အခန်း ၇၁
Vol. 6 Ch. 71
အခန်း (၇၁) အသွင်ပြောင်းခြင်း၊ အစစ်အမှန်ဘုရားကျောင်းအဖြစ်သို့
ကောင်းကင်ထက်၌ မြင့်မားသောဗောဓိပင်နှင့် လှပသောအင်မော်တယ်သစ်ပင်လည်းရှိသည်။ ထို့အပြင် ခြံဝန်းထဲရှိ စိတ်ဝိညာဉ်မြက်ပင်များ၊ အပင်များ၊ ဖေးရှန့်တောင်တစ်ခုလုံးရှိသစ်ပင်များ၊ ကျေးငှက်များ၊ သားရဲတိရိစ္ဆာန်များအားလုံး ကောင်းကင်ထက်၌ ပျံသန်းနေကြသည်။
သူတို့အားလုံးသည် ဖေးရှန့်တောင်၏ ဇာတိဝင်များဖြစ်ကြသောကြောင့် ချမ်ချန်ကန်းသည် သူတို့အား အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ချက်မရှိပေ။
ချမ်ချန်ကန်းသည် ဖေးရှန့်တောင်တစ်ခုလုံး၏ သုံးပုံတစ်ပုံကိုသာ ပြောင်းလဲခဲ့သောလည်း လုံလောက်နေပြီဖြစ်သည်။
ပို၍အရေးကြီးသည်မှာ အင်မော်တယ်ချီမှပေါက်ဖွားထားသည့် ပြိုင်ဘက်ကင်းနယ်မြေထဲရှိ သစ်ပင်ပန်းပင်များနှင့် သားရဲတိရိစ္ဆာန်များမှာ ယခင်ကထက် လုံးဝကွဲပြားနေပြီဖြစ်သည်။
သူတို့သည် အချိန်တိုင်း အပြောင်းအလဲများနှင့် တွေ့ကြုံနေရသည်။
ထိုသို့တွေးပြီး ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်က အပေါ်သို့ တွန့်ကွေးသွားသည်။ ထို့အပြင် ပြိုင်ဘက်ကင်း နယ်မြေက ဖုံးလွမ်းထားသော ဖေးရှန့်တောင်၏ ဧရိယာတစ်ခုလုံး မြေကြီးများ ကွဲအက်သွားခဲ့သည်။
အစစ်အမှန်ဖေးရှန့်တောင်ကို ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။ သဘာဝအတိုင်း ဖေးရှန့်တောင်တစ်ခုလုံးကို ပြန်လည်တည်ဆောက်မှုက တောင်ခြေမှ တောင်ထိပ်အထိ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။
အုတ်သဲတို့က လွင့်မျောနေပြီး ကျောက်တုံးကျောက်စိုင်ခဲတို့က အလိပ်လိုက်အလိပ်လိုက်စုစည်းကာ အရာအားလုံးစုပုံခံနေရသည်။ အရာအားလုံးပျက်စီးသွားပြီးနောက် ပြန်လည်စုစည်းလာကြသည်။
တောင်ထိပ်တစ်ခုလုံးတွင် မလိုအပ်သော အရာများအားလုံးဖြိုချပြီး ဖုံးအုပ်ခံလိုက်ရသည်။ အချို့နိမ့်ကျသော တောင်ကုန်းများနှင့် တောင်တန်းများကလည်း တိုက်ရိုက်ပြိုကျသွားပြီး မြေပြင်ညီဖြစ်လာခဲ့သည်။
မီတာထောင်ပေါင်းများစွာ မြင့်မားသောတောင်ကြီးသည် ပို၍နည်းစနစ်ကျပြီး ခမ်းနားလာခဲ့သည်။ ချမ်ချန်ကန်း၏ သဘာဝလွန်နတ်ဘုရားစွမ်းရည်များက ဗောဓိပင်ကိုပင် ထိတ်လန့်သွားစေခဲ့သည်။
ယခု ဖေးရှန့်တောင်ကို ကြည့်လိုက်ပါက ဧရိယာ၏သုံးပုံးတစ်ပုံပြန်လည်တည်ဆောက်ထားသော်လည်း ယခင်ကနှင့် လုံးဝမတူတော့ပေ။
