အခန်း ၇၈
Vol. 7 Ch. 78
အခန်း (၇၈) ငါးစားပြီး ပျင်းနေသည့်အားမြောင်
အားမြောင်သည် သူမသိထားသမျှ သတင်းအချက်အလက်အားလုံးကို ချမ်ချန်ကန်းအား ပြောပြခဲ့သည်။
တစ္ဆေပြည်နယ်တစ်ခုလုံး လက်ရှိတွင်ဂယက်ထနေပြီး ဆံပင်အစိမ်းရောင်နှင့် အင်မော်တယ်တစ္ဆေကြောင့် အင်အားစုမျိုးစုံက တောင်ပေါင်းတစ်သိန်းတောင်တန်းကို အာရုံစိုက်နေကြသည်။ သူတို့အားလုံးသည် ချမ်ချန်ကန်းကဆံပင်အစိမ်းရောင်နှင့် အင်မော်တယ်တစ္ဆေကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သိလိုကြသည်။
သူက အင်မော်တယ်တစ္ဆေကို တိုက်နိုင်မည်လား၊ သို့မဟုတ်ထွက်ပြေးမည်လား၊ မည်သို့ပင်ဖြစ်စေ ဆံပင်အစိမ်းရောင်ဖြင့် တစ္ဆေအင်မော်တယ်နှင့် အင်မော်တယ်ဆယ့်နှစ်ပါးစလုံးကို သုတ်သင်ခဲ့သော ချမ်ချန်ကန်းတို့နှစ်ဦးစလုံးက အလွန်အစွမ်းထက်ပေသည်။
သူတို့၏တိုက်ခိုက်ရေးစွမ်းအားက အရမ်းကြီးမားလှပေသည်။ သို့သော်တစ်ခုတည်းသော ကွာခြားချက်မှာ ဆံပင်အစိမ်းရောင်ဖြင့် အင်မော်တယ်တစ္ဆေသည် အထက်ဘုံမှဆင်းသက်လာခြင်းဖြစ်ပြီး ချမ်ချန်ကန်းကအောက်ဘုံမှဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် အင်မော်တယ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နှိုင်သော်လည်း ခွန်အားမှာ သိသိသာသာ ကွာခြားချက်ရှိပေမည်။
တစ္ဆေပြည်နယ်မှ လူအများအပြား၏အမြင်၌ ချမ်ချန်ကန်းက အနိုင်ရမည်ဟုမထင်ကြပေ။ သူတို့က ချမ်ချန်ကန်းသည် ဆံပင်အစိမ်းရောင်ဖြင့် တစ္ဆေအင်မော်တယ်ကိုအနိုင်ရလိမ့်မည်ဟု မမျှော်လင့်ပေ။
မကြာခင်မှာပင် တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ နတ်ဆိုးများကလည်း ပြင်ပသတင်းများကို ကြားလာကြသည်။
အားမြောင်က ပြင်ပအခြေအနေများကို ပထမဆုံးသိပြီးနောက် နတ်ဆိုးဘုရင်များအနေဖြင့် ချမ်ချန်ကန်းထံ သတင်းပေးပို့ခြင်းဖြစ်သည်။
အားမြောင်သည် ချမ်ချန်ကန်း၏ ဘေးကင်းရေးအတွက် အလွန်စိတ်ပူပေသည်။ မည်သို့ပင်ဖြစ်စေ သူမသည်ချမ်ချန်ကန်းအပေါ် ခံစားချက်များစွာရှိပေသည်။
စီနီယာသည်အလွန်ရက်ရောပြီး အင်မော်တယ်နယ်မြေကို ဖွင့်ပေးခဲ့သူဖြစ်သည်။ ထိုစိတ်သဘော ထားနူးညံ့သူသည် ကျင့်ကြံခြင်းလောကတွင် အလွန်ရှားပါပေသည်။
နက်နဲသည့်ကျင့်ကြံမှုရှိသော်လည်း စီနီယာသည် အခြားကျင့်ကြံသူများကဲ့သို့ မာန်မာနမကြီးပဲ ဟန်ဆောင်မှုလည်းမရှိပေ။
ထို့ကြောင့် အားမြောင်က ချမ်ချန်ကန်းကို မည်သည့်အရာမှ မဖြစ်စေလိုပေ။
