အခန်း ၇၂
Vol. 6 Ch. 72
အခန်း (၇၂) လုယူခြင်း၊ နတ်ဆိုးဘုရင်တို့၏ အမျက်ဒေါသ
ဤအတောအတွင်း ချမ်ချန်ကန်းသည် ဖေးရှန့်တောင်တစ်ခုလုံးကို ပြန်လည်တည်ဆောက်နေပြီး သက်ရှည်ဘုရားကျောင်းကိုလည်း ပြုပြင်နေသည်။
တောင်ပေါင်းတစ်သိန်းတောင်ပေါ်၌ ကြီးမားသောခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။
ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ အင်မော်တယ်နယ်မြေတစ်ခုလုံးဖြစ်လာခဲ့သည်။
သို့သော် ချမ်ချန်ကန်း၏ ဖေးရှန့်တောင်ကို ပြန်လည်တည်ဆောက်နေစဉ်တွင် ပြိုင်ဘက်ကင်နယ်မြေမှ အင်မော်တယ်ချီ အများအပြားကိုသုံးခဲ့ရသည်။
ကဗ္ဗည်းပြားပေါ်တွင် အသုံးပြုသည့် ချီစွမ်းများအပြင် တောင်ထိပ်ပေါ်တွင် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသော ကျောက်စာတိုင်ကြီးနှစ်ခုသည်ပင် အင်မော်တယ်ချီအများအပြားကို သုံးစွဲခဲ့ရသည်။
ထို့အပြင် အင်မော်တယ်ရေကန်တွင် ရေများထည့်သွင်းခြင်းအပါအဝင် သက်ရှည်ဘုရားကျောင်းကို ပြန်လည်ပုံဖော်ရန်အတွက်လည်း များစွာသောကျောက်တုံးများကို အသုံးပြုရသဖြင့် အင်မော်တယ်ချီ အမြောက်အများကိုလည်း စားသုံးခဲ့ရသည်။
ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံး အင်မော်တယ်ချီကို အများအပြားသုံးစွဲရသည့်အကြောင်းအရင်းမှာလည်း ထိုအင်မော်တယ် ရေကန်ကြောင့်ပင်ဖြစ်သည်။
ထိုအင်မော်တယ်ရေကန်တစ်ခုလုံးကို ဖြည့်သွင်းရန်အတွက် အင်မော်တယ်ချီများ မည်မျှလိုအပ်သည်ကို မည်သူကသိမည်နည်း။
ထို့ကြောင့် ဤအခိုက်အတန့်တွင် အင်မော်တယ်ရေကန်တစ်ခုလုံး ပို၍ပင် မြူခိုးများဖြင့် အုံ့မှိုင်းနေ တော့သည်။
၎င်း၌ အင်မော်တယ်အရှိန်အဝါက ကာလအတန်ကြာ တည်ရှိနေသလို သူ၏ထူးခြားသော သဘာဝကိုပါ ပြသထားသည်။
ချမ်ချန်းကန်းသည် အင်မော်တယ်ရေကန်ထဲတွင် သာမန်ငါးအချို့ကို မွေးမြူမည်ဆိုပါလျင်ပင် အချိန်ကြာ လာသည်နှင့်အမျှ ၎င်းတို့သည် အင်မော်တယ်ရေကန်အတွင်းရှိ အင်မော်တယ်ငါးများအဖြစ် ပြောင်းလဲသွားမည်မှာ ခက်ခဲမည်မဟုတ်ပေ။
သို့သော် အင်မော်တယ်နယ်မြေမှ အင်မော်တယ်ချီအများပြားကို စားသုံးခြင်းက ပုံမှန်အတိုင်းဆိုပါက အင်မော်တယ်မြေသည် သူဘာသာသူ ချီများကိုပြန်လည်ဖြည့်တင်းနိုင်ပေသည်။
သို့သော် ယခုမူကား ကွဲပြားသွားပေသည်။ အင်မော်တယ်ချီပမာဏကို အချိန်တိုအတွင်း အင်မော်တယ်မြေမှထုတ်လုပ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဖေးရှန့်တောင်၌ ဤအခိုက်အတန့်တွင် အင်မော်တယ်နယ်မြေသည် ပြင်ပကမ္ဘာမှ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများကို အကန့်အသတ်မရှိဝါးမျိုလေတော့သည်။
ကောင်းကင်နှင့်မြေကြီးတစ်ခွင်ရှိ အပြင်ဘက်မှ စိတ်ဝိညာဉ်ချီများကိုဝါးမျိုလိုက်သည်မှာ မယုံနိုင်လောက်အောင် ပြင်းထန်ပေသည်။
