အခန်း ၈၆
Vol. 7 Ch. 86
အခန်း (၈၆) အမျိုးကောင်းသားတစ်ယောက်ရဲ့စကား သူ့ရဲ့ကတိနဲ့အတူတူပဲ
ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ မည်သူမှစကားမပြောကြတော့ပေ။ အထူးသဖြင့် အဝေးကကြည့်နေသည့် ကျင့်ကြံသူများက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
ချမ်ချန်ကန်းက စကားလုံးတည်းသာ ပြောလိုက်သည်ကို လူတိုင်းကကြားလိုက်ပေသည်။
သို့သော် ဤစကားလုံးကြောင့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ အင်မော်တယ်နည်းစနစ်က ချက်ချင်းပဲပြိုပျက်သွားခဲသည်။
ချမ်ချန်ကန်းတစ်ယောက် ဘယ်လိုလုပ်လိုက်မှန်း သူတို့မသိကြပေ။ သူတို့နားမလည်ကြပေ။ ကမ္ဘာကြီးတစ်ခုလုံး အုံကြွသွားပြီး အရမ်းကြောက်စရာကောင်းတယ်ဟုသာ လူတိုင်းက တွေးရင်း သက်ပြင်းချလိုက်သည်။
လူအချို့က ၎င်းသည် ကောင်းကင်တာအို၏နိယာမစွမ်းအားဖြစ်မည်ဟု ထင်ကြေးပေးကြသည်။ တစ္ဆေအင်မော်တယ်၏ အမူအရာကလည်း လေးနက်လာခဲ့သည်။
ချမ်ချန်ကန်း၏စွမ်းအားက သူစိတ်ကူးထားသည်ထက် အနည်းငယ်သာလွန်ပေသည်။ အမှန်စင်စစ် အင်မော်တယ်သိုင်းသူတော်စင်၏ လက်အောက်တွင်ရှိသော အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးတို့ကို သတ်နိုင်သည်ဟူသောအချက်အရ သူ၏ခွန်အားကိုလျော့မတွက်သင့်ပေ။
ချမ်ချန်ကန်း၏အသံက ထွက်လာခဲ့သည်။
“အစိမ်းရောင်ဆံပင်နဲ့ကောင် မင်းဘာတွေတွေးနေတာလဲ။ ကြောက်နေပြီလား။ မင်း ဒီအရှင်ကိုသတ်ဖို့လာခဲ့တာမဟုတ်ဘူးလား။ မင်းရဲ့မောက်မာတဲ့ပုံစံက ဘယ်ရောက်သွားတာလဲ”
“ချမ်ချန်ကန်း အရမ်းစိတ်ကြီးဝင်မနေနဲ့”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ဒေါသတကြီးဖြစ်နေခဲ့သည်။ သူက ပါးစပ်ကိုဟပြီး အားမြောင်ဆီက လုယူလာသည့် ဝူကျိုးဒယ်စောက်ကို ထုတ်ယူလိုက်သည်။
ဝူကျိုးဒယ်စောက်သည် အလွန်အစွမ်းထက်ပေသည်။ သူပင်လျှင်သတိထားရပေသည်။ သို့ပေမဲ့ ကံမကောင်းစွာဖြင့် နတ်ဆိုးဘုရင်များ၏အကူအညီဖြစ်ပင် ဝူကျိုးဒယ်စောက်၏စွမ်းအားကို အပြည့်အဝမထုတ်နိုင်ခဲ့ပေ။
ယခုဆိုလျှင် တစ္ဆေအင်မော်တယ်၏ လက်ထဲသို့ရောက်နေပြီး ဝူကျိုးဒယ်စောက်၏စွမ်းအားက အကြိမ် ပေါင်းများစွာတိုးမြင့်လာခဲ့ပြီဖြစ်သည်။
ဝူကျိုးဒယ်စောက်သည် ဧရာမတောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကိုဖြိုချကာ ရှေ့သို့ရောက်လာခဲ့သည်။
ဝူကျိုးဒယ်စောက်သည် ဖေးရှန့်တောင်တစ်ခုကိုမပြောနှင့် တောင်ပေါင်းတစ်သိန်းတောင်တန်းကိုပင် ဖျက်စီးရန်လုံလောက်သည်အထိ ကြီးထွားလာခဲ့သည်။
အားမြောင်က ဒေါသတကြီးဖြစ်ကယ သူမ၏ကြောင်အစွယ်လေးများဖြင်ြ ကိုက်ဖြတ်ချင်သည်အထိ အသားများ ယားယံလာခဲ့သည်။
“အားမြောင်ရဲ့ဝူကျိုးဒယ်စောက်”
