အခန်း ၆၈
Vol. 6 Ch. 68
အခန်း (၆၈) ရှဲကျီနယ့်၏သတင်း၊ ရှန်းထုံမိသားစု
“အင်မော်တယ်တစ်ဝက်နယ်ပယ်ဟုတ်လား”
ချမ်ချန်ကန်း၏ မျက်လုံးကကျဉ်းမြောင်းသွားသည်။
ဟင်းလင်းပြင်သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားခြင်းက အင်မော်တယ်တစ်ဝက်နယ်ပယ်ဟု ခေါ်ပေသည်။
ဟင်းလင်းပြင်သန့်စင်ခြင်းနယ်ပယ်မှ အင်မော်တယ်အဖြစ်သို့ ကူးပြောင်းသွားခြင်းသည် အင်မော်တယ် တစ်ပါး၏ ကြီးကျယ်ခမ်းနားမှုကို မြင်ယောင်ပြီးဆုပ်ကိုင်နိုင်ခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့သောပုဂ္ဂိုလ်များသည် အင်မော်တယ်အစစ် မဟုတ်သော်လည်း အင်မော်တယ်တစ်ဝက်ဟု ခေါ်ဆိုကြပေသည်။
ဟင်းလင်းပြင်သန့်စင်ခြင်းနယ်ပယ်၌ အလွှာကိုးခုရှိပြီး တစ်ခုချင်းစီတိုင်းက ကောင်းကင်နှင့်မြေကြီး၏ အကန့်အသတ်မဲ့သော ဟင်းလင်းပြင်စွမ်းအားများဖြင့် ဝန်းရံထားပြီး ရုပ်ခန္ဓာသည် အထက်ဘုံကို မတက်နိုင်သော်လည်း အင်မော်တယ်စွမ်းအားများကို ခံနိုင်ရည်ရှိနေပေသည်။
ထို့ပါယဲ့၏ကျင့်ကြံမှုသည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ဖြစ်သော်လည်း မမျှော်လင့်ပဲ သူ၏ ယခုတိုက်ခိုက်ရေးစွမ်းအားသည် အင်မော်တယ်တစ်ဝက်နယ်ပယ်သို့ တက်လှမ်းလာပြီး အင်မော်တယ်တစ်ပါးဖြစ်လာခဲ့သည်။
“အရမ်းကောင်းတယ်။ အနည်းဆုံးတော့ သူ့ရဲ့ခွန်အားကို အကြမ်းဖျင်း နားလည်သွားတာပေါ့”
ချမ်ချန်ကန်းက ထို့ပါယဲ့မည်မျှသန်မာသည်ကို ဂရုမစိုက်ပဲ ခေါင်းရမ်းလိုက်သည်။
အနည်းဆုံးတော့ လက်ရှိတစ္ဆေတိုင်းပြည်တွင် ထို့ပါယဲ့အား ပြဿနာရှာဝံ့သူမရှိတော့ပေ။ ထို့ပါယဲ့က ခေါင်းညိတ်ပြီး၊ ပြောလိုက်သည်။
“သခင်ပြောတာမှန်ပါတယ် ”
ထို့ပါယဲ့၊ ဟုန်ရီနှင့် အမြီးလေးတို့ ပြန်လာပြီးနောက် အင်မော်တယ်ဘုရားကျောင်းက ပြန်လည်အသက်ဝင်လာခဲ့သည်။
ဟုန်ရီမှ ချမ်ချန်ကန်းကို အစေခံနေသဖြင့် ပေါင်အာက သူမအလုပ်ကိုအနားယူပြီး ကျင့်ကြံနေပေသည်။
အမြီးလေးကမူ ရှေးမြေခွေးမျိုးနွယ်စု၏ နတ်ဆိုးနည်းစနစ်များကို ကျင့်ကြံထားသောကြောင့် အသိအမြင်တချို့ရရှိခဲ့သည်။
