အခန်း ၈၈
Vol. 7 Ch. 88
အခန်း (၈၈) တစ်ချက်လှုပ်ရှားရုံနဲ့လုံလောက်တယ်
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က အင်မော်တယ်စစ်သူကြီး ကောက်းကင်ဘုံအလွှာကိုးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူက စိတ်ကြီးဝင်စွာဖြင့် ခေါင်းကိုမြင့်မြင့်မော့ထားလိုက်သည်။ သူက ချမ်ချန်ကန်းအပေါ် အနည်းငယ်မျှ ကြောက်ရွံ့မှုမရှိတော့ပေ။
“ချမ်ချန်ကန်း ဒီအင်မော်တယ်ရဲ့လက်မှာသေရတာ မင်းဂုဏ်ယူသင့်တယ်”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သူ၏ညာဘက်လက်သီးကို ဆုပ်ထားလိုက်ပြီး ၎င်းအတွင်း၌ အကန့်အသတ်မရှိသော အင်မော်တယ်စွမ်းအားများက လွမ်းခြုံလာခဲ့သည်။
ဟင်းလင်းပြင်တစ်ခုလုံးတုန်လှုပ်ပြီး ပြိုကျသွားသလို ခံစားလိုက်ရသည်။
ဤလက်သီးချက်က မည်မျှအစွမ်းထက်သည်ကို လူတိုင်းစိတ်ကူးထားသည်ထက် ကျော်လွန်သွားခဲ့ သည်။
“ငရဲကိုသွားလိုက်စမ်း”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က လက်သီးချက်တစ်ချက်ကိုလမ်းထိုးလိုက်ပြီး ထိုလက်သီးချက်က ဟင်းလင်းပြင်ကိုကွဲအက်ကာ အရာအားလုံးကို ချိုးဖြတ်သွားသည်။
ထိုလက်သီးချက်ကြောင့် ချမ်ချန်ကန်းအား ဖုန်မှုန့်တစ်စတောင်မကျန်တော့ပြီဟု သူက သေချာလိုက်သည်။
ထိုအချိန်၌ တောင်ပေါင်းတစ်သိန်းတောင်၏အထက်၌ နောက်ထပ်အင်မော်တယ်တံခါးတစ်ခု ထပ်မံပွင့်လာခဲ့သည်။
ကျန်းယုချန် ပေါ်လာခဲ့၏။ သူမသည် စီရင်စုကိုးခုတိုက်ကြီးရှိ ဥပဒေဿများကိုခံစားလိုက်ရပြီး သူမ၏လည်ပင်းထက်တွင်ရှိသော ကျောက်စိမ်းဆွဲသီးက မှိတ်တုတ်မှိတ်တုတ် တဖြည်းဖြည်း လင်းလက်လာခဲ့သည်။
“စီရင်စုကိုးခုတိုက်ကြီးမှာရှိတဲ့ ဥပဒေဿတွေက အင်မော်တယ်စွမ်းအားတွေကို ဖိနှိပ်ထားတာပဲ ”
ထို့နောက် ကျန်းယုချန်က အလွန်စွမ်းအားကြီးသော အင်မော်တယ်စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။
“ဒီအောက်ဘုံမှာ အင်မော်တယ်စစ်သူကြီးတစ်ယောက်ရဲ့ စွမ်းအားတွေခံစားနေရပါလား။ ဒါက ဘယ်လိုလုပ်ဖြစ်နှိုင်မှာလဲ”
ကျန်းယုချန်က နေရာမှပျောက်ကွယ်သွားသည်။ သူမ ပြန်ပေါ်လာသောအခါ ဖေးရှန့်တောင်နှင့် အနီးတွင်ရှိနေပေသည်။
*အင်မော်တယ်စွမ်းအားကို အမှန်တကယ်ထုတ်လုပ်နိုင်ပြီး ကောင်းကင်ဘုံအတိဒုက္ခကို အမှန်တကယ်တွန်းလှန်နိုင်တဲ့သူက အင်မော်တယ်သိုင်းသူတော်စင်စေလွှတ်လိုက်သူပဲဖြစ်ရမယ်*
မကြာခင်မှာပဲ ကျန်းယုချန်က ချမ်ချန်ကန်းကို မြင်လိုက်ရသည်။
ထိုအချိန်မှာပဲ ကျန်းယုချန်က အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို မကြောက်လန့်သည့် ချမ်ချန်ကန်းကို မြင်လိုက်ရ၏။
လိပ်နက်အင်မော်တယ်နယ်မြေတွင် ကျန်းယုချန်သည် များပြားလှသောဖြစ်ရပ်ဆန်းများကို အင်မော်တယ်ကြေးမုံမှတစ်ဆင့် သူ့အား မြင်ဖူးခဲ့ပေသည်။
ဤသူသည် ကျူးယန်အင်မော်တယ်သစ်ပင်ကို ပိုင်ဆိုင်သူလည်းဖြစ်သည်။ ဤအခိုက်အတန့်၌ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ချမ်ချန်ကန်းကို လက်သီးဖြင့်ထိုးချလိုက်သည်။