မူလက ဝူကျိုးဒယ်စောက်သည် တစ္ဆေအင်မော်တယ်ကို ကိုင်တွယ်ရန် ရည်ရွယ်ခဲ့ပေသည်။ မမျှော်လင့်ပဲ တစ္ဆေအင်မော်တယ်က ၎င်းကိုယူပြီး စီနီယာနှင့်တိုက်ခိုက်ရန် အသုံးချခဲ့သည်။
အားမြောင်က အပြစ်ရှိသလိုခံစားရပြီး ဒေါသထွက်လိုက်သော်လည်း သူမ၌စွမ်းအင်မရှိပေ။ သူမ မည်မျှပင်ကြိုးစားပါစေ ဝူကျိုးဒယ်စောက်ကို သူမ မထိန်းချုပ်နိုင်တော့ပေ။ သို့တိုင် ချမ်ချန်ကန်း၏ အမူအရာက တည်ငြိမ်နေပေသည်။
ဝူကျိုးဒယ်စောက်က အားကောင်းပေသည်။
အားကောင်းတော့လည်းဘာဖြစ်လဲ....
ကောင်းကင်ကိုဖုံးအုပ်ထားသည်ြ ဒယ်စောက်က ဆင်းသက်လာခဲ့သည်။ ချမ်ချန်ကန်းက သူ့လက်ကို မြှောက်လိုက်ရာ ဖေးရှန့်တောင်၏အထက်တွင် ကောင်းကင်ဘုံကိုပင် ဖြိုးခွင်းနိုင်သည့် ဧရာမလက်ကြီးတစ်ခုပေါ်လာခဲ့သည်။
ချမ်ချန်ကန်းမြှောက်ထားသည့် လက်ကြီးက ထိုဝူကျိုးဒယ်စောက်ကြီးကို ဆုပ်ကိုင်လိုက်သည်။ ဝူကျိုးဒယ်စောက်သည် အကန့်အသက်မရှိပြင်းထန်သောစွမ်းအားများကို ထုတ်လုပ်နေသော်လည်း ထိုဧရာမလက်ကြီးဖြင့် ဖိနှိပ်ခံလိုက်ရသောအခါ ချက်ချင်းပဲ ငြိမ်သက်သွားတော့သည်။
နောက်ဆုံးတော့ ဝူကျိုးဒယ်စောက်သည် လက်သီးဆုပ်အရွယ်ထိ ကျုံ့သွားပြီး ချမ်ချန်ကန်း၏ လက်ထဲသို့ ရောက်လာခဲ့သည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
ဤတစ်ကြိမ်၌လည်း အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ထိတ်လန့်သွားခဲ့ပြန်သည်။
ဝူကျိုးဒယ်စောက်၏စွမ်းအားက မည်မျှပြင်းထန်ကြောင်း သူသိပေသည်။ သူသာ ဤတိုက်ကွက်ကို တွန်းလှန်ရမည်ဆိုလျှင် သူ့ခွန်အား၏ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုရပေလိမ့်မည်။
သို့သော်လည်း သူ့ရှေ့တွင်ရှိသည့် ကမ္ဘာတိုင်း၌ပြိုင်ဘက်ကင်းသူဖြစ်သည့် ချမ်ချန်ကန်းက လက်တစ်ချက်လှုပ်ရုံဖြင့် ဝူကျိုးဒယ်စောက်ကို ဖိနှိပ်ပြီးသားဖြစ်သွားသည်။
ဤသည်က သူဘယ်တုန်းကမှ မမျှော်လင့်ထားသည့်အရာဖြစ်သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ အားမြောင်က သက်ပြင်းချလိုက်မိသည်။
အကယ်၍ ဝူကျိုးဒယ်စောက်ကြောင့် စီနီယာဒဏ်ရာရခဲ့ပါက သူမသည် စီနီယာနှင့်ထပ်ပြီး ရင်ဆိုင်နိုင်တော့မည်မဟုတ်ပေ။
“အားမြောင် မင်းရဲ့ဝူကျိုးဒယ်စောက်ကို သေချာလုံခြုံအောင်သိမ်းထားလိုက်တော့။ ထပ်ပြီးမပျောက်စေနဲ့”
ချမ်ချန်ကန်း၏အသံကပေါ်ထွက်လာပြီး ဝူကျိုးဒယ်စောက်က အားမြောင်၏လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
အားမြောင်၏ပါးပြင်လေးများက နီရဲလာပြီး သူမ၏အမြီးလေးများက တွန့်လိမ်သွားသည်။
“ကျေးဇူးတင်ပါတယ်စီနီယာ”
ချမ်ချန်ကန်းက တစ္ဆေအင်မော်တယ်ဆီကို လှည့်ကြည့်ပြီးပြောလိုက်သည်။