သူမသည် သူမ၏ကိုယ်ပိုင်နတ်ဆိုးနည်းစနစ်ကို နားလည်သဘောပေါက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်သွားခဲ့သည်။
ထို့ပါယဲ့အတွက်မူ သူ့၌အလုပ်နှစ်ခုရှိပေသည်။
တစ်ခုက အင်မော်တယ်ဘုရားကျောင်းအတွက် နေ့တိုင်းအစားအသောက်ပြင်ဆင်ရန် အမဲလိုက်ဖို့ဖြစ်ပြီး တခြားတာဝန်မှာ လင်းပေါင်အာနှင့်အတူ တူကူးဓားကိုးလက်ကို ကျင့်ကြံရန်ဖြစ်သည်။
ထို့ပါယဲ့၏ အင်မော်တယ်ခန္ဓာကိုယ်နှင့် ကြီးမားသောခွန်အားကြောင့် သူသည်လင်းပေါင်အာအတွက် သင့်လျော်သော လေ့ကျင့်ဖော်ဖြစ်လာခဲ့သည်။
လေ့ကျင့်နေစဉ်အတွင်း ထို့ပါယဲ့သည် လင်းပေါင်အာပြသသည့် တူကူးဓားကိုးလက်ကြောင့် ထိတ်လန့်သွားခဲ့ရသည်။
လင်းပေါင်အာ၏ ကျင့်ကြံမှုသည် ရွှေဗဟိုချက်နယ်ပယ်တွင်ရှိသော်လည်း သူမသည် တူကူးဓားကိုး လက်ကိုအသုံးပြုသောအခါ သူမ၏ဓားနည်းစနစ်က အလွန်နက်နဲပြီး စွမ်းအားမှာ အံ့မခန်းပင်ဖြစ်သည်။
သို့သော် ထိုအချင်းအရာက သူ့အားမည်သည့်ဒဏ်ရာမှမဖြစ်စေခဲ့ပေ။ အကြောင်းမှာ သူ၏ခန္ဓာကိုယ်သည်အင်မော်တယ်ခန္ဓာကိုယ်ဖြစ်သွားသောကြောင့်ဖြစ်သည်။
စွမ်းအားသည်လည်း ဟင်းလင်းပြင်သန့်စင်ခြင်းအင်မော်တယ်တစ်ဝက်နယ်ပယ်နှင့် နှိုင်းယှဉ်နိုင်ပေသည်။
သူ့ကိုယ်သူ ယုံကြည်မှုရှိပေသည်။ အကယ်၍ သူ့တွင် ယခင်ကကဲ့သို့ အခြေတည်စိတ်ဝိညာဉ်ခွန်အားရှိပါက လင်းပေါင်အာ၏ ထက်ရှသော ကြောက်မက်ဖွယ်ရာ ဓားနည်းနစ်နှင့် ရင်ဆိုင်ရသောအခါ သူလုံး ဝခုခံနိုင်မည်မဟုတ်ပေ။
ဤဓားနည်းစနစ်နှင့်ပတ်သက်၍ ထို့ပါယဲ့သည် သူ့စိတ်ထဲမှာ သဘာဝအတိုင်း အလွန်အံအားသင့်နေမိသည်။
လင်းပေါင်အာ၏ အဆုံးစွန်သောဓားနည်းစနစ်ကို သခင်မှသေချာပေါက်သင်ကြားပေးခဲ့သည်ဟု သူခံစားမိပေသည်။
သခင်ဖြစ်သူအား ထို့ပါယဲ့သည် နှလုံးသားထဲမှ ကိုးကွယ်ရာမှလွဲ၍ တခြားဘာမှမရှိတော့ပေ။ ဤကဲ့သို့ ဖြင့်အချိန်များ တစ်နေ့ထက်တစ်နေ့ ကုန်ဆုံးသွားခဲ့သည်။
အင်မော်တယ်ဘုရားကျောင်းကို ဝန်းရံထားသည့် အင်မော်တယ်ဓား၏အစွမ်းကြောင့်၊ နတ်ဆိုးများ၊ နတ်ဆိုးသားရဲ များနှင့် အခြားသောတစ္ဆေသရဲများရောက်မလာခဲ့ကြပေ။
လူသားကျင့်ကြံသူများလည်း ရောက်မလာခဲ့ကြပေ။
အထက်ဘုံမှအင်မော်တယ်အရှင်ကလည်း လှုပ်ရှားခြင်းမရှိပေ။
