← Chapters

အခန်း ၇၅

Vol. 6 Ch. 75

အခန်း ၇၅

Vol. 6 Ch. 75

အခန်း (၇၅) အားမြောင် စီနီယာကို မရိုင်းစိုင်းစမ်းနဲ့

သက်ရှည်ဘုရားကျောင်းထဲတွင် ချမ်ချန်ကန်းသည် မြေခွေးအင်ပါယာနှင့် စကားပြောခဲ့သည်။ ထို့နောက်မှ အပြင်ဘက်ကအခြေအနေများကို သတိပြုမိသွားသည်။

ချမ်ချန်ကန်းလည်း အနည်းငယ်အဆင်မပြေဖြစ်သွားခဲ့ရသည်။ ဖေးရှန့်တောင်ကို ပြန်လည်တည်ဆောက်ခြင်းကြောင့် တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံး ဤမျှလှုပ်ခတ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အမှန်စင်စစ် တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အင်မော်တယ်ချီများ ကုန်ဆုံးသွားသော်လည်း ၎င်းတို့ကအလျင်အမြန် ပြန်ကောင်းမွန်လာမည်ဖြစ်သည်။

သို့သော်လည်း အချိန်ယူရပေသည်။ ဤအကြောင်းအရာကြောင့် တောင်ပေါင်းတစ်သိန်းတောင်တန်းတွင်ကျင့်ကြံနေသော သတ္တဝါအားလုံးအပေါ် သိသိသာသာအကျိုးသက်ရောက်မှုရှိနေခဲ့သည်။

ထို့ကြောင့် ဤအရာအားလုံးကိုတွေးပြီး ချမ်ချန်ကန်းက သူ့၌ကိုယ်ပိုင်အကြံရှိပြီးသားဖြစ်သည်။

သူသည် နတ်ဆိုးအင်ပါယာအား ဤကိစ္စကို သူကိုယ်တိုင်ဖြေရှင်းပေးမည်ဟု ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ နတ်ဆိုးအင်ပါယာနှင့်ပိုင်ယွဲတို့က သက်ပြင်းတစ်ချက်ချလိုက်သည်။

ဒုတိယအနေဖြင့် တောင်ပေါင်းတစ်သိန်းတောင်တန်း၏အတွင်းပိုင်းမှ နတ်ဆိုးဘုရင်များ၏ လာရောက်လည်ပတ်ခြင်းအကြောင်းဖြစ်သည်။

ချမ်ချန်ကန်းလည်း ထိုသတင်းကိုကြားသောအခါ အံအားသင့်သွားသည်။

နတ်ဆိုးဘုရင်များက သူ့ထံလာရောက်လည်ပတ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ယခုမူ နတ်ဆိုးဘုရင်များသည် ချမ်ချန်ကန်း၏ ထင်မြင်ချက်ကို တောင်းဆိုရန် ဖေးရှန့်တောင်ခြေ၌ ရောက်ရှိနေပြီဖြစ်သည်။

ချမ်ချန်ကန်းလည်း နတ်ဆိုးဘုရင်များ လာရောက်လည်ပတ်ခြင်းကို မငြင်းဆန်နိုင်ခဲ့ပေ။

မူလက ချမ်ချန်ကန်းသည် တောင်ပေါင်းတစ်သိန်းတောင်ပေါ်ရှိ နတ်ဆိုးဘုရင်များကို သတ်ပစ်ရန်စိတ်ကူးထားခဲ့သည်။

နယ်မြေတန်ဖိုးကို ရရှိရန်ဖြစ်သည်။သို့သော် ယခု၌ အခြားအကြံအစည်များရှိနေပေသည်။ ထို့အပြင် နတ်ဆိုးဘုရင်များက ကောင်းမွန်သောစိတ်ထားဖြင့် လာရောက်ကြခြင်းဖြစ်သည်။

ထို့ကြောင့် ချမ်ချန်ကန်းသည် နယ်မြေတန်ဖိုးကိုရရှိရန် သူတို့ကိုသတ်ပစ်လိုသည့် အကြောင်းပြချက်မရှိပေ။ း

ယခု ချမ်ချန်ကန်းသည် နတ်ဆိုးဘုရင်များထံမှ နယ်မြေတန်ဖိုးကိုရယူရန် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုရှိပေသည်။

