← Chapters

အခန်း ၉၀

Vol. 7 Ch. 90

အခန်း ၉၀

Vol. 7 Ch. 90

အခန်း (၉၀) သံသယ၊ ချမ်ချန်ကန်း၏ဇစ်မြစ်

တုန်လှုပ်ခြောက်ခြားပြီး မငြိမ်မသက်ဖြစ်နေသော ကျူးရှို့တိုက်ကြီးနှင့် နှိုင်းယှဉ်ပါက ဖေးရှန့်တောင်က ယခင်ကအတိုင်း ငြိမ်းချမ်းနေဆဲဖြစ်သည်။

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကိုသတ်ပြီးနောက် အားလုံးက သူ၏မျှော်လင့်ချက်အတိုင်းဖြစ်နေသောကြောင့် ချမ်ချန်ကန်းက စိတ်ကြီးဝင်လိုစိတ်မရှိပေ။

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာသည့်အခါ သေခြင်းတရားမှလွဲ၍ အခြားမရှိပေ။

ဤသည်မှာ စနစ်၏ ကြောက်စရာကောင်းသော ပြိုင်ဘက်ကင်းနယ်မြေ၏စွမ်းအားဖြစ်သည်။

“ဟူး …. သူတို့ကိုရှိုးပြချင်တာနဲ့ ငါ့ရဲ့အင်မော်တယ်ဆေးလုံးတောင် ဆုံးရှုံးလိုက်ရတယ်။ နည်းနည်းတော့ စိတ်မသက်သာသလိုပဲ”

ချမ်ချန်ကန်းသည် အနည်းငယ်မျှနောင်တရနေမိ၏။ သို့ပေမဲ့ ချမ်ချန်ကန်းအား နှစ်သိမ့်မှုကို ယူဆောင်လာပေးသည့်အရာကတော့ နယ်မြေတန်ဖိုးသာဖြစ်သည်။

ထိုအချိန်၌ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို သတ်ခြင်းဖြင့်သူသည် နယ်မြေတန်ဖိုး များစွာကိုရရှိခဲ့သည်။

ယခင်က ချမ်ချန်ကန်းသည် အင်မော်တယ်များကိုသတ်သောအခါ နယ်မြေတန်ဖိုးနှစ်သောင်းသာရရှိခဲ့သည်။

သို့ပေမဲ့ အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်ကိုသတ်ပြီးသည့်နောက်မှာတော့ နယ်မြေတန်ဖိုးက နှစ်သိန်းငါးသောင်းသုံးထောင်ကိုရရှိခဲ့သည်။

ဤအချင်းအရာက ချမ်ချန်ကန်းကို လုံးဝ အံအားသင့်သွားစေခဲ့သည်။

ကျူးရှို့တိုက်ကြီး၏ ဥပဒေဿများမှ ဖိနှိပ်ခြင်းမခံရသော အင်မော်တယ်ကိုသတ်လိုက်ခြင်းကြောင့် စနစ်မှ မတူညီသော နယ်မြေတန်ဖိုးများကိုရရှိခဲ့ခြင်းဖြစ်သည်။

“အစိမ်းရောင်ဆံပင်နဲ့ကောင်ရေ ငါမင်းကိုအရမ်းကျေးဇူးတင်တယ် ဟီးး”

ချမ်ချန်ကန်းက စစ်ဆေးလိုက်သည်။ ယခုအခါ သူပိုင်ဆိုင်သည့် နယ်မြေတန်ဖိုးများက လေးသိန်းနီးပါးရှိနေပေသည်။

သူသည် နောက်ထပ်တစ်သောင်းကျော်လောက်သာရရှိပါက ဖေးရှန့်တောင်တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံနှိုင်တော့မည်ဖြစ်သည်။

