အခန်း ၇၉
Vol. 7 Ch. 79
အခန်း (၇၉) အဲဒီလိုမျိုးမခံစားရဘူးလား
ချမ်ချန်ကန်းက အားမြောင်၏အမြီးလေးကိုကိုင်ပြီးဖယ်လိုက်မိသည်။ ထို့နောက် ရုတ်တရက် အားမြောင်က နိုးလာပြီး သူ၏မျက်နှာလေးက နီရဲ့ကာ ကြောင်အမြီးလေးကို နောက်၌ဖွက်ထားမိသည်။
“စီနီယာကျွန်မပြန်တော့မယ်နော်...မြောင်”
သူမ၏ခေါင်းလေးကို ငုံ့ထားပြီးရှက်ရွံ့ကာကြောင်နားရွက်လေးကလည်း တွဲလောင်းကျနေပြီး ချမ်ချန်ကန်းကို မကြည့်ရဲတော့ပေ။
“ကောင်းပြီ နောင်တစ်ချိန်ငါးစားချင်ရင် အချိန်မရွေးသက်ရှည်ဘုရားကျောင်းကိုလာခဲ့နော်”
ချမ်ချန်ကန်းက ပုံမှန်အတိုင်း ဟန်ဆောင်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။
“ဟုတ်ကဲ့...မြောင်”
အားမြောင်၏မျက်နှာလေးက နီရဲပြီးသက်ရှည်ဘုရားကျောင်းမှ အမြန်ဆုံးထွက်ခွာသွားတော့သည်။ အားမြောင်ထွက်သွားပြီးနောက် ချမ်ချန်ကန်းကလည်း သက်ပြင်းချရင်း
*ငါတကယ် တမင်လုပ်ခဲ့တာမဟုတ်ဘူး*
ဘာတွေဖြစ်နေလဲဆိုတာကတော့ ချမ်ချန်ကန်းက သူတမင်လုပ်တာမဟုတ်ကြောင်း ကျိန်ဆိုလိုက်မိသည်။
သူ့ကိုယ်ပေါ်တွင်ရှိသော အားမြောင်၏အမြီးလေးကို ဖယ်လိုက်ခြင်းဖြစ်သည်။ ဤကဲ့သို့ ထူးဆန်းသော အကျင့်စရိုက်မျိုးမရှိပေ။
အားမြောင်မယုံဘူးဆိုရင်တောင်မှ ဂုဏ်သရေရှိ စာဖတ်ပရိတ်သတ်အားလုံးက ငါ့အတွက်သက်သေခံပေးကြပါ။
ချမ်ချန်ကန်းက ခေါင်းကိုခါယမ်းလိုက်ပြီး ထိုကိစ္စကိုဆက်မတွေးတော့ပဲနဲ့ သူ၏လက်ရှိနယ်မြေတန်ဖိုးကို စစ်ကြည့်လိုက်သည်။
လက်ရှိတွင် ချမ်ချန်ကန်း၏ရှိထားသော နယ်မြေတန်ဖိုးက တစ်သိန်းနီးပါး ရှိနေပြီဖြစ်သည်။ ဟုတ်ပေသည်။ ဒါက ပထမဦးဆုံးနေ့ပဲရှိသေးသည်။
အဘယ့်ကြောင့်ဆိုသော နတ်ဆိုးဘုရင်များစွာက သူတို့၏တိုးတက်မှုမှာ အချိန်ကြာရပ်တန့်နေသော ကြောင့်ဖြစ်သည်။
ဖေးရှန့်တောင်ကို ဝင်လာပြီးနောက်မှာတော့ သူတို့၏ခန္ဓာကိုယ်ထဲကို နတ်ဘုရားစွမ်းအားများ ရောက်ရှိလာပြီး အင်မော်တယ်စွမ်းအားများ ဝင်ရောက်လာပြီး ဤအင်မော်တယ်နယ်မြေ၏ ကြီးမားသောစွမ်းအားများကြောင့် နတ်ဆိုးဘုရင်အများအပြားက တိုးတက်မှုများရရှိခဲ့သည်။