သူတို့လာရောက်လည်ပတ်ကြသည့်အတွက် သူ၏နောက်ဆက်တွဲအစီအစဉ်များကို အကောင်အထည် ဖော်ရန် အခွင့်ကောင်းတစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။

“သူတို့ကိုတောင်ပေါ်တက်လာခိုင်းလိုက်”

ချမ်ချန်ကန်းက ပြောလိုက်သည်။

နတ်ဆိုးအင်ပါယာနှင့် ပိုင်ယွဲတို့သည် ချမ်ချန်ကန်းမှ လာရောက်လည်ပတ်သည်ကို သဘောတူကြောင်း နတ်ဆိုးဘုရင်များအား အသိပေးလိုက်သည်။

ထိုစကားကိုကြားသောအခါ နတ်ဆိုးဘုရင်များလည်း နတ်ဆိုးအင်ပါယာနှင့် ပိုင်ယွဲတို့နှင့်အတူ ဖေးရှန့်တောင်ပေါ်သို့ လိုက်လာကြသည်။

နတ်ဆိုးအင်ပါယာနှင့် ပိုင်ယွဲတို့ကဲ့သို့ပင် ဖေးရှန့်တောင်ပေါ်သို့ ဝင်ရောက်ပြီး ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် နတ်ဆိုးဘုရင်များသည် ဤတောင်ပေါ်ရှိအရာအားလုံးအတွက် တုန်လှုပ်ခြောက်ခြားသွားကြသည်။

ဤသည်မှာ ကမ္ဘာပေါ်ရှိဒဏ္ဍာရီလာနယ်မြေ အင်မော်တယ်ရတနာနယ်မြေပင်ဖြစ်တော့သည်။

ထို့အပြင် ဤနေရာသည် စီနီယာ၏လျှို့ဝှက်ကျင့်ကြံရန် နေရာပဲဖြစ်သည်။

ချမ်ချန်ကန်းနှင့် မတွေ့ဆုံရသေးခင်ပင် သူသည် သူတို့အတွက် ကြောက်ရွံ့မှုနှင့် ရိုသေကိုးကွယ်လိုစိတ်များ အစမတန်တိုးပွားလာခဲ့သည်။

နောက်ဆုံး၌ အချို့သောနတ်ဆိုးဘုရင်များသည် ဖေးရှန့်တောင်၏ ယခင်ကအခြေအနေကို သိကြပေသည်။

ဖေးရှန့်တောင်သည် ယခင်က သာမန်တောင်ကြီးမျှသာဖြစ်ပြီး ယခုမူ ၎င်းသည် ကျင့်ကြံရန် နတ်ဘုရား တောင်တန်းတစ်ခုဖြစ်လာခဲ့သည်။

“ဒါကစီနီယာလုပ်တာပဲဖြစ်ရမယ်။ စီနီယာက တကယ်ပဲ အင်မော်တယ်တစ်ပါးဖြစ်ပြီး တကယ့်ကို လေးနက်တာပဲ။ တကယ်ပဲ အင်မော်တယ်တွေကို သတ်ဖြတ်တဲ့သူဖြစ်ထိုက်တယ် ”

မကြာပေ သူတို့သည် သက်ရှည်ဘုရားကျောင်းထဲသို့ ရောက်ရှိလာကြသည်။ သက်ရှည်ဘုရားကျောင်းတွင်း၌ ချမ်ချန်ကန်းနှင့် တွေ့ဆုံကြသည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့ည့် လူငယ်တစ်ဦးက လောကကြီးနှင့်ပေါင်းစပ်ပြီး အင်မော်တယ်တစ်ပါးအလား သူတို့ကို အေးစက်စွာကြည့်နေသည်။

မည်သို့ပင်ကြည့်နေပါစေ သူ့ထံမှကြီးကျယ်ခမ်းနားသောပုံရိပ်က စိတ်ကိုလှုံ့ဆော်ပေသည်။

နတ်ဆိုးဘုရင်အုပ်စုသည် အကျင့်စာရိတ္တကောင်းမွန်စွာဖြင့် သတိကြီးကြီးထားကာ နှုတ်ဆက်ကြသည်။

