← Chapters

အခန်း ၇၆

Vol. 6 Ch. 76

အခန်း ၇၆

Vol. 6 Ch. 76

အခန်း (၇၆) အစိမ်းရောင်ဆံပင်နှင့် တစ္ဆေနတ်ဘုရား၊ တစ္ဆေပြည်နယ်၏အချက်ပြမှု

အားမြောင်၏စကားကြောင့် စီနီယာကဒေါသထွက်မည်ကို နတ်ဆိုးဘုရင်များက စိုးရိမ်သွားကြသည်။ နောက်ဆုံးတွင် စီနီယာ၏ကျင့်ကြံမှုက အလွန်လေးနက်သော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး နတ်ဆိုးဘုရင်များ၏ ရိုင်းရိုင်းစိုင်းစိုင်း ပြောမည်ကို မကြောက်မှာသေချာပေသည်။

သို့သော်လည်း ချမ်ချန်ကန်းက ထိုကဲ့သို့ကျွမကျင်သူမဟုတ်မှန်း သူတို့မသိကြပေ။ သူသည် ကမ္ဘာမြေမှသာမန်လူသားတစ်ဦးသာဖြစ်ပြီး ပြိုင်ဘက်ကင်းနယ်မြေတစ်ခုကို ပိုင်ဆိုင်ထားသူသာဖြစ်သည်။

ထို့ကြောင့် အားမြောင်၏စကားက ချမ်ချန်ကန်းကို ဒေါသမထွက်စေခဲ့ပေ။ ဤကြောင်နတ်ဆိုးသည် အနည်းငယ်ချစ်စရာကောင်းသည်ဟု သူက တွေးထင်လိုက်သည်။

ချမ်ချန်ကန်း၏ စိတ်ထဲတွင် ကြောင်နတ်ဆိုး၏ပုံသဏ္ဍာန်က အံဝင်ခွင်ကြဖြစ်နေခဲ့သည်။ ချမ်ချန်ကန်း ကပြောလိုက်သည်။

“စိတ်ပူစရာမလိုပါဘူး၊”

အားမြောင်၏ ကြောင်နားရွက်များက လှုပ်ခါသွားပြီး သူမ၏မျက်လုံးလေးများက ပြူးကျယ်သွားခဲ့သည်။

“စီနီယာက တကယ်ပဲပေါင်းသင်းဖို့လွယ်ကူတာပဲ၊ အနာဂတ်မှာညငါးတွေဖမ်းမိလို့ရှိရင် စီနီယာကို အရင်ဦးဆုံးမျှဝေပေးရမယ်”

ထိုစကားကိုကြားမှသာ နတ်ဆိုးဘုရင်များအားလုံးက သက်ပြင်းချလိုက်ကြသည်။

စီနီယာသည် ဤမျှချဥ်းကပ်ရလွယ်ကူပြီး သဘောကောင်းလိမ့်မည်ဟု သူတို့လုံးဝမမျှော်လင့်ထားပေ။ ထို့အစား သူတို့က ပို၍ပင်လေးစားလာကြသည်။

သူတို့သည် စီနီယာကို အစပိုင်းကကဲသို့မကြောက်တော့ပဲ စိတ်သက်သာရာရသွားကြသည်။

“ဒါဆိုရင် ငါဆုံးဖြတ်ပြီးပြီ။ မင်းတို့တွေအချိန်မရွေး ဖေးရှန့်တောင်ပေါ်မှာ လာရောက်ပြီး ကျင့်ကြံနိုင်တယ်”

နတ်ဆိုးဘုရင်များအားလုံးက ကျေးဇူးတင်စကားဆိုလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ်စီနီယာ။ စီနီယာရဲ့မဟာဂရုဏာတော်အတွက် တကယ်ပဲ ကျေးဇူးတင်မိပါတယ်။

“စီနီယာ ကျွန်တော်တို့က အခုမှတွေ့ဆုံတာမဟုတ်ဘူး။ စီနီယာအတွက်လက်ဆောင်တစ်ခုစီ ယူလာပေး ပါတယ်”

နတ်ဆိုးဘုရင်များက လက်ဆောင်များကို ပေးအပ်လိုက်ကြသည်။

အဖိုးတန်သော စိတ်ဝိညာဉ်သတ္တုရိုင်းများ၊ စိတ်ဝိညာဉ်သွေးကြောများ၊ သစ်ပင်များဖြစ်သည်။ ဤရာများအားလုံးသည် နတ်ဆိုးဘုရင်များ စုဆောင်းထားသော အဖိုးတန်ကောင်းကင်နှင့်မြေကြီးမှ ရတနာများဖြစ်ကြသည်။

