← Chapters

အခန်း ၈၇

Vol. 7 Ch. 87

အခန်း ၈၇

Vol. 7 Ch. 87

အခန်း (၈၇) ဒဏ်ရာမရှိသည့်မီးခိုး၊ အစစ်အမှန်အင်မော်တယ်

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ချောင်းဆိုးပြီးသွေးများထွက်လာရင်း ချမ်ချန်ကန်းကို စိုက်ကြည့်လိုက်သည်။

ချမ်ချန်ကန်းက ခပ်ဖျော့ဖျော့လေးပြုံးလိုက်သည်။ သူ့တစ်ကိုယ်လုံးကို ချမ်ချန်ကန်းက ကမ္ဘာပထမဆုံးဆိုသောဇာတ်ကားထဲမှ ချမ်ချီဖေးကဲ့သို့ ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွမ်းထားသည်။

“ဒါက ငါ့တစ်ကိုယ်လုံးကိုကာကွယ်တဲ့ ဖျက်စီးလို့မရတဲ့ စိန်ခန္ဓာကျင့်စဉ်တစ်ခုပဲ။ ဒါကဖျက်စီးလို့လည်းမရဘူး။ ဖြိုခွဲလို့လည်းမရဘူး။ မင်းရဲသွားတွေနဲ့ဘယ်တော့မှ ကိုက်လို့မရဘူး၊”

“အားးးးး....ငါ … ငါမင်းကိုသတ်ပစ်မယ်”

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က အလွန်ပင်ဒေါသထွက်သွားပြီး သူ၏မျက်လုံးကြီးများက ပြူးကျယ်လာခဲ့သည်။

သူက ပါးစပ်ကိုဟလိုက်ပြီး အနက်ရောင်အရိုးခေါင်းကိုးခုကို ထွေးထုတ်လိုက်သည်။ ထိုအနက်ရောင်အရိုးခေါင်းကိုးခုက ချမ်ချန်ကန်း၏အနီးတဝိုက်တွင် သူတို့၏ပါးစပ်များကိုဟလိုက်ပြီး

“ဒါကဘာလဲ”

ချမ်ချန်ကန်းက သိချင်စိတ်ဖြင့် သူ့ရှေ့တွင်ရှိသော အနက်ရောင်အရိုးခေါင်းကို လက်ဖြင့်ထိရန်ဆန့်ထုတ်လိုက်သည်။

ထိုအခိုက်မှာပင်

“ဝုန်း … ဝုန်း …. ဝုန်း … ”

မြေကြီးများက ကိုးကြိမ်တိုင်တိုင်ပေါက်ကွဲပြီး ကောင်းကင်နဲ့မြေကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ အခိုးအငွေ့များက ဖုံးအုပ်ထားပြီး ကြောက်စရာကောင်းသောစွမ်းအားများက ချမ်ချန်ကန်းကို ဖုံးလွမ်းထားပေသည်။

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က မြူခိုးများကြားကို မျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

ဤလှုပ်ရှားမှုဖြင့် သူသည် ချမ်ချန်ကန်းကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့သည်ဟု တွေးလိုက်မိသည်။

သို့သော် မြူခိုးထဲမှ အသံထွက်လာခဲ့သည်။

“ဒီမြူခိုးထဲမှာ ငါဒဏ်ရာမရဘူးနော်။ ငါအဆင်ပြေနေသေးတယ်။ ဒါကဒုတိယအကွက်ဖြစ်သွားပြီး ”

အမှန်ပင် မြူခိုးများရှင်းသွားသည်နှင့် ချမ်ချန်ကန်းက လုံးဝထိခိုက်မှုမရှိပဲ အပြုံးမပျက်ပေါ်လာခဲ့သည်။

“မဟုတ်ဘူး … မဟုတ်ဘူး၊ ငါမယုံနိုင်ဘူး”

အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က သူ၏စွမ်းအားကိုအပြည့်အဝထုတ်ပြီး ချမ်ချန်ကန်းကို ထိုးနှက်လိုက်သည်။

တတိယအကွက်...

စတုတ္ထအကွက်….

