အခန်း ၈၅
Vol. 7 Ch. 85
အခန်း (၈၅) ငါ့ရဲ့နာမည်ပြောင်က ကမ္ဘာတိုင်းမှာပြိုင်ဘက်ကင်းပဲ
ဖေးရှန့်တောင်သည် ခမ်းနားထည်ဝါစွာတည်ရှိနေပြီး အင်မော်တယ်မြူခိုးများဖုံးလွမ်းကာ အင်မော်တယ်ကျက်သရေတို့ဖြင့် ဝန်းရံထားသည်။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က အစိမ်းရောင်မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။ မြူခိုးများပြန့်ကျဲသွားပြီးနောက် ဖေးရှန့်တောင်၏အသွင်အပြင်ကို ပြင်ပကမ္ဘာသို့ ဖော်ထုတ်ပြလိုက်သည်။
အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက သူ့နောက်တွင်လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အနက်ရောင်ဆံပင်များက တဖျက်ဖျက်ခပ်နေကာ သူ၏အကြည့်တို့က မထူးခြားဟန်ဖြင့် ကြည့်နေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မသေမျိုးကမ္ဘာမှ သေမျိုးကမ္ဘာသို့ နယ်နှင်ဒဏ် ပေးခံလိုက်ရသည့် အင်မော်တယ်တစ်ပါးအလား သန့်စင်သောအရှိန်အဝါထွက်ပေါ်လာနေသည်။
သို့သော် အစိမ်းရောင်ဆံပင်တစ္ဆေအင်မော်တယ်သည် ဤလူငယ်လေးကို မြင်လိုက်ရသည့်အခိုက်အတန့်၌ သူ့စိတ်ထဲမှ ခံစားချက်တစ်မျိုးရလိုက်သည်။
*ဒီလူက အင်မော်တယ်သိုင်းသူတော်စင်လက်အောက်က အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ဦးကို သတ်ခဲ့တဲ့သူပဲဖြစ်ရမယ်*
သူ၏မျက်လုံးများက အေးစက်သောအလင်းရောင်များ ဖျက်ခနဲလက်သွားသည်။
“ဟား ဟား ဟား .. ဒါဆိုရင် မင်းကဒီမှာပုန်းနေတာပေါ့”
အဝေးတွင်စိုက်ကြည့်နေကြသော ကျင့်ကြံသူများနှင့်နတ်ဆိုးများ သရဲတစ္ဆေများအားလုံးက ဖေးရှန့် တောင်ထိပ်တွင် ချမ်ချန်ကန်းတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။
“ဒီအဖြူရောင်ဝတ်စုံနဲ့ လူငယ်လေးက ဘယ်သူလဲ။ သူကဘအင်မော်တယ်သတ်ဖြတ်သူဆိုတဲ့လူများလား။ ဒါပေမဲ့ ဒီလူငယ်လေးက အရမ်းငယ်သေးတာပဲ။ တကယ်ကော သူဟုတ်ရဲ့လား”
“အင်မော်တယ်သတ်ဖြတ်သူအဆင့်ထိ ကျင့်ကြံနိုင်တဲ့သူတွေက နှစ်ထောင်သောင်းမကနေနိုင်ပြီးတော့ လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုပြောင်းလဲနိုင်တာကလည်း သူတို့အတွက် ကိက်မုန့်တစ်ချပ်လိုပဲ လွယ်ကူတယ်လေ ”
ကျင့်ကြံသူတစ်ဦးက ထပြောလိုက်သည်။
“ဒါဆိုရင်အင်မော်တယ် သတ်ဖြတ်သူနှစ်ယောက်တွေ့နေကြပြီပေါ့။ ဘယ်သူက ပိုသန်မာမလဲ။ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်လား ဒါမှမဟုတ်အဖြူရောင်ဝတ်ရုံနဲ့ လူငယ်လေးလား”
ထိုစကားကိုပြောပြီးနောက် ကျင့်ကြံသူများက ပါးစပ်ပိတ်သွားကြသည်။
အစိမ်းဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် တစ္ဆေတိုင်းပြည်နယ်တလျောက်လူပေါင်းများစွာကို သတ်ခဲ့ပေသည်။
