← Chapters

အခန်း ၇၀

Vol. 6 Ch. 70

အခန်း ၇၀

Vol. 6 Ch. 70

အခန်း (၇၀) လင်းပေါင်အာ တောင်ပေါ်မှ ဆင်းလာခြင်း၊ အင်မော်တယ်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ခြင်း

ကောင်းကင်ထက်ရှိ တိမ်မဲများလွင့်စင်သွားခဲ့သည်။ လင်းပေါင်အာ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နောက်ဆုံးတော့ သူမသည် အခြေတည် စိတ်ဝိညာဉ်နယ်ပယ်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီဖြစ်သည်။ တခြားတစ်ဖက်တွင် လင်းပေါင်အာတစ်ယောက် အခြေတည်စိတ်ဝိညာဉ်ကို ကျော်ဖြတ်သွားသောအခါ စနစ်၏အချက်ပေးသံက ချမ်ချန်ကန်း၏ စိတ်ထဲတွင်ပေါ်လာခဲ့သည်။

“စနစ်၏သတိပေးချက်: အိမ်ရှင်၏တပည့် လင်းပေါင်အာသည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ကို ကျော်ဖြတ်သွားခဲ့သဖြင့် အိမ်ရှင်သည် နယ်မြေတန်ဖို့ အမှတ်ငါးသောင်းကိုရရှိပါမည်”

ခေါင်းထဲ၌ ထိုအသံကိုကြားလိုက်ရ၏။

ချမ်ချန်ကန်းခမျာ လုံးဝကိုရှော့ရသွားတော့သည်။

“နယ်မြေတန်ဖိုးငါးသောင်းဟုတ်လား.... အဖေစနစ်.... အဖေစနစ် မင်းမှားများမှားနေတာလား”

သူသည် အင်မော်တယ်များကို သတ်လျင်ပင် နယ်မြေတန်ဖိုးနှစ်သောင်းသာရရှိပေသည်။ ယခု သူ၏တပည့်ဖြစ်သော လင်းပေါင်အာတစ်ယောက် အခြေတည်စိတ်ဝိညာဉ်ကို ကျော်ဖြတ်သွား သောအခါ ချမ်ချန်ကန်း လုံးဝမျှော်လင့်မထားသည့် နယ်မြေတန်ဖိုး ငါးသောင်းကို ယူဆောင်လာခဲ့ ပေသည်။

စနစ်များမှားနေသလားဟု သူတွေးလိုက်မိသည်။

စိတ်ထဲတွင် စနစ်က တုန့်ပြန်လိုက်သည်။

“စနစ်၏သတိပေးချက်: အိမ်ရှင်စိတ်ပူစရာမလိုပါဘူး၊ စနစ်ကမမှားပါဘူး”

ချမ်ချန်ကန်းမှာ အံအားသင့်သွားသည်။

“ဒါဆို အင်မော်တယ်တွေကိုသတ်တာကျ ဘာလို့နယ်မြေတန်ဖိုး နှစ်သောင်းပဲရတာလဲ။ လင်းပေါင်အာကျတော့ အခြေတည်စိတ်ဝိညာဉ်ကို ဖြတ်တာကကြတော့ နယ်မြေတန်ဖိုးငါးသောင်းတောင်ရတယ်လေ”

“စနစ်၏သတိပေးချက်: အင်မော်တယ်များသည် အထက်နယ်ပယ်မှဆင်းလာပြီး ၎င်းတို့ခွန်အားက ဖိနှိပ်ခံထားရပါတယ်။ စနစ်အတွက် ၎င်းတို့က အိမ်ရှင်အတွက် နယ်မြေတန်ဖိုး နှစ်သောင်းသာတန်ဖိုးရှိပါတယ်”

“စနစ်၏သတိပေးချက်: လင်းပေါင်အာသည် အိမ်ရှင်နဲ့ဆရာတပည့် ဆက်ဆံရေးအဖြစ်ချည်နှောင်ထားခဲ့ပြီဖြစ်ပါသည်။ စနစ်ဗားရှင်း 3.0 ကိုအဆင့်မြင့်တင်ပြီးနောက် အိမ်ရှင်၏နယ်မြေတန်ဖိုးသည် တပည့်များ၏ သေးငယ်သော အောင်မြင်မှုအလိုက် ဘောနပ်စ်တစ်ဆကို လက်ခံရရှိမည်ဖြစ်ပြီး ကြီးမားသောနယ်ပယ်များ၏ အောင်မြင်မှုအတွက်ကတော့ ဘောနပ်စ်အဆတစ်ရာကိုရရှိမှာဖြစ်ပါတယ်”

ချမ်ချန်ကန်း၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။

“သေစမ်း အစကတည်းက ဘာလို့ဒီလိုမျိုးလုပ်ဆောင်ချက်ပါနေတယ်ဆိုတာ ဘာလို့ မပြောတာလဲ”

“စနစ်၏သတိပေးချက်: အိမ်ရှင်ကမမေးဘူးလေ”

ချမ်ချန်ကန်း …..

