← Chapters

အခန်း ၇၇

Vol. 7 Ch. 77

အခန်း ၇၇

Vol. 7 Ch. 77

အခန်း (၇၇) အလွန်နောက်ကျနေသောသတင်း

တစ္ဆေအရိုးဂိုဏ်း၏ အကြီးအကဲဖြစ်သူ ရွှေဗဟိုချက်နယ်ပယ် ကောင်းကင်ဘုံအလွှာကိုးမှ ကျင့်ကြံသူက လင်းပေါင်အာ၏ ဓားတစ်ချက်တည်းဖြင့် အသက်ခံလိုက်ရသည်။

ဤအချင်းအရာက ကျန်ရှိနေသောရွှေဗဟိုချက်နယ်ပယ် ကျင့်ကြံသူလေးဦးကို ထိတ်လန့်တုန် လှုပ်သွားစေခဲ့သည်။

ဤအရာအားလုံးက အိပ်မက်လိုခံစားလိုက်ရပြီး လက်တွေ့မကြသလို ခံစားနေရသည်။

“နင်တို့တစ္ဆေအရိုးဂိုဏ်းက တကယ်ပဲသင်ခန်းစာမရဘူးပဲ၊ နင်တို့ဂိုဏ်းချုပ်တွေရော၊ နင်တို့ရဲ့ ဘိုးဘေးအကြီးအကဲတွေရော ငါ့ဆရာရဲ့လက်ချက်နဲ့သေသွားပြီလေ၊ နင်တို့ကဘာလို့ ငါ့ကို ဒီလောက်တောင် ဒုက္ခရှာချင်ရတာလဲ”

ထိုသို့ပြောပြီးနောက် လင်းပေါင်အာက နောက်ထက်ဓားအလင်းသုံးချက်ထုတ်လွင့်လိုက်သည်။

တူကူးဓားကိုးလက်ကိုကျင့်ကြံပြီးနောက် လင်းပေါင်အာ၏ ဓားပညာကပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော ဓားသမားအချို့ပင်လျင် လင်းပေါင်အာ၏ဓားနှင့် မနှိုင်းယှဉ်နိုင်ပေ၊ ဤလင်းပေါင်အာ၏ဓားသုံးချက်က မယုံနိုင်လောက်အောင်ပင်ဖြစ်သည်။

ရွှေဗဟိုချက်နယ်ပယ် ကျင့်ကြံသူသုံးဦးက မတုံ့ပြန်နိုင်ခင်မှာပင် ၎င်းတို့ကိုဓားအလင်းတန်းသုံးခုဖြင့် ဖြတ်တောက်ခြင်းခံလိုက်ရသည်။

ထိုစွမ်းအားက အမှန်ပင်အံအားသင့်စရာကောင်းပေသည်။

လေထုထဲ၌ သွေးနံ့များက စိမ့်ထွက်သွားခဲ့သည်။ ကျန်ရှိနေသော ရွှေဗဟိုချက်ကျင့်ကြံသူမှာလည်း ဉာဏ်မရှိတော့သကဲ့သို့ ကြောက်လန့်တကြားဖြစ်နေခဲ့သည်။

သူကမျက်လုံးများကိုလန်ပြီး ကောင်းကင်ထံမှ ပြုတ်ကျကာမူးမေ့လဲသွားသည်။

“ဘာလို့ဒီလောက်တောင် ပျော့ညံ့နေရတာလဲ ”

လင်းပေါင်အာက တခစ်ခစ်ရယ်မောလိုက်သည်။

“အမြီးလေး ငါအားမနည်းဘူးတွေ့လား။ ငါအရမ်းသန်မာနေပြီ ”

“အင်း … အင်း … အင်း ..”