နတ်ဘုရားပုဆိန်ဖြင့် ခုတ်ထွင်းထားသကဲ့သို့ ချောမောပြီး ဖြောင့်ဆင်းနေသော ပေတစ်ထောင်ရှိသည့် ချောက်ကမ်းပါးကြီးနှင့် အရာအားလုံးက အသစ်စက်စက်ဖြစ်နေခဲ့သည်။
ချမ်ချန်ကန်းသည် ရှေးဟောင်းထင်းရှုးသစ်ပင်များကိုလည်း ဤတောင်တန်းပေါ်၌ စိုက်ပျိုးထားခဲ့သည်။
ပေတစ်ထောင်လောက်ရှည်လျားသော ချောက်ကြီးတစ်ခုလုံး တိမ်များမြူခိုးများနှင့် ဖုံးလွှမ်းနေပြီး အတွင်း၌ ငှက်များက ပျံသန်းနေသည်။
ထို့အပြင် တောင်တန်း၏ အတွင်းပိုင်းကလည်း ပြောင်းလဲသွားခဲ့သည်။ တောင်တန်း၏အတွင်းပိုင်းတွင် ရှေးဟောင်းသစ်တော်များကို စနစ်တကျတန်းစီထားပြီး စိမ်းလန်းစိုပြေကာ လှပသောပန်းများတို့ ပွင့်လန်းနေကြသည်။
၎င်းတို့နောက်မှ ထို့အပြင်ကျောက်စိမ်းရောင်တောက်ပနေသော ကျောက်တုံးများကလည်း ပြိုင်ဘက်ကင်းနယ်မြေ၏အစွန်းမှ တောင်ထိပ်ပေါ်အထိ လှေခါးထစ်များသဖွယ်ဖြစ်နေခဲ့သည်။
ဘေးတစ်ဖက်တစ်ချက်စီတွင် စိတ်ဝိညာဉ်မြက်ပင်များ သို့မဟုတ် စိတ်ဝိညာဉ်ဆေးပင်များကို စိုက်ပျိုး
ရန်အသုံးပြုနိုင်သည့် လှေခါးထစ်စိုက်ခင်းများစွာလည်း စီစဉ်ထားသည်။
အရာအားလုံးကို သဘာဝ၏ဥပဒေဿအတိုင်း မဟာတာအိုနှင့်ပေါင်းစပ်ထားသည်။
ဖေးရှန့်တောင်တစ်ခုလုံးကား လုံးလုံးပြုပြင်ပြီးသွားပြီဖြစ်သည်။
အင်မော်တယ်ချီများ ဖုံးလွှမ်းနေပြီး စိမ်းလန်းစိုပြေသည့် အင်မော်တယ်တောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ပြောင်းလဲသွားသောအခါ ဖေးရှန့်တောင်ပေါ်ရှိ အပြောင်းအလဲများကြောင့် သားရဲတိရိစ္ဆာန်များ အားလုံး အံအားသင့်ဖွယ်ကောင်းသည့် ပုံစံမျိုးကြည့်နေကြသည်။
လက်ရှိဖေးရှန့်တောင်ပေါ်သည် ယခင်ကနဲ့လုံးဝမတူတော့ပေ။ ထို့အပြင် ယခင်ကထက်ပို၍ ခမ်းနားထည်ဝါလာကြောင်း သူတို့ခံစားလိုက်ရသည်။
ချမ်ချန်ကန်းက ပြုံးလိုက်မိသည်။
သူက သူ့လက်ဖဝါးများကို ထပ်ခါထပ်ခါရိုက်လိုက်သည်။ ထို့နောက်လေထုထဲတွင် မျောလွင့်နေသော သားရဲတိရိစ္ဆာန်များအားလုံး သူတို့နေရာသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ဖေးရှန့်တောင်သည် အလွန်မြင့်မားသော တောင်တစ်တောင်ဖြစ်ပြီး တောင်ပေါင်းတစ်သိန်းတောင်၏ ဆောင်တန်းများအားလုံးထဲတွင် အမြင့်ဆုံးတစ်ခုဟု မှတ်ယူနိုင်ပေသည်။