“ပေါင်အာ ဒီရက်ပိုင်းမှာပဲ ရွှေဗဟိုချက်နယ်ပယ်ငယ်လေးတွေ ကျော်ဖြတ်သွားနိုင်တာ အံ့ဩစရာ မရှိတော့ဘူး။ ဘာကြောင့် ပုံမှန်ထက်ပိုပြီးတော့ အဆင့်ချိုးဖြတ်နေတာလဲလို့ ခံစားနေရတာ။ ဒါက စနစ်က နယ်မြေတန်ဖိုးတွေ ပိုပေးလာတာ ဒီအကြောင်းပြချက်ပေါ့”

ချမ်ချန်ကန်းက အနည်းငယ်ပြုံးလိုက်သည်။

ဤသည်က သတင်းကောင်းပင်ဖြစ်သည်။ နယ်မြေတန်ဖိုးကို ဘယ်ကရနိုင်မလဲဆိုတာ သူစိုးရိမ်နေမိသည်။

ယခု သူ၏ဖေးရှန့်တောင်တစ်ခုလုံးကို ချဲ့ထွင်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် ဖေးရှန့်တောင်ကို ချဲ့ထွင် ခြင်းက သူ၏နယ်မြေတန်ဖိုး နှစ်သိန်းကျော် သုံးစွဲလုနီးပါးဖြစ်ခဲ့သည်။

ဖေးရှန့်တောင်တစ်ခုလုံးကိုလွမ်းခြုံရန် သူသည်နယ်မြေတန်ဖိုး ငါးသိန်းခန့်လောက် လိုအပ်ပေမည်။

ယခုတွင် အင်မော်တယ်များကို သတ်ချင်း၏အကျိုးကျေးဇူးထက် တပည့်များကို စုဆောင်းခြင်း အကျိုးကျေးဇူးက ပိုမြင့်မားသည်ဟု ခံစားလာရသည်။

မူလက ချမ်ချန်ကန်းသည် တပည့်များကိုလက်ခံရန် စိတ်မဝင်စားပေ။ သို့ပေမဲ့ လင်းပေါင်အာ၏ အောင်မြင်မှုကတစ်ဆင့် ယူလာသည့်အကျိုးကျေးဇူးများကို မြင်လိုက်ရသည်။

ယခု ချမ်ချန်ကန်းသည် တပည့်များကိုလက်ခံရန် စိတ်ဝင်စားလာပြီဖြစ်သည်။ သူသည် နောက်ထပ်တပည့်အနည်းငယ်ကို လက်ခံနေသ၍ ၎င်းတို့သည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ကို ဖြတ်ကျော်ကာ ကြီးမားသောနယ်ပယ်များကိုဖြတ်ကျော်လိုက်သည်နှင့်အမျှ သူသည်အဆတစ်ရာကို ဆုရရှိမည်ဖြစ်သည်။

“ဆရာ တပည့်အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်သွားပြီ”

ထိုအခိုက် လင်းပေါင်အာ၏ စိတ်လှုပ်ရှားသံက ထွက်ပေါ်လာပြီး သူမသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ ချမ်ချန်ကန်းအား သတင်းကောင်းကို မျှဝေလိုက်သည်။

ချမ်ချန်ကန်းက ပို၍ပျော်နေပေသည်။

“ကောင်းတယ်… ကောင်းတယ် … ပေါင်အာ မင်းက ထင်ထားတာထက် ပိုမြန်မြန်အခြေတည် စိတ်ဝိညာဉ်ကို ကျော်ဖြတ်နိုင်ခဲ့တာပဲ”

လင်းပေါင်အာက တခစ်ခစ်ရယ်မောပြီး

“ဒါက တပည့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးတဲ့ ဆရာ့ရဲ့ကျေးဇူးကြောင့် မဟုတ်ဘူးလား၊ မဟုတ်ရင် တပည့်က သာမန်ကျင့်ကြံခြင်းတွေကိုတောင် ကျော်ဖြတ်လို့လွယ်မှာမဟုတ်ဘူး။”