ဟုတ်ပေသည်။ သူတို့က ချမ်ချန်ကန်းက ပို၍အားကောင်းပြီး အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ကြသည်။
သို့သော်လည်းအစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ စွမ်းအားကို ရေခဲတောင်ထိပ်ဖျားအပိုင်းကိုသာ မြင်လိုက်ရပေသည်။
သူသည် အထက်ဘုံမှ ဆင်းလာခြင်းကြောင့် အင်မော်တယ်ရတနာပါးများစွာကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်နည်းစနစ်ပေါင်းများစွာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ရပေမည်။
“မိုးကြိုးကြာပွတ်ငါးသွယ်အဆက်မပြတ်တိုက်ခိုက်ခြင်း”သည်ပင် မိုးကြိုးကြာပွတ်ငါးချက်ဖြင့် တောင်များနှင့် မြေများကိုပင်အရောင်ပျက်ပြယ်ပြီး အရာအားလုံးကိုဖျက်စီးနှိုင်စွမ်းရှိပေသည်။
ဤနည်းစနစ်ကို မည်သူကခံနိုင်ရည်ရှိမည်နည်း။ မရေတွက်နိုင်သောမျက်လုံးများသည် ဖေးရှန့်တောင်ထိပ်တွင်ရှိနေသော ချမ်ချန်ကန်းကို စူးစိုက်ကြည့်နေကြသည်။
သူသည် အာရုံစူးစိုက်မှု၏ဗဟိုချက်ဖြစ်လာခဲ့၏။ ဤအခိုက်တန့်တွင် လူတိုင်း၏မျှော်လင့်ချက်ကြီးအောက်၌ အင်မော်တယ်သတ်ဖြတ်သူဖြစ်သည့် ချမ်ချန်ကန်းက သူ၏မျက်နှာအစစ်ကို ဖော်ထုတ် ပြသလာခဲ့သည်။
ကမ္ဘာကြီးသည် ချမ်ချန်ကန်းနှင့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်နှစ်ဦးသာရှိနေသကဲ့သို့ အလွန်တိတ်ဆိတ်နေခဲ့သည်။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က အေးစက်စွာပြောလိုက်သည်။
“မင်းက အင်မော်တယ်တွေကိုသတ်တဲ့သူလား”
သူ့အသံက အလွန်ကျယ်လောင်သွားသည်။ ဖေးရှန့်တောင်အတွင်း၌ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာ၊ ပိုင်ယွဲ့၊ အားမြောင်နှင့် ဓားကိုးစင်းဂိုဏ်းမှလူများအပါအဝင် နတ်ဆိုးဘုရင်အုပ်စုတို့က အလွန်စိုးရိမ်နေကြသည်။
လင်းပေါင်အာနှင့် အမြီးလေးတို့ကလည်း ထိုနေရာတွင်ရှိနေသည်။
လင်းဟိုင်က
“ပေါင်အာ စီနီယာက ဒီအင်မော်တယ်တစ္ဆေကို ဖြေရှင်းနိုင်ပါ့မလား”
လင်းပေါင်အာက ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
“အွန်း … အဖိုးဟိုင် ဆရာက အံ့ဩစရာအကောင်းဆုံးပဲ။ ဆရာက အစိမ်းရောင်ဆံပင်နဲ့တစ္ဆေအင်မော်တယ်ကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ သူသေချာပေါက်လုပ်နိုင်တယ်။ ဆရာ့ကိုယုံကြည်ရမယ်”
အားလုံးကညချမ်ချန်ကန်း၏ နောက်ကျောကိုငေးကြည့်ရုံမှတစ်ပါး မကူညီနိုင်ကြပေ။ သူသည် အရပ်မရှည်ပဲ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးသာရှိပေသည်။
သို့တိုင် သူသည် ကျော်လွှားလို့မရသော တောင်ကြီးတစ်လုံးကဲ့သို့ ခံစားနေရပြီး ၎င်း၏အတိမ်အနက်ကို မည်သူမှနားမလည်နိုင်ကြပေ။ အကန့်အသက်မရှိသောပင်လယ်ကြီးနှင့်တူပြီး အဆုံးအစမရှိ နက်နဲလွန်းလှပေသည်။