အမြီးလေးက အကြိမ်ပေါင်းများစွာ ခေါင်းညိတ်လိုက်သည်။

ကောင်းကင်ထံမှ ပြုတ်ကျလာသော ရွှေဗဟိုချက်နယ်ပယ် ကျင့်ကြံသူသည် နာကျင်မှုကြောင့် မူးလဲမလိုဖြစ်နေ၏။

သူသည် ကောင်းကင်ထက်တွင်ရှိသော လင်းပေါင်အာကို မော့ကြည့်ပြီးနောက် အမြီးများကို ကုက်လိုက်သကဲ့သို့ ကြောက်လန့်သွားသည်။

“လင်းပေါင်အာက ဘယ်လောက်တောင်သန်မာတာလဲ ”

သူတို့သည် သူမနှင့်စာရင်းရှင်းရန် အမှန်တကယ်ပင်ကြံစည်ခဲ့သော်လည်း သူတို့၏သေခြင်းတရားကိုသာ ရိုးရိုးရှင်းရှင်း ရှာဖွေခဲ့လိုက်ရသည်။

ထို့နောက် ထိုမြေကြီးပေါ်ပြုတ်ကျသွားသော ကျင့်ကြံသူက ဝိညာဉ်သက်တံအဖြစ်ပြောင်းပြီး အလျင်အမြန်ထွက်ပြေးသွားလေသည်။

သို့သော်လင်းပေါင်အာက ထိုသူ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

“ငါနင့်ကိုမသတ်ပါဘူး၊ ဘာလို့ထွက်ပြေးနေတာလဲ”

“အဖွား အဖွား … ကျေးဇူးပြုပြီး ကျုပ်အသက်ကိုချမ်းသာပေးပါ။”

ရွှေဗဟိုချက်နယ်ပယ်ကျင့်ကြံသူက မြေပေါ်တွင် အလျင်အမြန်ဒူးထောက်ပြီး ဖြူဖျော့နေသောခန္ဓာကိုယ်ဖြင့် တုန်တုန်ယင်ယင်ဖြစ်ကာ သူ၏အမှားများကို ဝန်ခံလိုက်ရသည်။

လင်းပေါင်အာသည် ငယ်ရွယ်သေးသော်လည်း ကျင့်ကြံခြင်းလောကက အန္တရာယ်အများစုကို ကောင်းစွာသိပေသည်။

သူမသာ ယနေ့ အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ကို မဖြတ်ကျော်နိုင်ပါက ယနေ့တွင်သေဆုံးရသူမှာ သူမသာဖြစ်ပေလိမ့်မည်။

ယုတ္တိဗေဒအရပြောရလျင် ဆရာသည်တစ္ဆေအရိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဘိုးဘေးအကြီးအကဲများကို သတ်ခဲ့ပေသည်။

သို့သော်လည်း တစ္ဆေအရိုးဂိုဏ်းက အေးဆေးမနေပေ။ ဆရာသည် တစ္ဆေအရိုးဂိုဏ်းကို ထပ်မံဒုက္ခပေးခဲ့ခြင်းမရှိပေ။

သို့သော်လည်း တစ္ဆေအရိုးဂိုဏ်းက သူမကိုထပ်ပြီးဒုက္ခပေးဖို့ သတ္တိရှိလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

“ဆရာက တစ္ဆေအရိုးဂိုဏ်းတစ်ခုလုံးကို ချေမှုန်းပစ်မှာမကြောက်ဘူးလား”

လင်းပေါင်အာက ရွှေဗဟိုချက်ကျင့်ကြံသူကို မေးလိုက်သည်။

“ဘာလို့ငါ့ကိုသတ်ချင်ရတာလဲ”

တစ္ဆေအရိုးဂိုဏ်းကလူတွေသာ လူမိုက်မဟုတ်ပါက အကြောင်းပြချက်မရှိပဲ သူမကိုတိုက်ခိုက်မည် မဟုတ်ပေ အကြောင်းပြချက်ရှိရပေမည်။

တစ္ဆေအရိုးဂိုဏ်းကကျင့်ကြံသူက မည်သည့်အရာကိုမှ ဖုံးကွယ်မထားတော့ပဲ

“အဲဒါကအစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်ကြောင့် ငါတို့မင်းကိုတိုက်ခိုက်ရဲတဲ့သတ္တိရှိလာတာပါ အဖွားလေး ”

“အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်ဟုတ်လား ”

လင်းပေါင်အာက အံအားသင့်သွားသည်။

မကြာမီမှာပင် ရွှေဗဟိုချက်နယ်ပယ်ကျင့်ကြံသူက လင်းပေါင်အာကို သူသိသမျှပြောပြလိုက်သည်။

