← Chapters

အခန်း ၇၄

Vol. 6 Ch. 74

အခန်း ၇၄

Vol. 6 Ch. 74

အခန်း (၇၄) နတ်ဆိုးဘုရင်အုပ်စု နတ်ဘုရားနယ်မြေသို့ လာရောက်လည်ပတ်ခြင်း

ဒါဇင်ကျော်သောနတ်ဆိုးအလင်းတန်းများက ကောင်းကင်ကိုဖြတ်သန်းပြီး ဖေးရှန့်တောင်ပေါ်သို့ ရောက်ရှိလာကြသည်။

နတ်ဆိုးအလင်းတန်းများပျောက်ကွယ်သွားပြီးနောက် ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက ရှေ့ဆုံး၌ပေါ်လာခဲ့သည်။

သူမနောက်တွင် ပိုင်ယွဲနှင့် အားမြောင်တို့ပါဝင်လာသည်။ သူတို့နောက်တွင် တောင်ပေါင်းတစ်သိန်း၏ တောင်နက်ထဲမှ နတ်ဆိုးဘုရင်များအားလုံး လိုက်ပါလာကြသည်။

ချမ်ချန်ကန်းအကြောင်းကိုကြားပြီးနောက် သူတို့သည် ကောင်းကင်နတ်ဆိုး မြေခွေးအင်ပါယာ၏ အကြံပြုချက်အတိုင်း အင်မော်တယ်များကိုပင် သတ်ခဲ့သော ဤစီနီယာကို ရိုသေလေးစားစွာ လာရောက်လည်ပတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာ၏အဆိုအရ ဤစီနီယာသည် အင်မော်တယ်များထက်ပင် ပို၍သန်မာသူဖြစ်ပေသည်။

“အရမ်းသန်မာတယ်။ အရမ်းကိုသန်မာတာပဲ ”

သူတို့သာ စီနီယာ၏ နှစ်သက်မှုကိုရနိုင်ပါက လွန်စွာအကျိုးရှိပေမည်။ ယခုဆိုလျင် သူတို့သည် တောင်ပေါင်းတစ်သိန်းတောင်တန်း၏ စိတ်ဝိညာဉ်ချီများကို လုယူခဲ့သော ချမ်ချန်ကန်းအပေါ် အနည်းငယ်မျှ နာကြည်းမှုများမရှိတော့ပေ။

ထို့အစား မရောက်မီ လက်ဆောင်များပြင်ဆင်ရန် ၎င်းတို့၏သက်ဆိုင်ရာ ဂူများကိုပင်ပြန်ခဲ့ကြသည်။ အနည်းဆုံးတော့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခြင်းအတွက် သူတို့သည် လုံးဝအထင်ကြီးစရာများ ချန်ထားရပေမည်။

သူ့အရှေ့၌ တိမ်များ မြူခိုးများ ဖုံးလွမ်းနေသည်။ ကြီးကျယ်ခမ်းနားသော တောင်ကြီးကိုကြည့်လိုက်သော်လည်း အတွင်း၌ ဘာများရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

နတ်ဆိုးများအားလုံး တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့မျက်နှာများကလည်း ယခင်ကကဲ့သို့ မာနကြီးသောအမူအရာများမရှိတော့ပဲ ထိတ်လန့်တုန်လှုပ်နေကြသည်။

“ဒါကဖေးရှန့်တောင်ပဲ။ အရင်က ငါတွေ့ဖူးတဲ့ ဖေးရှန့်တောင်နဲ့ လုံးဝမတူပါလား”

“ဟုတ်တယ်။ ဒါက ပိုပြီးကြီးကျယ်ခမ်းနားပြီး ပိုပြီးလေးနက်လာတာပဲ။ စီနီယာ၏ကျင့်ကြံခြင်းက မျှောိလင့်ထားသလိုပဲ”

“ငါအရမ်းကြောက်တယ်။ ငါအရမ်းကြောက်တာပဲ”