ထိုအချိန်ကျမှ သူက စနစ်ကိုအဆင့်မြင့်တင်ပေမည်။ ချမ်ချန်ကန်းသည်စနစ်အဆင့်မြင့်တင်မှုဆီတွင် လော့ခ်ဖွင့်ထားသော စွမ်းဆောင်ရည်များကို မျှော်လင့်မိသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ဖေးရှန့်တောင်သည် အလွန်အေးချမ်းနေသော်လည်း တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံးကတော့ အလွန်သက်ဝင်နေပေသည်။

ထို့နေတွင် ချမ်ချန်ကန်းသည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် ကျင့်ကြံသူများအားလုံးကို တုန်လှုပ်သွား စေရုံသာမက တောင်ပေါင်းတစ်သိန်းတောင်တန်းတွင်ရှိသော နတ်ဆိုးဘုရင်များ၊ သရဲတစ္ဆေများနှင့် ဓားကိုးစင်းဂိုဏ်းမှလူများကိုပါ ဖိနှိပ်နိုင်ခဲ့ပေသည်။

စီနီယာက အရမ်းသန်မာတယ်ဆိုတာ သူတို့သိကြပေသည်။ သို့ပေမဲ့ ဤမျှလောက်ကြောက်စရာ ကောင်းလောက်သည်အထိ သန်မာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။

တုန်လှုပ်စရာကပ်ဆိုးတစ်ခုမှ လွတ်မြောက်သွားခြင်းနှင့်အတူ ချမ်ချန်ကန်းအား အကန့်အသက်မရှိ ချီးမွန်းခြင်းများက ထွက်ပေါ်လာကြသည်။

ထို့နောက် ဓားကိုးစင်းဂိုဏ်းမှလူများက နောက်ဆုံးတွင် စိတ်ကျေနပ်မှုများဖြင့် တည်ငြိမ်စွာထွက်ခွာလာနိုင်ခဲ့သည်။

ဤတစ်ကြိမ် ချမ်ချန်ကန်းဘက်၌ ရပ်တည်ရန် ဆုံးဖြတ်ချက်က သူတို့အတွက်အကောင်းဆုံးဖြစ်သည်။

ထို့အပြင် ဤအဖြစ်ပျက်ပြီးနောက် ဓားကိုးစင်းဂိုဏ်းနှင့် ချမ်ချန်ကန်းတို့၏ဆက်ဆံရေးကို ပြင်ပကလူတိုင်းသိသွားကြတော့သည်။

ချမ်ချန်ကန်း၏နောက်ခံအပြင် ကျူးရှို့တိုက်ကြီးရှိ အင်းအားစုအနည်းငယ်သာ ဓားကိုးစင်းဂိုဏ်းကို ရန်စရန်သတ္တိရှိပေလိမ့်မည်။

ချမ်ချန်ကန်း၏ လက်ရှိမြင့်မားသောဂုဏ်ဒြပ်ကိုမှီခိုပြီး ဓားကိုးစင်းဂိုဏ်းသည် တစ္ဆေပြည်နယ်တစ်ခုလုံးတွင် အသန်မာဆုံးအင်အားစုဖြစ်လာရန် အခွင့်အလမ်းဖြစ်ပေသည်။

တစ်ဖက်တွင် ဖေးရှန့်တောင်က အလွန်ငြိမ်သက်နေပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းက အလွန်သက်ဝင်နေသည်။

တောင်များပေါ်ရှိ နတ်ဆိုးဘုရင်ကြီးများက ချမ်ချန်ကန်းကို လေးစားကြည်ညိုမှုအပြည့်ဖြင့် ရှိနေကြသည်။

အထူးသဖြင့် ချမ်ချန်ကန်း၏စွမ်းအားကို မြင်ပြီးနောက် သူ့အားရန်မစပဲ သူ့ဘက်တွင်ရပ်တည်ပေးခဲ့ကြသည်မှာ ကံကောင်းသည်ဟု တွေးလိုက်မိကြသည်။

ယခုအခါ ချမ်ချန်ကန်းသည် နတ်ဆိုးများ ကျင့်ကြံရန်အတွက် ဖေးရှန့်တောင်ကို ဖွင့်လှစ်ထားသောကြောင့် ၎င်းတို့၏ကျင့်ကြံမှုကလည်း အလျင်အမြန်တိုးတက်လာခဲ့သည်။