“အားမြောင်၊အနက်ရောင်ရေလွှမ်းမိုးနဂါး၊ ကမ္ဘာမြေမြွေ၊ ဟုတန်၊ ကျဲကျူး တို့က စီနီယာကိုနှုတ်ဆက်ပါတယ်

ချမ်ချန်ကန်းက ပြုံးလိုက်သည်။ ဤရက်စက်ကြမ်းကြုပ်သောနတ်ဆိုးဘုရင်များမှာ သူ့အား အကျင့် စာရိတ္တကောင်းမွန်စွာ နှုတ်ဆက်နေသည်ကို သူ ပထမဦးဆုံးပင် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။

မြေခွေးအင်ပါယာသည် ဖေးရှန့်တောင်ပေါ်ရှိမကြာသေးမီက အဖြစ်အပျက်များကို သူတို့အား ပြောပြခဲ့ပုံရသည်။

ချမ်ချန်ကန်းက ပြောလိုက်သည်။

“တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ ဒီလောက်များပြားတဲ့ နတ်ဆိုးဘုရင်တွေရှိလိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားဘူး”

နတ်ဆိုးအုပ်စုက အဆင်မပြေစွာပြုံးပြီး စိတ်မသက်မသာဖြင့် ခံစားလိုက်ရသည်။

ချမ်ချန်ကန်းက ပြုံးပြီး

“လူတိုင်း ထိန်းချုပ်ထားစရာမလိုပါဘူး၊ ကျေးဇူးပြုပြီး ကြိုက်တဲ့နေရာမှာထိုင်ကြပါ ”

သူက လက်ချောင်းများကို ခါလိုက်သည်။ ဗောဓိပင်မှ ဗောဓိသီးများ တဒါဇင်လောက် ပြုတ်ကျလာခဲ့သည်။

အမှန်ပင် ဤအရာသည် အလုံးစုံသောသက်ရှိအောင်နိုင် ဗောဓိသီးက ရင့်မှည့်ပြီး ဗောဓိသီးများ ဖြစ်လာခြင်းဖြစ်သည်။

“ဖေးရှန့်တောင်က ပြန်လည်တည်ဆောက်ထားတာ မကြာသေးဘူးဆိုတော့ မင်းတို့ကို ဧည့်ခံစရာဘာမှမရှိဘူး။ ကျေးဇူးပြုပြီး ဒီဗောဓိသီးကိုပဲ သုံးဆောင်ကြပါ ”

ဗောဓိသီးတစ်လုံးစီက နတ်ဆိုးဘုရင်တို့၏ လက်ထဲသို့ကျရောက်လာခဲ့သည်။ တစ်လုံးစီက လက်သီးဆုပ်အရွယ်ခန့်ရှိပြီး အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားများ တောက်ပနေကာ အင်မော်တယ်အသီးကဲ့သို့ မွှေးပျံ့သောရနံ့များကို ထုတ်လွှင့်နေသည်။

“ဒီဗောဓိသီးက ဘယ်လိုအရသာရှိလဲ”

ချမ်ချန်ကန်းက ပြုံးပြီးမေးလိုက်သည်။

နတ်ဆိုးဘုရင်များက ၎င်းကိုစမ်းကြည့်ရာ ဗောဓိသီးအရသာသည် အလွန်ချိုမြိန်ရုံသာမက အလွန်ပဲ းအရသာရှိပေသည်။

နတ်ဆိုးဘုရင်များလည်း ထိတ်လန့်ပြီး သူတို့၏အမူအရာများက တုန်လှုပ်သွားကြသည်။

“ဘယ်လိုတောင်စွမ်းအားကြီးလိုက်တာလဲ။ ဒါကအင်မော်တယ်သစ်သီးတွေမလား။ ပိုင်ယွဲ့ အရမ်းအရသာရှိတာပဲ....မြောင်”

အားမြောင်သည် သူမ၏မျက်လုံးလေးများကို မှေးစင်းပြီး သက်သောင့်သက်သာအမူအရာ လေးဖြင့် ပိုင်ယွဲ့ကိုမေးလိုက်သည်။