“ပိုင်ယွဲက စီနီယာက နူးညံ့သိမ်မွေ့ပြီး မြင့်မြတ်တယ်လို့ပြောပေမဲ့ သူက ငါတို့ကို မကျေနပ်ပြီး သတ်ပြစ်ရင် ဘယ်လိုလုပ်မလဲ”

နတ်ဆိုးဘုရင်တစ်ပါးက ကြောက်လန့်တကြားပြောလိုက်ရသည်။

အားမြောင်က ခမ်းနားထည်ဝါသော တောင်ကြီးကိုစိုက်ကြည့်ရင်း မျက်လုံးများကို မှေးစင်းလိုက်သည်။

“ပိုင်ယွဲ စီနီယာက ဒီတောင်မှာရှိတာလား”

ပိုင်ယွဲက ခေါင်းညိတ်လိုက်သည်။

“အားမြောင် နင်တို့တောင်ခြေရင်းမှာ အရင်စောင့်နေနော်။ ငါအဖွားနဲ့ အရင်သွားလိုက်ဦးမယ်။ စီနီယာက သဘောတူရင် ငါနင်တို့ကို လှမ်းခေါ်လိုက်မယ်”

ထိုသို့ပြောပြီးနောက် ပိုင်ယွဲနှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့က တောင်ပေါ်သို့တက်ခဲ့ကြသည်။

နတ်ဆိုးဘုရင်အုပ်စုကြီးကလည်း တုန်လှုပ်ခြောက်ခြားသော အမူအရာနှင့် တိုးတိုးတိုးတိုး ပြောနေကြလေသည်။

အားမြောင်သည် ဖေးရှန့်တောင်ကိုကြည့်ပြီး အမြီးလေးလှုပ်ရမ်းကာ ပိုင်ယွဲပြောသည့် စီနီယာပုံသဏ္ဍာန်ကို သိချင်မိသည်။

ခဏကြာသောအခါ အနက်ရောင်ရေလွှမ်းမိုးနဂါးက လမ်းလျှောက်လာခဲ့သည်။

“အားမြောင် ဒီခရီးစဉ်အတွက် စီနီယာအဖို့ ဘာလက်ဆောင်ယူလာခဲ့လဲ”

“ဘာလိုအဲဒီလိုမေးရတာလဲ ”

အနက်ရောင်ရေလွှမ်းမိုးနဂါးက သူ၏လက်ဆောင်ကို ဂုဏ်ယူစွာထုတ်လိုက်သည်။ ကြာစေ့တစ်စေ့ ဖြစ်သည်။ ကြာစေ့သည် ရောင်စုံအင်မော်တယ်အလင်းငါးမျိုးကို ထုတ်လုပ်နေသည်။

“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်တုန်းက အင်မော်တယ်ကျောက်စိမ်း ရေကန်မှာ ငါရခဲ့တဲ့ ရတနာကြာစေ့ပဲ။ သူ့မှာအရမ်းစွမ်းအားကြီးတဲ့ တာအိုအငွေ့သက်တွေတောင်ပါတယ်။ ဒီကြာစေ့တစ်စေ့ကိုစားလိုက်ရင် အခြေတည်စိတ်ဝိညာဉ်အလွှာခြောက်အထိ ကျင့်ကြံနိုင်တယ်၊ ငါသာ ဒီကြာစေ့ကို စီနီယာကိုပေးရင် ငါလည်းစီနီယာရဲ့ အခြားသူတွေလိုမျိုး လက်အောက်ငယ်သား တစ်ယောက် ဖြစ်လာနိုင်မလား”

“မြောင် မြောင် ”

အားမြောင်က ခေါင်းညိတ်ပြီး

“နင့်ရဲ့လက်ဆောင်က အရမ်းတန်ဖိုးကြီးတာပဲ မြောင်”

အနက်ရောင်ရေလွှမ်းမိုးနဂါးက ငါးရောင်ခြယ်ကြာစေ့ကို ဖယ်လိုက်ပြီး

“အားမြောင် မင်းကရော ဘာတွေပြင်ဆင်ထားတာလဲ ”

