အခန်း ၈၃
Vol. 7 Ch. 83
အခန်း (၈၃) နောက်ကနေတိုက်ခိုက်တာက သိုင်းကျင့်ဝတ်မရှိဘူး
“ရွမ်း … ရွမ်း … ရွမ်း ….ရွမ်း”
နဂါးဖိနှိပ်ခြင်းအင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်တွင်း၌ မြေကြီးများကွဲအက်သွားပြီး ဓားများ၏ အသံများက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရှည်လျားသောပေတစ်သောင်းလောက်ရှိသည့် ဓားရှည်ကြီးတစ်ခုက ကောင်းကင်နှင့်မြေပြင်အကြား ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအချင်းအရာကို မြင်လိုက်ရသောအခါ မရေတွက်နိုင်သောလူပေါင်းများက အံအားသင့်သွားခဲ့ကြသည်။
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်အတက်အကျများက ဒီရေအလား နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
အဝေးမှစောင့်ကြည့်နေကြသူများ၊ နတ်ဆိုးဘုရင်များနှင့် သရဲတစ္ဆေများပင်လျင် ၎င်းတို့၏စိတ်ထဲမှ တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ရာစွမ်းအင်အတက်အကျများကို ခံစားလိုက်ရသောအခါ သူတို့၏ အမူအရာများက ကြောက်ရွံ့သွားကြသည်။
တစ်စုံတစ်ယောက်က တံတွေးမျိုချရင်းပြောလိုက်သည်။
“ကြောက်စရာကောင်းလိုက်တဲ့ဓားကြီးပါလား”
“ဟုတ်တယ်...ဒီအစီအရင်ကိုအပြည့်အဝ အသက်သွင်းလိုက်တာ ဓားကိုးစင်းဂိုဏ်းကပဲဖြစ်ရမယ်။ တကယ့်ကိုကြောက်စရာကောင်းတဲ့ တိုက်ကွက်ပဲ”
တစ်စုံတစ်ယောက်က အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို လှောင်ပြောင်ပြီးကြည့်ကာ “အင်မော်တယ်ဝတ်ရုံအောက်မှာ ဓားကိုးစင်းဂိုဏ်းရဲ့ ဒီတိုက်ကွက်က အစိမ်းရောင်ဆံပင်နှင့်တစ္ဆေ အင်မော်တယ်ကို ထိရောက်အောင်တိုက်ခိုက်နှိုင်ပါ့မလား”
“တောင်ပေါင်းတစ်သိန်းတောင်တန်းမှာရှိတဲ့ အင်မော်တယ်ကဘာလို့မပေါ်လာသေးတာလဲ။ ဓားကိုးစင်းဂိုဏ်းကတောင်မှ အစွမ်းကုန် ခုခံနေတာ။ သူက သရဲဘောကြောင်နေတာလား”
ချမ်ချန်ကန်းပေါ်မလာသေးသောကြောင့် အားလုံးက ဆွေးနွေးပြီး စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ ၎င်းတို့သည် မူလကအင်မော်တယ်ဆယ့်နှစ်ပါးကို သတ်ခဲ့သည့် ချမ်ချန်ကန်းအတွက် မျှော်လင့်ချက်များ ထားရှိခဲ့သည်။
ခုထိ သူက ထွက်မလာသေးပေ။
*သူက တိတ်တိတ်လေးထွက်ပြေးသွားတာများ ဖြစ်နိုင်မလား*
နဂါးဖိနှိပ်ခြင်း အင်မော်တယ်သတ်ဖြတ်သူ အစီအရင်တွင်း၌ ပေတစ်ထောင်ခန့်ရှည်လျားသော ဓားအရှည်ကြီး ပေါ်ထွက်လာသည်ကို အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က မြင်လိုက်ရပြီး အေးစက်စွာရယ်မောလိုက်သည်။
“နောက်ဆုံးတော့မင်းတို့ ထုတ်ပြလာပြီပေါ့။ ဒီတိုက်ကွက်က ငါ့အပေါ်သက်ရောက်မှုများရှိမယ်လို့ မင်းတို့ထင်နေတာလား”
“ခုတ်ပိုင်းလိုက်စမ်း”