အတိတ်တွင် သူတို့သည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်နတ်ဆိုးဧကရာဇ်ဖြစ်လာရန် အခွင့်အရေးကို ဘယ်တုန်းကမှ မမျှော်လင့်ဝံ့ကြပေ။

သို့ပေမဲ့ ဖေးရှန့်တောင်တွင် ကျင့်ကြံပြီးသည့်အချိန်၌ သူတို့သာ ဤနေရာတွင် ဆက်ပြီးကျင့်ကြံနေမည်ဆိုပါက သူတို့သည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများဖြစ်လာမည်။

သို့မဟုတ် ပို၍ပင်မြင့်မားလာကြပေမည်။

ထို့ကြောင့် ချမ်ချန်ကန်းအပေါ် သူတို့ကကြည်ညိုလေးစားမှုအပြင် အကန့်အသက်မရှိသော ကျေးဇူးတရားများကို ပါ သဘာဝအတိုင်းခံစားရပေသည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းကြီး၏ နတ်ဆိုးများ၏အမြင်တွင် ဖေးရှန့်တောင်သည် မရေတွက်နိုင်သောနတ်ဆိုးများ၏ ကိုးကွယ်မှုကိုခံယူထိုက်သည့် မြင့်မြတ်သော တောင်တန်းကြီး တစ်ခုဖြစ်လာခဲ့သည်။

“ဖေးရှန့်တောင်အခြေအနေက ဘယ်လိုများလဲ”

ကျန်းယုချန်သည် သူမဘာသာ ညည်းညူရင်း ဖေးရှန့်တောင်၏အပြင်ဘက် မနီးမဝေးတွင်ရှိသော တောင်ထိပ်ပေါ်မှလှမ်းကြည့်နေမိသည်။

ထိုအချိန်၌ ချမ်ချန်ကန်းသည် အင်မော်တယ်စစ်သူကြီးကောင်းကင်ဘုံ အလွှာကိုးအဆင့်ရှိသော အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို သတ်ခဲ့သည်မှာ သုံးရက်မြောက်ရှိသွားခဲ့ချေသည်။

ထို့နေ့တွင် ချမ်ချန်ကန်းက အင်မော်တယ်တစ်ပါးကို သတ်ဖြတ်ခဲ့သည့်လုပ်ရက်က ကျန်းယုချန်အား အလွန်ပင် ထိတ်လန့်စေခဲ့သည်။

ယုတ္တိဗေဒအရပြောရလျင် ကျူးရှို့တိုက်ကြီးရှိ ကောင်းကင်ဘုံတာအို ဥပဒေဿကလွဲလို့ မည်သူကမှ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

သို့ပေမဲ့ ချမ်ချန်ကန်းက လုပ်နိုင်ခဲ့သည်။ သူသည် တစ်ချက်တည်းဖြင့် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်အား အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည်။

မှန်ပေသည်။ တစ်ချက်တည်းဖြင့်ဘသတ်ပစ်ခဲ့ခြင်းသာဖြစ်သည်။

ကျန်းယုချန်သည် အထက်ဘုံမှဖြစ်သော်လည်း ချမ်ချန်ကန်း၏စွမ်းအားက သူမ၏နားလည်မှုထက် ကျော်လွန်နေခဲ့သည်။

သူမသည် ဤတစ်ကြိမ်၌ သံသယဖြစ်မိသည်။ ချမ်ချန်ကန်းသည် ကမ္ဘာမြေပေါ်က အင်မော်တယ် တစ်ပါးများလား ဒါမှမဟုတ် ကောင်းကင်ဘုံနယ်ပယ်က အင်မော်တယ်တစ်ပါးများလား။ သို့ပေမဲ့ ဤအတွေးက သူမကိုချက်ချင်း ငြိမ်သက်သွားစေသည်။

“ဘယ်လိုမှမဖြစ်နိုင်ဘူး”