အင်မော်တယ်တောင်တန်းသည် အမှန်တကယ်ပင် သုခဘုံဖြစ်ပြီး ငြိမ်းချမ်းပြီး လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာမြေပေါ်ရှိ အင်မော်တယ်နယ်မြေကြီးတစ်ခုနှင့် တူနေတော့သည်။
အင်မော်တယ်ဘုရားကျောင်း၏ တောင်ထိပ်၌ နေဝင်ဆည်းဆာက တောက်ပနေသည်။
ချမ်ချန်ကန်း၏အဖြူရောင်ဝတ်ရုံမှ လေထုထဲတွင် ပျံ့နှံ့နေပြီး အနက်ရောင်ဆံပင်များက လေထဲတွင် ကခုန်နေကာ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
*အထက်ဘုံက ဘာလို့လှုပ်ရှားမှုမရှိသေးတာလဲ။ အင်မော်တယ်တွေ ဆင်းမလာသေးဘူးလားမသိဘူး*
ယခုအခါတွင် သူ၏ပြိုင်ဘက်ကင်းနယ်မြေသည် မီတာနှစ်ထောင်ကျော်ကျယ်ပြန့်နှံ့လာခဲ့ပြီဖြစ်သည်။ ဖေးရှန့်တောင်တစ်ခုလုံး၏ သုံးပုံတစ်ပုံကိုဖုံးလွှမ်းထားပေသည်။
သို့ပေမဲ့ ဤသည်ကား မလုံလောက်သေးပေ။ နယ်မြေတန်ဖိုး ပို၍လိုအပ်ပေသည်။
အင်မော်တယ်အရှင်သာ အင်မော်တယ်မျာကို အောက်ဘုံသို့စေလွှတ်ပါက ထိုအင်မော်တယ်များကို သတ်ဖြတ်ခြင်းဖြင့် သူ့အားကြီးစွာသော ပမာဏကိုပေးစွမ်းနိုင်မည်ဟု မျှော်လင့်မိသည်။
သို့သော်လည်း ရက်အနည်းငယ်အတွင်း မည်သည့်အင်မော်တယ်တွေရဲ့ အရိပ်အယောင်ကိုမျှ မတွေ့ရ သေးပေ။
ချမ်ချန်ကန်းက သက်ပြင်းချလိုက်ပြီး
“အင်မော်တယ်တွေက ဒီလောက်သတ္တိနည်းလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ သူတို့က တကယ်ပဲ သူရဲဘောကြောင်တဲ့လိပ်တွေလိုပဲ”
ထိုအခိုက် နတ်ဆိုးအလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။
ထို့ပါယဲ့ရောက်လာပြီး အရိုအသေပေးလိုက်သည်။
“သခင့်ကိုသတင်းပို့ပါတယ်။ ရှဲကျီနယ့်က သတင်းပို့လိုက်တယ် ”
ထိုသို့ပြောပြီးနောက် ကျောက်စိမ်းစလစ်တစ်ခုကို လေးစားစွာပြလိုက်သည်။ ထိုကျောက်စိမ်းစလစ်သည် ရှဲကျီနယ့်၏ကိုယ်စား ယွမ်ကျိုးမှပေးပို့ခဲ့ခြင်းဖြစ်သည်။
ချမ်ချန်ကန်းသည် ကျောက်စိမ်းစလစ်ကို စစ်ဆေးပြီးနောက် ကျောက်စိမ်းစလစ်ထဲ၌ပါဝင်သည့် အကြောင်းအရာများကို တွေ့လိုက်ရသည်။
သူက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။