နဝမမြောက်အကွက် …

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ခမျာ ချွေးများဖြင့်စိုရွဲနေပြီး သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကုန်ဆုံးသွားကာ သူ၏မျက်နှာမှာဖြူဖျော့နေတော့သည်။

ဤအခိုက်အတန့်၌ သူ၏နဂိုကယုံကြည်မှုများမှာ ကြောက်စိတ်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ သူသည်စကားတောင်မပြောနိုင်တော့ပေ။ တစ်ဖက်တွင်ရှိသော ချမ်ချန်ကန်းကမူ အပြုံးလေးဖြင့် ကောင်းကင်ထံတွင်ရပ်ကာ သူ၏အဖြူရောင်ဝတ်ရုံနဲ့ တဖျက်ဖျက်လွင့်နေပြီး အနက်ရောင်ဆံပင်များက လေထုထဲတွင် ကခုန်သည်။

အထက်ဘုံမှမသေမျိုးတစ်ဦးကို သေမျိုးကမ္ဘာသို့ နယ်နှင်ဒဏ်ပေးခံရသည့်အလား သူ၏အမူအရာက အလွန်ကျက်သရေရှိနေတော့သည်။

“အစိမ်းရောင်ဆံပင်နဲ့ကောင် မင်းရဲ့နောက်ဆုံးလှုပ်ရှားကွက် တစ်ကွက်ကျန်သေးတယ်နော်”

ချမ်ချန်ကန်းက ညာလက်ကိုဆန့်ထုတ်ပြီး လက်ညိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။ ဤရန်စသောအမူအရာက အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်အား ဒေါသဖြစ်စေမည်လားသေချာမသိပေ။ ယခင်က တိုက်ကွက်ကိုးကွက်တွင် သူသည် သူ၏ဝှက်ဖဲ များကိုအသုံးပြုပြီး။ မူလက အနိုင်ရမည်ဟု ယုံကြည်ခဲ့သော်လည်း ၎င်းတို့က ချမ်ချန်ကန်းအတွက် လုံးဝအသုံးမဝင်ခဲ့ပေ။

“ဒီတိုက်ကွက်တစ်ခုကျန်နေခဲ့ရင်ရော ထိရောက်ဦးမှာ မို့လို့လား”

အကြောင်းတစ်ခုခုကြောင့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က တုန်လှုပ်နေခဲ့သည်။

“တုန်နေတယ်ဟုတ်လား... ချမ်းနေတာလား”

ချမ်ချန်ကန်းက ရယ်မောပြီးလှောင်ပြောင်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း”

အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က ရှက်ရွံ့ဒေါသစိတ်ဖြင့် အော်ဟောက်လိုက်သည်။

“ငါမင်းကိုသတ်ပစ်ရမယ်”

“အဲ့ဆိုမြန်မြန်လာစမ်း။ ဒီအရှင်က စိတ်မရှည်တော့ဘူး”

“ယား …. ”

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သူ၏ကြက်သွေးရောင်မျက်လုံးများသည် ရူးသွပ်သွားပြီး သွေးနီရောင်တောက်ပနေသော အင်မော်တယ်ဆေးပြားတစ်ပြားကို မျိုချလိုက်သည်။

ဤအခိုက်အတန့်တွင် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏စွမ်းအားများက စီရင်စုကိုးခု တိုက်ကြီးတစ်ခုလုံး၏ ကန့်သက်ချက်များကို ချိုးဖြတ်သွားသည့်ပုံရသည်။

ကောင်းကင်ထက်တွင် အင်မော်တယ်တံခါးတစ်ခုပွင့်လာပြီး အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို ဖုံးလွှမ်းကာ အင်မော်တယ်အလင်းတန်းတစ်သောင်းက ထုတ်လွင့်လိုက်သည်။ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ အရှိန်အဝါများက တဟုန်ထိုး တိုးတက်လာခဲ့ပြီး ကောင်းကင်ဘုံထက်မှ လျှပ်စီးကြောင်းများက အင်မော်တယ်တံခါးမှတစ်ဆင့် ဆင်းသက်လာခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါက စီရင်စုကိုးခုတစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့ သည်။

တစ္ဆေပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်ရှိစွမ်းအားရှင်များအားလုံးကလည်း ထိတ်လန့် တုန်လှုပ်သွားကြသည်။ သူတို့အားလုံးက တစ္ဆေပြည်နယ်ကို လှမ်းကြည့်လိုက်ကြသည်။