ထို့ကြောင့်လည်း ချမ်ချန်ကန်းက နယ်မြေတန်ဖိုးအများအပြားကို ချက်ချင်းရရှိခဲ့ခြင်းဖြစ်သည်။ ဤတစ်နေ့တည်းမှာပင် ဖေးရှန့်တောင်ကိုလာရောက်ကျင့်ကြံကြသည့် နတ်ဆိုးဘုရင်အများအပြား ရှိပေသည်။
သူတို့များသည် အခြေတည်စိတ်ဝိညာဉ်အဆင့်နတ်ဆိုးဘုရင်များ၊ ရွှေဗဟိုချက်နယ်ပယ်နတ်ဆိုးဘုရင် များနှင့် အခြေခံတည်ဆောက်ခြင်းနယ်ပယ်နတ်ဆိုးများပင် ပါဝင်ပေသည်။
ချမ်ချန်ကန်းသည် နတ်ဆိုးဘုရင်များကိုပဲ ဖေးရှန့်တောင်သို့ဝင်ခွင့်ပေးခြင်းမဟုတ်ပေ နတ်ဆိုးငယ်များကိုပါဝင်ခွင့်ပေးခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မည်မျှပင်သေးငယ်သည့် ခြင်ခြေထောက်ပင်ဖြစ်ပါစေ အသားက အသားသာဖြစ်ပါသည်။
ထို့ကြောင့် ချမ်ချန်ကန်းသည် တစ်ရက်တည်းဖြင့် နယ်မြေတန်ဖိုးအများအပြားကို ရိပ်သိမ်းနိုင်ခဲ့ခြင်းသာဖြစ်သည်။
ခံစားချက်က အလွန်ကောင်းမွန်လာသည်။ ချမ်ချန်ကန်းလည်း သူ၏ဆုံးဖြတ်ချက်ကို သဘောကျပြီး သူ့ကိုယ်သူ ချီးကျူးလိုက်မိသည်။
*ငါက တကယ့်ကိုပညာဉာဏ်ကြီးတဲ့ လူတစ်ယောက်ပဲ*
မကြာခင်မှာပင် သူ၏ပြိုင်ဘက်ကင်းနယ်မြေသည် ဖေးရှန့်တောင်တစ်ခုလုံးကို ဖုံးလွမ်းသွားလိမ့်မည်ဟု သူတွက်ဆထားပေသည်။
ထိုအချိန်ကျလျှင် သူသည် ဖေးရှန့်တောင်၏ သခင်ဖြစ်လာလိမ့်မည်။ တောင်ထိပ်ပေါ်တွင်ရပ်၍ ချမ်ချန်ကန်းက အဝေးကိုလှန်းကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ် အလင်းတန်းများပြည့်နှက်သွားခဲ့သည်။
“အစိမ်းရောင်ဆံပင်နှင့် နတ်ဆိုးအင်မော်တယ်ဟုတ်လား။ ဖေးရှန့်တောင်ကို မြန်မြန်လာပြီး အသေခံလိုက်စမ်း”
သက်ရှည်ဘုရားကျောင်းထဲမှ ထွက်ခွာပြီးနောက် အားမြောင်၏နှလုံးသားလေးက သမင်တစ်ကောင် လိုမျိုးတုန်လှုပ်နေတော့သည်။
သူမ၏မျက်နှာလေးက နီရဲပြီး ခေါင်းကိုငုံ့ထားကာ အပြစ်ရှိသူတစ်ယောက်လို ခံစားနေရသည်။ တောင်ပေါ်၌ နတ်ဆိုးများကို တွေ့လိုက်ရသည်။
တချို့နတ်ဆိုးအချို့က အားမြောင်ကိုမှတ်မိပြီး နှုတ်ဆက်ကြသည်။
သို့သော်လည်း အားမြောင်ထံမှ မည်သည့်တုန့်ပြန်မှုမှမရရှိခဲ့ပေ။ ထို့ကြောင့်နတ်ဆိုးတွေလည်း အံအားသင့်သွားကြသည်။