အဝေးကနေလှမ်းကြည့်ပါက တောင်ထိပ်သည် ကျယ်ပြန့်ပြီးအကန့်အသက်မရှိဖြစ်နေသည်။ ချမ်ချန်ကန်းသည် ဤကဲ့သို့အမြင်အာရုံကို အလွန်နှစ်သက်ပေသည်။
ဒီဇိုင်းရေးဆွဲပြီးနောက် ချမ်ချန်ကန်းသည် အင်မော်တယ်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ခဲ့သည်။
ပထမဦးဆုံး၌ လှေခါးထစ်၏ထိပ်အဝင်ဝတွင် ချမ်ချန်ကန်းသည် ကျောက်စာတိုင်နှစ်တိုင်ကို ထောင်လိုက်သည်။
ထို့ကြောင့် ကျောက်စာတိုင်များအတွင် အင်မော်တယ်ချီများ စိမ့်ဝင်နေပြီး တိုင်တစ်ခုစီ၌ အလျားနှစ်ပေနှင့် အမြင့်ဆယ်ပေရှိပေသည်။
ထို့အပြင် ကျောက်စာတိုင်များကို နဂါးများ၊ ဖီးနစ်များအဖြစ် ထုလုပ်ထားပြီး အရမ်းသက်ဝင်တက်ကြွနေပေသည်။
ထိုအထူးသဖြင့် ကျောက်စာတိုင်နှစ်တိုင်မှ အင်မော်တယ်ချီများက မယုံနိုင်လောက်အောင် ကြွယ်ဝနေပြီး ၎င်းတို့ကိုအင်မော်တယ်ကျောက်စာတိုင်များဟုပင် ခေါ်ဝေါ်ထိုက်ပေသည်။
လှေကားထစ်များမှတစ်ဆင့် တောင်ထိပ်ပေါ်သို့ ရောက်သွားသောအခါ မြင်ကွင်းက ပို၍ပင် ခမ်းနားထည်ဝါလာခဲ့သည်။
ထို့နောက် ချမ်ချန်ကန်းက ကဗ္ဗည်းပြားတစ်ခုကို ရေးဆွဲလိုက်သည်။ အင်မော်တယ်ဘုရားကျောင်း၏ ယခင်ကဗ္ဗည်းက အရမ်းဟောင်းနွမ်းနေပြီးဖြစ်သည်။
ထို့နောက် ချမ်ချန်ကန်းသည် သက်ရှည်ကျောင်းတော်ဟူသော စကားလုံးသုံးလုံးဖြင့် ရေးထိုးထားသော ကဗ္ဗည်းပြားအသစ်ကို ပြုလုပ်ခဲ့သည်။
မှန်ပေသည်။ ချမ်ချန်ကန်းသည် အင်မော်တယ်ဘုရားကျောင်းမှ သက်ရှည်ဘုရားကျောင်းအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ယခုချိန်မှစ၍ ဖေးရှန့်တောင်ပေါ်၌ အင်မော်တယ်ဘုရားကျောင်းမရှိတော့ပေ။ သက်ရှည်ဘုရားကျောင်းသာ ကျန်ခဲ့တော့သည်။
ထိုအရာများအားလုံး ပြီးမြောက်သွားပြီးနောက် ချမ်ချန်ကန်းက ကျန်ရစ်သည်များကို ပြန်လည်တည် ဆောက်လိုက်သည်။
ကျောက်တုံများမှာလည်း အင်မော်တယ်ကျောက်တုံးများကဲ့သို့ အင်မော်တယ်အရှိန်အဝါများ ပြည့်နှက်နေသည်။
ထို့နောက် တောင်ထိပ်ပေါ်တွင် သုံးပေခန့်ကျယ်သောလမ်းကို အလယ်၌ ခင်းကျင်းထားပေသည်။
လမ်း၏တစ်ဖက်တစ်ချက်စီတွင် ထွင်းထုထားသော လက်ရန်းများရှိပေသည်။
ထို့နောက် ဘုရားကျောင်း၏ အလယ်တွင် အင်မော်တယ်ရေကန်တစ်ခုကိုဖန်တီးလိုက်ပြီး တောင်ထိပ်ဧရိယာတစ်ခုလုံးနီးပါးကို ကျယ်ပြန့်နေပေသည်။
အင်မော်တယ်ရေကန်အတွင်း၌ အင်မော်တယ်မြူခိုးများက လွင့်ပျံနေပြီး အင်မော်တယ်ချီများက ဝတ်ရည်ဖွဲ့ကာ ရေများအဖြစ်သို့ပြောင်းလဲသွားသည်။
