုံးဖြစ်သွားခဲ့သည်။
“ဆရာတပည့် ဒီဓားသိုင်းကို ကောင်းကောင်းလေ့ကျင့်ပါ့မယ်။ သူတော်စင်ကြီးနဲ့ ဆရာ့ရဲ့ဂုဏ်သတင်း ကို မဆုံးရှုံးစေရပါဘူး”
“ကောင်းပြီနားထောင် ဒီတူကူးဓားကိုးလက်ကို မင်းရဲ့စိတ်ထဲမှာကောင်းကောင်းမှတ်ထား။ဘယ်တော့မှမမေ့စေနဲ့”
“ကွေ့မိန်က ဝူဟွမ်ဖြစ်တယ်။ ဝူဟွမ်က လူသားတွေနဲ့ဆင်တူတယ်။ လူသားတွေက ပိုပိုပြီးအစွမ်းထက်လာခဲ့တယ်။ကျားက ခကိုပြောင်းလဲသွားတယ်။ ခကနေ ကကိုပြောင်းလဲသွားတယ်
ကနေ ကွေ့ကိုပြောင်းလဲသွားတယ်
ကျီချုံး၊ …. ချန်စစ်၊ …. ဝူဝေ့၊ … ဖုန်းလဲ့၊ ….ကလည်းပြောင်းလဲသွားတယ် …….”
(ဓားသိုင်းတဲ့ လိုက်မကျင့်ကြနဲ့ဦး )
ချမ်ချန်ကန်းက စာပိုဒ်ကို ရှင်းပြလိုက်သည်။
ထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ဖေးရှန့်တောင်တစ်ခုလုံး ရုတ်တရက် မှိန်ဖျော့သွားတော့သည်။
“ချလွမ်..”
လင်းပေါင်အာ၏ လက်ထဲတွင်ရှိသော အင်မော်တယ်ဓားသည် ချက်ချင်းပင်ထွက်လာပြီး အရောင်ကိုးရောင် တောက်ပနေတော့သည်။
ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး ဓားအလင်းတန်းများဖုံးလွှမ်းနေပြီး အဆုံးမရှိချေ။ လင်းပေါင်အာသည် သူမရေှ့ရှိ ကောင်းကင်နှင့်မြေကြီး၏ မြင်ကွင်းကိုမြင်လိုက်ရသောအခါ တုန်လှုပ်သွားခဲ့သည်။
မမျော်လင့်ပဲ သူမဆရာသည် သူမကိုဓားပညာသင်ကြားပေးခဲ့ပြီး ကောင်းကင်နဲ့မြေကြီး၏ အံ့ဖွယ်ရူပါရုံကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။
ချမ်ချန်ကန်းသည် သူ၏မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး ကောင်းကင်နဲ့မြေကြီးကို စိုက်ကြည့် နေသည်။
သို့ပေမဲ့ သူ၏ပါးစပ်မှစကားများမှ ရပ်တန့်မသွားပေ။ ဓားသိုင်း၏အခြေအနေကို ပြောပြီးနောက် ချမ်ချန်ကန်းက တူကူးဓားကိုးလက်၏ ဓားသိုင်းကွက်များကို ကစားပြလိုက်သည်။
အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်အောက်တွင် ကိုင်ဒို၏ဓားသိုင်းကွက်များသည် အဆုံးမဲ့ ဓားအလင်းများထုတ်လွင့်နေပြီး လူသားပုံသဏ္ဍာန်ဓားအရိပ်များဖြင့် ပြောင်းလဲသွားခဲ့သည်။
ထိုလူသားပုံသဏ္ဍာန်ဓားအရိပ်သည် အင်မော်တယ်ဓားကိုကိုင်ဆောင်ထားပြီး တူကူးဓားကိုးလက်၏ အမျိုးမျိုးသောပြောင်းလဲမှုများကိုပြသနေသည်။
အင်မော်တယ်လမ်းစဉ်၏ လှပမှုဖြင့် ထာဝရတည်တံ့နေတော့သည်။
တူကူးဓားကိုးလက်၏ ဆန်းကြယ်သောအဓိပ္ပါယ်ကို လင်းပေါင်အာလည်း ရုတ်တရက်ဖမ်းမိသွားပြီး ရုန်းမထွက်နိုင်တော့ပေ။
ချမ်ချန်ကန်းလည်း ပြီးဆုံးသွားခဲ့သည်။
သူက သက်ပြင်းတစ်ချက်ချလိုက်သည်။
“အင်မော်တယ်တာအိုရဲ့ အစစ်အမှန်လုပ်ဆောင်ချက်ကနေတစ်ဆင့် ငါ့ရဲ့ယခင်ဘဝက တူကူးဓားကိုးလက်အကြောင်းတော့ သိသမျှပြောပြလိုက်ပြီ။ ဒါကလည်းညအခုလက်ရှိ ငါလုပ်နိုင်တဲ့အရာပဲ။ ပေါင်အာဘယ်လောက်နားလည်မလဲ တူကူးဓားကိုးလက်ကို တကယ်နားလည်မလားဆိုတာကတော့ သူမအပေါ်မှာပဲမူတည်တယ်”
ချမ်ချန်ကန်းက လင်းပေါင်အာကို မနှောက်ယှက်ခဲ့ပေ။ ကုလားထိုင်ဆီသို့ ပြန်သွားပြီး အရာအားလုံးကို ကြည့်နေလိုက်သည်။ နောက်ဆုံးတွင်တူကူးဓားကိုးလက်ကို အသုံးပြုသည့် လူသားပုံသဏ္ဍာန်ဓားအရိပ်က ပျောက်ကွယ်သွားခဲ့ပြီး ထိုတူကူးဓားကိုးလက်၏တိုက်ကွက်အားလုံးမှာ အပြည့်အဝပြခဲ့ ပြီဖြစ်သည်။
“ပေါင်အာ မင်းဘယ်လိုနားလည်လိုက်လဲ”
ထိုမှပင် ချမ်ချန်ကန်းက စကားစ၍မေးလိုက်သည်။
“