နတ်ဆိုးဘုရင်များ ထုတ်လွင်လိုက်သောအခါ ၎င်းတို့ထံမှ စိတ်ဝိညာဉ်အလင်းရောင်များနှင့် အသက်ဓာတ်များက တက်ကြွစွာတောက်ပနေတော့သည်။

ချမ်ချန်ကန်းသည် ထိုအရာများကို မြင်လိုက်ရသောအခါ အံအားသင့်သွားပြီး ဤကောင်းကင်နှင့်မြေကြီးရတနာများ၏ သာမန်မဟုတ်ကြောင်း သဘာဝအတိုင်းသိလိုက်ရသည်။

ဖေးရှန့်တောင်ပေါ်တွင် စိုက်ပျိုးပါက ၎င်းတို့သည်အနာဂတ်တွင် အင်မော်တယ်ဆေးပင်များအဖြစ်သို့ ရောက်ရှိနိုင်ပေသည်။

ဟုတ်ပေသည်။ သူက လည်ချောင်းကို နှစ်ကြိမ်လောက်ရှင်းလိုက်ပြီး

“မင်းတို့တေ‌ွလာတာပဲ ဘာလို့လက်ဆောင်တွေ ယူလာပေးတာလဲ ”

နတ်ဆိုးဘုရင်များ၏အမြင်တွင် စီနီယာ၏ ကျင့်ကြံမှုမှာနားမလည်နိုင်အောင် ဖြစ်နေသဖြင့် ဤကဲ့သို့ ကောင်းကင်နှင့် မြေကြီး၏ရတနာများက ကင်းမဲ့နေမည်မဟုတ်ဟု ထင်ကြသည်။

ချမ်ချန်ကန်း၏ စကားကိုကြားသောအခါ သူတို့ဂရုစိုက်ပြင်ထားသော လက်ဆောင်များက စီနီယာ၏ အကြိုက်မဟုတ်ဟု စိတ်ထဲ၌တွေးထင်လိုက်မိကြသည်။

သို့သော်လည်း ချမ်ချန်ကန်းပြောသည်ကို ကြားလိုက်ရပြန်သည်။

“မင်းတို့တွေက ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ယူလာတယ်ဆိုမှတော့ ငါလက်ခံလိုက်မယ်၊”

ချမ်ချန်ကန်းက သူ့လက်ကိုဝှေ့ယမ်းပြီး လက်ခံလိုက်သည်။

သူတို့ယူဆောင်လာသည့် ကောင်းကင်နှငိ့မြေကြီး၏ရတနာများကို ချမ်ချန်ကန်းက သိမ်းယူသွားခဲ့သည်။ ထို့နောက် သက်ရှည်ဘုရားကျောင်းအနီးတွင် စိုက်ပျိုးလိုက်သည်။

အားမြောင်ပေးခဲ့သော နဂါးငါးကြင်းကိုပင် ချမ်ချန်ကန်းက အင်မော်တယ်ရေကန်ထဲသို့ တိုက်ရိုက်လွှတ်ပေးလိုက်သည်။

နတ်ဆိုးဘုရင်များသည် ဤအပြုအမူကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီး မတုန့်ပြန်နိုင်ကြသေးပေ။

စိုက်လို့ရသည့် ကောင်းကင်နှင့်မြေကြီးရတနာများကို ချမ်ချန်ကန်းက စိုက်ပျိုးနေသည်။

ထိုအခြင်းအရာက နတ်ဆိုးဘုရင်များအတွက် အံအားသင့်ဖွယ်ကောင်းပေသည်။ နတ်ဆိုးဘုရင်များသည် ချမ်ချန်ကန်းကို အနှောင့်အယှက်ဖြစ်မည်ကို ကြောက်ရွံ့သောကြောင့် သက်ရှည်ဘုရားကျောင်းတွင်ကြာကြာမနေပဲ ထွက်ခွာသွားကြသည်။