တစ်ဖက်တွင် အမြီးလေးကလည်း လင်းပေါင်အာအတွက် အော်ဟစ်နေပေသည်။

“အမြီးလေး နင့်ရဲ့အရည်အချင်းက ငါ့ထက်မပျော့ညံ့ဘူးနော်။ သေချာပေါက်အခြေတည်စိတ်ဝိညာဉ် ကိုကျော်ဖြတ်ရမယ်”

လင်းပေါင်အာက သူမကိုစိတ်အားထက်သန်စွာ အားပေးလိုက်သည်။

ချမ်ချန်ကန်း၏ မျက်လုံးများက တောက်ပလာပြီး သူသည် အမြီးလေကို တပည့်အဖြစ်လက်ခံရန် စဉ်းစားလိုက်သည်။

အမြီးလေးကိုသာ တပည့်အဖြစ်လက်ခံပြီး အမြီးလေးကအဆင့်ချိုးဖြတ်နေသ၍ သူသည် နယ်မြေတန်ဖိုးများကို အသုံးချနိုင်တော့မည်ဖြစ်သည်။

သို့ပေမဲ့ ထိုအချိန်၌ သူ့စိတ်ထဲ၌ စနစ်ကပေါ်လာခဲ့သည်။ စနစ်က သူမအား တပည့်အဖြစ်လက်ခံရန် မလိုအပ်ဘူးဟုပြောလိုက်သည်။

စနစ်ဗားရှင်း 3.0 အရ ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးကို လွမ်းခြုံထားသည်။ ထို့ကြောင့် ချမ်ချန်ကန်း၏ အလုပ်သင်မဟုတ်လျင်ပင် ထိုပြိုင်ဘက်ကင်းနယ်မြေထဲတွင်ရှိနေသ၍ အဆင့်များ ချိုးဖြတ်သည်နှင့် အိမ်ရှင်က နယ်မြေတန်ဖိုးကို ရယူနိုင်မည်ဖြစ်သည်။

ထို့အတွက် ဘောနပ်စ်လည်းရရှိပေမည်။ သို့သော် ထိုသူများ၏ အဆင့်သေးနဲ့ အဆင့်ကြီးတန်ဖိုးများမှာ တစ်ဆနှင့် ဆယ်ဆသာရှိပေသည်။

စနစ်၏အချက်ပြမှုက ချမ်ချန်ကန်းအတွက် နောက်ထပ်သတင်းကောင်းတစ်ခုဖြစ်ခဲ့သည်။

ချမ်ချန်ကန်းသည် တပည့်လက်ခံချင်သော်လည်း တပည့်လက်ခံချင်းမှာ အလွန်ခက်ခဲပေသည်။ လူကောင်းတစ်ယောက်ကို တွေ့ဆုံဖို့ခက်ခဲသဖြင့် တပည့်လည်း အလွယ်တကူလက်မခံလိုပေ။

ချမ်ချန်ကန်းသည် တွေ့ရာလူကို တပည့်လက်ခံသည့် အခြေအနေသို့ မရောက်သေးပေ။ ထို့အပြင်ဘောနပ်စ်ဆယ်ဆကလည်းမဆိုးပေ။

သေချာစဉ်းစားကြည့်ပြီးနောက် ချမ်ချန်ကန်း၏ စိတ်ထဲ၌အကြံတစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။

“ဆရာဘာတွေတွေးနေတာလဲ”

လင်းပေါင်အာက စိတ်ဝင်တစားမေးလိုက်သည်။ ထို့နောက် လင်းပေါင်အာသည် သူမရှေ့တွင်ရှိသော ပုံစံဒီဇိုင်းကို သတိပြုမိလိုက်သည်။

သူမ၏မျက်လုံးထဲတွင် သံသယများရှိလာခဲ့သည်။

“ဆရာ ဒါကဘာလဲ”

ချမ်ချန်ကန်းကအပြုံးလေးဖြင့် သတိပြန်ဝင်သွားခဲ့သည်။

“ဆရာက အင်မော်တယ်နတ်ဘုရားကျောင်းကော ဖေးရှန့်တောင် တစ်ခုလုံးကိုပါ ပြန်လည်တည် ဆောက်ဖို့ကြိုးစားနေတာလေ။ ဒီနေရာက ဆရာကြောင့် အင်မော်တယ်နယ်မြေအဖြစ်ပြောင်းသွားတယ်။ ဒါကြောင့် အင်မော်တယ် နယ်မြေရဲ့ပုံသဏ္ဍာန်က ဘယ်လိုလုပ်သာမန်ဖြစ်နိုင်မှာလဲ”