အားမြောင်ကပြုံးပြီး မျက်စိမှိတ်လိုက်သည်နှင့် သူမ၏လက်ချောင်းထဲရှိ နေရာလွတ်လက်စွပ်က တောက်ပလာခဲ့သည်။

ထို့နောက်ဖောက်ထွင်းမရနိုင်သော ရတနာပုလင်းထဲတွင် ရွှေငါးကြင်းတစ်ကောင်ကို မြင်လိုက်ရသည်။

“ငါးတစ်ကောင်ပါလား”

အနက်ရောင်ရေလွမ်းမိုးနဂါးက မျက်လုံးပြူးသွားသည်။

“ဟုတ်တယ် နဂါးငါးကြင်းပဲ။ အားမြောင် အကြိုက်ဆုံးပဲ စီနီယာလည်း စားရတာ သဘောကျမှာ အသေအချာပဲ၊ ”

ရေလွှမ်းမိုးနဂါးက ကူရာမဲ့စွာစိုးရိမ်တကားပြောလိုက်သည်။

“အားမြောင် စီနီယာက အင်မော်တယ်ကိုတောက် ဆန့်ကျင်နိုင်တဲ့သူတစ်ယောက်ပဲ။ သူက နဂါးငါးကြင်း တစ်ကောင်လောက်ပေးလိုက်ရုံနဲ့ ကြိုက်ပါ့မလား ”

ထိုစကားကိုကြားသောအခါ အားမြောင်၏ မျက်နှာက သိသိသာသာပြောင်းလဲသွားခဲ့သည်။ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် ပိုင်ယွဲတို့က တောင်ပေါ်သို့ ရောက်လာကြပြီဖြစ်သည်။ အလည်အပတ်ရောက်လာခဲ့သော်လည်း သူတို့၏နှလုံးသားထဲ၌ ထိတ်လန့်သွားကြပြန်သည်။

“စီနီယာက ငါတို့ကိုအပြစ်ပေးမလားမသိဘူး”

သို့သော်လည်း နတ်ဆိုးနှစ်ပါးသည် ဖေးရှန့်တောင်ထဲသို့ ဝင်ရောက်သွားသောအခါ၊ ၎င်း၏လက်ရှိအသွင်အပြင်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားသည်။

ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

“ဒါ … ဒါက အင်မော်တယ်တောင်တန်းလား”

ဖေးရှန့်တောင်၏အတွင်း၌ တိမ်များ၊ မြူခိုးများက အရာအားလုံးကိုဝန်းရံထားပြီး အင်မော်တယ်စွမ်းအားမျဖြင့် ပြည့်နှက်နေသည်။

ရေတံခွန်မှ ရေများစီးကျနေပြီး မြူမှုန်များကလည်း လျှံတက်နေသည်။ စိမ်းစိုနေသောရေများက တောင်ပတ်လည်တွင် စီးဆင်းနေပြီး အတွင်း၌ကျေးငှက်များနှင့် သားရဲတိရိစ္ဆာန်များက ကျင်လည် ကြက်စားနေကြသည်။

ဖေးရှန့်တောင်တစ်ခုလုံးတွင် ပန်းများအပြိုင်အဆိုင်ပွင့်နေပြီး အစစ်အမှန်အင်မော်တယ်တောင်ကြီးတစ်ခုကဲ့သို့ အင်မော်တယ်ကျက်သရေများဖြင့် လှပနေတော့သည်။

ပိုင်ယွဲလည်း ထပ်တူထပ်မျှ ထိတ်လန့်သွားခဲ့သည်။

သူမသည် ဖေးရှန့်တောင်ကို ငေးမောကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်နေတော့သည်။ သူမသာ ဤတောင်ပေါ်တွင် ကျင့်ကြံနိုင်ခဲ့ပါက သူမဘဝ၌ နောင်တရစရာမရှိမှာသေချာပေသည်။