၎င်းသည် ကောင်းကင်နှင့်မြေပြင်မှ စိတ်ဝိညာဉ်ချီများကို ဝါးမျိုသည်ထက် လုယက်ခြင်းဟုပင် ခေါ်ဆိုနိုင်ပေသည်။
၎င်းကိုအသုံးပြုပြီး ကောင်းကင်နှင့်မြေကြီးရှိ စိတ်ဝိညာဉ်ချီများအား အပြင်ဘက်မှလုယူကာ အင်မော်တယ်နယ်မြေအတွင်း၌ အင်မော်တယ်ချီအဖြစ် အတင်းအကျပ်ပြောင်းလဲခဲ့သည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံး စိတ်ဝိညာဉ်ချီများ လုယူခံနေရသဖြင့် အကုန်လုံး ဆူပူအုံကြွနေတော့သည်။
ဤအရာသည် တောင်ပေါင်းတစ်သိန်းတောင်တန်းတလျှောက် ဒေသခံနေထိုင်သူများဖြစ်သည့် နတ်ဆိုးများ၊ မိစ္ဆာသားရဲများ၊ သရဲတစ္ဆေများအားလုံး သူတို့၏စိတ်ဝိညာဉ်ချီများကို လုယူခံနေရသည်။
ဤနယ်မြေကြီး၏ စိတ်ဝိညာဉ်ချီများသည် ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပေသည်။
၄င်းသည် အမျိုးမျိုးသော နယ်ပယ်များအတွက် အလွန်အရေးကြီးပေသည်။
စိတ်ဝိညာဉ်ချီသည် သဘာဝအားဖြင့် တစ်နေရာနှင့်တစ်နေရာ ကွဲပြားပေသည်။
ကျင့်ကြံသူများနေထိုင်သည့် မြို့များတွင် စိတ်ဝိညာဉ်ချီသည် အတော်အတန်ကျဲပါးသော်လည်း စိတ်ဝိညာဉ်ချီကိုစုပ်ယူရန်အတွက် စိတ်ဝိညာဉ်အစီရင်များကို ပြုလုပ်ပြီးတည်ဆောက်ထားကြသည်။
သဘာဝရတနာများနှင့် စိတ်ဝိညာဉ်ဆေးပင်များ ပေါက်ဖွားရာတောတောင်ကြီးများနှင့် မြစ်ချောင်းအင်းအိုင်များတစ်လျောက်တွင် စိတ်ဝိညာဉ်ချီသိပ်သည်းမှုက ပို၍ပေါများပေသည်။
ထို့ကြောင့် နတ်ဆိုးများ၊ သားရဲများနှင့် မိစ္ဆာများအားလုံးက တောင်တန်းကြီးများနှင့် ကြီးမားသော စိမ့်ရေကန်များထဲတွင် နေထိုင်ကြသည်။
ထို့အပြင် ဂိုဏ်းပေါင်းစုံများ၊ မြင့်မြတ်နယ်မြေများအားလုံးကလည်း ထိုကဲ့သို့အလားတူနေရာများတွင် ရွေးချယ်ကြခြင်းဖြစ်သည်။
အကြောင်းပြချက်မှာ အချို့သောကျင့်ကြံသူများသည် တောင်တန်းများ၊ ချောက်များကြားတွင် ကိုယ်ပိုင်သီးသန့်နေရာဖွဲ့တည်ပြီး ကျင့်ကြံကြခြင်းဖြစ်သည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းသည် ကျယ်ပြန့်လှပြီး အကန့်အသတ်မရှိပဲ အတွင်း၌ ရတနာနယ်မြေများစွာလည်းပါဝင်သောကြောင့် သဘာဝအတိုင်း ထိုနေရာတွင် နတ်ဆိုးများ သားရဲများ၊ မိစ္ဆာများ၊ တစ္ဆေသရဲများအားလုံး ထိုနေရာတွင် အထီးကျန်စွာ ကျက်စားနေထိုင်ကြပေသည်။
ယုတ္တိဗေဒအရ ပြောရလျင် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီစားသုံးမှုက ပုံမှန်ထက်ပို၍ ကြီးလေ သဖြင့် ဤတောင်ပေါင်းတစ်သိန်းတောင်တန်းတွင်ရှိသော နတ်ဆိုးကြီးများက သတိပြုမိလာကြသည်။
သဘာဝအားဖြင့် ၎င်းသည်တောင်ပေါင်းတစ်သိန်းတောင်ပေါ်ရှိ တောအနက်ပိုင်းဆုံးနေရာတွင် နေထိုင်ကြသော နတ်ဆိုးဘုရင်များအပေါ် ကြီးမားသော သက်ရောက်မှုများရှိခဲ့သည်။
အနက်ရောင် ရေကန်တစ်ခုတွင် ဤနေရာသည် မူလက တောင်ပေါင်းတစ်သိန်းတောင်တန်း၏ ရှားပါးသောရတနာနယ်မြေတစ်ခုဖြစ်ခဲ့ပြီး ဤနေရာတွင် အနက်ရောင်ရေလွှမ်းမိုးနဂါးတစ်ကောင် နေထိုင်ပေသည်။