အစီအရင်တွင်းမှ ကျယ်လောင်သောဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပေတစ်ထောင်ခန့်ရှည်လျားသော ဓားရှည်ကြီးက အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်အား ထွက်ပြေးလို့မရအောင် ပိတ်ဆို့ထားပြီး သူ့အပေါ်ပိုင်းချလိုက်သည်။
ဤဓားချက်ကြောင့် ပတ်ဝန်းကျင်ရှိတောင်တန်းများအားလုံး ချေမှုန်းခံလိုက်ရပြီး မြေကြီးမှာလည်း တိုက်ရိုက်ပင် ကွဲအက်သွားတော့သည်။
ဤသည်က အလွန်ကို ကြောက်မက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
အင်မော်တယ်ဝတ်ရုံသည် တောက်ပသောအစိမ်းရောင်အလင်းတန်းများကို ထုတ်လုပ်ပြီး အစိမ်းရောင် ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ပေတစ်သောင်းရှည်သောဓားရှည်ကြီးက သူ့ကိုထိခါနီးတွင် လက်သီး တစ်ချက်ပိတ်ထိုးလိုက်သည်။
ရုတ်တရက် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏ အမူအရာမှာအနည်းငယ် ပြောင်းလဲသွားသည်။
ပေတစ်သောင်းခန့်ရှည်လျားသော ဓားရှည်ကြီးအတွင်း၌ ပါဝင်သောစွမ်းအားက သူစိတ်ကူးထားသည်ထက် ကျော်လွန်သွားသဖြင့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူက လက်သီးကို ပြန်ရုတ်သိမ်းပြီးနောက်ဆုတ်ရန် ပြင်လိုက်သည်။
သို့ပေမဲ့ ထိုအချိန်၌ အားမြောင်က အော်ဟစ်လိုက်သည်။
“နင်ပြေးလို့မလွတ်ပါဘူး...မြောင်”
တောင်ထွတ်ကဲ့သို့ ကြီးမားပြီး ရွှေရောင်တောက်ပနေသည့် ဒယ်စောက်ကြီးတစ်လုံးက ပြင်းပြင်းထန်ထန်ပြုတ်ကျလာခဲ့ သည်။ အတိအကျအားဖြင့် ၎င်းသည်ဝူကျိုးဒယ်စောက်ဖြစ်သည်။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ အမူအရာက သိသိသာသာပြောင်းလဲသွားခဲ့သည်။ ဝူကျိုးဒယ်စောက်၏စွမ်းအားက သူ့ကိုတောင်ထိတ်လန့်သွားစေခဲ့သည်။
ရှေ့တွင် ပေတစ်သောင်းခန့်ရှိသောဓားရှည်ကြီး၊ နောက်တွင်တောင်ကြီးနှင့်တူသောဒယ်စောက်ကြီးတို့က နှစ်ဖက်က ညှပ်တိုက်ခိုက်လိုက်သည်။
“မိုက်ရိုင်းတဲ့ကောင်တွေ လူတစ်ယောက်ကို နှစ်ဖက်ဝိုင်းတိုက်ခိုက်နေကြတာပဲ”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က
“ အကြံသမားအုပ်စု သိုင်းကျင့်ဝတ်မရှိ”
သူက ဒေါသတကြီးဖြစ်သွားသည်။
ယခုတော့ အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်သည် မရှောင်တိမ်းနိုင်တော့ပဲ ခုခံရန်အတွက်သာ သူ၏အင်မော်တယ်ဝတ်ရုံကို အပြည့်အဝအသက်သွင်းလိုက်သည်။
ဓားကြီးက သူ့အရှေ့ကို ဖြတ်သန်းသွားသည်။ ဒယ်စောက်ကလည်း သူ့နောက်ကျောကိုထိမှန်သွား၏။
“ဖူး … ”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် သန်မာသော်လည်း ဤတိုက်ကွက်ကို မခုခံနိုင်တော့ပေ။
သူ၏သွေးနှင့်ချီတို့က ရုတ်တရက် စောင့်တက်လာပြီး အတွင်းအင်္ဂါများမှာ ကွဲအက်သွားသလို ခံစားလိုက်ရကာ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။
အထူးသဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်ဝတ်ရုံက အက်ကွဲကြောင်းများပေါ်လာခဲ့သည်။ ဤအခိုက်တွင် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ယခင်ကကဲ့သို့တည်ငြိမ်ပြီး အေးစက်လှောင်မြောင်မှုနှင့် ဥပေက္ခာမပြုသည့်အမူအရာတို့မရှိတော့ပေ။
ယင်းအစား သူ၏အမူအရာက ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။
“ယုတ်ညံ့ပြီးအောက်တန်းကျတဲ့ ပုရွက်ဆိတ်တစ်အုပ်စုက ငါ့ကိုတကယ်ဒဏ်ရာရစေခဲ့တာပဲ”
ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပေ၏။
“ရှက်စရာပဲ ဒါကတကယ့်ကို ရှက်စရာပဲ”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးများက သွေးနီရောင်သန်းလာကာ၊
“ငါ့ကိုများဒဏ်ရာရစေခဲ့တဲ့ ပုရွက်ဆိတ်တွေ မင်းတို့ကို အစိမ်းလိုက်ဝါးစားပစ်မယ်”
ရုတ်တရက် သူက ပေါက်ကွဲသည့် မီးတောင်လိုဖြစ်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများက ဧရာမလှိုင်းလုံးကြီးများသဖွယ် ပြောင်းလဲသွားပြီး တဟုန်းဟုန်းအုံကြွနေသော မြစ်တစ် စင်းကဲ့သို့ လှုပ်ယမ်းနေတော့သည်။
ထိုအခိုက် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏ ပေါ်ထွက်လာသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် အင်မော်တယ်စွမ်းအားများအတွင်း၌ ပေတစ်သောင်းခန့်ရှည်လျားသော ဓားအရှည်ကြီးက အပိုင်းပိုင်းကွဲအက်သွားခဲ့သည်။
ဝူကျိုးဒယ်စောက်ကလည်း နောက်သို့ပြန်၍ လွင့်စင်သွားခဲ့သည်။
ကျင့်ကြံသူများ၊ နတ်ဆိုးဘုရင်များနှင့် အဝေးမှကြည့်နေသည့် တစ္ဆေသရဲများအားလုံးက အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်မှထွက်လာသည့် ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် အလွန်ထိတ်လန့် သွားကြသည်။
သူတို့မျက်နှာများလည်း ဖြူဖျော့ပြီး သူတို့နှလုံးသားများကလည်း ကြောက်လန့်တုန်လှုပ်သွားကြသည်။
“အား …. ဒီလောက်တောင်ကြောက်စရာကောင်းတဲ့စွမ်းအား။ ဒါကအစိမ်းရောင်ဆံပင် တစ္ဆေအင်မော်တယ်ရဲ့စွမ်းအား အစစ်ပေါ့”
တစ်ယောက်ယောက်ကပြောပြီး သူတို့အသံတွေကလည်း တုန်လှုပ်နေကြသည်။ သူတို့သည်အဝေးမှ ကြည့်နေရုံနှင့်ပင် ဤကြောက်မက်ဖွယ်ရာကောင်းသည့်စွမ်းအားကို သည်းမခံနိုင်ပဲ နောက်သို့ပြန်ဆုတ်လိုက်ရသည်။
နဂါးဖိနှိပ်ခြင်းအင်မော်တယ်သတ်ဖြတ်သူအစီအရင်ကို တစ်ဖန်ကြည့်လိုက်သောအခါ ထိုအစီအရင်က လုံးဝကိုပျက်စီးသွားခဲ့ပြီဖြစ်သည်။
ဓားကိုးစင်းဂိုဏ်း၏အကြီးအကဲများကလည်း အဝေးသို့လွင့်စင်သွားကြပြီး သူတို့၏မျက်နှာများကလည်း ဖြူဖျော့ကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြသည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က သူ့လက်ကိုမြောက်ပြီးဆုပ်ကိုင်လိုက်သည်။ အကြီးအကဲအိုကြီးတစ်ယောက်က သူ့လက်ထဲကို ရောက်သွားခဲ့သည်။
သူ၏မျက်လုံးများက အေးစက်သောအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
“ပုရွက်ဆိတ် ပုရွက်ဆိတ်တွေကများ”