ကျောက်စိမ်းစလစ်ထဲတွင် ဤအတောအတွင်း ယွမ်ကျိုးတွင်ရှိသော ရှဲကျီနယ့်၏သတင်းဖြစ်သည်။
ပထမဆုံးအချက်မှာ သက်ရှည်ဂိုဏ်းပျက်စီးရခြင်းအကြောင်းကို မေးမြန်းထားခြင်းဖြစ်သည်။
မြွေသည် ယွမ်ကျိုးရှိ အင်မော်တယ်မျိုးရိုးသုံးစုနှင့် ဆက်သွယ်နေကြောင်းတွေ့ရှိခဲ့သည်။
သက်ရှည်ဂိုဏ်း၏ ထာဝရသက်ရှည်လိုသောခန္ဓာကိုယ်ကိုရရှိချင်၍ဖြစ်သည်။
ရှန်းထုံမိသားစုဝင်များနှင့် ပတ်သက်၍ အချို့သောမိသားစုများသည် အင်မော်တယ်များမှ ဆင်းသက်လာခြင်းဖြစ်သည်။
ထိုမိသားစုများသည် အင်မော်တယ်မျိုးရိုးဖြစ်လာပြီးနောက် သူတို့၏နောက်ဆက်တွဲ မျိုးနွယ်စုများအတွက် လေးနက်သော အခြေခံအုစ်မြစ်များကို ချန်ထားခဲ့သည့် မိသားစုများဖြစ်ကြသည်။
အင်မော်တယ်မိသားစုတစ်ခုတည်းသာလျှင် နှစ်ပေါင်းတစ်သောင်းကြာ အမွေများကို ဆက်ခံထားသည်ဟုဆိုနိုင်ပေသည်။
၎င်းတို့၏ခွန်အားသည် ယွမ်ကျိုးပြည်နယ်တွင် ၎င်းတို့အားရန်စရဲသူ နည်းပါးပေသည်။
ဒုတိအနေဖြင့် သူ၏ဆရာဖုန့်ချီယွင်အကြောင်းပင်ဖြစ်သည်။
လွန်ခဲ့တဲ့လက ဖုန့်ချီယွင်သည် ယွမ်ကျိုးပြည်နယ်တွင်ပေါ်လာခဲ့ပြီး အင်မော်တယ်မိသားစုသုံးစုကို သူကိုယ်တိုင် စိန်ခေါ်ခဲ့ကြောင်း ရှဲကျီနယ့်မှ ပြောခဲ့သည်။
အဆုံးတွင် သူသည် ကျရှုံးကာ ရှေးဟောင်းကြေးတောင်တန်းသို့ ပြေးသွားပြီး ပျောက်ဆုံးသွားခဲ့သည်။
တတိယအချက်မှာ ရှဲကျီနယ့်၏ အရည်အချင်းအရ သူသည် ရွှေစပါးအုံးမျိုးနွယ်စု၏ လက်ရှိသူတော် စင်မှ မနာလိုဖြစ်ပြီး သူ၏အသက်အန္တရာယ်ကို ခြိုမ်းခြောက်လာခဲ့သည်။
ယခုမူသူက ရွှေစပါးအုံးမျိုးနွယ်စုကို ရှောင်ရှားပြီး ဖုန့်ချီယွင်ကိုရှာဖွေရန် အတွက် ချမ်ချန်ကန်းအား စစ်ကူများစေလွှတ်နိုင်မည်ဟု မျှော်လင့်ပြီး ရှေးဟောင်းကြေးတောင်တန်းများသို့ ပြေးသွားကြောင်း တွေ့ရသည်။
ထိုသတင်းကိုကြားလိုက်ရသောအခါ ချမ်ချန်ကန်း၏နှလုံးသားမှာ အနည်းငယ်လေးလံသွားခဲ့သည်။
သူ၏အဖိုးကြီးသည် ရှေးဟောင်းကြေးတောင်တန်းသို့ သွားခဲ့ပေသည်။
ထိုနေရာသည် သဘာဝအတိုင်း တားမြစ်နယ်မြေဖြစ်ပြီး အန္တရာယ်ကသာမန်မဟုတ်ပေ။
“ယွမ်ကျိုးမှာရှိတဲ့ အင်မော်တယ်မိသားစုသုံးစုဟုတ်လား”