ဆံပင်အစိမ်းရောင်ဖြင့် တစ္ဆေအင်မော်တယ်က ချမ်ချန်ကန်းကိုသတ်မည်ကိုလည်း မလိုလားပေ။ သူမက အလွန်စိုးရိမ်နေသော်လည်း ချမ်ချန်ကန်းက သူမျက်နှာထက်တွင် စိုးရိမ်ပူပန်မှုမရှိပဲ သိမ်မွေ့စွာ ပြုံးနေသည်ကို မြင်လိုက်ရ၏။
အားမြောင်က မေးလိုက်သည်။
“စီနီယာ မကြောက်ဘူးလား မြောင်”
“ဘာလို့ကြောက်ရမှာလဲ၊ သူသာဒီနေရာကို သတ္တိရှိရှိလာစိန်ခေါ်ရဲရင် ငါသူ့ကိုသတ်ပစ်လိုက်မှာပေါ့၊ ”
သူ၏စကားများကရိုးသားပြီး ယုံကြည့်မှုများပြည့်နေသည်။ ထိုစကားများက လူတိုင်းကို မယုံနိုင်လောက်အောင် ဖြစ်စေခဲ့သည်။
အားမြောင်က စိတ်သက်သာရာရသွားပြီး သူမ၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာခဲ့သည်။
“အားမြောင်က စီနီယာကိုယုံတယ်မြောင်”
ထို့နောက် အားမြောင်၏ လက်ထဲ၌အလင်းရောင်တစ်ခု လင်းလက်သွားပြီး နဂါးငါးကြင်းသုံးကောင် ပေါ်လာခဲ့သည်။
“စီနီယာ ဒီနဂါးငါးကြင်းသုံးကောင်က စီနီယာအတွက်ပဲ မြောင်”
“မနေ့ကပဲ နဂါးငါးကြင်းဆယ်ကောင် ပေးခဲ့တာပဲမဟုတ်ဘူးလား ”
အားမြောင်က သူမ၏နှုတ်ခမ်းများကိုလျှာဖြင့်သပ်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့စီနီယာက မနေ့ကနဂါးငါးကြင်းဆယ်ကောင်ကိုမစားဘူးမလား မြောင်..။ ဒီနဂါးငါးကြင်းတွေက အရမ်းနူးညံ့ပြီးအရသာရှိတယ်။ အားမြောင်ကနေ့တိုင်း သူတို့ကိုအများကြီးစားတာမြောင်”
သူမ၏နှုတ်ခမ်းကို လျှာလေးဖြင့် မသိမသာ သပ်လိုက်သည့်ပုံစံလေးက စွဲဆောင်မှုရှိနေသည်။ ချမ်ချန်ကန်းကစိတ်ထဲမှ သက်ပြင်းချလိုက်သည်။
*ကြောင်နတ်ဆိုးတွေကတော့ တကယ့်ကိုဘကြောင်နတ်ဆိုးတွေပါပဲ *
ကြောင်နတ်ဆိုး၏အနောက်မှ လှုပ်ရှားနေသောအမြီးကိုကြည့်ရင်း ချမ်ချန်ကန်းက ထိလိုစိတ်ဖြင့်ပေါ် လာခဲ့သည်။
ဟုတ်ပေသည်။ ဤသည်ကား အတွေးတစ်ခုသာဖြစ်သည်။
ချမ်ချန်ကန်းက ပြုံးပြီးပြောလိုက်သည်။
“အဲဒီနဂါးငါးကြင်းတွေကို အင်မော်တယ်ရေကန်ထဲမှာ ထည့်ထားတယ်။ သူတို့ကိုစားဖို့မစဉ်းစားထား သေးဘူး”
“စီနီယာဒါဆိုရင် ဒီနဂါးငါးကြင်းသုံးကောင်ကို ဒီနေ့စားလိုက်ပါလား..မြောင်။ ဒီနဂါးငါးကြင်းတွေက အင်မော်တယ်ကျောက်စိမ်းရေကန်မှာ နေထိုင်ကြတာ။ အားမြောင်က သူတို့ကိုဖမ်းဖို့အများကြီး ကြိုးစားခဲ့ရတာ မြောင်”
“ကောင်းပြီ ဒါဆိုရင်နဂါးငါးကြင်းတွေရဲ့ အရသာကိုမြည်းကြည့်ဦးမယ်”
ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။
“စီနီယာ ဒါဆိုရင်အားမြောင်သွားတော့မယ်နော်...မြောင်”