ထို့နောက် သူက အကြီးအကဲတစ်ဦးအား ပါးစပ်ဖြင့်ကိုက်လိုက်သည်။
မဟာအကြီးအကဲသည် သူ၏ခန္ဓာကိုယ်မှ အပိုင်းပိုင်းအစစဖြစ်သွားသည်။ မဟာအကြီးအကဲတစ်ယောက် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ဝိညာဉ်၏ ပါးစပ်ထဲသို့ နာကျင်စွာအော်ဟစ်ရင်း သေဆုံးသွားခဲ့သည်။
ထိုသွေးထွက်သံယိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်းက ကျောရိုးတလျောက် အေးစက်သွားကြသည်။
လင်းဟိုင်နှင့် လင်းချင်ရှန်းနှင့်ဓားကိုးစင်းဂိုဏ်းအကြီးအကဲများက ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ထိုအကြီးအကဲအတွက် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်ကြသည်။
“လင်းစုန်..... မကောင်းဆိုးဝါးက လင်းစုန်ကိုစားလိုက်တယ်”
အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေ၏ ဒေါင်လိုက်မျက်လုံးများက အေးစက်နေပြီး သူ၏မျက်လုံးများက သွေးနီရောင်သန်းနေကာ သူ၏အစွယ်ကလည်း သွေးများဖြင့် စွန်းထင်း နေသည်။
“ငါ့ကိုဒဏ်ရာပေးတဲ့အတွက် မင်းတို့အကုန်လုံး သေဆုံးရမယ်”
ဤအချိန်၌ အားမြောင်က ဝူကျိုးဒယ်စောက်ကို ထပ်မံထိန်းချုပ်ပြီးဖိနှိပ်လိုက်ပြန်သည်။ အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏ဝိညာဉ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။
ဝူကျိုးဒယ်စောက်သည် လေဗလာကြီးကိုတိုက်မိသွားပြီး တောင်ထွတ်ကိုဖျက်စီးလိုက်မိသည်။
“သူဘယ်ရောက်သွားတာလဲ....မြောင်”
သူမသည် ဝူကျိုးဒယ်စောက်ကို ပြန်ယူပြီး အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို ရှာဖွေနေစဉ် အားမြောင်၏အမူအရာလေးမှာ လေးနက်ပြီး သူမ၏ကြောင်နားရွက်လေးက လှုပ်ယမ်းနေသည်။
ဤအချိန်၌ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာ၏ သတိပေးချက်ရောက်လာခဲ့သည်။
“အားမြောင် နင့်နောက်ကိုသတိထား ”
သို့သော် အားမြောင်သည် အခြေတည်စိတ်ဝိညာဉ်အဆင့်တွင်သာရှိသဖြင့် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏ တုန့်ပြန်မှုကသူမအတွက် အလွန်မြန်ဆန်လွန်းပေသည်။
အားမြောင်၏အနောက်မှ ရက်စက်သောရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အားမြောင်သည် အသံကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင်အစိမ်းရောင်ဆံပင်တစ္ဆေ အင်မော်တယ်ကို တွေ့လိုက်ရသည်။
ချက်ချင်းပဲ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သူ၏တစ္တေ
လက်သည်းများဖြင့် အားမြောင် ၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
အားမြောင်သည် ဝူကျိုးဒယ်စောက်ကိုပင် အသုံးပြုရန် အချိန်မရှိတော့ပေ။
အားမြောင်တစ်ယောက် စကားမပြောနိုင်ဖြစ်သွားခဲ့သည်။
အစိမ်းရောင်ဆံပင် အင်မော်တယ်တစ္ဆေက
“ကြောင်စုတ်လေး မင်းကခိုးကြောင့်ခိုးဝှက်တိုက်ခိုက်တာပဲ။ သိုင်းကျင့်ဝတ်မရှိဘူး”