“အရောင်ကိုးခုကောင်းကင်ဘုံလျှပ်စီးပါလား။ တစ္ဆေပြည်နယ်ကတစ်ယောက်ယောက်ကများ အင်မော်တယ်အတိဒုက္ခကိုတက်လှမ်းပြီး အင်မော်တယ်ဖြစ်လာခဲ့တာလား”

တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ကြည့်ရှုနေကြသည့် ကျင့်ကြံသူများ၊ သရဲတစ္ဆေများ နတ်ဆိုးဘုရင်များအားလုံးက အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်မှ ထွက်ရှိလာသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကိုခံစားလိုက်ရသည်။

ဤသည်မှာ အစစ်အမှန် အင်မော်တယ်တစ်ပါး၏ စွမ်းအားပင်ဖြစ်သည်။

သူတို့က လုံးဝကိုထိတ်လန့်သွားခဲ့သည်။ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က အစစ်အမှန်အင်မော်တယ်တစ်ပါးဖြစ်လာတော့မည်လား။

“ဟား … ဟား …. ဟား … ချမ်ချန်ကန်း ငါက စီရင်စုကိုးခုပြည်နယ်ကြီးမှာ အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ပြီ။ စီရင်စုကိုးခုပြည်နယ်ကြီးရဲ့ ဥပဒေဿတွေတောင်မှ ငါ့ရဲ့အင်မော်တယ်လမ်းကြောင်းအတွက် ကန့်သက်ချက်မရှိတော့ဘူး။ အခု ငါက အင်မော်တယ်တစ်ပါးရဲ့ အထွတ်အထိပ်ကိုရောက်နေပြီ။ ဒီဆယ်ခုမြောက်တိုက်ကွက်က မင်းအတွက်တော့သေဒဏ်ပဲ”

ချမ်ချန်ကန်းက တည်ငြိမ်စွာပြောလိုက်သည်။

“နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းသားပဲ။ အင်မော်တယ်တစ်ပါးက သူတို့ရဲ့အထွတ်အထိပ်အခြေအနေမှာ ဘယ်လောက်တောင်သန်မာလည်းဆိုတာ ငါကြည့်ချင်မိတယ်”

ကောင်းကင်ဘုံထက်၌ မိုးကြိုးအတိဒုက္ခကိုသန့်စင်ပြီးနောက် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော် တယ်၏ ကျင့်ကြံခြင်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကိုးကို ကျော်ဖြတ်သွားပြီး လူသားအင် မော်တယ်နယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။

အင်မော်တယ်စစ်သည် ပထမအဆင့် …

အင်မော်တယ်စစ်သည် ဒုတိယအဆင့်…

တဖြည်းဖြည်းနှင့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် အင်မော်တယ်တစ်ပိုင်းအဆင့်ထက်ကျော်လွန်သွားခဲ့သည်။

သို့သော် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်သည် အထက်ဘုံ၌ အချိန်မရွေးအင်မော်တယ်တစ်ပါးဖြစ်လာနိုင်သော်လည်း သူသည် သာမန်အင်မော်တယ် တစ်ယောက်ဖြစ်လာရန် ဆန္ဒမရှိပေ။ မှန်ကန်သောအခိုက်အတန့်ကိုစောင့်ဆိုင်းရန်အတွက် သူ၏ခွန်အားကို စုဆောင်းနေခဲ့ခြင်းဖြစ်သည်။

ယခုတော့ ချမ်ချန်ကန်းက သူ့အား ဤကဲ့သို့အခြေအနေကို တွန်းပို့လိုက်ပေသည်။ သူဘာပဲလုပ်ပါစေ ချမ်ချန်ကန်းအား အနိုင်မယူနိုင်ပေ။

ကောင်းကင်ထက်၌ လျှပ်စီးမိုးကြိုးအတိဒုက္ခအတွင်း အင်မော်တယ်အဖြစ်သို့ ဖြတ်သန်းခြင်းဖြင့် အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေက စီရင်စုကိုးခုတိုက်ကြီးတွင် အင်မော်တယ်အထွတ်အထိပ်သို့ ရောက်ရှိခဲ့ဖြစ်သည်။