အထူးသဖြင့် ပိုင်ယွဲ့၏မြေခွေးအမြီးကို သူမ၏ကြောင်အမြီးနှင့် ရစ်ပတ်ထားပေသည်။ ပိုင်ယွဲ့၏ မျက်နှာလေးမှာ နီမြန်းလာပြီး သူမ၏အမြီးကို အမြန်ဆွဲထုတ်လိုက်သည်။

ပိုင်ယွဲက တိုးတိုးလေး ပြောလိုက်သည်။

“အားမြောင် ဒီမှာစီနီယာရှိတယ်လေ။ နင်နည်းနည်းလေးပိုပြီး အားစိုက်ပေးလို့မရဘူးလား”

“ဟုတ်ပါပြီ။ ဒါပေမဲ့ စီနီယာရဲ့အသီးကအရမ်းအရသာရှိတာပဲ မြောင်”

ချမ်ချန်ကန်းကလည်းပြုံးပြီး ဗောဓိသီးကိုစားနေသော နတ်ဆိုးများကိုကြည့်လိုက်သည်။ ဟုတ်ပေသည်။

သူသည် အားမြောင်နှင့် ပိုင်ယွဲ၏အမူအရာလေးတွေကိုကော သတိထားမိသည်။ ကြောင်နတ်ဆိုး မြေခွေးနတ်ဆိုး...

ဒီတောင်ပေါ်ကနတ်ဆိုးတွေက တကယ့်ကိုသဘာဝအတိုင်း ချစ်ဖို့ကောင်းတာပဲ*

ချမ်ချန်ကန်းက တွေးလိုက်မိသည်။ အရင်တုန်းကတော့ပိုင်ယွဲ့က သီးသန့်ခြံဝန်းတစ်ခုက သစ်ခွပန်းလေးလိုပင်။ လောကီနှင့်မအပ်စပ်ပဲ သီးသန့်ငြိမ်းအေးနေသလို ခံစားရသည်။ ဒါပေမဲ့အခု ဤကြောင်နတ်ဆိုးနှင့် ကြည့်လိုက်သောအခါ သူမ၏ဆက်ဆံရေးက တော်တော်ကောင်းပေသည်။

*ငါရဲ့အထင်နဲ့အမြင်က နည်းနည်းလေးတော့ကွဲသွားတယ်*

ဗောဓိသီးကို စားပြီးသည့်နောက်၌ နတ်ဆိုးဘုရင်များ၏ မှော်စွမ်းအားကြီးထွားမှုက သိသိသာသာ တိုးတက်လာခဲ့သည်။

ထို့ကြောင့် နတ်ဆိုးဘုရင်များသည် ချမ်ချန်ကန်းကို ပို၍ပင် လေးစားလာကြသည်။ ၎င်းတို့သည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ် နတ်ဆိုးဘုရင်များဖြစ်ကြသော်လည်း ၎င်းတို့၏ကျင့်ကြံမှုကို တိုးမြင့်ရန်က မလွယ်ကူပေ။ သို့တိုင်ဗောဓိသီးကို စားသုံးခြင်းဖြင့် ၎င်းတို့၏ကျင့်ကြံမှုက ပို၍တိုးပွားလာခဲ့သည်။

သူတို့က ဗောဓိပင်ကိုကြည့်လိုက်ပြန်သည်။ ရာနှင့်ချီသော ဗောဓိသီးများတွဲလောင်းကျနေသည်ကို မြင်ပြီး တံတွေးမျိုချရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

သူတို့သာ အကုန်လုံးကို စားလိုက်ပါက နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်သို့ ကျော်ဖြတ်ရာ၌ ဘယ်လိုလုပ်အခက်အခဲရှိတော့မည်နည်း။

ထို့ပါယဲ့၊ ဟုန်ရီနှင့် ရှဲကျီနယ့်တို့ကို မနာလိုဖြစ်မိကြပေသည်။ သူတို့ကနေတိုင်းစားနိုင်ရပေမည်။ ဗောဓိပင်သည် နတ်ဆိုးဘုရင်များ၏ အကြည့်ကိုခံစားမိပြီး သူမ၏တစ်ကိုယ်လုံးအေးစက်သွား ကာ အကိုင်းအခက်တုန်ခါလာခဲ့သည်။

