← Chapters

အခန်း ၈၉

Vol. 7 Ch. 89

အခန်း ၈၉

Vol. 7 Ch. 89

အခန်း (၈၉) သတိပေးချက်၊ မင်းကိုမသိတဲ့လူ ကမ္ဘာပေါ်မှာရှိသေးလို့လား

လေထုကား ရုတ်တရက်တိတ်ဆိတ်သွားပြီး ကြောက်လန့်စရာကောင်းလာခဲ့သည်။ ချမ်ချန်ကန်းသည် လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို တိုက်ရိုက်ချေမှုန်းခဲ့ပြီး ရှိနေသူ အားလုံး၏ နှလုံးသားကို အပြင်းထန်ဆုံး ထိုးနှက်ချက်တစ်ခုပေးလိုက်သည်။

ဤသည်ကား သူတို့အတွက် လုံးဝကို ထိတ်လန့်ပြီး ဘဝတစ်သက်စာလုံး မမေ့နိုင်စရာဖြစ်လာခဲ့သည်။

ကောင်းကင်ယံ၌ ချမ်ချန်ကန်းသည် လေထုထဲတွင်ပြည့်နေသော သွေးမြူခိုးများကိုကြည့်ပြီး သူက အနည်းငယ်ပြုံးလိုက်၏။

“အစိမ်းရောင်ဆံပင်နဲ့ကောင် ငါကတစ်ချက်ဆိုလုံလောက်ပြီလို့ ပြောတာပဲလေ။ ဒါပေမဲ့ မင်းက ဘာလို့ရယ်နေသေးတာလဲ”

ချမ်ချန်ကန်းက သူ၏ညာဘက်လက်ကို နောက်သို့ပစ်လိုက်သည်။ သူသည်ကောင်းကင်ယံထက်တွင် မတ်တတ်ရပ်ပြီး ဖေးရှန့်တောင်၏အပြင်ဘက်တွင်ရှိသော လူအုပ်ကြီးကိုကြည့်လိုက်သည်။

“လေတိုက်စမ်း”

သူက ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက်

“ဝှီး …. ဝှီး … ဝှီး …”

ပြင်းထန်သောလေက ဖေးရှန့်တောင်တလျောက်တိုက်ခက်လာခဲ့ပြီး ချမ်ချန်ကန်း၏ အနက်ရောင်ဆံပင်များက လေထုထဲတွင် ကခုန်နေကာ သူ၏အဝတ်အစားများကလည်း လှုပ်ယမ်းနေသည်။

ကောင်းကင်ယံထက်တွင် တိမ်မဲများလွင့်စင်သွားပြီး ရွှေရောင်အလင်းတန်းများက တိမ်မဲများကိုဖြတ်သန်း၍ ချမ်ချန်ကန်းဆီသို့ မီးမောင်ထိုးလိုက်ရာ သူ၏ထူးခြားသောပုံရိပ်ကို ထင်ရှားတောက်ပသွားစေသည်။

ဤအခိုက်အတန့်တွင် ကြည့်ရှုသူများအားလုံး၏ နှလုံးသားထဲ၌ ချမ်ချန်ကန်းက ရွှေရောင်နတ်ဘုရားတစ်ပါးအလား ဖြစ်သွားခဲ့သည်။

ဤအချင်းအရာက ကျင့်ကြံသူများအားလုံးအဖို့ ဂါရဝပြုပြီး ကိုးကွယ်ချင်စိတ်များ ပေါက်လာစေခဲ့သည်။

ချမ်ချန်ကန်းသည် လူတိုင်း၏အာရုံစူးစိုက်မှု ဗဟိုချက်ဖြစ်လာခဲ့သည်။

“ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းတဲ့ ချမ်ချန်ကန်းက တကယ်ကိုပြိုင်ဘက်ကင်းတာပဲ။ သူ့ရဲ့နာမည်ပြောင်က လုံးဝကိုချဲ့ကားထားတာမဟုတ်ဘူး”