အနက်ရောင်ရေလွမ်းမိုးနဂါးသည် အံ့ဖွယ်နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားပြီး အခြေတည်စိတ်ဝိညာဉ်ကောင်းကင်ဘုံအလွှာကိုးတွင်ရှိကာ ယခုနတ်ဘုရားအသွင်ပြောင်းချင်းနယ်ပယ်သို့ ချီတက်ပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ နတ်ဆိုးအင်ပါယာမျိုးဆက်ဖြစ်လာတော့မည် ဖြစ်သည်။
သို့သော် ယခုမူ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီများကို လုယက်ခံရမှုကြောင့် သူ၏ကျင့်ကြံမှုက ဆက်၍ မလုပ်နိုင်တော့ပေ။
ချက်ချင်းပင်အနက်ရောင် ရေလွမ်းမိုးနဂါးကြီးက ဒေါသတကြီးအော်ဟစ်ကြိမ်းဝါးလိုက်သည်။
“စိတ်ဝိညာဉ်ချီတွေပျောက်သွားပြီ။ ဘယ်သူတောင်းစားက လုယူလိုက်တာလဲ”
သူသည် ဒေါသများဖြင့် ပြည့်နှက်နေပြီး သတ်ဖြတ်လိုစိတ်များအပြည့်ဖြင့် ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့သည်။
ထို့နောက် ကောင်းကင်နှင့်မြေကြီးရှိ စိတ်ဝိညာဉ်ချီများကို လုယူသည့် နေရာသို့ဦးတည်ကြည့်လိုက်သည်။
“အပြင်ဘက်မှာရှိနေတာပဲ”
ဤအခိုက်အတန့်တွင် နတ်ဆိုးများ မိစ္ဆာသားရဲများ၊ သရဲတစ္ဆေများအားလုံးပေါ်လာကြသည်။ ထိုသူများအားလုံးကလည်း နတ်ဆိုးဘုရင်အဆင့်၌ တည်ရှိကြပေသည်။
သူတို့သည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ကြသည်ဖြစ်သည်။
နတ်ဆိုးဘုရင်များစွာသည် သူတို့၏ရတနာနယ်မြေများနှင့် လှိုဏ်ဂူများတွင်သာ နေထိုင်ကြပြီး နှစ်ရာပေါင်းသို့မဟုတ် နှစ်ထောင်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ကြသည်။
သို့သော် ယခုမူ ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်ချီများမှာ လုယက်ခံရသောကြောင့် ၎င်းတို့ အားလုံးထိတ်လန့်တကြားဖြစ်ပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။
နတ်ဆိုးဘုရင်များသည် ယခုအခါ ကောင်းကင်နှင့်မြေကြီး၏။ စိတ်ဝိညာဉ်ချီများပျောက်ဆုံးသွားခြင်းကြောင့် ဒေါသတကြီးဖြစ်နေကြသည်။
ကောင်းကင်ဘုံရှေးမြေခွေးမျိုးရိုး၏ အထက်၌ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် ပိုင်ယွဲတို့သည် အဝေးမှပျံသန်းလာပြီး အင်မော်တယ်တောင်းတန်းများဆီသို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက ပြောလိုက်သည်။
“ကောင်းကင်နှင့်မြေကြီးရဲ့ စိတ်ဝိညာဉ်ချီတွေက လုယက်ခံနေရတယ်။ အဲဒါက စီနီယာနဲ့များ သက်ဆိုင်နေမလားမသိဘူး”
တောင်ပေါင်းတစ်သိန်းတောင်တန်း၌ ဤကဲ့သို့များပြားသော စိတ်ဝိညာဉ်ချီများကို လုယက်ခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးကြပေ။
ဖေးရှန့်တောင်မှ စီနီယာမှလွဲ၍ အခြားမည်သူကိုမှ မစဉ်းစားနိုင်ပေ။
ပိုင်ယွဲက ခေါင်းညိတ်လိုက်ပြီး ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာ၏စကားကို သဘောတူလိုက်သည်။