အသီးအရွက်များကလည်း စိမ်းစိုနေပြီး ရေတွေကလည်း အုံ့မှိုင်းနေသည်။ ၎င်းတို့လည်း တောင်ပေါ်သို့ တက်ရန် နတ်ဆိုးအလင်းတန်းအဖြစ် မပြောင်းလဲပဲ တောင်ခြေမှ တောင်ထိပ်အထိ လမ်းလျောက်၍သာ တက်ခဲ့သည်။

သူတို့ဖြတ်သန်းရာ နေရာများတစ်လျှောက် စိမ်းလန်းသော တောင်တန်းများ ကြည်လင်သောရေများနှင့် လှပသော မြင့်မြတ်နယ်မြေများကဲ့သို့ အရာအားလုံးက လှပနေပြီး သူတို့၏ခန္ဓာကိုယ်တွင်းမှ အညစ်ကြေးများပင် ဆေးကြောခံလိုက်ရသလို ခံစားလိုက်ရသည်။

နောက်ဆုံးတော့ တောင်ထိပ်သို့ရောက်လာခဲ့သည်။ တောင်ထိပ်သို့ရောက်သောအခါ အင်မော်တယ် ကျောက်စာတိုင်ကြီးနှစ်တိုင်ကို တွေ့လိုက်ရပြီး ကဗ္ဗည်းပြားတစ်ချပ်ကိုပါတွေ့လိုက်ရသည်။

“သက်ရှည်ဘုရားကျောင်း”

ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာနှင့် ပိုင်ယွဲတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက ဘုရားကျောင်းထဲသို့တိုက်ရိုက်မဝင်ပဲ ပိုင်ယွဲက

“ ကောင်းကင်မြေခွေးမျိုးနွယ်စုက ပိုင်ယွဲက အဖွားနဲ့အတူတူ စီနီယာစီလာရောက်လည်ပတ်ပါတယ်”

“ကောင်းပြီဝင်ခဲ့ကြ”

ချမ်ချန်ကန်း၏ အသံက ထွက်လာခဲ့သည်။ အသံမှာအလွန်ဝေးကွာသော အရပ်မှရောက်ရှိလာသည့် မဟာတာအို၏အသံနှင့်တူပြီး အလွန်စွဲဆောင်မှုအပြည့်ရှိပေသည်။

ထိုစကားကိုကြားမှသာ ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာနှင့် ပိုင်ယွဲတို့က သက်ပြင်းချ၍ ဘုရားကျောင်းထဲသို့ ဝင်ရောက်ခဲ့ကြသည်။

ဘုရားကျောင်းထဲတွင် ဗောဓိပင်နှင့် စစ်တုရင်ကစားနေသော ချမ်ချန်ကန်းကို တွေ့လိုက်ရသည်။ နတ်ဆိုးအင်ပါယာနှင့်ပိုင်ယွဲရောက်လာသည်ကို မြင်သောအခါ ချမ်ချန်ကန်းက ပြုံးပြီးနှုတ်ဆက်လိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် ဒီနေ့သက်ရှည်ဘုရားကျောင်းထဲကို ဘာလို့ရောက်လာတာလဲ ”

ချမ်ချန်ကန်း၏ မျက်နှာပြင်သည် ငြိမ်သက်နေသော်လည်း အတွင်း၌ စိတ်ကျေနပ်သွားခဲ့သည်။ နတ်ဆိုးအင်ပါယာနှင့် ပိုင်ယွဲတို့သည် ပြိုင်ဘက်ကင်းနယ်မြေသို့ ဝင်ရောက်လာကတည်းက ချမ်ချန်ကန်းက အာရုံစိုက်နေပြီဖြစ်သည်။

အမှန်ပင် သူသည် ဖေးရှန့်တောင်ကို ပြန်လည်တည်ဆောက်ပြီးနောက် လက်ရှိဖေးရှန့်တောင်က သူတို့အာလုံးကို လုံးဝထိတ်လန့်သွားစေခဲ့သည်။