“ဒီနဂါးငါးကြင်းတွေက အရမ်းအရသာရှိတယ်လို့ ပြောတယ်မဟုတ်လား။ အလျင်စလို့မပြန်ပါနဲ့ဦး။ တူတူစားကြတာပေါ့”
အားမြောင်၏ မျက်နှာလေးက ရဲတက်လာပြီး အနည်းငယ်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။
“အဲဒါက စီနီယာကို စိတ်မပျော်မရွှင်ဖြစ်အောင် လုပ်မိမှာလား မြောင်”
ချမ်ချန်ကန်းက သိမ်မွေ့စွာပြုံးလိုက်သည်။
“အတူတူစားတာက ဘယ်လိုလုပ်စိတ်မပျော်မရွှင်ဖြစ်စေမှာလဲ။ ဒီမှာပဲနေ ငါလည်းငါးမစားရတာ ကြာပြီ။ ဒီနေ့မင်းကို ငါ့ရဲ့ဟင်းချက်လက်ရာရဲ့ အရသာကိုမြည်းစမ်းကြည့်ခိုင်းမယ် ”
အားမြောင်၏ ကြောင်နားရွက်များက တုန်ခါသွားသည်။
“စီနီယာက ငါးဟင်းချက်တတ်တာလားမြောင်”
“အရမ်းလွယ်တာပေါ့။ ပေါင်းတာ၊ ကြော်တာ၊ ချက်တာအရသာမျိုးစုံလုပ်တတ်တယ်။ မင်းစိတ်ကူးထားလို့တောင်မရတဲ့ အရသာမျိုးစုံငါချက်တတ်တယ်။ ငါမချက်တတ်တာမရှိဘူး”
အားမြောင်က ချမ်ချန်ကန်းကို လေးစားစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
သက်ရှည်ဘုရားကျောင်းတွင် ချမ်ချန်ကန်းသည် သူ၏အလွန်ကောင်းမွန်သော ဟင်းချက်စွမ်းရည် များကိုပြသရန် နဂါးငါးကြင်းသုံးကောင်ကို စိတ်ပါလက်ပါချက်ပြုတ်နေသည်။
ပြင်ပကမ္ဘာတွင် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ သတင်းများကိုမူ သူက အလေးအနက်မထားပဲ အလျင်အမြန်မေ့သွားသည်။
ပြင်ပကမ္ဘာရှိလူတိုင်းက သူ၏ကျင့်ကြံမှုသည် အင်မော်တယ်တစ်ပိုင်းအဆင့်မှာရှိသည်ဟု သာထင်ကြသည်။
သို့သော် သူင မဟုတ်ပေ။ သူသည်မည်သူမှ မယှဉ်ပြိုင်နှိုင်သည့် ပြိုင်ဘက်ကင်းနယ်ပယ်တစ်ခုရှိသည့် သာမန်လူတစ်ဦးသာဖြစ်သည်။
သူတို့ကမည်သူပင်ဖြစ်စေ၊ အင်မော်တယ်ပင်ဖြစ်ပါစေ၊ အင်မော်တယ်တစ်ပိုင်းပဲဖြစ်ပါစေ သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲသို့ဝင်လာသူတိုင်း ချမ်ချန်ကန်းကို စိန်ခေါ်လျင် သူတို့အားလုံး သေရမည်သာဖြစ်သည်။
သက်ရှည်ဘုရားကျောင်းအတွင်းတွင် ချမ်ချန်ကန်းက သူ၏ချက်ပြုတ်စွမ်းရည်ကို ပြသခဲ့သည်။
ငါး၏မွေးကြိုင်သောရနံ့ကို ရလိုက်သောအခါ ဘေးနားတွင်ရပ်နေသောအားမြောင်က တံတွေး များစီးကျလာပြီး ချမ်ချန်ကန်းအား လေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“အရမ်းမွေးတာပဲ။ အရမ်းမွေးတယ်...မြောင်။ နဂါးငါးကြင်းဒီလိုမျိုးချက်ရမယ်လို့ မသိထားဘူး။ စီနီယာကအရမ်းကိုအံ့ဩစရာပဲ...မြောင်။ ဒီလိုမျိုး မွေးကြိုင်တဲ့နဂါးငါးကြင်းက အရမ်းအရသာရှိရမယ်....မြောင်”