“ဘာလို့ရပ်နေတာလဲ။ ဆက်တိုက်လေ။ ကမ္ဘာတိုင်းမှာပြိုင်ဘက်ကင်းတဲ့ဒီအရှင်က ဖေးရှန့်တောင်ပေါ်မှာ မလှုပ်မယှက်ရပ်နေတယ်လေ။ မင်းကြိုက်သလောက် တိုက်ခိုက်လို့ရတယ်။ ဒီအရှင်က မင်းဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာ ကြည့်ချင်တယ်မလား”
ချမ်ချန်ကန်း၏စကားများက အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ မျက်နှာကိုဖြူဖျော့သွားစေခဲ့ပြီး သူ့အား ပို၍ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်လာစေခဲ့သည်။
သူသည် ဖေးရှန့်တောင်၏အပြင်ဘက်မှ ချမ်ချန်ကန်းကိုစိုက်ကြည့်ရင်း အရာအားလုံးကို မျိုချရန် ဆန္ဒရှိနေခဲ့သည်။
သို့သော်အလားတူပင် တစ္ဆေအင်မော်တယ်၏နှလုံးသားထဲ၌ လေးလံလာခဲ့သည်။ ချမ်ချန်ကန်း၏စွမ်းအားက သူစိတ်ကူးထားသည်ထက် ကျော်လွန်သွားပေသည်။
သူသည် ဤမျှလောက်ရိုးရှင်းပြီး ဆက်ဆံရန်မလွယ်ကူဟု မထင်ခဲ့ပေ။ သူ သတိထားရပေမည်။ မဟုတ်ပါက သူသည် ရှေ့တွင်သေဆုံးသွားကြသော အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါး၏ လမ်းစဥ်အတိုင်းလိုက်ရပေလိမ့်မည်။
အဝေးတွင် ကြည့်ရှုနေကြသော ကျင့်ကြံသူများကလည်း ဆွေးနွေးနေကြသည်။
“ဒီချမ်ချန်ကန်းက အရမ်းကိုသန်မာတာပဲ။ ကမ္ဘာတိုင်းမှာပြိုင်ဘက်ကင်းသူက တကယ့်ကိုမျှော်လင့်ထားသလိုပဲ။ သူ့ရဲ့စွမ်းအားက ကြောက်စရာကောင်းလောက်အောင်ကြီးမားတယ်။ အစိမ်းရောင်ဆံပင်နဲ့တစ္ဆေအင်မော်တယ်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုနှစ်ခုကို ဒီလောက်လွယ်လွယ်နဲ့ ဖြိုခွင်းနိုင်မယ် လို့မမျှော်လင့်ထားဘူး”
“ဟုတ်တယ် ဟုတ်တယ်။ တကယ့်ကိုသန်မာတဲ့ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ပဲ။ ဒါကိုကြည့်ရရင် သူကတစ္ဆေအင်မော်တယ်ထက် အားမနည်းဘူးဆိုတာ ကျိန်းသေတယ်”
တောင်ထိပ်တွင် ချမ်ချန်ကန်းက သန်းဝေလိုက်သည်။
“ဆံပင်စိမ်းနဲ့ကောင် မင်းဘာလို့လာမတိုက်သေးတာလဲ။ ကြောက်နေတာလား”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က
“ပါးစပ်ပိတ်ထားစမ်း။ ငါက အထက်ဘုံက အင်မော်တယ်ပဲ။ မင်းလိုအောက်ဘုံက ပုရွက်ဆိတ်လေးတစ်ကောင်ကို ဘာလို့ကြောက်ရမှာလဲ”
“ဟမ့် အရမ်းချီးကြူးစရာကောင်းတဲ့သတ္တိရှိသားပဲ”
ထိုသို့ပြောပြီးနောက် ချမ်ချန်ကန်းက တောင်ထိပ်၌ ပျောက်ကွယ်သွားခဲ့သည်။
ပြိုင်ဘက်ကင်းနယ်မြေအဆုံး ကောင်းကင်ယံထက်၌ သူက ချက်ချင်းပေါ်လာခဲ့သည်။
သူနှင့်တစ္ဆေအင်မော်တယ်တို့က ပေတစ်ထောင်အကွာအဝေးသာရှိတော့သည်။