ပို၍အရေးကြီးသည်မှာ ဖေးရှန့်တောင်သို့ လာရောက်ကျင့်ကြံရန် စိတ်မရှည်နေကြခြင်းဖြစ်သည်။ ပြန်သွားပြီး ကောင်းကောင်းမွန်မွန် ရေမိုးချိုး သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီ ညစ်ပတ်နေသော ဆံပင်များကိုဖြတ်ကာ သန့်ရှင်းသောအဝတ်အထည်များကို ဝတ်ဆင်ပြီးမှသာ ဤနေရာသို့လာရောက်ပြီး ကျင့်ကြံပေမည်။

သူတို့၏နတ်ဆိုးစွမ်းရည်များကြောင့် စီနီယာ၏မြင့်မြတ်သော နယ်မြေတစ်ခုလုံးကို ညစ်နွမ်းအောင် မလုပ်နိုင်ပေ။ မဟုတ်ပါက ဤသည်က အပြစ်တစ်ခုဖြစ်သွားပေလိမ့်မည်။

ချမ်ချန်ကန်းကလည်း ပြုံးပြီးဝမ်းသာနေမိသည်။

ဤနည်းဖြင့် ဤနတ်ဆိုးများသည် သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကျင့်ကြံပြီး သူ့၌နယ်မြေတန်ဖိုးများလည်း ရရှိပေမည်။

ဖေးရှန့်တောင်တစ်ခုလုံးကို ဖုံးအုပ်လိုသော်လည်း ယခုမူပြိုင်ဘက်ကင်းနယ်မြေက သုံးပုံတစ်ပုံသာရှိနေပေသည်။

ဖေးရှန့်တောင်ကို ဖုံးအုပ်ပြီးနောက် တစ္ဆေပြည်နယ်၊ ကျူးရှို့တိုက်ကြီးတစ်ခုလုံးဖြစ်လာပေလိမ့်မည်။

ထို့နောက် အထက်ဘုံကိုပင် လွှမ်းခြုံနိုင်ပေမည်။

ထိုအကြောင်းကိုတွေးပြီး ချမ်ချန်ကန်း၏နှလုံးသားက စိတ်ခံစားချက်များတိုးတက်လာကာ အချိန်အတော်ကြာမငြိမ်မသက်ဖြစ်လာခဲ့သည်။

ဟုတ်ပေသည်။ လက်ရှိ ချမ်ချန်ကန်းအတွက် သူမျှော်လင့်ထားသည်ကတော့ ပြိုင်ဘက်ကင်းနယ်မြေက ဖေးရှန့်တောင်တစ်ခုလုံးကို ဖုံးအုပ်ထားပြီးနောက် သူသည် ဖေးရှန့်တောင်အရှင်သခင်ဟူသော ဘွဲ့ကိုရယူကာ ပြိုင်ဘက်ကင်းနယ်မြေကို ဗားရှင်း 4.0 သို့မြင့်တင်မည်ဖြစ်သည်။

ချမ်ချန်ကန်းသည် ဗားရှင်းတစ်ခုစီကို အဆင့်မြင့်တင်ပြီးနောက် ရရှိလာမည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အလွန်မျှော်လင့်နေမိသည်။

ထျန်းလုံမြို့မှတစ်ဆင့် တစ္ဆေတိုင်းပြည်သို့သွားရာ လမ်းတလျှောက်၌ မြို့ကြီးမြို့ငယ်များအားလုံး သက်ရှိငရဲပြည်သို့ ပြောင်းလဲသွားကြသည်။

ကျင့်ကြံသူများ ရွှေဗဟိုချက်နယ်ပယ်များ၊ အခြေခံတည်ဆောက်နယ်ပယ်များ၊ မည်သူမဆိုအရာ အားလုံးအသက်မရှိတော့ပဲ သေဆုံးသွားကြသည်။

အစိမ်းရောင်ဆံပင်နှင့် နတ်ဆိုးနတ်ဘုရားအကြောင်း တစ္ဆေပြည်နယ်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ ဤကဲ့သို့ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသည့် ဆိုးညစ်သောနတ်ဆိုးတစ္ဆေသည် သဘာဝအတိုင်း တစ္ဆေပြည်နယ်ရှိ အင်အားစုအသီးသီး၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် သူတို့သည် ထိုဆံပင်အစိမ်းရောင်နှင့် နတ်ဆိုးနတ်ဘုရားကို လုံးလုံးလျားလျားမကိုင်တွယ်နိုင်ခဲ့ပေ။