“အဖွား သမီးတို့သွားကြည့်ဖို့ လိုသေးလား ”
ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက ပြန်ပြောတော့မည်ပြုအခိုက် နတ်ဆိုးအလင်းတန်းများစွာက ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာရှေ့သို့ ရောက်လာခဲ့သည်။
“မြေခွေးအင်ပါယာ ဘာဖြစ်နေလဲ။ ခင်ဗျားသိလား”
နတ်ဆိုးအလင်းတန်းက ပျောက်ကွယ်သွားပြီး အနက်ရောင်ရေလွမ်းမိုးနဂါးအပါအဝင် နတ်ဆိုးဘုရင် ဒါဇင်ပေါင်းများစွာက သူတို့ပုံရိပ်များကို ပြသလာခဲ့သည်။
ဤနတ်ဆိုးဘုရင်များသည် ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာမှတစ်ပါး တောင်ပေါင်းတစ်သိန်း တောင်တန်းတွင် အသန်မာဆုံးနတ်ဆိုးဘုရင်များဖြစ်ကြသည်။
နတ်ဆိုးဘုရင်အများအပြားသည် အခြေတည်စိတ်ဝိညာဉ်ကောင်းကင်ဘုံ အလွှာကိုးနယ်ပယ် အထွတ်အထိပ်သို့ရောက်နေပြီး မကြာခင်နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်သို့ ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။
ဤနတ်ဆိုးကြီးများသည် တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံးတွင် အသန်မာဆုံး နတ်ဆိုးဘုရင်များဖြစ်ကြပြီး။
ယခုအခါ သူတို့အားလုံး ကောင်းကင်မြေခွေးမျိုးနွယ်စု၌ စုရုံးရောက်ရှိလာကြသည်။
သူတို့၏အမူအရာများကိုကြည့်လိုက်သည်နှင့် တစ်ယောက်ချင်းစီတိုင်းက ဒေါသအလွန်အမင်း ထွက်နေပြီး တစ်စုံတစ်ယောက်ကို စားသောက်ချင်သည့်ပုံများပေါ်နေသည်။
ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီများသည် ၎င်းတို့၏ကျင့်ကြံမှုအခြေခံအုတ်မြစ်ဖြစ်သည်။ ထိုအရာသာမရှိခဲ့ပါက ဘယ်လိုလုပ်ကျင့်ကြံနိုင်တော့မည်နည်း။
ကောင်းကင်စိတ်ဝိညာဉ်ချီကို လုယူသွားသူက သူတို့၏စည်စိမ်ဥစ္စာကို ဖြတ်တောက်လိုက်ခြင်းနှင့်တူပေသည်။
သူတို့၏မိဘများကို သတ်ဖြတ်လိုက်ခြင်းနှင့်ညီမျှပေသည်။
နတ်ဆိုးဘုရင်များသည် ယခုအခါစိတ်ဝိညာဉ်ချီကို လုယက်သူအား အပိုင်းပိုင်းခုတ်ထစ်ရန် ဆန္ဒရှိနေကြပေသည်။
အကယ်၍ ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာ၏ ယခင်ကအမိန့်ကြောင့်သာ မဟုတ်ပါက အခင်းဖြစ်ခဲ့သော အင်မော်တယ်များရောက်လာသည့်အချိန်၌ ကောင်းကင်နတ်ဆိုး မြေခွေးအင်ပါယာက သူတို့အား တိုးတိုးတိတ်တိတ်နေရန်ပြောခဲ့ပေသည်။
ထိုသို့စကားကြောင့်သာမဟုတ်ပါက သူတို့သည် ယခုဘာတွေဖြစ်လည်းဆိုတာသိစေရန် တောင်ပေါင်းတစ်သိန်းကို မြေလှန်ပစ်မည်သာဖြစ်သည်။
ဤတောင်ပေါင်းတစ်သိန်းတောင်ရှိ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီများကိုလုယူသည့် ခွေးသူ တောင်းစားကိုကြည့်ချင်မိသည်။