ကျိုးရှို့တိုက်ကြီးတွင် ကောင်းကင်တာအို၏ ဥပဒေဿများသည် လူသားများထက်ကျော်လွန်သော အင်မော်တယ် သက်ရှိများကိုရှိနေခြင်းကို လုံးဝခွင့်မပြုပေ။

ထို့ကြောင့် သုံးရက်အတွင်း ကျန်းယုချန်သည် ချမ်ချန်ကန်းကို မဆက်သွယ်ပဲ ဖေးရှန့်တောင်ကိုသာ စောင့်ကြည့်နေပြီး ချမ်ချန်ကန်း၏ နောက်ခံနှင့်ဇစ်မြစ်ကိုမေးမြန်းခဲ့သည်။

သို့သော် ကံမကောင်းစွာပဲ ဤသုံးရက်အတွင်း သူမသည် မည်သည့်အသုံးဝင်သော သတင်းအချက်အလက်ကိုမှ မရရှိခဲ့ပေ။

ဤချမ်ချန်ကန်းသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေပြီး ကျန်းယုချန်အား ပို၍စူးစမ်းလိုစိတ်ဖြစ်စေခဲ့သည်။

“ဒီဖေးရှန့်တောင်ကြီးတစ်ခုလုံးက မြူခိုးတွေဖုံးလွမ်းနေတာပဲ။ အတွင်းကိုရှင်းရှင်းလင်းလင်း မမြင်ရဘူး။ အတွင်းမှာ ဘာတွေများ ဝှက်ထားတာလဲ”

ဖေးရှန့်တောင်ကိုကြည့်ရင်း ကျန်းယုချန်က ညည်းညူလိုက်သည်။

ဤသုံးရက်အတွင်း ချမ်ချန်ကန်း၏ဖေးရှန့်တောင်ကို ဝင်ရောက်လာနေသည့် တောင်ပေါင်းတစ်သိန်းက နတ်ဆိုးများနှင့် စကားစမည်ပြောရင်း လေ့လာခဲ့သည်။

ဖေးရှန့်တောင်သည် ကျင့်ကြံရန်ထူးခြားသည့် မြင့်မြတ်သောနေရာတစ်ခုဖြစ်ကြောင်း သူမကြားလိုက်ရသည်။

ထိုတောင်ထဲတွင် အင်မော်တယ်စွမ်းအင်များပေါများပြီး ကျင့်ကြံမှုကိုအလွန်လျင်မြန်စေသည်။ သို့သော် ဖေးရှန့်တောင်တွင်ရှိသော အရာများသည် စိတ်ဝိညာဉ်စွမ်းအင်များမဟုတ်ပဲ အင်မော်တယ် စွမ်းအင်များဖြစ်ကြောင်း ထိုနတ်ဆိုးများက မသိကြပေ။

အလာတူ ကျန်းယုချန်ကလည်း ဖေးရှန့်တောင်တွင်ကျင့်ကြံသော နတ်ဆိုးတိုင်း၌ အင်မော်တယ်အရှိန်အဝါများကို သယ်ဆောင်လာကြောင်း တွေ့လိုက်ရသည်။

“ဒါ … ဒါက”

ကျန်းယုချန်က ရှော့ရသွားသည်။

ဤနတ်ဆိုးများစွာ၌ အင်မော်တယ်အငွေ့သက်ကမွေးရာပါ မဟုတ်သော်လည်း နောက်ပိုင်းတွင် ကြီးထွားလာပါက ၎င်းတို့အား အင်မော်တယ်များ ဖြစ်လာနိုင်စေရန် အကူအညီပေးနှိုင်ကြောင်း သိနိုင်ပေသည်။

ဤအရာအားလုံးက ဖေးရှန့်တောင်၊ ချမ်ချန်ကန်းတို့နှင့် အလွန်ဆက်စပ်နေပေသည်။

“ဒီချမ်ချန်ကန်း၏ နောက်ခံအတိအကျကဘာများလဲ”

All Chapters