ယင်းအစားမည်သူမဆို ထိုအစိမ်းရောင်ဆံပင်နှင့် နတ်ဆိုးနတ်ဘုရား၏ပါးစပ်အတွင်း၌ သေဆုံးသွား ကြပြီး မည်သူမှမလွတ်မြောက်ခဲ့ပေ။

ဝိညာဉ်ရှေးဟောင်းဂိုဏ်းမှာ အသန်မာဆုံးနတ်ဘုရားအသွင်ပြောင်းလဲခြင်း ပုဂ္ဂိုလ်ကြီးတစ်ဦးပင်လျင် ထိုအစိမ်းရောင်နတ်ဆိုးနတ်ဘုရား၏ သတ်ဖြတ်မှုကြောင့် နောက်ဆုံးတွင် သူ၏ပါးစပ်ထဲ၌ဝမ်းနည်းစွာ သေဆုံးခဲ့ရသည်။

တချိန်တည်းမှာပင် အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေ ဟူသောနာမည်က တစ္ဆေတိုင်းပြည်တစ်ခုလုံးကို ကြော်ကြားသွားခဲ့သည်။

အဖွဲ့အစည်းအသီးသီးက အာရုံစိုက်ခဲ့သော်လည်း ထိုအစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်နတ်ဘုရားကို မဆန့်ကျင်ရဲပေ။

အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်နတ်ဘုရားသည် တစ္ဆေတိုင်းပြည်တလျောက် ဖြည့်စွက်စာများစားပြီးနောက် မြန်မြန်ဆန်ဆန်ထွက်ခွာသွားရနါကိုသာ မျှော်လင့်ခဲ့သည်။

နောက်ဆုံးတွင် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေသည် မြို့ပေါင်းနှစ်ဆယ့်သုံးမြို့ရှိ သက်ရှိသတ္တဝါ သန်းပေါင်းများစွာကို စားသောက်ပြီးနောက် နောက်ဆုံး၌ သူက ဗိုက်ပြည့်၍ ကျေနပ်သွားခဲ့သည်။

ထို့နောက် သူသည် သေမျိုးတွေရှိသောမျိုး၌ သုံးရက်သုံးညအိပ်လေသည်။ တစ္ဆေပြည်နယ်ရှိ ဂိုဏ်းအသီးသီးကလည်း ထိုအစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေ၏ ထွက်ခွာသွားပါတော့ဟုသာ တွေးနေမိကြသည်။

သို့သော်လည်း ထိုအစိမ်းရောင်ဆံပင်နှင့် တစ္ဆေသရဲကတစ္ဆေတိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်ခြောက် ခြားဖွယ်ရာသတင်းတစ်ပုဒ်ကို အမှန်တကယ်ထုတ်ပြန်ခဲ့သည်။

ထိုသူသည် အထက်ဘုံ၊ ရှန်းဝူအင်မော်တယ်နယ်မြေမှ ဆင်းသက်လာသူဖြစ်သည်။ သူလာသည့် ရည်ရွယ်ချက်မှာ သူ၏စွမ်းအားကိုထူထောင်ပြီး ကလဲ့စားချေရန်ဖြစ်သည်။

ဤတစ္ဆေတိုင်းပြည်တွင် အထက်ဘုံမှ အင်မော်တယ်စစ်သူကြီး ဆယ့်နှစ်ပါးကိုသတ်ဖြတ်ခဲ့ပြီး အင်မော်တယ်အရှင်၏ မှော်ရတနာကိုသိမ်းပိုက်ရန် သတ္တိရှိသူကို သူကစိန်ခေါ်ရန်လာခြင်းပင် ဖြစ်ပေသည်။

ထို့ကြောင့် သူသည် တစ္ဆေပြည်နယ်သို့ လာရောက်ရန် ရည်ရွယ်ချက်တစ်ခုသာရှိပေသည်။

ယင်းမှာအင်မော်တယ်ဗိုလ်ချုပ်ဆယ့်နှစ်ပါးကိုသတ်ပြီး အင်မော်တယ်အရှင်၏ ရတနာကိုလုယူခဲ့သော ကျူးရှို့တိုက်ကြီးမှ ချမ်ချန်ကန်းဟူသောပုဂ္ဂိုလ်ကို လာရောက်သတ်ရန်ဖြစ်သည်။