အနာဂတ်တွင် အချို့သောငါးများကို အင်မော်တယ်ရေကန်တွင် မွေးမြူနိုင်ပေမည် သို့မဟုတ် ရေထဲတွင် စိတ်ဝိညာဉ်အပင်များကို စိုက်ပျိုးနိုင်ပေသည်။
အကောင်းဆုံးကတော့ ကြာပန်းကဲ့သို့ နတ်ဆေးပင်များကို စိုက်ပျိုးခြင်းဖြစ်သည်။
ဤကဲ့သို့ ရှု့ခင်းမျိုးက အရမ်းလှပနေပေလိမ့်မည်။ ထို့နောက် သက်ရှည်ဘုရားကျောင်းကို ပုံဖော်ရန် အချိန်ကျရောက်လာခဲ့သည်။
ချမ်ချန်ကန်းက သူ့လက်ကိုမြှောက်လိုက်ပြီး အလုံးစုံသောသက်ရှိစွမ်းအားကို အသုံးပြုလိုက်သည်။ အင်မော်တယ်ကျောက်တုံးများဖြင့် ပေါင်းစပ်ထားသော ဘုရားကျောင်းတစ်ခုက အင်မော်တယ်ရေကန်၏အထက်တွင်ပေါ်လာခဲ့သည်။
စုစုပေါင်း ဘုရားကျောင်းအဆောင်ကိုးခုရှိပြီး တစ်ခုနှင့်တစ်ခုကြားတွင် အင်မော်တယ်ကျောက်တုံးကြီးများဖြင့် ချိတ်ဆက်ထားပြီး အင်မော်တယ်ရေကန်တစ်ခုလုံးကို ဝန်းရံထားသည်။
အင်မော်တယ်ရေကန်ထဲသို့ လှမ်းကြည့်လိုက်သောအခါ နေရာတိုင်းတွင် စိတ်ဝိညာဉ်ဆေးပင်များ ကြီးထွားနေသည်။
ချမ်ချန်ကန်းက သူ့ခြံဝန်းသေးသေးလေးကို ထိန်းသိမ်းထားဆဲပင်ဖြစ်သည်။
ဗောဓိပင်နှင့် အင်မော်တယ်သစ်ပင်မှာလည်း အင်မော်တယ်ရေကန်၏အထက် ခြံဝန်းငယ်လေးတွင် ပြန်လည်စိုက်ပျိုးပြီးပြီဖြစ်သည်။
ယခုနှင့် အင်မော်တယ်ဘုရားကျောင်းကို နှိုင်းယှဉ်ပါက အမှန်တကယ်အပြောင်းအလဲများပေသည်။
လင်းပေါင်အာ၊ အမြီးလေး၊ ယွမ်ကျိုးသို့သွားနေသော နတ်ဆိုးဘုရင်သုံးပါးပြန်လာသောအခါ သူတို့ရှေ့ မှမြင်ကွင်းကြောင့် ထိတ်လန့်သွားလိမ့်မည်ဟု ထင်ရပေသည်။
ဗောဓိပင်အောက်၌ ခြံဝန်းငယ်လေးထဲတွင် လေးထောင့်မဏ္ဍာန်တစ်ခုရှိသည်။
ထိုအချိန်၌ ချမ်ချန်ကန်းသည် ပြောင်းလဲသွားပြီဖြစ်သော သက်ရှည်ဘုရားကျောင်းကို ကျေနပ်စွာကြည့်လိုက်သည်။
လက်ရှိတွင် ချမ်ချန်ကန်းသည် ပြန်လည်တည်ဆောက်ပြီးသော သက်ရှည်ဘုရားကျောင်းကို အလွန်ကျေနပ်နေခဲ့သည်။
သေချာပေသည်။ မပြည့်စုံသေးသ၍ အသေးစိပ်အကြောင်းအရာအချို့ ရှိကောင်းရှိနေပေမဲ့လည်း အနာဂတ်၌ တဖြည်းဖြည်း ပြန်လည်ပြုပြင်နိုင်ပေသည်။
ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်က အပေါ်သို့ကွေးတက်သွားပြီး
“ဖေးရှန့်တောင်၊ အင်မော်တယ်ဘုရားကျောင်း အဲဒါတွေက တကယ်ပဲ အင်မော်တယ်လျှို့ဝှက်ကျင့်ကြံခြင်းနယ်မြေလို့ သတ်မှတ်နိုင်တာပဲ”