ဖေးရှန့်တောင်ကို ကိုယ်တိုင်ကိုယ်ကြ ပြန်လည်တည်ဆောက်ခြင်း၏ စိတ်ခံစားချက်က ကောင်းပေမဲ့ ပေါင်အာနှင့် အခြားသူများမရှိသောကြောင့် သူ၏စိတ်ခံစားချက်ကို မမျှဝေနိုင်ခဲ့ပေ။

ယခုနတ်ဆိုးအင်ပါယာနှင့် ပိုင်ယွဲတို့ရောက်လာခြင်းက ပို၍ကောင်းပေသည်။

နတ်ဆိုးနှစ်ကောင်မဖြေခင်မှာပဲ ချမ်ချန်ကန်းက ပြုံးပြီးပြောလိုက်သည်။

“ကျုပ်သီးသန့်ကျင့်ကြံဖို့ ဖေးရှန့်တောင်ကို ရွေးချယ်ထားတော့ အဲဒါကိုနည်းနည်းပြုပြင်လိုက်တယ်။ ဘယ်လိုလည်းမဆိုးဘူးမဟုတ်လား”

“စီနီယာ့ရဲ့နည်းလမ်းတွေက တကယ့်ကိုအံအားသင့်စရာကောင်းပါတယ်။ ဒီဖေးရှန့်တောင်က လူတွေအကုန်လုံးထိတ်လန့် တုန်လှုပ်သွားစေနိုင်တဲ့ ကမ္ဘာမြေပေါ်က နတ်ဘုရားနယ်မြေတစ်ခုလိုပဲ။ တကယ့်ကို အိပ်မက်မက်နေသလို ခံစားရတယ်”

မြေခွေးအင်ပါယာက ရိုးရိုးသားသားပြောလိုက်သည်။

ယခုတိုင် သူမသည် ဖေးရှန့်တောင်၏ အပြောင်းအလဲကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။ အထူးသဖြင့် ကောင်းကင်နဲ့ မြေကြီးကြားတွင် စီးဆင်းနေသောအင်မော်တယ်စွမ်းအားများ။ ၎င်းသည်အလွန်ကြွယ်ဝပြီး ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီထက်သာလွန်ပေသည်။

ဤနေရာတွင် နေထိုင်ခြင်းက လူတစ်ဦးအား သေမျိုးမှ မသေမျိုးအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပေသည်။

ပိုင်ယွဲက နတ်ဆိုးအင်ပါယာ၏ စကားကိုသဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း သူမတို့သည် သက်ရှည်ဘုရားကျောင်းကိုကြည့်ပြီး စီနီယာတစ်ဦးတည်းသာ ဤနေရာတွင်ရှိပုံပေါက်သည်။

*ညီမဟုန်ရီနဲ့ အခြားသူတွေ ဘယ်မှာလဲ*

ပိုင်ယွဲ၏အတွေးကို ချမ်ချန်ကန်းကမှန်းဆမိသလို ပြုံးပြီးပြောလိုက်သည်။

“ဟုန်ရီနဲ့အခြားသူတွေကိုတော့ တနေရာရာကို သွားခိုင်းထားတယ်။ အခုဖေးရှန့်တောင်ပေါ်မှာ ကျုပ်တစ်ယောက်ပဲ ကျန်တော့တယ်။ မင်းတို့နှစ်ယောက် ဖေးရှန့်တောင်ပေါ်ကို ဘာလိုလာလဲဆိုတာ ငါသိလို့ရမလား”

မြေခွေးအင်ပါယာက စိတ်ဝိညာဉ်ချီများ လုယက်ခံရသောကြောင့်နတ်ဆိုးဘုရင်များက စီနီယာအား ဒေါသထွက်သည့်အကြောင်းရင်းကို ပြောပြရမလားဆိုတာ တုံ့ဆိုင်းသွားသည်။

ချမ်ချန်ကန်းက ခပ်ဖျော့ဖျော့လေးပြုံးပြီးပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ပြောစရာရှိတာဖြည်းဖြည်းပြောပေါ့။ ထိုင်ပြီးပြောကြဦး”

All Chapters