သုံးရက်အကြာတွင် သူသည် တောင်ပေါင်းတစ်သိန်းတောင်တန်းသို့သွားကာ ချမ်ချန်ကန်း၏ခန္ဓာကိုယ် နှင့် ဝိညာဉ်ကိုစားသုံးမည်ဖြစ်သည်။

အင်မော်တယ်အများစုသည်မှာ အောက်ဘုံရှိပုရွက်ဆိတ်များ စော်ကားစရာမဟုတ်ကြောင်း သူက သိစေလိမ့်မည်ဖြစ်သည်။

ထိုသတင်းကို တစ္ဆေတိုင်းပြည်ရှိ အဖွဲ့အသီးသီးမှ ကြားသိသောအခါ လူတိုင်းရှော့ရသွားကြသည်။ နောက်ဆုံးတော့ အင်မော်တယ်ဆယ့်နှစ်ပါးသည် အောက်ဘုံသို့ကျဆုံးသွားပြီဖြစ်ကြောင်း မည်သူမှမသိပဲ။ လူတိုင်းက ထွက်ခွာသွားကြသည်ဟုသာ ထင်ထားကြသည်။

သူတို့သည် အမှန်တကယ် တောင်ပေါင်းတစ်သိန်းတောင်တန်း၌ သေဆုံးသွားကြလိမ့်မည်ဟု မမျှော်လင့်ကြပေ။

ဤကြောက်မက်ဖွယ်ရာသတင်းကြောင့် တစ္ဆေပြည်နယ်ရှိဂိုဏ်းအားလုံး တုန်လှုပ်ခြောက်ခြားပြီး အုံကြွသွားကြသည်။

တစ္ဆေပြည်နယ်၌ အင်မော်တယ်များကို ဤကဲ့သို့စိန်ခေါ်ရဲသူ ဘယ်တုန်းကတည်းက ရှိခဲ့သနည်း။ မကြာခင်မှာပင် ထိုသတင်းက ဟာရီကိန်းမုန်တိုင်းလို တစ္ဆေပြည်နယ်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး မရေတွက်နိုင်သော လူပေါင်းများစွာက ထိုအကြောင်းကိုဆွေးနွေးနေကြသည်။

အမျိုးမျိုးသော အင်အားစုကြီးများကလည်း တောင်ပေါင်းတစ်သိန်းတောင်တန်းကို အာရုံစိုက်နေကြသည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ အင်မော်တယ်များကို စိန်ခေါ်ဝံ့သူသည် အစိမ်းရောင်ဆံပင်ရှိသော အင်မော်တယ်တစ္ဆေနှင့် မည်ကဲ့သို့တိုက်ခိုက်ကြမည်ကို သိချင်နေကြသည်။

နေဝင်ချိန်၌ ဓားကိုးစင်းဂိုဏ်းဆီသို့ ဦးတည်သွားသော သက်တန့်တစ်စင်းဖြတ်သွားခဲ့သည်။ ထိုဓားပေါ်၌ သက်တန့်တစ်စင်း ဖြတ်သွားခဲ့သည်။

ထိုဓားသက်တန့်ပေါ်၌ ဆင်းလာသူမှာ လင်းပေါင်အာပင်ဖြစ်သည်။ အမြီးလေးကလည်း သူမ၏လက်ဖဝါပေါ်အပြင်ဘက်ရှိ တောင်တန်းနှင့် ချောင်းများကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။

“ဟီး … ဟီး … ဟီး ..”

“ဟဲ့ .. ဟဲ့ … ဟဲ့ အမြီးလေးနေ့တစ်ဝက်လောက်နေရင် ငါတို့ဓားကိုးစင်းဂိုဏ်းကိုရောက်တော့မယ်။ အဲဒီအခါကြရင် အဖေနဲ့အခြားသူတွေ ငါ့ရဲ့ကျင့်ကြံမှုကိုကြည့်ပြီး၊ အံအားသင့်သွားလိမ့်မယ်။”

အမြီးလေးကလည်း ခေါင်းညိတ်လိုက်သည်။

“ဟီး … ဟီး …. ဟီး ”

ဓားကိုးစင်းဂိုဏ်းနယ်မြေသို့ ချည်းကပ်လာစဉ် ရုတ်တရက်လင်းပေါင်အာနှင့် အမြီးလေးတို့ကို ဝန်းရံထားသည့် စိတ်ဝိညာဉ်သက်တန့်များ ပေါ်လာခဲ့သည်။