“ကောင်းပြီ ကောင်းပြီ.... ပွဲပြီးသွားပြီ အားလုံးလူစုခွဲလိုက်ကြတော့”

သူတို့အားလုံးအံအားသင့်နေသည့်အခိုက် ချမ်ချန်ကန်းက ထိုသို့ပြောပြီး ကောင်းကင်ထံမှ ပျောက်ကွယ်သွား တော့သည်။

ဖေးရှန့်တောင်တစ်ခုလုံးအတွက် ဤအခိုက်အတန့်၌ အင်မော်တယ်အခိုးအငွေ့များက တစ်ဖန်ပြန်လည် ဖုံးလွှမ်းသွားခဲ့ပြီး အတွင်းမှအရာများကို မည်သူမှမမြင်နိုင်တော့ပေ။

ချမ်ချန်ကန်းထွက်သွားပြီးနောက် အသက်ရှုမဝဖြစ်နေကြသည့် အဝေးမှကျင့်ကြံသူများအားလုံးကလည်း သူတို့၏ ထိတ်လန့်သည်မှ ပြန်လည်သက်သာလာကြပြီး ဆွေးနွေးသံများထွက်ပေါ်လာကြသည်။

“အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ဒီလိုမျိုးအသတ်ခံလိုက်ရတာလား။ စီနီယာချမ်ချန်ကန်းက အရမ်းသန်မာတာပဲ။ သူက အင်မော်တယ်အဆင့်ရှိတဲ့ အစိမ်းရောင်ဆံပင်နဲ့တစ္ဆေအင်မော်တယ်ကို ချက်ချင်းသတ်ပြစ်နိုင်လိုက်တာပဲ။ သူက ဘယ်လောက်တောင်သန်မာလိုက်လဲ”

“အစိမ်းရောင်ဆံပင်နဲ့တစ္ဆေအင်မော်တယ်က စိတ်ကြီးဝင်လွန်းပြီး တစ္ဆေစီရင်စုမှာ လူပေါင်းများစွာကို သတ်ပြစ်ခဲ့တယ်လေ။ အခုတော့ စီနီယာရဲ့လက်ချက်နဲ့ သေသွားရပြီ။ တကယ့်ကိုထိုက်တန်တယ်”

“စီနီယာက တကယ့်ကိုပြိုင်ဘက်ကင်းပဲ ။ သူ့ကိုကိုးကွယ်ချင်ရုံကလွဲလို့ မတတ်နှိုင်တော့ဘူး”

နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိသည့် အမျိုးသမီးက ဖေးရှန့်တောင်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက မှုံရီဝေနေပြီး သူမ၏နီမြန်းသောနှုတ်ခမ်းသားလေးကို ညှင်သာစွာကိုက်ရင်း တိုးတိုးလေးညည်းတွားလိုက်သည်။

“စီနီယာရဲ့ကျေးဇူးက တကယ့်ကိုနိုင်းယှဉ်လို့မရဘူးပဲ။ စီနီယာအတွက် ကလေးတွေမွေးပေးလိုက်ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ”

ယနေ့တွင် ချမ်ချန်ကန်းသည် တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် အင်မော်တယ်စစ်သူကြီးအဆင့်ရှိသည့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်အား သတ်ပစ်လိုက်ပေသည်။

ဤကိစ္စသည် တစ္ဆေပြည်နယ်တစ်ခုလုံးကို ပျံ့နှံ့သွားမှာ အသေအချာဖြစ်ပြီး အခြားပြည်နယ်ရှစ်ခု၌လည်း ချမ်ချန်ကန်းဟူသောအမည်ကို မကြာခင်သိကြပေတော့မည်။

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် ချမ်ချန်ကန်း၏ ကျော်ကြားမှုအတွက် ခြေနင်းကျောက်တုံးဖြစ်လာမှာ သေချာပေသည်။