မှန်ပေသည် ထိုအစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် တစ္ဆေတိုင်းပြည်တစ်ခုလုံးတွင် နာမည်ကြီး နေသဖြင့် ဖုံးကွယ်ထားရန်မလိုပေ လင်းပေါင်အာက နားထောင်ပြီး ရုတ်တရက် နားလည်သွားသည်။

“ဒါဆိုရင် ဒါပေါ့”

အထက်ဘုံမှ အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်တစ်ပါးဆင်းလာပြီး ဆရာနှင့်တိုက်ခိုက်လိုခြင်းဖြစ်ပြီး ဤအကြောင်းအရာတစ်ခုလုံးက တစ္ဆေပြည်နယ်ကလူတိုင်းသိရှိကြပေသည်။

အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က သူတို့ဆရာနှင့်တိုက်ခိုက်ပေလိမ့်မည်။ ထို့ကြောင့် မူလက ဒုက္ခပေးရန် စီစဉ်မထားသောတစ္ဆေအရိုးဂိုဏ်းက ရုတ်တရက်လှုပ်ရှားလာခြင်းဖြစ်သည်။

သူတို့သည် ဓားကိုးစင်းဂိုဏ်း၏အနီးတွင် လင်းပေါင်အာကို စောင့်မျှော်နေခြင်းဖြစ်သည်။ သူမကို ဖမ်းယူနိုင်မည့် အခွင့်အရေးကိုမျှော်လင့်နေမိသည်။

သို့သော်လည်း အမှန်တကယ်သူမရောက်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားပေ။ သူတို့၏မူလက လင်းပေါင်အာကို ဖမ်းစီးရန်ကြံစည်ပြီး သူမအားအစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်ထံ ပေးအပ်ရန် စီစဉ်ထားပေသည်။

လင်းပေါင်အာသည် ချမ်ချန်ကန်း၏ တပည့်ဖြစ်ပြီး လင်းပေါင်အာကိုသာ ရရှိပါက အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က အလွန်ပျော်ရွှင်မှာသေချာပေသည်။

ထိုအချိန်၌ တစ္ဆေအရိုးဂိုဏ်းသည် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို မှီခိုပြီး ခွန်အားကြီး ထွားလာပေလိမ့်မည်။

သို့သော်လည်း လင်းပေါင်အာ၏စွမ်းအားက ဤမျှကြောက်မက်ဖွယ်ကောင်းပြီး မျက်စိတမှိတ်အတွင်း သူတို့အားလုံးကို သတ်ပြစ်နိုင်လိုက်ပေသည်။

အရာအားလုံးကိုသိလိုက်ပြီးနောက် လင်းပေါင်အာက ဤရွှေဗဟိုချက်နယ်ပယ် ကျင့်ကြံသူ၏ အသက်ကိုလည်း မချမ်းသာပေးခဲ့ပေ။

မည်မျှပင်သနားစရာကောင်းပါစေ လင်းပေါင်အာက သူ့ကိုဓားတစ်ချောင်းတည်းဖြင့် အဆုံးသတ်လိုက်သည်။

“သူက ဆရာလိုမျိုး အင်မော်တယ်တစ်ယောက်ဆိုပဲ။ ဒါတောင် သူက တစ္ဆေပြည်နယ်က လူတော်တော်များများကို သတ်ခဲ့ပြီးပြီ။ ဆရာ့ကိုတောင် ယှဉ်ချင်သေးတာပဲ။ ဟွန်း... သူကများ ဆရာနဲ့လုံးဝမယှဉ်နိုင်ဘူး။”

လင်းပေါင်အာက ပြောလိုက်သည်။ အမြီးလေးကလည်း လင်းပေါင်အာ၏စကားကို သဘောတူပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် လင်းပေါင်အာက အမြီးလေးကိုပြန်ပြောလိုက်သည်။

“အမြီးလေး ဆရာလိုချင်တဲ့ စိတ်ဝိညာဉ်မျိုးစေ့တွေရဖို့ ဂိုဏ်းဆီမြန်မြန်ပြန်သွားရအောင်၊ ပြီးတော့ အဲဒီအစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအကြောင်းကိုပြောဖို့ ဖေးရှန့်တောင်ဆီအမြန်ပြန်ရမယ်”

“အီး .. အီး .. အီး …”