ချမ်ချန်ကန်းကိုကြည့်ရင်း အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သူ့ဆီမှ မည်သည့်အရှိန်အဝါကိုမှ မခံစားရပေ။ ထို့အစား သူရရှိလာသည့်ခံစားချက်က အဆုံးမဲ့သောအသူရာချောက်နက်ကြီးထဲသို့ ကျရောက်သွားသကဲ့သို့ အေးစက်သော ခံစားချက်မျိုးကိုသာ ခံစားရလေသည်။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က အသက်ပြင်းပြင်းရှုရင်း သူ့နှလုံးသားက လေးလံလာခဲ့သည်။
*အင်မော်တယ်တက်လှမ်းခြင်းအဆင့်က ဘယ်လောက်ပဲအားကောင်းနေပါစေ သူကငါရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး*
သူ့ကိုယ်သူ တွေးလိုက်မိသည်။
*အခုနေ ငါသာ စွမ်းအားအပြည့်ထုတ်သုံးလိုက်မယ်ဆိုရင် ငါသူ့ကိုသတ်နိုင်လိမ့်မယ်*
ချမ်းချန်ကန်းသည် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ဘာတွေးနေမှန်းမသိပေ။ ကြောက်ရွံ့နေသေးသည်ဟုသာ သူက ထင်လိုက်သည်။
“ကဲ ဒါဆိုရင်ဘယ်လိုလဲ။ ဒီအရှင်က မင်းကို ဆယ်ခါတိုက်ခွင့်ပေးမယ်။ လုံးဝပြန်မတိုက်ဘူး။ ဆယ်ခါအတွင်းမှာ ငါ့ကို ရအောင်သတ်ပစ်လို့ရတယ်”
ထိုစကားကိုပြောပြီးသည်နှင့် လူအုပ်ကြီးက တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ချမ်ချန်ကန်းက မာနကြီးပြီး အလွန်ယုံကြည်မှုလွန်ကဲသည်ဟု ထင်လိုက်ကြသည်။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် အထက်ဘုံမှအင်မော်တယ်တစ်ပါးဖြစ်သည်။ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို ဆယ်ကြိမ်တိုင်တိုင် အရင်ဆုံးတိုက်ခိုင်းပြီး သူက မတိုက်ပဲနေတာက သေခြင်းတရားကို ရှာနေသည်မဟုတ်ပါလား။ သူတို့တွေ ချမ်ချန်ကန်းကို ပြောချင်တာက
*မင်းရဲ့ဦးနှောက်က ဆားငံရည်တွေနဲ့ပြည့်နေတာလား*
ဓားကိုးစင်းဂိုဏ်းကလူများနှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာအပါအဝင် နတ်ဆိုးဘုရင်များကလည်း ထိတ်လန့်သွားကြသည်။
“စီနီယာရဲ့စွမ်းအားက ဘယ်လောက်တောင်သန်မာလိုက်လဲ။ သူက တကယ့်ကို တစ္ဆေအင်မော်တယ်ကို မျက်လုံးထဲတောင်ထည့်မထားဘူးပဲ”
လင်းပေါင်အာ၏ မျက်လုံးများ တောက်ပလာခဲ့သည်။
“ဆရာက အရမ်းမိုက်တယ်”
လူတိုင်းက သဘောတွေကြပြီး
“ဟုတ်တယ် စီနီယာအရမ်းမိုက်တယ်”
ကောင်းကင်ယံထက်၌ ချမ်ချန်ကန်းနှင့်အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်တို့က အချင်းချင်း ထိပ်တိုက်တွေ့နေကြသည်။
ချမ်ချန်ကန်း၏စကားကိုကြားပြီးနောက် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က မထိန်းချုပ်နိုင်ပဲ ရယ်မောလိုက်သည်။
“ဟားဟား....ချမ်ချန်ကန်း ငါ့ကိုတကယ်ပဲဆယ်ကြိမ်တိုက်ခွင့်ပေးမှာ သေချာလား။ အမျိုးကောင်းသား တစ်ယောက်ရဲ့စကားက သူ့ရဲ့ကတိပဲနော်။ မြင်းဘယ်နှစ်ကောင်ပြေးတယ်ဆိုတာ ငါဂရုမစိုက်ဘူး။ မင်းဒီလိုမျိုးစကားကို ပြောလို့ရှိရင် မင်းစကားကိုမင်း တကယ်သတ္တိရှိတယ်ဆိုလို့ရှိရင် ပြန်မရုတ်သိမ်းနဲ့ ”
ချမ်ချန်ကန်း ……..