ဟုတ်ပေသည်။ ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက ချမ်ချန်ကန်းအကြောင်းအပါအဝင် လွန်ခဲ့သည့်အချိန်က ရောက်လာခဲ့သော အင်မော်တယ်ဆယ့်နှစ်ပါး သေဆုံးမှုနှင့်ပတ်သက်ပြီး စီနီယာ၏ ကျင့်ကြံမှုကိုအနှောင့်အယှက်ဖြစ်မည်ဆိုသဖြင့် မဖြန့်ဝေခဲ့ပေ။
ထို့ကြောင့် ယခုအချိန်တွင် တောင်ပေါင်းတစ်သိန်းတောင်တန်းတွင်ရှိသော နတ်ဆိုးမျိုးနွယ်စုများနှင့် စွမ်းအားကြီးသော နတ်ဆိုးကြီးများသည် အင်မော်တယ်များထွက်ခွာသွားသည်ဟုသာ ထင်ခဲ့ကြသည်။
ချမ်ချန်ကန်း၏တည်ရှိမှုကို မသိကြပေ။ သို့သော်လည်း ဤနတ်ဆိုးဘုရင်ကြီးများ၏ ဒေါသအမြတ်ထွက်မှုကိုမြင်လိုက်ရသောအခါ ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက အခြေအနေကိုရှင်းပြရမှန်း သိလိုက်ပေသည်။
မဟုတ်ပါက ဤနတ်ဆိုးဘုရင်ကြီးများသည် ဒေါသအမြတ်ထွက်ပြီး စီနီယာကို ပြဿနာရှာမည်ဆိုပါက စီနီယာကလည်း ဒေါသထွက်လာမည်ဖြစ်သည်။
စီနီယာ့ဒေါသအတိုင်းဆိုပါက ဤနတ်ဆိုးဘုရင်များသည် တစ်ပါးမှ အဆုံးသတ် ကောင်းမည်မဟုတ်ပေ။
သို့သော် သူမသည် အမှန်အတိုင်းမပြောပါကလည်း ဤနတ်ဆိုးဘုရင်များ၏ နှလုံးသားထဲ၌ ဒေါသကို ဖြေဖျောက်ရန်မဖြစ်နိုင်တော့ပေ။
ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက အကြံအစည်တစ်ခုရှိပြီး စကားပြောလိုက်သည်။
“ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်ချီတွေ လုယက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီလောက်ထိ ဒေါသထွက်နေစရာမလိုပါဘူး ”
ထိုစကားကိုကြားသောအခါ အနက်ရောင်ရေလွမ်းမိုးနဂါးကြီးက ဒေါသတကြီးပြန်ပြောလိုက်သည်။
“နတ်ဆိုးအင်ပါယာ ဘယ်ခွေးသူတောင်းစားက စိတ်ဝိညာဉ်ချီတွေကို လုယူသွားတယ်ဆိုတာ မင်းသိလား၊ ငါအခုပဲသူ့ကိုသွားသတ်မယ်”
“ဟုတ်တယ် နတ်ဆိုးဘုရင်တွေရဲ့ စိတ်ဝိညာဉ်ချီကိုများ လုယူရဲတယ်၊ အဲဒါ ငါတို့မိဘတွေကို သတ်လိုက်တာနဲ့အတူတူပဲ၊ ငါ့သူ့ကိုလုံးဝခွင့်မလွတ်နိုင်ဘူး၊ ”
တစ်ကိုယ်လုံးအကြေးခွံများဖြင့် ဖုံးလွမ်းနေသော မိချောင်းနတ်ဆိုးက အနက်ရောင်ရေလွမ်းမိုးနဂါးနှင့် သဘောတူစွာခေါင်းညိတ်ပြီး ဒေါသတကြီးပြောလိုက်သည်။
“ဒါကတောင်ပေါင်းတစ်သိန်းတောင်တန်းကိုဝင်ပြီး စိတ်ဝိညာဉ်ချီတို့ကို လုယက်ဖို့ မှော်ရတနာအချို့ကိုအသုံးပြုတဲ့ လူသားကျင့်ကြံသူပဲဖြစ်ရမယ်။ နတ်ဆိုးအင်ပါယာ ကျုပ်တို့ သူ့ကို လုံးဝခွင့်မလွတ်နိုင်ဘူး”
နတ်ဆိုးဘုရင်အုပ်စုက ဒေါသတကြီးပြောဆိုနေကြပြီး ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီအား လုယက်သူက မည်သူဖြစ်ကြမည်ကို ဆွေးနွေးနေကြသည်။
ပိုင်ယွဲနှင့် ကောင်းကင်မြေခွေနတ်ဆိုးအင်ပါယာတို့က အချင်းချင်းအကြည့်ဖလှယ်လိုက်ပြီး ဒေါသထွက်နေသော နတ်ဆိုးဘုရင်များကို စကားမပြောပဲ ကြည့်နေလိုက်ကြသည်။
အင်မော်တယ်ဆယ့်နှစ်ပါးကိုပင် သတ်ဖြတ်လိုက်သည့် စီနီယာ၏ တန်ခိုးစွမ်းအားကိုသာသိပါက ထိုကဲ့သို့စကားများ ပြောဝံ့ကြသေးမလား သူတို့သိချင်မိသည်။