“အင်မော်တယ်စစ်သူကြီး ကောင်းကင်ဘုံအလွှာကိုးမှာရှိတဲ့စွမ်းအားက ဒီအောက်ပြည်က ဝတ်ရုံဖြူဝတ်ထားတဲ့လူငယ်လေးက ခံနိုင်ရည်ရှိပါ့မလား။ သူသေသွားတော့မှာအဲ ”
ကျန်းယုချန်၏ မိုးမခနှင့်တူသော မျက်ခုံးက အနည်းငယ် ကွေးညွတ်သွားပြီး သူမ၏လက်ထဲမှ အင်မော်တယ်ကျောက်စိမ်းစလစ်တစ်ခုပေါ်လာခဲ့သည်။
၎င်းသည် “မြစ်နှလုံးသားကျောက်စိမ်း”ဟု အမည်ရသော အသက်ကယ်အင်မော်တယ် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည်။
အင်မော်တယ်ကျွမ်းကျင်သူတစ်ဦးထံမှ ထိုးနှက်ချက်တစ်ခုကို ခံနိုင်ရည်ရှိပေသည်။ သူမတုံ့ဆိုင်းမနေပဲ ထိုကျောက်စိမ်းကို ချိုးလိုက်သည်။
အင်မော်တယ်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံကိုးခုစလုံး ငွေရောင်မြစ်အဖြစ် ပြောင်းလဲသွားကာ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ လမ်းကြောင်းကိုပိတ်ဆို့လိုက်သည်။
မူလက အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်သည် ချမ်ချန်ကန်းကို လက်သီးတစ်ချက်တည်းဖြင့် သတ်ရန်ရည်ရွယ်ပြီး ယုံကြည့်မှုအပြည့်ရှိခဲ့သည်။
သို့သော် သူရှေ့တွင် ရုတ်တရက်ပေါ်လာသော ကောင်းကင်ဘုံကိုးခု ငွေရောင်မြစ်က အင်မော်တယ်စွမ်းအားများ ပြည့်နှက်နေပြီး အမှန်တကယ်ပင် အင်မော်တယ်ရှေးဟောင်းပစ္စည်းတစ်ခုဟု ခေါ်ထိုက်ပေသည်။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ ထိုးချက်က သူ့ရှေ့မှ မြစ်ကို မချိုးဖြတ်နိုင်ခဲ့ပေ။
“သေစမ်း မင်းမှာ မြစ်နှလုံးသားကျောက်စိမ်းလိုမျိုးအသက်ကယ်ရှေးဟောင်းပစ္စည်းတစ်ခုရှိတာပဲ”
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
ချမ်ချန်ကန်းကလည်း ကြောင်အသွားသည်။
“ဘာလဲဟ... မြစ်နှလုံးသားကျောက်စိမ်းဆိုတာဘာကြီးလဲ”
သူသည် ရုတ်တရက်ရောက်လာသော ဤကောင်းကင်ဘုံကိုးခုငွေရောင်မြစ်ကို အရမ်းသိချင်မိသည်။ မူလက သူသည် အစစ်အမှန်အင်မော်တယ်စွမ်းအားကို တိုက်ရိုက်ခံရန် စီစဉ်ထားသော်လည်း အပြင်ဘက်မှ တစ်စုံတစ်ဦးက ဤကဲ့သို့လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဟုတ်ပေသည်။ ချမ်ချန်ကန်းက ဤအခြင်းအရာကို တားနိုင်သည်။
သို့သော် ဤစွမ်းအားက သူ့ကိုခြိမ်းခြောက်မှုမရှိသလို ရန်ငြိုးလည်းမရှိပေ။ ထို့ကြောင့် သူက မတားလိုက်ခြင်းဖြစ်သည်။
အဝေးတွင်ရှိသော ကျန်းယုချန်က သက်ပြင်းချပြီး သူမ အချိန်မီရောက်လာပြီး သူ့အသက်ကိုကယ်တင် နိုင်ခဲ့သည့်အတွက် ဝမ်းသာသွားပေသည်။
ချမ်ချန်ကန်းတစ်ယောက် ယခုအချိန်၌ အလွန်စိတ်ပျက်သွားသည်ကိုတော့ သူမ မသိပေ။ ဆယ်ကြိမ်ဟု သဘောတူထားပြီး ယခုက ဆယ်ကြိမ်မြောက်ဖြစ်သည်။
ချမ်ချန်ကန်းက အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်အား ပြောလိုက်သည်။