ယနေ့တိုက်ပွဲပြီးနောက် တစ်ကမ္ဘာလုံးက သူ့ကိုသိကြပေတော့မည်။ ဤသည်ကား ချဲ့ကားခြင်းမဟုတ်ပေ။

မကြာခင် တောင်ပေါင်းတစ်သိန်းတောင်တန်း၏ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက ဟာရီကန်းမုန်တိုင်းတစ်ခုအလား တစ္ဆေပြည်နယ်တစ်ခုလုံးကို ဖြတ်ကျော်ဝင်ရောက်သွားပြီး အခြားပြည်နယ်ရှစ်ခုသို့ပင် ပျံ့နှံ့သွားခဲ့သည်။

“စီနီယာချမ်ချန်ကန်းကို ကြားဖူးလား။ သူက တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ အစစ်အမှန်အင်မော်တယ်တွေကို သတ်ပြစ်ခဲ့တာလေ”

“ဟမ် … ငါလည်းဒီသတင်းကိုကြားတယ်။ အဲဒီနေ့တုန်းက စီရင်စုကိုးခုပြည်နယ်မှာ အရောင်ကိုးရောင်အင်မော်တယ်အတိဒုက္ခကို ငါမြင်လိုက်ရတယ်။ အဲဒါက တကယ့်ကို အစစ်အမှန်ဖြစ်နေတာပဲ”

“ငါကြားတာတော့ စီနီယာက သူ့ကိုယ်သူကမ္ဘာတိုင်းမှာပြိုင်ဘက်ကင်းသူလို့ခေါ်တယ်တဲ့။ စကားအတိုင်း သူက တကယ့်ကိုအစွမ်းထက်တဲ့ အင်မော်တယ်တစ်ပါးဖြစ်နေတာပဲ။ ဘယ်လောက်ပဲအစွမ်းထက်တဲ့ အင်မော်တယ်ဖြစ်ပါစေ သူက အမှန်တကယ်ကို သတ်နိုင်တယ်”

“အဲ့သတင်းက တကယ်ကောမှန်ရဲ့လား ”

“ဒါကသဘာဝအတိုင်းပဲလေ။ အဲဒီနေ့တုန်းက ငါကိုယ်တိုင် တောင်ပေါင်းတစ်သိန်းတောင်တန်းကနေ လှမ်းကြည့်နေတာ။ စီနီယာရဲ့ပြိုင်ဘက်ကင်းရုပ်သွင်ကို ငါ့ရဲ့မျက်လုံးနှစ်လုံးနဲ့ မြင်လိုက်ရတာပဲ။ စီနီယာက အဲဒီအစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်ကိုသတ်ဖို့ လက်ဖဝါးတစ်ချက်ပဲလိုတယ်”

သူတို့သည် တစ္ဆေပြည်နယ်ရှိ လက်ဖက်ရည်ဆိုင်နှင့် တည်းခိုခန်းများတွင် ဆွေးနွေးနေကြပြီး ဤသတင်းက အလျင်အမြန်ပျံ့နှံ့သွားပြီး တစ္ဆေပြည်နယ်တစ်ခုလုံးကိုလွမ်းခြုံကာ အခြားပြည်နယ်ရှစ်ခုထိပါ ဦးတည်သွားခဲ့သည်။

“စီနီယာက အရမ်းကိုစွမ်းအားကြီးတယ်။ အင်မော်တယ်ကိုသတ်ရုံတင်မကဘူး အဲဒီမတိုင်ခင်ကလည်း အင်မော်တယ်ဆယ့်နှစ်ပါးကိုပါ သတ်ပစ်ခဲ့သေးတာလေ။ စီနီယာက တကယ့်ကို ဘယ်သူမှမယှဉ်နိုင်တဲ့သူပဲ”

“မဖြစ်နိုင်ပါဘူး။ အဲ့သတင်းကသေချာလို့လား။ အထက်ဘုံကအင်မော်တယ်တွေက အရမ်းကိုအစွမ်းရှိတာလေ။ အောက်ဘုံကလူရဲလက်ထဲမှာ သေသွားတာဖြစ်နိုင်ရဲ့လား။ အဲဒါက အရမ်းကို အံ့ဩစရာကောင်းလွန်းနေတယ်မဟုတ်ဘူးလား”