သူတို့ကအားမြောင်က ပုံမှန်မဟုတ်ပဲ တစ်မျိုးဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
“အားမြောင်”
ရုတ်တရက်ရင်းနှီးသည့် သာယာချိုအေးသော အသံတစ်ခုကြားလိုက်ရသည်။
ပိုင်ယွဲ့နှင့်ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့က ရောက်လာခဲ့ကြခြင်းဖြစ်သည်။
အားမြောင်က မော့ကြည့်လိုက်ပြီး သူမ၏မျက်နှာလေးက နီရဲကာ သူမ၏စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နေပေသည်။
“ပိုင်ယွဲ့၊ အဖွား ဘာလို့ဒီကိုရောက်လာကြတာလဲ...မြောင်”
ပိုင်ယွဲက ချိုသာစွာပြုံးလိုက်သည်။
“ငါတို့ရှေးဟောင်းကောင်းကင်မျိုးနွယ်စုက စီနီယာနဲ့ပတ်သက်တဲ့သတင်းတစ်ခုက တစ္ဆေပြည်နယ်မှာ လောလောလတ်လတ်ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရလို့ စီနီယာကို သတိပေးဖို့လာခဲ့တာပဲ”
ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက မျက်နှာတည်ပြီးပြောလိုက်သည်။
“နတ်ဆိုးတွေကို ကျင့်ကြံဖို့အတွက် ဖေးရှန့်တောင်ကိုဖွင့်လှစ်ပေးတဲ့ စီနီယာရဲ့ကျေးဇူးက သိန်းပေါင်းများစွာအဖိုးတန်ပြီး ဘယ်တော့မှမမေ့နိုင်တဲ့ ကျေးဇူးတရားပဲ။ အခု အထက်ဘုံက အင်မော်တယ်သတ်ဖြတ်သူ တစ်ယောက်က အထက်ဘုံကနေ စီနီယာအတွက် ဆင်းလာတယ်။ ငါတို့တွေ ကျိန်းသေပေါက် တောင်ပေါင်းတစ်သိန်းတောင်တန်းကိုလာပြီး စီနီယာကိုကူညီရမယ်။”
အားမြောင်က တုန်လှုပ်သွားသည်။
“အားမြောင် နင်ဘာတွေတွေးနေတာလဲ”
ပိုင်ယွဲ့လည်း အနည်းငယ်သိချင်လာမိသည်။ သူမရှေ့ကအားမြောင်သည် ယနေ့၌ တစ်မျိုးဖြစ်နေသည် ဟု သူမခံစားလိုက်ရသည်။
ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာကလည်း အားမြောင်ကိုကြည့်လိုက်သည်။
အားမြောင်က ခေါင်းကိုခါယမ်းလိုက်ပြီး
“ငါဘာမှမတွေးပါဘူး။ အဖွား စီနီယာဆီ ကိုယ့်ဘာသာကိုသွားလို့ရမလား
ပိုင်ယွဲ့ ငါနင့်ကိုပြောစရာရှိတယ်။ ဟုတ်ပြီလား”
ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာက ပြုံးလိုက်သည်။
“ကောင်းပြီလေ ”
ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာ ထွက်သွားပြီးသောအခါ မျက်နှာကနီရဲနေသည် အားမြောင်နှင့် ပိုင်ယွဲ့တို့သာ ကျန်ခဲ့တော့သည်။