မူလက ဘေးနားတွင် ရပ်ကြည့်နေသော အားမြောင်သည် ချမ်ချန်ကန်းအနားပိုမိုနီးကပ်စွာ လျှောက်လာခဲ့သည်။
အိုးထဲ၌ပွက်ပွက်ဆူနေသော ငါးဟင်းရည်တွေကိုကြည့်ရင်း အားမြောင်၏မျက်လုံးများက အရောင် တောက်လာခဲ့သည်။
“စီနီယာ အရသာမြည်းကြည့်လို့ရမလား...မြောင်”
အားမြောင်က သူမ၏အမြီးလေးကို ခါယမ်းရင်းမျှော်လင့်သောအကြည့်ဖြင့် ကြည့်နေလိုက်သည်။
“ရတာပေါ့”
ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။ သူငါးစွပ်ပြုတ်မချက်တာကြာပြီဖြစ်၍ ဘယ်လိုအရသာရှိမလဲသိချင်မိသည်။
ချမ်ချန်ကန်း၏ ခွင့်ပြုချက်ကိုရပြီးနောက် အားမြောင်ကသူမ၏လက်ညိုးကို ဟင်းရည်ထဲသို့ စိတ်အားထက်သန်စွာ ထည့်လိုက်သည်။
သူမကBအနည်းငယ်တို့ပြီး မြည်းကြည့်လိုက်သည်။ ထို့နောက်သူမ၏မျက်လုံးများက ရုတ်တရက် လင်းလက်လာပြီး သူမ၏လက်ညိုးကို ပါးစပ်ထဲသို့ထည့်ကာ စုပ်ယူလိုက်တော့သည်။
သူမ၏မျက်လုံးလေးများက မှေးစင်းပြီး ပျင်းရိမူးယစ်ပြီး သူမ၏အမြီးလေးကလည်း မရပ်မနား ခါယမ်းနေသည်။
“အရမ်းကိုကောင်းတာပဲ...မြောင်”
ချမ်ချန်ကန်းက အားမြောင်ကိုကြည့်ပြီးပြောလိုက်သည်။
“အရသာဘယ်လိုရှိလဲ”
“အင်း ….. စီနီယာအရမ်းအရသာရှိတာပဲ...မြောင်။ အားမြောင်ကဒီလိုမျိုးအရသာရှိတဲ့ ဟင်းရည်တွေ တစ်ခါမှမသောက်ဖူးဘူး၊ ဒီနဂါးငါးကြင်းနဲ့ချက်ထားတဲ့ဟင်းရည်က အရမ်းအရသာရှိတာပဲ....မြောင်”
“ဟုတ်လား ”
ချမ်ချန်ကန်းကလည်း အနည်းငယ်မြည်းကြည့်ပြီး မှတ်ချက်ပေးလိုက်သည်။
“ဟင်းခက်အမွေးအကြိုင်တွေ အများကြီးမပါပေမဲ့ အရသာကောင်းနေတုန်းပဲ။ ဒါပေမဲ့အရသာကတော့ နည်းနည်းတော့ ပေါ့နေတာပေါ့“
ထို့နောက် ချမ်ချန်ကန်းက ဆားအနည်းငယ်ဖြူးပြီးနောက် နဂါးငါးကြင်းကို အိုးထဲမှဖယ်ထုတ်လိုက် သည်။
“လာ … ဒါကဆီနဲ့ကြော်ထားတဲ့ နဂါးငါးကြင်းပဲမြည်းကြည့်ဦး ”
“ကျေးဇူးတင်ပါတယ်စီနီယာ....မြောင်”
ထိုအခါ ချမ်ချန်ကန်းနှင့် အားမြောင်တို့အတူတကွ စားသောက်ကြသည်။ အားမြောင်သည် ငါးကိုပထမဆုံးအကြိမ်စားလိုက်ရသောအခ သူမ၏မျက်လုံးများမှ မျက်ရည်များပင် ဝဲတက်လာခဲ့သည်။
သူမ၏ခေါင်းကိုငုံ့ထားပြီး သူမ၏ခန္ဓာကိုယ်လေးကတုန်ယင်နေသည်။ မသိနားမလည်သူတစ်ယောက်သာမြင်ပါက ချမ်ချန်ကန်းက သူမကို မတော်မတရားတစ်ခုခု လုပ်လိုက်သည်ဟု ထင်ကောင်းထင်နေ လိမ့်မည်။
“ဘာဖြစ်တာလဲ ”
ချမ်ချန်ကန်းက အံအားသင့်စွာဖြင့်မေးလိုက်သည်။