ချမ်ချန်ကန်းသည် မဏ္ဍာန်ထဲတွင်ရပ်ကာ အင်မော်တယ်ရေကန်တွင် ပေါက်နေသော နူးညံ့သော အပင်လေးများကိုကြည့်နေလိုက်သည်။

ထိုနူးညံ့သောအပင်ပေါက်လေးများသည် အရောင်ငါးရောင် အလင်းတန်းများ တောက်ပနေသည်။ မကြာခင်မှာပင် ကြာပန်းများပွင့်လာတော့ပေမည်။

ရေကန်ထဲ၌ ဒါဇင်နှင့်ချီ ဝဖြီးနေသော နဂါးငါးကြင်းများက ကူးခက်နေကြသည်။ ဤအရာမှာ အားမြောင်ဆီ မှ လက်ဆောင်များဖြစ်ကြသည်။

အားမြောင်သည် ချမ်ချန်ကန်းကို နဂါးငါးကြင်းတစ်ကောင်တည်းသာ ပေးရန်စီစဉ်ခဲ့သည်။ သို့သော်လည်း သူမသည်အနက်ရောင်ရေလွမ်းမိုးနဂါး၏စကားကို ကြားပြီးနောက် ချမ်ချန်ကန် မကြိုက်မှာကိုစိုးရိမ်သဖြင့် သူမသည်အံကြိတ်ပြီး သူမတွင်ရှိသမျှနဂါးငါးကြင်းအားလုံးကို ပေးလိုက်ပေသည်။

ထို့ကြောင့် ဤသို့နည်းဖြင့် အင်မော်တယ်ရေကန်ထဲတွင် နဂါးငါးကြင်းဆယ်ကောင် ရရှိလာခဲ့သည်။

များပြားလှသောနတ်ဆိုးဘုရင်များ၊ ယမန်နေ့က လာရောက်ပြီးကတည်းက ချမ်ချန်ကန်းသည် ဖေးရှန့် တောင်ကိုဖွင့်လှစ်ခဲ့သည်။

ယခုချိန်မှစ၍ ဖေးရှန့်တောင်တွင် နောက်ထပ်နတ်ဆိုးများစွာရှိလာခဲ့သည်။ ဖေးရှန့်တောင်တစ်ခုလုံး တက်ကြွမှုများဖြင့် ပြည့်နေပေသည်။

ထို့အပြင် အင်မော်တယ်နယ်မြေ၏ အံ့ဩဖွယ်ရာကောင်းချီးကြောင့် တုန်လှုပ်ချောက်ချားပြီး မူးမေ့လဲ ကျသော နတ်ဆိုးများစွာလည်းရှိပေသည်။

ချမ်ချန်ကန်းအား သူတို့က ပိုလို့တောင် ကျေးဇူးတင်မိသည်။

သူတို့အားလုံး ကျင့်ကြံနေကြပေသည်။ သူတို့သည် အချိန်မဖြုန်းဝံ့ပဲ အင်မော်တယ်နယ်မြေတွင် ကျင့်ကြံခွင့်ရသည်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး အမြန်ဆုံးတိုးတက်အောင် ကျင့်ကြံကြပေသည်။

အင်မော်တယ်နယ်မြေရှိ အင်မော်တယ်စွမ်းအားများက ကောင်းကင်နဲ့မြေကြီး၏ စိတ်ဝိညာဉ်ချီထက် အလွန်ကွာခြားပေသည်။

ဤနတ်ဆိုးဘုရင်များသည် ပြည်နယ်ကိုးခုရှိ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ကျင့်ကြံခဲ့ရသော်လည်း ၎င်းတို့ကျင့်ကြံမှုများသည် နှစ်ပေါင်းရာနဲ့ချီပိတ်ဆို့နေကြပြီး တချို့နတ်ဆိုးများက နှစ်ပေါင်းတစ်ထောင်ကျော် ရပ်တန့်နေကြသည်။

ယခုမူ ဖေးရှန့်တောင်မှ အင်မော်တယ်စွမ်းအားများကို စုပ်ယူပြီးကျင့်ကြံလိုက်သောအခါ သူတို့သည် ကြာရှည်စွာ သူတို့၏ပိတ်ဆို့နေသော အဆင့်များမှာချိုးဖျက်သွားပြီး တိုက်ရိုက်ပင်ကျော်ဖြတ်သွားကြသည်။