ပိုင်ယွဲ့က ချိုသာစွာပြုံးလိုက်သည်။
“အားမြောင် နင်ငါ့ကိုဘာပြောစရာရှိလို့လဲ”
အားမြောင်က ဘယ်ညာကြည့်ပြီး ပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိသည် သေချာတော့မှ သူမနီရဲနေ သောမျက်နှာလေးဖြင့် ပိုင်ယွဲ့အနားကိုကပ်ပြီး သက်ရှည်ဘုရားကျောင်းထဲ၌ ဖြစ်ခဲ့သည့်အကြောင်းအရာကို ပြောပြလိုက်သည်။
ပိုင်ယွဲ့လည်း နားထောင်ပြီးနောက် သူမ၏လှပသော မျက်လုံးလေးများက အံအားသင့်စွာ ပြူးကျယ်သွားသည်။
“အားမြောင် စီနီယာက နင့်ရဲ့အမြီးကိုကိုင်ခဲ့တယ်လို့ ပြောချင်တာလား”
အားမြောင်က ပိုင်ယွဲ့၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
“ရှူး ရှူး ပိုင်ယွဲ့နင့်အသံကို တိုးတိုးပြောစမ်းပါ။ စီနီယာတမင်လုပ်တာမဟုတ်ဘူးလို့ ပြောတယ်လေ။ အချိန်နဲ့ နေရာအချိန်မရွေးမဆင်ခြင်မိတဲ့ ငါ့ရဲ့အပြစ်ပဲ။ ငါကအများကြီးစားပြီး အိပ်ပျော်သွားတော့ ငါ့ရဲ့အမြီးက စီနီယာပေါ်ရောက်သွားတာ။ စီနီယာက အဲဒါကိုရွေ့ချင်လို့ ကိုင်လိုက်တာပဲ ”
အားမြောင်၏အသံက ခြင်တစ်ကောင်၏အသံကဲ့သို့ တိုးနေပေသည်။ သူမသည် ပြောရင်းပြောရင်း သူမ၏မျက်နှာလေးတွင်မက ကြောင်နားရွက်လေးပါ နီရဲလာခဲ့သည်။
“ဒါဆိုရင် နင်ဘာလုပ်ဖို့ စဉ်းစားထားလဲ”
ပိုင်ယွဲ့က မေးလိုက်သည်။
ပိုင်ယွဲ့သည် အားမြောင်နှင့် ရင်းနှီးပြီး အားမြောင်၏နောက်ခံအကြောင်းကိုလည်း အနည်းငယ်သိထား ပေသည်။
အားမြောင်သည် ဝူကျိုးပြည်နယ်၏ မင်းသမီးလေးဖြစ်ပြီး သူမ၏ဖခင်ကလည်း ဝူကျိုးပြည်နယ်၏သခင်ဖြစ်သည်။
ဝူကျိုးပြည်နယ်၏သခင်သည် အင်မော်တယ်များနှင့်တောင် တိုက်ခိုက်နိုင်သူဖြစ်သည်ဟု ကောလဟလများထွက်နေပေသည်။
အားမြောင် ဘာကြောင့် တစ္ဆေပြည်နယ်ရှိ တောင်ပေါင်းတစ်သိန်းတောင်ကို ရောက်လာလည်းဆိုတာကတော့ သူမ၏လက်ထပ်ထိမ်းမြှားခြင်းမှ ရှောင်ပြေးလာချင်၍ဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဝူကျိုးပြည်နယ်၏သခင်သည် အားမြောင်ကိုရှာရန်အတွက် စီရင်စုကိုးခုတိုက်ကြီးတစ်ခုလုံးကို မုန်တိုင်းတစ်ခုသဖွယ် လှုပ်ရှားခဲ့သည်။