ချမ်ချန်ကန်း၏ ကျောပြင်ကိုကြည့်ရင်း လူတိုင်း၏နှလုံးသားထဲ၌ လုံခြုံစိတ်ချသွားသလို ခံစားလိုက်ရသည်။
“ဟုတ်တယ် စီနီယာသေချာပေါက်လုပ်နိုင်တယ်။ စီနီယာက အသန်မာဆုံးပဲ အားမြောင်က စီနီယာကိုယုံတယ်...မြောင်”
ချမ်ချန်ကန်းသည် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ စကားကိုကြားပြီးနောက် ပြုံးလိုက်သည်။
“အစိမ်းရောင်ဆံပင်နဲ့တစ္ဆေအင်မော်တယ် ဟုတ်တယ်မလား။ မင်းပြောတာမှန်တယ် ဒီအရှင်ကိုယ်တိုင်သတ်ခဲ့တာပဲ”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ပြောလိုက်သည်။
“မင်းက ဘယ်သူလဲ။ မင်းရဲ့နာမည်တစ်ခါမှမကြားဖူးဘူး။ မင်းလိုမျိုးနာမည်မရှိတဲ့ အင်မော်တယ်သတ်ဖြတ်သူကို ငါမသတ်ချင်ဘူး ”
လူတိုင်းကလည်း အဖြူရောင်ဝတ်စုံဝတ်ထားသည့် လူငယ်က ဘယ်သူလဲဆိုတာကို သိချင်နေကြသည်။ ဤလူကို စီရင်စုကိုးခုတိုက်ကြီး၌ ယခင်က မတွေ့ခဲ့ဖူးကြပေ။
အောက်ဘုံသို့ဆင်းသက်လာသော အင်မော်တယ်များ၏ကိစ္စကြောင့်သာ မဟုတ်ပါက တစ္ဆေပြည်နယ်တွင် ဤကဲ့သို့ အင်မော်တယ်သတ်ဖြတ်သူတစ်ယောက်ရှိလိမ့်မည်ဟု သူတို့သိလိမ့်မည် မဟုတ်ပေ။
“ဒီအရှင်က ဘယ်သူလဲဟုတ်လား”
ချမ်ချန်ကန်းသည် ထိုစကားကိုကြားသောအခါ သူ၏နှုတ်ခမ်းထောင့်မှ ကွေးကောက်သွားသည်။
“ဒီအရှင်ရဲ့မျိုးရိုးနာမည်က ချမ်ဖြစ်ပြီးတော့ နာမည်ကတော့ချန်ကန်းပဲ၊ ငါ့ရဲ့နာမည်ပြောင်ကတော့ ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူပဲ”
ချမ်ချန်ကန်းက သူ့စိတ်ထဲတွင် နောက်ထက်နာမည်ပြောင်တစ်ခုကို တွေးလိုက်သည်။
*ကျောက်စိမ်းမျက်နှာနဲ့ နဂါးအာနာရှင်လို့များပြောင်းလိုက်ရင်ကောင်းမလား*
ဤခိုက်အတန့်၌ရှိနေသူ အားလုံးတို့က ချမ်ချန်ကန်း၏အမည်ကိုသိပြီး သူ၏နာမည်ပြောင်ကိုပင် အသံထွက်ပြီး ရွတ်လိုက်သေးသည်။
“ကမ္ဘာတိုင်းမှာပြိုင်ဘက်ကင်းသူဟုတ်လား”
ချမ်ချန်ကန်း၏စကားကို ကြားသောအခါ အဝေးတွင်စိုက်ကြည့်နေသော ကျင့်ကြံသူများ နတ်ဆိုးဘုရင်များနှင့် သရဲတစ္ဆေများအားလုံးတို့ကလည်း ကြောင်အသွားကြသည်။
လေထုက အလွန် တိတ်ဆိတ်ပြီးငြိမ်သက်နေကြသည်။
ဓားကိုးစင်းဂိုဏ်းမှကျင့်ကြံသူများ၊ တောင်ပေါင်းတစ်သိန်းတောင်တန်းမှ နတ်ဆိုးဘုရင်များ အားလုံးကလည်းဤကဲ့သို့ ချဲ့ကားသောနာမည်ပြောင်ကိုကြားသိလိုက်ရသဖြင့် အနည်းငယ်ထိတ်လန့်သွားကြပြီး ရှက်ရွံ့သွားကြသည်။
“ဝိုး … ဒါ ဒါဆို ဆရာရဲ့ နာမည်ပြောင်က ကမ္ဘာတိုင်းမှာပြိင်ဘက်ကင်းသူဟုတ်လား”
လင်းပေါင်အာ၏မျက်လုံးက တောက်ပလာခဲ့သည်။ ဤကဲ့သို့ချဲ့ကားခြင်းက လုံးဝနှိမ့်ကြသည်ဟု သူမ မထင်ပေ။ ထို့ကြောင့် သူမက အံအားသင့်စွာဖြင့် ပြောလိုက်သည်။