ချမ်ချန်ကန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်များ တောက်ပလာခဲ့သည်။
ထိုမိသားစုသုံးစုသည် သူ၏သက်ရှည်ခန္ဓာကိုယ်ကို ရယူလိုကြပေသည်။
ဤကား ချမ်ချန်ကန်းသာ သိသည့်အရာဖြစ်သည်။
အင်မော်တယ်မိသားစုကြီးများဖြစ်ကြသည့် ထျန်မိသားစု၊ စစ်မိသားစုနှင့် ကျီမိသားစုတို့သည် အင်မော်တယ်မျိုးရိုးရှိကြသည်။
သူတို့မိသားစုထဲတွင် ဟင်းလင်းပြင်သန့်စင်ခြင်းနယ်ပယ် ကောင်းကင်ဘုံအလွှာကိုးကျင့်ကြံသူ တစ်ယောက်စီရှိကြသည်။
ထို့ကြောင့် သူတို့သည် ဘိုးဘေးဘီဘင်များ ချန်ထားခဲ့သည့် အင်မော်တယ်မျိုးရိုးကို အားကိုးကာ အင်မော်တယ်ဖြစ်ရန် အလားအလာမြင့်မားပေသည်။
သို့သော် တိကျသေချာမှုတော့မရှိပေ။ ထို့ကြောင့် သူတို့က ချမ်ချန်ကန်း၏ ခန္ဓာကိုယ်ကို လိုချင်ကြခြင်းဖြစ်သည်။
ထိုအကြောင်းကို သူ၏ဆရာလူအိုကြီးကလည်း သူ့ကို ပြောပြခဲ့ဖူးသည်။
ချမ်ချန်ကန်းသည် သူ၏နှလုံးသားထဲ၌ ဟိုးရှေးရှေးကတည်းက မှန်းဆချက်တစ်ခုရှိခဲ့သည်။
အမှန်ပင် ဤအရာအားလုံးက ဤမိသားစုကြီးသုံးစုနှင့် သက်ဆိုင်ပေသည်။
ချမ်ချန်ကန်းသာ အခွင့်အရေးရှိပါက ဤမိသားစုကြီး သုံးခုစလုံးကို လွှတ်ထားမည်မဟုတ်ပေ။
ရှဲကျီနယ့်လည်း အကြပ်အတည်းနှင့် ရင်ဆိုင်နေရမည်လို့ မမျှော်လင့်ထားပေ။
ချမ်ချန်ကန်းက
“ဟုန်ရီ မင်းနဲ့ ထို့ပါယဲ့ ယွမ်ကျိုးပြည်နယ်ကိုသွားပြီး၊ ရှဲကျီနယ့်ကို သွားကူညီလိုက်ကြ။ ရွှေစပါးအုံးမျိုးနွယ်စုက သူတို့အတွက် ဘာကကောင်းမှန်း သေချာမသိရင် သူတို့ကိုသင်ခန်းစာ ပေးလိုက်။ ထို့ပါယဲ့ရဲ့ခွန်အားနဲ့ဆိုရင် ရွှေစပါးအုံးမျိုးနယ်စုက မင်းကိုဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“အမိန့်တိုင်းပါသခင်”
ထို့နောက် ဟုန်ရီက ထွက်သွားခဲ့သည်။
ဟုန်ရီထွက်သွားပြီးနောက် ချမ်ချန်ကန်းက သက်ပြင်းချလိုက်သည်။
“ဆရာဘရွှေးဟောင်းကြေးတောင်တန်းက အရမ်းအန္တရာယ်များတယ်။ မသေသေးဘူးမဟုတ်လား။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ခင်ဗျားသာသေလို့ကတော့ ထျန် .. စစ် .. ကျီ.. မိသားစုသုံးစုလုံးကို ကျုပ်သေချာပေါက် ချေမှုန်းပစ်မယ်။”