“ဒီဟာက ဆယ်ကြိမ်မြောက်တိုက်ကွက်လို့ ထည့်မတွက်ဘူး။ ပြန်တိုက်လို့ရတယ်။ မင်း ငါ့လိုမျိုးချောမောခန့်ညားတဲ့အရှင်ရဲ့မျက်နှာကို ပြန်ထိုးလို့ရတယ်”
ထိုစကားကိုကြားလိုက်သောအခါ
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ် “….”
ကျန်းယုချန် “.....”
ဓားကိုးစင်းဂိုဏ်းမှလူများနှင့် တောင်ပေါင်းတစ်သိန်းတောင်တန်းမှ နတ်ဆိုးဘုရင်များ “......”
အဝေးမှစိုက်ကြည့်နေကြသော ကျင့်ကြံသူများ “.....”
ချမ်ချန်ကန်း၏စကားကြောင့် လူတိုင်းပြောစရာမဲ့သွားကြသည်။
“ဒီလိုမျိုးအရှက်မဲ့သူ တစ်ခါမှမတွေ့ဖူးဘူး။ သူက တကယ့်ကိုစိတ်ကြီးဝင်နေတာပဲ”
“အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်က အခုဆို ကောင်းကင်ဘုံအလွှာကိုးရဲ့ အင်မော်တယ်စစ်သူကြီးအဆင့်တောင် ရောက်နေပြီလေ။ သူကအစစ်အမှန်အင်မော်တယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားပြီ။ ပြည်နယ်စုကိုးခုရဲ့ ဥပဒေဿတွေကလည်း သူ့ကိုဖိနှိပ်မထားဘူးလေ။ ချမ်ချန်ကန်းက ဒီလိုမျိုးစကား ပြောဖို့ ဘယ်ယုံကြည်မှုတွေက ပေးခဲ့တာလဲ”
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က ချမ်ချန်ကန်းကို စေ့စေ့စပ်စပ်ကြည့်ပြီး စွံ့အသွားသည်။ ချမ်ချန်ကန်းသည် လူမိုက်မဟုတ်ပေ၊ ဤကဲ့သို့စိန်ခေါ်ပြီး သူ့အားမကြောက်လန့်သည်မှာ သေချာပေါက် ဝှက်ဖဲရှိရပေမည်။
ဤအသက်ကယ်အင်မော်တယ်ရတနာဖြစ်သည့် မြစ်နှလုံးသားကျောက်စိမ်းက အကောင်းဆုံးသက်သေဖြစ်သည်။
အဝေးတွင်ရှိသော ကျန်းယုချန်က ချမ်ချန်ကန်း၏ယုံကြည်မှုရှိသော အမူအရာကိုမြင်လိုက်ရပြီး မကူညီနိုင်ပဲ ရေရွတ်လိုက်မိသည်။
“သူက သူ့ကိုယ်သူအရမ်း ယုံကြည်မှုရှိနေတာပဲ။ ငါသူ့ကိုမကူညီလိုက်သင့်ဘူး ”
သူမသည် ချမ်ချန်ကန်းကို စူးစိုက်ကြည့်နေပြီး အင်မော်တယ်စစ်သူကြီး ကောင်းကင်ဘုံအလွှာကိုးအထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားရှိသော အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို ချမ်ချန်ကန်းက အမှန်တကယ်အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိလား သို့မဟုတ်ကြွားတာလား ဆိုတာကို သိချင်မိသည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်ကိုစိုက်ကြည့်ပြီး ချမ်ချန်ကန်းက ဒေါသထွက်သွားသည်။
“မင်းတိုက်မလား မတိုက်ဘူးလား....”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ချမ်ချန်ကန်းကိုကြည့်ပြီး ရယ်မောလိုက်သည်။
“မင်းက အရမ်းကိုစိတ်ကြီးဝင်နေတာပဲ။ မင်းမှာအားကိုးစရာတစ်ခုတော့ရှိတယ်မဟုတ်လား။ ငါအဲ့လောက်မတုံးသေးဘူး။ မင်းကများ ငါ့ကိုတိုက်ခိုက်စေချင်တာလား အခုမတိုက်တော့ဘူးကွာ”
ချမ်ချန်ကန်းမှာ ထိုစကားကိုကြားသောအခါ သူ၏နှုတ်ခမ်းထောင့်က လှုပ်ရမ်းသွားသည်။ ကြည့်ရှုသူတိုင်း လည်း ကြောင်အသွားကြသည်။
“ဒါကဘယ်လိုတွေဖြစ်ကုန်ကြတာလဲ”