“ဆရာ .. ဆရာရဲ့နာမည်ပြောင်က အရမ်းကိုမိုက်တာပဲ”
“ပေါင်အာ အရမ်းမိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
လင်းချင်ရှန်းက မေးလိုက်သည်။
“ဆရာကပေါင်အာကို စကားလုံးတွေနဲ့မဖော်ပြနိုင်အောင် အစွမ်းထက်တဲ့အရာတစ်ခုနဲ့ကြုံလာရင် အရမ်းမိုက်တယ်လို့ပြောရမယ်လို့ သင်ထားတယ်”
ထိုစကားကိုကြားသောအခါ လူတိုင်းကသဘောပေါက်သွားသည်။
“ဝိုး...စီနီယာကတကယ်မိုက်တာပဲ”
ချမ်ချန်ကန်းသည် အချိန်အတော်ကြာစကားမပြောနိုင်ဖြစ်နေသော အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်ကိုကြည့်ရင်း သူ့စိတ်ထဲ၌ တွေးလိုက်မိသည်။
*ဒီအစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ငါ့ရဲ့နာမည်ပြောင်ကြောင့် ထိတ်လန့်သွားတာပဲ ဖြစ်ရမယ်။ ငါ ဒါကို ရက်အနည်းငယ်ကြာအောင် စဉ်းစားခဲ့ရတာ*
လွန်ခဲ့သည့်ရက်အနည်းငယ်က ချမ်ချန်ကန်းသည် ဆေးပင်စိုက်နေရင်း သူ၏နာမည်ပြောင် အကြောင်းစဉ်းစားနေခဲ့သည်။
နောက်ဆုံးတော့ လင်းပေါင်အာထံမှ သူသည် တစ္ဆေပြည်နယ်တွင်အလွန်ကြော်ကြားပုံရသည်။ ထို့ကြောင့် သူကိုခေါ်ရန်အတွက် နာမည်တစ်ခုလိုအပ်ကြောင်းသိလိုက်သည်။
ကျော်ကြားမှုအတွက် သူ၏နာမည်ပြောင်များကို စဉ်းစားခဲ့ရသည်။
*ပထမဆုံးသွေးလက်သားသတ်သမား *
*တစ်ညခုနှစ်ကြိမ်အရှင်*
*ဖေးရှန့်တောင်သခင်*
*ကျောက်စိမ်းမျက်နှာသခင်လေး*
*ကျောက်စိမ်းမျက်နှာနှင့်နဂါးအာနာရှင်*
ထိုနာမည်များကို စဉ်းစားခဲ့လေသည်။
(သောက်ကျိုးနည်း နာမည်တွေ)
ထို့နောက်မှ သူသည် ပြိုင်ဘက်ကင်းနယ်မြေနှင့် ချိတ်ဆက်ပြီး ချမ်ချန်ကန်းက သူ့ကိုယ်သူ ကျေနပ်လောက်သည့်နာမည်ပြောင်ကိုပေးခဲ့သည်။
“ကမ္ဘာတိုင်းတွင်ပြိုင်ဘက်ကင်းသူ”
နောင်အခါ သူနှင့်တွေ့တဲ့သူတိုင်းက သူ့ကိုလေးလေးစားစား အရိုအသေပေးပြီး *ကမ္ဘာတိုင်းတွင် ပြိုင်ဘက်ကင်းသူ*ဟူ၍ နှုတ်ဆက်ကြမည်ကို သူက တွေးကြည့်လိုက်မိသည်။
“အမှန်ပဲ။ ဒီအရှင်က ဟိုးရှေးပဝေနသီကနေ အခုလောကအထိ အဆုံးမရှိတဲ့ကောင်းကင်နဲ့မြေပြင်မှာ တစ်ပါးတည်းသော သူတော်စင်ပုဂ္ဂိုလ်ပဲ”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သတိပြန်ဝင်လာပြီးနောက် စူးစူးဝါးဝါးစိုက်ကြည့်ကာ နောက်ဆုံး၌ တံတွေးထွေးလိုက်သည်။
“ထွီ … ဒါကဘယ်လိုနာမည်ပြောင်လဲ။ ဒီလိုနာမည်မျိုးအခုမှကြားဖူးတာပဲ”
“မင်းရဲ့နာမည်က အင်မော်တယ်သိုင်းသူတော်စင်၊ လန်မင်အင်မော်တယ်သိုင်းသူတော်စင်၊ ကျောက်စိမ်း နတ်သမီးဆိုတဲ့ သူတွေထက်တောင် နာမည်မရှိဘဲနဲ့ မင်းကများ ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူလို့တောင် နာမည်ပေးထားတယ်ဟုတ်လား။ အရမ်းကိုအောက်တန်းကျတာပဲ”