“ဟုတ်တယ် ဆရာပြောတာအမှန်ပဲ”

အင်မော်တယ်နယ်မြေ၏ မှော်စွမ်းအားမှာ ထူးရှားပြီး၎င်းသည် အင်မော်တယ်အနှစ်သာရအဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။

လင်းပေါင်အာသည် ဤအင်မော်တယ်နယ်မြေတွင် ကျင့်ကြံခဲ့ပြီး အကျိုးကျေးဇူးများစွာကို ခံစားရပြီးပြီဖြစ်သည်။

သို့ပေမဲ့ တစ်ခုတည်းသော အားနည်းချက်မှာ စတိုင်က ဤလောက်မမိုက်ပေ။ တစ်ခါတစ်ရံမှာ သူ့ဆရာ၏စိတ်နေစိတ်ထားနှင့် လုံးဝမကိုက်ညီဟု ခံစားနေရသည်။

“ဆရာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဒီကိစ္စနဲ့ အလုပ်ရှုပ်နေပုံရတယ်”

ချမ်ချန်ကန်းက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။

“ငါရက်အတော်ကြာ အလုပ်များနေတာ နောက်ဆုံးတော့ပြီးသွားပြီ ”

“ပေါင်အာ”

“ဆရာ ပေါင်အာကို ဘာခိုင်းမလို့လဲ”

“ပေါင်အာ အခုမင်းဖေးရှန့်တောင်ကို ရောက်နေတာတစ်လနီးပါးရှိနေပြီ။ အခုအခြေတည်စိတ်ဝိညာဉ်ကို ကျော်ဖြတ်သွားပြီဆိုတော့ ဆရာက မင်းကိုတာဝန်ပေးမယ်”

“ဆရာ ကျေးဇူးပြုပြီးပြောပါ”

ချမ်ချန်ကန်းသည် ခြံဝန်းထဲရှိ စိတ်ဝိညာဉ်မြက်ပင်ကိုစိုက်ကြည့်လိုက်သည်။ ဤအရာအားလုံးသည် ပေါင်းပင်များဖြစ်ကြသော်လည်း ဖေးရှန့်တောင်ကို ပြန်လည်တည်ဆောက်ရန်အတွက် ခြံဝန်းထဲ၌ အစစ်အမှန်ဆေးပင်အချို့ကို စိုက်ထားရမည်ဖြစ်သည်။

“ပေါင်အာ မင်းဆေးပင်အစေ့တွေရှာပြီးပြန်လာခဲ့”

“ဆေးပင်အစေ့တွေလား”

လင်းပေါင်အာ မျက်တောင်ခက်လိုက်သည်။

“ဆရာ ဂိုဏ်းထဲမှာ စိတ်ဝိညာဉ်ဆေးမျိုးစေ့တွေအများကြီးရှိတယ်။ ဘာလို့ဂိုဏ်းထဲပြန်သွားပြီး မယူရမှာလဲ ”

ချမ်ချန်ကန်းက ခေါင်းအနည်းငယ်ညိတ်ပြီးပြောလိုက်သည်။

“ကောင်းပြီ မင်းလည်း အိမ်ကိုမပြန်တာကြာပြီဆိုတော့ ပြန်လိုက်တော့ ”

“ဟီး .. ဟီး … ဟီး .. တပည့်ရဲ့ကျင့်ကြံမှုကိုသာ အဖေမြင်သွားလို့ကတော့ သေချာပေါက် အံအားသင့်သွားမယ်”

လင်းပေါင်အာက ၎င်းကို စိတ်လှုပ်ရှားပြီး မျှော်လင့်နေမိသည်။ ထိုအကြောင်းကိုတွေးရင်း လင်းပေါင်အာက သူမ၏နှုတ်ခမ်းထောင့်မှ ဂုဏ်ယူသည့်အပြုံးကို ပြုံးလိုက်မိသည်။

ချမ်ချန်ကန်းက လင်းပေါင်အာ၏ခေါင်းကို ပုတ်လိုက်သည်။

“ဆရာ တပည့်ကိုရိုက်ပြန်ပြီ”

“တောင်ပေါ်ကဆင်းရင် နှိမ့်ချပြီးဆင်း။ စောစောသွားပြီး စောစောပြန်လာခဲ့”

“စိတ်မပူပါနဲ့ဆရာ။ စိတ်ဝိညာဉ်ဆေးပင်မျိုးစေ့တွေယူလာပြီး တပည့်မကြာခင်ပြန်လာခဲ့ပါ့မယ်”