ချမ်ချန်ကန်းသည် အစိမ်းရောင်ဆံပင်တစ္ဆေအင်မော်တယ်နှင့်ရင်ဆိုင်ရသည့်အခါ မကြောက်မရွံ့ဖြစ်နေသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။
သူ့၌ အစစ်အမှန် းအင်မော်တယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ဝှက်ဖဲတစ်ချပ်ရှိနေမှာတော့ သေချာပေသည်။
“ဝှက်ဖဲက ဘယ်လိုမျိုးလဲ”
အားလုံးက ချမ်ချန်ကန်းကို ကြည့်နေကြသည်။ ချမ်ချန်ကန်းလည်း အရမ်းသိချင်သွားမိသည်။
“မင်းက ဒီအရှင်ကို စကားတွေထပ်ပြောရအောင် လုပ်နေတာပဲ။ မင်းကသေချင်နေတာလား။ ဒါဆိုရင်တော့ ဒီအရှင်က မင်းရဲ့ဆန္ဒကို အခုပဲဖြည့်စည်းပေးရလိမ့်မယ်”
ချမ်ချန်ကန်းက မှေးစင်းနေသောမျက်လုံးဖြင့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို စိုက်ကြည့်လိုက်သည်။
“မင်းကလား”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က လှောင်ပြောင်လိုက်သည်။
ချမ်ချန်ကန်း၌ သူ့ကိုယှဉ်နှိုင်သည့် ဝှက်ဖဲတစ်ချပ်ရှိသည်ဟု သူထင်ခဲ့သည်။ သို့သော် ဤဝှက်ဖဲက ဘယ်လောက်ပဲအားကောင်းနေပါစေ အောက်ဘုံမှပုရွတ်ဆိတ်က သူ့အားတိုက်ခိုက်ရည်စွမ်းအား အပြည့်ဖြင့် အနိုင်ယူနိုင်သည်ကို မယုံပေ။
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းယုချန်သည် အဝေးမှကြားလိုက်ရသောအခါ သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
“အင်မော်တယ်စစ်သူကြီး ကောင်းကင်ဘုံအလွှားကိုးမှာရှိနေတဲ့လူကို အောက်ဘုံကလူက ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ ဒီဝတ်ရုံဖြူဝတ်ထားတဲ့ကောင်လေးက တကယ့်ကိုမာနကြီးပြီး စိတ်ကြီးဝင်လွန်းနေတာပဲ”
ချမ်ချန်ကန်းက စကားမပြောပဲ အစိမ်ရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ဆီကို တစ်လှမ်းချင်းလှမ်းလာလိုက်သည်။
လူတိုင်း၏စောင့်ကြည့်နေကြသော မျက်လုံးများအောက်၌ ချမ်ချန်ကန်းက အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်ရှေ့သို့ လျှောက်သွားလိုက်သည်။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကလည်း သူ့ခန္ဓာကိုယ်လုံးမှ ကြောက်စရာကောင်းသော အငွေ့သက်များကိုထုတ်လွင့်ပြီး
“ချမ်ချန်ကန်း လာစမ်း... ဒီတစ်ခါ ငါက မင်းကိုဆယ်ကြိမ်အကြောပေးမယ် ”
“မင်းက ဒီအရှင်ကို ဆယ်ကွက်အကြောပေးနေတယ်ဟုတ်လား ”
ချမ်ချန်ကန်းက ခေါင်းခါယမ်းလိုက်သည်။
“ဘာလဲ မလုံလောက်ဘူးလား”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ဂုဏ်ယူစွာမေးလိုက်သည်။
ချမ်ချန်ကန်းက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
“ဆယ်ကွက်ကအရမ်းကို များလွန်းတယ်။ မင်းကိုကိုင်တွယ်ဖို့ တစ်ကွက်ဆိုလုံလောက်ပြီ”
“တစ်ကွက်တည်းဟုတ်လား”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ခေတ္တမျှထိတ်လန့်သွားပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံးဟာသကိုကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။
“ဟား … ဟား … ဟား … ဟား ..”