“ပုရွက်ဆိတ်တစ်ကောင်က တကယ့်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ။ ကိုယ့်နာမည်ကိုတောင် ကိုယ်နဲ့ထိုက်တန်လား မထိုက်တန်လား မသိဘူး”
ချမ်ချန်ကန်းက အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ အပြုအမူကိုမြင်လိုက်ရသောအခါ ဒေါသထွက်သွားသည်။
“ဟမ့် … ဒီအရှင်ရဲ့နာမည်ကိုများ ကဲ့ရဲ့ဝံ့တယ်ဟုတ်လား”
ချမ်ချန်ကန်း၏ မျက်လုံးများက ချက်ချင်းပဲအေးစက်သွားပြီး သူ၏မျက်နှာက အနည်းငယ်စိတ်မသက် မသာဖြစ်သွားသည်။
“သေလိုက်စမ်း”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် ချမ်ချန်ကန်းနှင့် မည်သည့်စကားမှမဖြုန်းတီးတော့ပဲ မိုးကြိုးကြာပွတ်ငါးသွယ် အဆက်မပြတ်တိုက်ခိုက်ခြင်းနည်းစနစ်ကိုအသုံးပြုကာ ချမ်ချန်ကန်းကို အပြင်းအထန်တိုက်ခိုက်လိုက်သည်။
မိုးကြိုးများငါးကြိမ်ဆက်တိုက်ဆင်းသက်လာပြီး ကောင်းကင်နဲ့မြေကြီးကိုဖြတ်သန်းကာ တောင်များ ပြိုကျသွားပြီး ကမ္ဘာကြီးတစ်ခုလုံးအရောင်ပြောင်းသွားခဲ့သည်။
သူတို့သည် ချမ်ချန်ကန်းပေါ်သို့ ပျံသန်းလာသော မိုးကြိုးနဂါးငါးကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ တော့သည်။
သို့သော် ချမ်ချန်ကန်းသည် အရှင်သခင်တစ်ယောက်လို ဟန်ထုတ်ပြီး မည်သည့်အမူအရာမှ မပြပဲနေလေသည်။
လျှပ်စီးနဂါးငါးကောင်က ဖေးရှန့်တောင်ပေါ်သို့ကျဆင်းလာခဲ့သည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က ကြည့်နေမိသည်။
ဤလှုပ်ရှားမှုက သူသည် ချမ်ချန်ကန်းကို စမ်းသတ်ရန်အတွက် သူ့ခွန်အားခြောက်ဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
လူတိုင်း၏မျက်လုံးအောက်၌ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ မိုးကြိုးကြာပွတ်ငါးသွယ် အဆက်မပြတ်တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရင်း ချမ်ချန်ကန်းက မည်သည့်လှုပ်ရှားမှုမှမပြုပဲ ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
အဝေးတွင်စိုက်ကြည့်နေသော ကျင့်ကြံသူများကလည်း စိုးရိမ်နေကြသည်။
“ဒီကမ္ဘာတိုင်းမှာပြိုင်ဘက်ကင်းသူက ဘာလို့ ဘာမှမလှုပ်ရှားသေးတာလဲ”
သို့သော် လျှပ်စီးနဂါးငါးကောင်သည် ဖေးရှန့်တောင်ပေါ်သို့ကျဆင်းလာပြီးနောက် ချမ်ချန်ကန်းက စကားတစ်ခွန်းတည်းပြောလိုက်သည်။
“မဟာဖျက်စီးခြင်းဟလား ပျောက်သွားစမ်း ”
ထိုစကားကိုပြောပြီးနောက် ချက်ချင်းပဲလျှပ်စီးနဂါးငါးကောင်က ပျက်သုဉ်းသွားတော့သည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏ မျက်လုံးများက ချက်ချင်းပဲအောက်သို့ ပြုတ်ကျသွားခဲ့သည်။
“ဒီကောင်ဘယ်လိုလုပ်လိုက်တာလဲ။ သူက ငါ့ရဲ့တိုက်ခိုက်မှုကို ချက်ချင်းပဲဖြိုခွဲလိုက်ပါလား”