ထိုသူတို့သည် တစ္ဆေအရိုးတောင်တန်းမှ ဗဟိုချက်နယ်ပယ် ကျင့်ကြံသူငါးဦးဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံမှုသည်ရွှေဗဟိုချက်နယ်ပယ် အလွှာကိုးသို့ရောက်ရှိနေကြပေသည်။

သူတို့မျက်လုံးများက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်ရည်ရွယ်ချက်များဖြင့် ပြည့်နှံ့နေပြီး လင်းပေါင်အာကို အေးစက်စက်စိုက်ကြည့်နေကြသည်။

တစ္ဆေအရိုးဂိုဏ်းအကြီးအကဲက ရှက်ရွံစွာဖြင့် ပြုံးလိုက်သည်။

“အိုး .. ဓားကိုးစင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရဲ့သမီး လင်းပေါင်အာမဟုတ်လား

မင်းကတောင်ပေါင်းတစ်သိန်း တောင်တန်းရဲ့တပည့်မဟုတ်ဘူးလား

ဘာဖြစ်လို့ပြန်လာတာလဲ”

“ဘာလို့လဲ ပြန်လာလို့မရဘူးလား၊”

လင်းပေါင်အာက အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး သူမသည် ပြင်းထန်သောအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

“နင်တို့တစ္ဆေအရိုးဂိုဏ်းက ငါ့ကိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဝိုင်းရံထားတာပဲ သေချင်နေတာလား ”

လင်းပေါင်အာသည် ချမ်ချန်ကန်းက သူမကိုသူမ နှိမ့်ချထားရမည်ဟုသောစကားကြောင့် နာခံစွာဖြင့် သူမ၏အရှိန်အဝါကို လောလောဆယ်ထိန်းထားခြင်းဖြစ်သည်။

သူမထက် ကျင့်ကြံခြင်း မြင့်မားသူမဟုတ်ပါက သူမ၏ကျင့်ကြံမှုအစစ်အမှန်ကို မည်သူမှမသိနိုင်ပေ။ ဤရွှေဗဟိုချက်နယ်ပယ်ငါးဦးက သူမ၏ကျင့်ကြံခြင်းကို သေချာပေါက်မသိပေ။ သူတို့၏အမြင်အရ လင်းပေါင်အာသည် မည်မျှပင်သန်မာပါစေသူမသည် အခြေတည်ဆောက်ခြင်း သို့မဟုတ် ရွှေဟိုချက်နယ်ပယ်အစောပိုင်းအဆင့်၌သာ အများဆုံးရှိလိမ့်မည်ဟု ထင်ကြပေသည်။

ထို့ကြောင့် လင်းပေါင်အာ၏စကားကိုကြားပြီးနောက် ကျင့်ကြံသူငါးဦးထံမှ ကျယ်လောင်သော ရယ်မောသံများ ရုတ်တရက်ထွက်လာခဲ့သည်။

“နင်တို့ကသေချင်နေတာလား ”

လင်းပေါင်အာက အလွန်စိတ်ရှုပ်သွားသည်။ ထို့နောက်အင်မော်တယ်ဓားကို ထုတ်လုပ်ပြီး ဓားအလင်းတန်းတစ်ခုပေါ်လာခဲ့သည်။

တစ္ဆေအရိုးဂိုဏ်း၏ အကြီးအကဲ့သည် တုံ့ပြန်ရန်အချိန်မရှိခင်မှာပင် ထိုသူ၏လည်ပင်အား ဖြတ်တောက်သွားခဲ့သည်။ အခြားရွှေဗဟိုချက်နယ်ပယ် ကျင့်ကြံသူလေးဦးပေါ်သို့ သွေးများကဖိတ်ဆင်သွားခဲ့သည်။

သူတို့မျက်နှာပေါ်ရှိ အပြုံးများက လုံးဝအေးခဲသွားပြီး လင်းပေါင်အာကို တစ္ဆေသရဲကို မြင်လိုက်ရသလို ကြည့်နေကြသည်။

“ငါသူ့ကိုသတ်လိုက်တော့ ဘာဖြစ်လဲ၊ သူက ဘာလို့လာရယ်နေသေးလဲ”

လင်းပေါင်အာက တီးတိုးပြောလိုက်သည်။

All Chapters