ထို့နောက် လင်းပေါင်အာက အမြီးလေးကိုကြည့်ကာ ပြောလိုက်သည်။

“အမြီးလေး ငါနဲ့အပြင်သွားချင်လား”

အမြီးလေးက ချမ်ချန်ကန်းကို မျှော်လင့်စွာစိုက်ကြည့်လိုက်သည်။ သို့သော်လည်း တုံ့ဆိုင်သွားခဲ့သည်။သူမသည် ချမ်ချန်ကန်းအနားက ထွက်မသွားချင်ပေ။

ချမ်ချန်ကန်းကပြုံးလိုက်ပြီး ပြောလိုက်သည်။

“ပေါင်အာနဲ့ အပြင်ဘက်ကမ္ဘာကြီးကို ကြည့်ဖို့လိုက်သွားလိုက်။ ဖေးရှန့်တောင်က နောက်နှစ်ရက်ဆို ပြန်လည်တည်ဆောက်တော့မှာ။ မင်း ဒီမှာနေဖို့မသင့်တော်ဘူး”

“အီး … အီး … အီး”

ထို့နောက် လင်းပေါင်အာသည် သူမ၏ခရီးဆောင်အိတ်ကို ထုတ်ပိုးပြီး အမြီးလေးနှင့်အတူ ဓားကိုးစင်းဂိုဏ်းသို့ ပြန်သွားခဲ့သည်။

ဖေးရှန့်တောင်ပေါ်၌ ချမ်ချန်ကန်းတစ်ဦးတည်းသာ ကျန်ရှိတော့သည်။ ချမ်ချန်ကန်းသည် ရုတ်တရက် အထီးကျန်သလို ခံစားလိုက်ရပြီး သက်ပြင်းမချပဲမနေနိုင်တော့ပေ။

“ပေါင်အာရဲ့ ကျင့်ကြံမှုအခြေခံက အခြေတည်စိတ်ဝိညာဉ်အဆင့်ကိုဖြတ်သွားပြီး သူမကိုလည်း အင်မော်တယ်ဓားက စောင့်ရှောက်ထားတာပဲ။ ဒါကြောင့် လူအနည်းငယ်ကပဲ သူမကိုနာကျင်နိုင်မယ်ထင်တယ်”

ချမ်ချန်ကန်းသည် လင်းပေါင်အာနှင့် အမြီးလေးတို့၏လုံခြုံရေးအတွက် အလွန်ပင်စိုးရိမ်ခြင်းမရှိပေ။ လင်းပေါင်အာနှင့် အမြီးလေးတို့ထွက်သွားပြီးနောက် ချမ်ချန်ကန်းသည် သူ့ရှေ့တွင်ရှိသော အသေးစိပ်ပုံစံကို အပြီးသတ်ရန် နောက်တစ်ရက်ကြာခဲ့သည်။

ချမ်ချန်ကန်းက ခါးကိုဆန့်လိုက်သည်။ နောက်တစ်ဆင့်ကတော့ အင်မော်တယ်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ဖို့ပင်။ ချမ်ချန်ကန်းသည် ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး ဖေးရှန့်တောင်ကို ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူ၏လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။ လက်ဖဝါးဖြင့်ရိုက်လိုက်သည်။

“ဖျန်း … ဖျန်း … ဖျန်း .. ”

အရာအားလုံးက တုန်ခါလာခဲ့သည်။ မမြင်နိုင်သောစွမ်းအားကြီးက အင်မော်တယ်ဘုရားကျောင်းတစ်ခုလုံးကို ချက်ချင်းပဲ ပြိုကျသွားပြီး ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ ဗောဓိလည်း အံ့အားသင့်သွားသည်။

သခင်က ဘာတွေလုပ်နေတာလဲ၊ အင်မော်တယ်ဘုရားကျောင်းကို ဖြိုတယ်ဆိုတော့ သခင်က ဒီမှာမနေတော့ဘူးလား*

ဗောဓိပင်တွေးနေစဉ်မှာပင် ဖေးရှန့်တောင်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့သည်။ ဗောဓိပင်က ပိုလို့တောင် ထင်ထင်ရှားရှားခံစားနေရသည်။

ဘာဖြစ်တယ်ဆိုတာ သူမသိခင်မှာပင် သူသည် ရုတ်တရက်အမြစ်ကနေပြုတ်ထွက်သွားပြီး ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

ဗောဓိပင် …..

All Chapters