ဤနည်းအားဖြင့် သူက ချမ်ချန်ကန်းကို ကိုင်တွယ်နိုင်မည်ဟု တွေးလိုက်မိသည်။

အဆင့်သည် ပထမအဆင့်မှ အဆင့်ဆင့်ချိုးဖြတ်သွားခဲ့ပြီး နောက်ဆုံးတော့ သူသည် အင်မော်တယ် စစ်သူကြီးအဆင့်ကိုးနယ်ပယ်၌ ရပ်သွားခဲ့သည်။

သူသည် အင်မော်တယ်ဗိုလ်ချုပ်နယ်ပယ်ကို ချိုးဖြတ်ရန် ခြေတစ်လှမ်းသာဝေးတော့သည်။

“သေစမ်း....ခွေးကောင်”

အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ ချမ်ချန်ကန်းကြောင့် သူသည် ဤကဲ့သို့ အတိဒုက္ခကို ခံစားရခြင်းဖြစ်သည်။

သူသာနည်းနည်းကြာအောင် စောင့်ခဲ့မည်ဆိုပါက သူသည် အင်မော်တယ်ဗိုလ်ချုပ်အဆင့်ကို ကျော်ဖြတ်နိုင်မည်မှာသေချာပေသည်။

“ချမ်ချန်ကန်း မင်းကသေဖို့ထိုက်တန်တယ်”

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ဧရာမလှိုင်းလုံးကြီးကဲ့သို့ တဟုန်ထိုးခုန်အုပ်လိုက်သည်။ ကြည့်ရှုနေကြသည့် ကျင့်ကြံသူများ၊ တစ္ဆေသရဲများ၊ နတ်ဆိုးဘုရင်များအားလုံးကလည်း ဤပြင်းထန်သောအရှိန်အဝါကြောင့် ထိခိုက်ဒဏ်ရာရပြီး အဝေးသို့လွင့်စင်သွားကြသည်။

ဟင်းလင်းပြင်က ကွဲအက်လာခဲ့ပြီး ကြီးမားသော အက်ကွဲကြောင်းကြီးဖြစ်ပေါ်လာခဲ့သည်။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

ဟိန်းဟောက်သံတစ်ခုနှင့်ပင် သူတို့အား ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည်။ အကယ်၍ သူသာ အမှန် တကယ်လှုပ်ရှားမည်ဆိုပါက သူတို့၏ခန္ဓာကိုယ်တွင် စိတ်ဝိညာဉ်များအားလုံး ပြာကျသွားလိမ့်မည်မှာ ကျိန်းသေပေသည်။

ထို့နောက် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က အထက်တွင်ရပ်ကာ ချမ်ချန်ကန်းကို ငုံ့ကြည့် လိုက်သည်။ သူက ယခု အလွန်သန်မာနေပြီဖြစ်သည်။

သူ၏စွမ်းအားက ဖော်မပြနိုင်လောက်အောင် သန်မာနေပေသည်။ သူက ချမ်ချန်ကန်းကို လက်ညိုးတစ်ချောင်းတည်းဖြင့် သတ်ပစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

ချမ်ချန်ကန်းက တည်ငြိမ်စွာ ကြည့်နေလိုက်သည်။

ဖေးရှန့်တောင်၏အထက်တွင် ဓားကိုးစင်းဂိုဏ်း၊ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် အခြားနတ်ဆိုးဘုရင်များကလည်း စိုးရိမ်စိတ်များ၊ စိတ်ပျက်အားငယ်စိတ်များဖြင့် ပြည့်နေကြသည်။ အခြေအနေက မပြောင်းလဲပဲတည်ရှိနေသည်။

အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က ကောင်းကင်ယံထက်၌ မိုးကြိုးအတိဒုက္ခကို အားကိုးပြီး အချိန်တိုအတွင်း အစစ်အမှန်အင်မော်တယ်ဖြစ်လာခဲ့သည်။

သူတို့၏စီရင်စုကိုးခုရှိ ဥပဒေဿများကပင် သူ့အား မဖိနှိပ်နိုင်တော့ပေ။ လက်ရှိတွင် အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေသည် မည်သည့်ဥပဒေဿ၏ဖိနှိပ်မှုမှ မခံရတော့ပဲ အင်မော်တယ်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားက အပြည့်အဝရရှိလာခဲ့ပြီဖြစ်သည်။

“စီနီယာက ဒါကိုခံနိုင်ရည်ရှိပါ့မလား”

All Chapters