“မင်းက တစ်ကွက်တည်းနဲ့လုံလောက်တယ်ဟုတ်လား။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ”
သို့သော် ချမ်ချန်ကန်းက သူ၏ညာလက်ကိုဖြေးညှင်းစွာမြောက်ကာ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေ အင်မော်တယ်ကို မျက်နှာမူထားလိုက်၏။
ယင်းလက်ဝါးသည် မည်သည့်စွမ်းအင်မှ ထုတ်လွင့်ခြင်းမရှိပဲ သာမန်လက်ဖဝါးတစ်ခုသာဖြစ်သည်။
“ဒီအရှင်က တစ်ကွက်ဆို တစ်ကွက်ပဲ။ ဒါက တကယ့်ကိုတစ်ကွက်ပဲ။ ဒါပေမဲ့ မင်းခံနိုင်ရည်ရှိပါ့မလား ငါသိချင်မိတယ်”
ထိုစကားသံထွက်လာသည်နှင့် တပြိုင်နက် ချမ်ချန်ကန်း၏ လက်ဖဝါးထဲမှ အဖျက်အစီးစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ကြီးပြိုကျသွားပြီး မြေကြီးများကွဲအပ်သွားကာ အရာအားလုံးအရောင်အဆင်း ကင်းမဲ့သွားခဲ့သည်။
ချမ်ချန်ကန်း၏ ညာဘက်လက်ဖဝါးထဲမှထွက်ပေါ်လာသော အဖျက်စွမ်းအားများကို လူတိုင်း ခံစားလိုက်ရသည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏မျက်နှာပေါ်မှ လှောင်ပြောင်သံက ရုတ်တရက် အေးခဲသွားခဲ့သည်။
ဤအရှိန်အဝါက သေခြင်းတရား၏ အငွေ့အသက်ဖြစ်ပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ စိတ်ဝိညာဉ်က ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ သူ၏ခန္ဓာကိုယ်လည်းမလှုပ်ရှားနိုင်သည်ကို တွေ့လိုက်ရသည်။
“အဆင်သင့်ဖြစ်ပြီလား”
“မဟုတ်ဘူး.... မဟုတ်ဘူး...”
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က ထိတ်လန့်သွားသော်လည်း သူ၏စကားမဆုံးခင်မှာပင် ချမ်ချန်ကန်း၏လက်ဖဝါးထဲမှ စွမ်းအားများကြောင့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သွေးမြူခိုးများအဖြစ်သို့ ပေါက်ကွဲသွားပြီး သဲလွန်စပင်မကျန် ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် အချိန်နှင့်ဟင်းလင်းပြင်တစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ မည်သည့်အသံမျှမကြားရတော့ပဲ အရာအားလုံးတိတ်ဆိတ်သွားခဲ့သည်။
ချမ်ချန်ကန်းသည် ကောင်းကင်ယံထက်၌ အံ့ဩထိတ်လန့်နေသော သူများကိုကြည့်လိုက်သည်။
ကျန်းယုချန်ပင်လျှင် တုန်လှုပ်ခြောက်ခြားသွားပြီး သူမ၏မျက်နှာမှာထိတ်လန့်တကြားဖြစ်သွားသည်။
လက်တစ်ဖက်တည်းဖြင့် အင်မော်တယ်တစ်ပါးကိုသတ်ဖြတ်ခြင်း ဤမြင်ကွင်းက သူတို့တစ်သက်တာလုံး၌ မေ့မရနိုင်သော မြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်။