နတ်ဆိုးဘုရင်တိုင်း၏ အဆင့်ချိုးဖြတ်မှုနှင့်အတူ ချမ်ချန်ကန်းကလည်း ကြီးမားသောနတ်မြေတန်ဖိုး များရရှိလာခဲ့သည်။

“စီနီယာ စီနီယာ အိမ်မှာရှိလား”

ရုတ်တရက် အားမြောင်၏အသံက သက်ရှည်ဘုရားကျောင်း၏ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ချမ်ချန်ကန်းက အားမြောင်ရဲ့အသံကိုကြားပြီး မှင်သက်စွာပြုံးလိုက်သည်။

“ကောင်းပြီ ဝင်ခဲ့”

ထို့၌သူ၏ပုံရိပ်က မဏ္ဍာပ်မှပျောက်သွားပြီး အားမြောင်ရှေ့တွင်ပေါ်လာခဲ့သည်။ ချမ်ချန်ကန်း ရုတ်တရက် ပေါ်လာသည့်အသွင်ကြောင့် အားမြောင်က ထိတ်လန့်သွားသည်။

“ဘာဖြစ်လို့လဲ”

ချမ်ချန်ကန်းက မေးလိုက်သည်။

“စီနီယာ ဘယ်လိုလုပ် ရုတ်တရက်ကြီးပေါ်လာတာလဲ”

အားမြောင်က သူမ၏ရင်ဘက်ကိုပုတ်ပြီး သက်ပြင်းချရင်း ပြောလိုက်သည်။

ချမ်ချန်ကန်းလည်း သူမ၏အမူအရာကို နှစ်ခါပြန်ကြည့်ရုံမှအပ မတတ်နိုင်တော့ပေ။

အားမြောင်သည် ဖေးရှန့်တောင်ပေါ်တွင် တစ်ရက်တည်းသာ ကျင့်ကြံခဲ့ရသော်လည်း သူမ၏ခန္ဓာကိုယ်ရှိ နတ်ဆိုးစွမ်းအင်များနှင့် မှော်စွမ်းအားများက ကြီးမားစွာပြောင်းလဲခဲ့သည်။

သူမသည် မကြာခင်မှာပဲ အခြေတည်စိတ်ဝိညာဉ်အလွှာခြောက်သို့ ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။

“အားမြောင် မင်းဘယ်လိုဖြစ်လို့သက်ရှည်ကျောင်းကို ရောက်လာရတာလဲ”

ချမ်ချန်ကန်းက မေးလိုက်သည်။

“စီနီယာ ဒီနေ့ ငါးဖမ်းဖို့တောင်ပေါင်းတစ်သိန်းတောင်တန်းကို ရောက်သွားတော့ ထိတ်လန့်စရာသတင်းတစ်ခုကိုကြားလိုက်လို့ မြန်မြန်လာပြောတာ”

“ငါ့ကိုပြောပြ”

“မကြာသေးမီကမှ တစ္ဆေတိုင်းပြည်မှာ အင်မော်တယ်တစ်ပါးပေါ်လာပြီးတော့ တစ္ဆေတိုင်းပြည်မှာရှိတဲ့ မြို့ပေါင်းနှစ်ဆယ်ကျော်ကို ဖျက်စီးပြီး လူပေါင်းများစွာကို စားသောက်ခဲ့တယ်တဲ့။ သူက အထက်ဘုံက ဆင်းသက်လာပြီး သုံးရက်အတွင်းမှာပဲ တောင်ပေါင်းတစ်သိန်းတောင်တန်းကို လာပြီးစာရင်းရှင်းမယ်လို့ကြားတယ်”

ချမ်ချန်ကန်းသည် ထိုစကားကိုကြားသောအခါ သူ့မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့သည်။

“အိုး … ငါစောင့်နေတာကြာပြီပဲ။ အထက်ဘုံက ဘာမှမလှုပ်ရှားဘူးလို့ထင်ထားတာ။ ခုတော့ နောက်ဆုံးတော့လှုပ်ရှားမှုတစ်ခုရှိလာပြီပေါ့၊ ”

All Chapters