“ဟုတ်တယ်။ အဲဒါက အရမ်းအံ့ဩစရာကောင်းတယ်။ ဒီချမ်ချန်ကန်းရဲ့ဇစ်မြစ်ကဘာလဲ။ သူ့ရဲ့လက်ထဲမှာ အရင်ကအင်မော်တယ်ဆယ့်နှစ်ပါးလည်း သေသွားပြီ။ အခုနောက်ဆုံးတော့ စီရင်စုကိုးခုရဲ့ ဥပဒေဿတွေကိုပါ ကျော်လွန်နိုင်တဲ့ အင်မော်တယ်တစ်ပါးကလည်း သူသတ်လို့သေသွားပြန်ပြီ”

“အမှန်ပဲ။ ဒါက ရိုးရိုးရှင်းရှင်းပဲ ကမ္ဘာကြီးရဲ့အသိအမြင်တွေကို ဖြိုခွင်းလိုက်တာပဲ။ ငါတကယ်ပဲ စီနီယာကို ငါ့မျက်လုံးတွေနဲ့ မြင်ခဲ့တာ ”

သတင်းများက အလျင်အမြန်ပျံ့နှံ့လာမှုကြောင့် စီရင်စုကိုးခုတိုက်ကြီးတစ်ခုလုံးရှိ မရေတွက်နိုင်သော ကျင့်ကြံသူများက ၎င်းအားဆွေးနွေးနေကြသည်။

တော်တော်များများက ယုံရခက်သော်လည်း ဖြစ်ဖြစ်သမျှအရာအားလုံးက အိပ်မက်ဆန်လွန်းသည်ဟု ခံစားလာရသည်။

သူတို့၏နှလုံးသားထဲတွင် အင်မော်တယ်များက ပြိုင်ဘက်ကင်းဖြစ်ကြောင်းကိုယ်စားပြုပေသည်။ အောက်ဘုံမှသက်ရှိများသည် အင်မော်တယ်များနှင့် ရင်ဆိုင်ရသောအခါ ခေါင်းငုံ့အသက်ခံရုံသာရှိပြီး အင်မော်တယ်များကို မရင်ဆိုင်နိုင်ပေ။

ပြည်နယ်စီရင်စုကိုးခုတွင်ရှိသော ကျင့်ကြံသူများ၊ နတ်ဆိုးများ၊ တစ္ဆေသရဲများပင်လျှင် အင်မော်တယ်များကိုကြောက်ရွံ့သည့်သဘောထားဖြင့် မွေးဖွားလာကြသည်။

ယခု ချမ်ချန်ကန်းက ဤကဲ့သို့ပြုမူလိုက်လေသည်။ သူတို့နှလုံးသားထဲ၌ ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေမည်နည်း။

ချမ်ချန်ကန်း၏ အင်မော်တယ်ကို သတ်ဖြတ်ခြင်းက သူတို့အားလုံး အံ့အားသင့်နေကြသော်လည်း သူတို့ကစိုးရိမ်နေသေးသည်။

အင်မော်တယ်များသည် သူတို့အား ပုရွတ်ဆိတ်များကဲ့သို့ နှိမ့်ချပေသည်။ ယခုတော့ အင်မော်တယ်တစ်ပါးကို ပုရွတ်ဆိတ်တစ်ကောင်က သတ်လိုက်မိ၏။

အထက်ဘုံမှ ကျွမ်းကျင်ပညာရှင်များက ဤအရာကိုလွှတ်ထားမည်မဟုတ်ပေ။ ချမ်ချန်ကန်းသည် အထက်ဘုံမှအင်မော်တယ်များ၏ နောက်ထပ်လက်တုံ့ပြန်မှုကို ခံနိုင်ရည်ရှိပါ့မလား။

All Chapters