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ မျက်လုံးများကရက်စက်ကြမ်းကြုတ်ပြီး ချမ်ချန်ကန်းအားကြိမ်ဖန်များစွာ ကဲ့ရဲရှုံ့ချနေသည်။
သူသည် မူလက ချမ်ချန်ကန်းနှင့် မတိုက်ခိုက်နိုင်တော့မည်ကို စိုးရိမ်မိသည်။ သို့သော် ချမ်ချန်ကန်းက သူ့အားပြန်မတိုက်ပဲ ဆယ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခွင့်ပေးသောကြောင့် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က ဆယ်ကြိမ်တိုင်တိုင်သတ်ပစ်နိုင်မည်ဟု ယုံကြည်နေပေသည်။
ချမ်ချန်ကန်းက အလွန်စိတ်မကောင်းဖြစ်သွားသည်။
“ငါက ဒီလိုမျိုး စကားကို မဟုတ်ကဟုတ်က ပြောတတ်တဲ့သူနဲ့တူလို့လား”
“သေလိုက်စမ်း”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သက်တံအဖြစ် ပြောင်းလဲသွားပြီး ချမ်ချန်ကန်းဆီသို့ ဦးတည်လာခဲ့သည်။
ချမ်ချန်ကန်းက သူ၏မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး နောက်ပြန်ဆုတ်သွားသည်။
“မပြေးနဲ့”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ဆာလောင်မွတ်သိမ်နေသော တစ္ဆေကြီးအဖြစ် ပြောင်းလဲသွားပြီး သူ၏ကြီးမားသောပါးစပ်ကြီးကိုဟကာ ဖေးရှန့်တောင်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။
“ကောင်းပြီ မင်းကမပြေးနဲ့ဆိုတော့လည်း ဒီအရှင်ကလည်း မပြေးဘူးပေါ့”
ချမ်ချန်ကန်းကရပ်ပြီး အနည်းငယ်ပြုံးလိုက်သည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာနေပြီဖြစ်သည်။
ချမ်ချန်ကန်းကို အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ဝါးမျိုသည့်မြင်ကွင်းကို လူတိုင်းကကြည့်နေကြပြီး စိတ်ထဲမှကြောက်ရွံ့နေကြသည်။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် ချမ်ချန်ကန်းကို ဝါးမျိုလိုက်ပြီဟု လူတိုင်းကထင်လိုက်ကြမိသည်။
ထိုအခိုက် တစ္ဆေအင်မော်တယ်၏ နာကျင်စွာအော်ဟစ်သည့်အသံကို ကြားလိုက်ရသည်။
တစ္ဆေအင်မော်တယ်သည် သူ၏သွေးထွက်သံယိုဖြစ်နေသော ပါးစပ်ထဲမှ တစ္ဆေသွားများက ကြေမွသွားခဲ့သည်။
ဤအချိန်၌ သူ၏မျက်နှာက နာကျင်နေပြီး မျက်ရည်များစီးကျလာခဲ့သည်။
“အောင်မယ်လေး ငါ့သွားတွေ”