*ဒီနတ်ဆိုးတွေက ဘာလုပ်ချင်တာလဲ၊ ငါက ဒီနေရာရဲ့ဆရာပဲနော်၊ ငါ့ကိုလာမရှုပ်နဲ့*

ထို့နောက် နတ်ဆိုးဘုရင်များနှင့် လေးနက်သောကိစ္စများကို ဆွေးနွေးရန် အချိန်ကျရောက်လာပြီဖြစ်သည်။

ချမ်ချန်ကန်း၏အပြုံးက မှိန်ဖျော့သွားပြီး သူ၏အမူအရာက လေးနက်လာခဲ့သည်။

ချက်ချင်းပဲ နတ်ဆိုးတို့က မတ်တက်ထရပ်လိုက်ကြသည်။

“ဒီတောင်ပေါင်းတစ်သိန်းတောင်ကြီးရဲ့ စိတ်ဝိညာဉ်ချီတွေ လျော့နည်းသွားတာပဲ။ ငါဒီအချက်ကို တကယ်ပဲသတိမပြုမိခဲ့ဘူး။ လူတိုင်းကိုတော့အကျိုးပြုဖို့ဆန္ဒရှိပါတယ်။ စိတ်ဝိညာဉ်ချီတွေ ပြန်လည်မရောက်လာခင်ထိ ဒီဖေးရှန့်တောင်ပေါ်မှာ လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်ပါတယ် ”

ချမ်ချန်ကန်း၏စကားများ ထွက်လာသည်နှင့်တပြိုင်နက် ရောက်ရှိလာသူနတ်ဆိုးဘုရင်များအားလုံး ထိတ်လန့်သွားကြသည်။

သူတို့က မျက်လုံးများ ပြူးကျယ်သွားပြီး သူ့အားမယုံကြည်နိုင်စွာကြည့်နေကြသည်။ ဤဖေးရှန့်တောင်သည် ကမ္ဘာပေါ်တွင်ရှိသော ဒဏ္ဍာရီလာနတ်ဘုရားနယ်မြေတစ်ခုပင်ဖြစ်ပေသည်။

တစ္ဆေပြည်နယ်တစ်လျောက် ကျူးရှို့တိုက်ကြီးတစ်ခုလုံးမှာပင် ဤကဲ့သို့သော် အင်မော်တယ် နယ်မြေတည်ရှိသည်ဟူသော ကောလာဟာလမျိုးမကြားဖူးခဲ့ပေ။

တောင်ပေါင်းတစ်သိန်းတောင်တွင် အလည်အပတ်ရောက်ခြင်းအားဖြင့် သူတို့နေ့ခင်းဘက်၌ အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။

ဤတောင်ပေါင်းတစ်သိန်းတောင်ပေါ်၌ ကျင့်ကြံနိုင်မည်ဆိုပါက မည်မျှအံ့ဩဖွယ်ကောင်းပေလိမ့်မည်နည်း။

သို့ပေသည့် ဤသည်ကနေ့ခင်းဘက် အိပ်မက်မက်နေတာတစ်ခုလိုပင်။

ဒါကစီနီယာရဲ့ လျှို့ဝှက်ကျင့် ကြံတဲ့နေရာပဲ၊ သူတို့ကဘယ်လိုလုပ် သတ္တိရှိနိုင်မှာလဲ*

သို့သော် သူတို့က ထိုစကားကိုသာတွေးနိုင်ပေသည်။

သို့ပေမဲ့လည်း ချမ်ချန်ကန်းက သူတို့ကိုဤတောင်ပေါ်၌ အမှန်တကယ်ကျင့်ကြံခွင့်ပေးလိမ့်မည်ဟု သူတို့လုံးဝမမျှော်လင့်ထားပေ။ သူတို့ လုံးဝ မတုန်လှုပ်နိုင်ပဲမနေပေ။

“စီနီယာ ဒါ … ဒါက”

ချမ်ချန်ကန်းက ဖျော့တော့စွာပြုံးလိုက်သည်။ ဤအင်မော်တယ်နယ်မြေသည် ဤနတ်ဆိုးဘုရင်များအတွက် ဘာကိုဆိုလိုလည်းဆိုတာကို သူသဘာဝကျကျနားလည်ပေသည်။

ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက နတ်ဘုရားအသွင်ပြောင်းလဲခြင်းသို့ ဝင်ရောက်ရန်မှာ သူတို့အတွက် အိပ်မက်မဟုတ်တော့ပေ။

ဟုတ်ပေသည်။ ချမ်ချန်ကန်းအတွက်ကလည်း အကျိုးကျေးဇူးကများပေသည်။ ဤနတ်ဆိုးဘုရင်များကို ဖေးရှန့်တောင်ပေါ်တွင် ကျင့်ကြံခွင့်ပေးလိုက်ခြင်းက ချမ်ချန်ကန်းသေချာဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေသည်။

ဤနတ်ဆိုးဘုရင်များသည် ဖေးရှန့်တောင်ပေါ်ရှိ သူ၏နယ်မြေတွင် ကျင့်ကြံနေသ၍ ချမ်ချန်ကန်းကလည်းသူ၏နယ်မြေတန်ဖိုးအများအပြားကို ရရှိနိုင်ပေမည်။

နယ်ပယ်သေးဖြစ်စေ၊ နယ်ပယ်ကြီးဖြစ်စေ အရာအားလုံးက ချမ်ချန်ကန်းထံ ယူဆောင်လာသော နယ်မြေတန်ဖိုးသာဖြစ်ပေသည်။

ဤနေရာတွင် ချမ်ချန်ကန်းသည် ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးကို အပြည့်အဝချဲ့ထွင်ရန် လုံလောက်သောနယ်မြေတန်ဖိုးများကို မကြာမှီရရှိနိုင်မည်ဖြစ်သည်။

ဆိုးရိုးစကားအတိုင်းပင် ကြက်ကကြက်ဥ ဥပေသည်။ ကြက်ဥကကြက်သားပေါက်ပေသည်။ တစ်နည်းအားဖြင့် နယ်မြေတန်ဖိုးများ ဆက်တိုက်ဝင်လာနိုင်ပေသည်။

မဟုတ်ပါက နတ်ဆိုးဘုရင်များနှင့် ကျင့်ကြံသူများကိုသတ်ရုံဖြင့် ဖေးရှန့်တောင်တစ်ခုလုံးကို ဖုံးလွမ်းရန် သူဘယ်လောက်သတ်ရမည်နည်း။

စီနီယာ၏ ရက်ရောမှုကြောင့် အင်မော်တယ်နယ်မြေ၌ နတ်ဆိုးများကို ကျင့်ကြံရန်ပေးချင်ကြောင်း နတ်ဆိုးဘုရင်များအားလုံးသည် ချမ်ချန်ကန်းကို သူတို့နှလုံးသားထဲ၌ မရိုသေပဲမနေနိုင်တော့ပေ။ သူတို့ အားလုံးသိပေသည်။

ဒါက သူတို့အတွက် ဘာကိုရည်ရွယ်လည်းဆိုတာသိပေသည်။

ဤသည်မှာ သူတို့အတွက် အခွင့်ရေးကောင်းတစ်ခုဖြစ်ပေသည်။

“ငါတို့ဒီမှာကျင့်ကြံနိုင်တယ်၊ အရမ်းပျော်တာပဲ၊ စီနီယာက ပိုင်ယွဲပြောသလိုပဲ အရမ်းနူးညံ့သိမ်မွေ့ပြီးကြင်နာတတ်တာပဲ။ အရမ်းကိုပဲသဘောကောင်းတာပဲ၊ ငါစီနီယာကိုအရမ်းကြိုက်တယ်..... မြောင်”

ပိုင်ယွဲသည် သူ့အနားရှိ အားမြောင်၏ စကားကြောင့် ထိတ်လန့်သွားပြီး အားမြောင်၏ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

“အားမြောင် စီနီယာကို မရိုင်းစိုင်းစမ်းနဲ့”

နတ်ဆိုးဘုရင်အုပ်စုလည်း ကြောက်ရွံ့ပြီးအနည်းငယ် ထိတ်လန့်သွားကြသည်။

အားမြောင်သည် စီနီယာအား ဤကဲ့သို့သော်စကားများကို အမှန်တကယ်ပင် မရင်မကျေး ပြောမိပေသည်။

“စီနီယာကို စော်ကားမိရင် ဘယ်လိုလုပ်မလဲ”

All Chapters