နောက်ဆုံး၌ အားမြောင်ကို ရှာမတွေ့ခဲ့ပေ။ ဤသို့ဖြင့် တဖြည်းဖြည်းနှင့် ဝူကျိုးပြည်နယ်၏သခင်လည်း ရှာဖွေတာကို လက်လျော့လိုက်ကြောင်း
အားမြောင်က ပိုင်ယွဲ့ကိုပြောပြခဲ့ဖူးသည်။
အားမြောင်၏ ပထမဆုံးအမြီးလို့ခေါ်သည့် သူမ၏အမြီးက အလွန်ထိလွယ်ချလွယ်ပေသည်။ သူမ၏ အနာဂတ်ခင်ပွန်းလောင်းသာလျှင် အဲဒါကိုကိုင်တွယ်ဖို့ အရည်အချင်းပြည့်မီပေသည်။
ဤကိစ္စသည် ကောင်းကင်မြေခွေမျိုးနွယ်စုနှင့်အတော်လေးဆင်တူပေသည်။
ဤကဲ့သို့ ပေါ့ပေါ့ပါးပါးနေတတ်သည့် အားမြောင်သည် စီနီယာအား အဲဒါကိုကိုင်ခွင့်ပေးလိုက်လိမ့်မည်ဟု မည်သူမှမထင်ထားပေ။
အားမြောင်၏မျက်နှာက နီရဲပြီး ပုံမှန်မဟုတ်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
“ပိုင်ယွဲ့ ငါ...ငါဘာလုပ်ရမလဲ”
အားမြောင်က အလွန်စိတ်ရှုပ်ထွေးသွားသည်။ စီနီယာကသူမ၏ အမြီးကိုကိုင်ခဲ့တယ်လို့ သူမက တွေးလိုက်တိုင်း သူမ၏ခန္ဓာကိုယ်က ပျော့ခွေပြီး ထုံကျင်သွားသလို့ ခံစားလိုက်ရသည်။
သူမ၏နှလုံးသားကလည်း တဒိတ်ဒိတ်ခုန်နေသည်။
“စီနီယာက တမင်လုပ်တာမဟုတ်ပါဘူး။ အားမြောင် သိပ်အများကြီးမတွေးပါနဲ့။ အားမြောင် နင့်ရဲ့မျက်နှာ ပိုပြီးတောင် နီရဲလာတယ်နော် ”
ပိုင်ယွဲ့ကလည်း မနေနိုင်ပဲမေးလိုက်သည်။
“အား … အား … အဆင်ပြေတယ် အဆင်ပြေတယ် ”
အားမြောင်က သူမ၏မျက်နှာလေးကိုအုပ်ပြီး ပါးပြင်လေးက ပူလောင်နေတယ်လို့ ခံစားလိုက်ရသည်။
“ပိုင်ယွဲ့ နင့်ရဲ့ပထမဦးဆုံးအမြီးကို တစ်စုံတစ်ယောက်ကို ကိုင်ခိုင်းခဲ့ဘူးလား။ ဘယ်လိုမျိုးခံစားရလည်း”
အားမြောင်က မေးလိုက်သည်။
“နည်းနည်းလေးယားတယ်”
“နင့်ရဲ့ခန္ဓာကိုယ်က ထုံကျင်ပြီးပျော့ခွေသွားတယ်လို့ရော မခံစားရဘူးလား ”
ပိုင်ယွဲ့က ခေါင်းခါလိုက်သည်။
“မခံစားရပါဘူ၊”
အားမြောင်က ရုတ်တရက် ပိုင်ယွဲ့၏ ပထမဆုံးအမြီးကို ဆုပ်ကိုင်ထားလိုက်ပြီး နည်းနည်းဖိလိုက်သည်။
ထူးဆန်းသည့် ခံစားချက်တစ်ခု သူမ၏နှလုံးသားထဲ လှုပ်ခြားသွားခဲ့သည်။
ပိုင်ယွဲ၏မျက်နှာက နီရဲလာပြီးအမြန်အော်ဟစ်လိုက်သည်။
“အားမြောင်နင်ဘာတွေလုပ်နေတာလဲ”
“အဲလိုမျိုးခံစားချက်မရှိဘူးလား ”
“ဟို … ဟို … ဟို မရှိပါဘူး ”