အားမြောင်က သူမ၏မျက်လုံးဒေါင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး
“စီနီယာ အားမြောင်အသက်ရှင်လာတာ နှစ်ပေါင်းများစွာရှိနေပြီ။ ငါးတွေလည်းအများကြီးစားဖူးတယ်။ ဒါပေမဲ့ ဒီလောက်အရသာရှိတဲ့ငါးမျိုးတစ်ခါမှ မစားဖူးဘူး....မြောင်။ အရမ်းပျော်တာပဲ...မြောင်”
ချမ်ချန်ကန်းက ပြုံးလိုက်ပြီး
“အရသာရှိရင်များများစား။ နောက်ထပ်စားချင်တာရှိရင်လည်း သက်ရှည်ဘုရားကျောင်းကို လာခဲ့ပေါ့။ ငါမင်းအတွက်ချက်ပေးမယ်။ ချက်ပြုတ်ရတာက ဘာမှမနစ်နာဘူး”
အားမြောင်၏လှပသော မျက်လုံးလေးများက ပြူးကျယ်လာပြီး ဝမ်းသာသွားသည်။
“စီနီယာ တကယ်ပြောတာလား....မြောင်“
ချမ်ချန်ကန်းက သိမ်မွေ့စွာခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ပါဝင်ပစ္စည်းတွေတော့ ကိုယ့်ဘာသာပြင်ဆင်ရမယ်နော်”
“ဝိုး … စီနီယာ စီနီယာကအရမ်းကြင်နာတတ်တာပဲ....မြောင်”
အားမြောင်သည် ငါးများကိုအများအပြားစားသောက်ပြီးနောက် ထမင်းကိုလည်း ပါးစပ်ထဲသို့ ထည့်လိုက်ပြန်သည်။
မကြာမီ အားမြောင်က ဗိုက်ပြည့်ပြီးပျင်းရိစွာ ဘေးနားတွင် လှဲလိုက်တော့သည်။
“စီနီယာအားမြောင်ဗိုက်တင်းသွားပြီ...မြောင်။ ခဏလှဲလိုက်ဦးမယ်နော်....မြောင်”
“လှဲလှဲ”
ထမင်းစားပွဲပေါ်ရှိ လုံးဝသန့်ရှင်းနေသော ပန်းကန်များနှင့် ငါးကြင်းအရိုးစုသုံးခုကို ကြည့်လိုက်မိသည်။
ချမ်ချန်ကန်းသည် အားမြောင်ကို အလွန်လေးစားသွားသည်။ ငါးစားကျွမ်းကျင်သူဆိုသည့်အတိုင်း ငါးအရိုးစုသုံးခုကိုပင် စေ့စေ့စပ်စပ်စားနိုင်သူဖြစ်သည်။
ဟုတ်ပေသည်။ အားမြောင်၏ သန့်ရှင်းသပ်ရက်သည် ပန်းကန်များကြောင့် သူ၏ချက်ပြုတ်စွမ်းရည်က အလွန်ရေပန်းစားကြောင်း ပြသခဲ့သည်။
သူသာ သက်ရှည်ခန္ဓာကိုယ်မရှိသည့် သာမန်လူတစ်ယောက်ဆိုပါက ဤစီရင်စုကိုးခုတိုက်ကြီး၌ စားသောက်ဆိုင်ဖွင့်ပါက အရမ်းနာမည်ကြီးနိုင်ပေသည်။
ထိုအခိုက် သူသည် ဘေးနားတွင်ရှိသော အားမြောင်၏ဟောက်သံများကို ကြားလိုက်ရသည်။ ချမ်ချန်ကန်းလည်းကြည့်ပြီး မပြုံးပဲမနေနိုင်တော့ပေ။ အားမြောင်တစ်ယောက် ဘေးတိုက်လှဲလျောင်းကာ ကွေးကွေးလေးနှင့်ပျင်းရိပြီး သက်သောင့်သက်သာရှိနေသည့်ပုံကို မြင်လိုက်ရသည်။
သူမ၏ကြောင်နားရွက်များက ရံဖန်ရံခါတုန်ခါနေပြီး သူမ၏ရှည်လျားသော ကြောင်အမြီးကြီးကလည်း တစ်ခါတရံလှုပ်ရှားနေပေသည်။
ရုတ်တရက်လှုပ်ရှားနေသော ကြောင်အမြီးက ချမ်ချန်ကန်းပေါ်သို့ ကျရောက်သွားသည်။