← Chapters

အခန်း ၉၂

Vol. 8 Ch. 92

အခန်း ၉၂

Vol. 8 Ch. 92

အခန်း (၉၂) မင်းက ငါ့ကို နှိမ့်ချနေတာလား

ကျန်းယုချန်၏ အလှနှင့် ပိုင်ယွဲ့၏ အလှက နှစ်မျိုးကွဲပြားပေသည်။

ကျန်းယုချန်၏ အလှက မွေးရာပါ ကောင်းကင်ဘုံက ပေးသည့် အရေပြားထဲကပင် အေးစက်ပြီး အရိုးကပင် ကျောက်စိမ်းသို့ လှပပြီး အပြစ်အနာအဆာကင်းသည့် အလှအပမျိုးဖြစ်သည်။

သို့ပေမဲ့ ပိုင်ယွဲ့၏ အလှအပမှာမူ ကွဲပြားပေသည်။ သူမသည် မြေခွေးနတ်ဆိုးဖြစ်ပြီး သူမက တောအုပ်ထဲက သီးသန့်ပန်းလေးတစ်ပွင့်လို အေးချမ်းသည့် ခံစားမှုမျိုးပေးပေသည်။ အထူးသဖြင့် သူမ၏ စိတ်နေစိတ်ထားက သေမျိုးလောကနှင့် မသက်ဆိုင်သလိုပင်။

ချမ်ချန်ကန်းက အလှပကို နှစ်သက်သောကြောင့် ကျန်းယုချန်ကို သေချာကြည့်မိသည်။

*အရမ်းကောင်းတယ်၊ အရမ်းကို လှတယ်။ တကယ့်ကို 36 D ဆိုဒ်ပဲ”

ချမ်ချန်ကန်း၏ အကဲဖြတ်မှုကို ခံနေရချိန်အတွင်း၌ အထက်ဘုံတစ်ခုလုံး၌ မုန်တိုင်းပေါင်းများစွာကို ဖြတ်ကျော်ခဲ့သည့် ကျန်းယုချန်က အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။

သူမက ဘာကိုစိုးရိမ်မှန်းမသိပေ။ ဤအချိန်၌ သူမသည် ဤကျူးရှို့တိုက်ကြီးသို့ ဆင်းသက်လာသည်ကိုပင် နောင်တရနေမိသည်။

သိပ်မကြာခင်၌ ချမ်ချန်ကန်းက သူ၏အကြည့်များကို ရုပ်သိမ်းလိုက်ပြီး

“လွန်ခဲ့တဲ့ သုံးရက်က ငါ့ကို ကူညီပေးခဲ့တာ မင်းလား”

ချမ်ချန်ကန်းက မေးလိုက်သည်။

ကျန်းယုချန်ထံ၌ မြစ်နှလုံးသားကျောက်စိမ်းနှင့် ဆင်တူသော အငွေ့အသက်ကို ချမ်ချန်ကန်းက အာရုံခံမိ၍ဖြစ်သည်။

ကျန်းယုချန်က ခေါင်းညိတ်လိုက်သည်။

“စီနီယာပြောတာ ဟုတ်ပါတယ်။ ကျွန်မ ကူညီခဲ့တာပါ။ ဒါပေမယ့် စီနီယာရဲ့ ခွန်အားက တိုင်းတာလို့မရအောင် နက်နဲပြီး ဘာအကူအညီမှ မလိုအပ်ခဲ့ဘူးလို့တော့ ကျွန်မ မသိခဲ့ဘူး။ ကျွန်မ အတွေးလွန်သွားမိတာ တောင်းပန်ပါတယ်”

ကျန်းယုချန်က တောင်းပန်သည့် ပုံစံဖြင့် ပြောလိုက်သည်။

ချမ်ချန်ကန်းက သူ အခုလေးတင် ဖမ်းမိထားသော နဂါးငါးကြင်းကြီး၏ ဗိုက်ကိုခွဲရင်း ပြောလိုက်သည်။

“မင်းက အဲဒီ အစိမ်းရောင်ဆံပင် တစ္ဆေအင်မော်တယ်နဲ့ ပတ်သက်မှုမရှိတဲ့ပုံပဲ။ ပြောပါဦး၊ ဘာလို့ဒီကို ရောက်လာတာလဲ”

ကျန်းယုချန်သည် ဗိုက်ခွဲခံထားရသည့် နဂါးငါးကြင်းကို ထိတ်လန့်တကြား ကြည့်နေမိသည်။

*စီနီယာက ဘာလုပ်တာလဲ။ သူက ဒီနဂါးငါးကြင်းနဲ့ ငါ့ကို ခြိမ်းခြောက်ချင်တာလား*

*စီနီယာ...၊ ကျွန်မက စေတနာကောင်းနဲ့ လာခဲ့တာပါ။ ဘယ်လိုမှ မရိုးသားတဲ့ ရည်ရွယ်ချက် မရှိပါဘူး*

ကျန်းယုချန် စကားမပြောသည်ကို မြင်တော့ ချမ်ချန်ကန်းက အနည်းငယ် ကြောင်အသွားသည်။

“ဘာဖြစ်နေတာလဲ”

“အား... အား... ကျွန်မ ဘာမှမဖြစ်ပါဘူး စီနီယာ”

ကျန်းယုချန်က သူမကိုယ်သူမ ပြန်ထိန်းပြီး လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။

“စီနီယာ... ဒီတစ်ခါ ကျွန်မဆင်းသက်လာခဲ့တာက ကျူးယန်အင်မော်တယ်သစ်သီးအတွက်ပါ။ စီနီယာ့အနေနဲ့ ကျူးယန်အင်မော်တယ်သစ်သီးတစ်လုံးလောက် ကျွန်မကို လဲလှယ်ပေးမယ်လို့ မျှော်လင့်မိပါတယ်”

“ဟမ်…!”

ချမ်ချန်ကန်းလည်း အံ့အားသင့်သွားသည်။

*ကျန်းယုချန်က အထက်ဘုံကနေ ဒီအောက်ဘုံကို ဒီခရီးနှင်လာခဲ့တာက ကျူးယန် အင်မော်တယ်သစ်သီးအတွက်လား။ ငါ တကယ်မမျှော်လင့်ထားဘူး*

“ကျူးယန် အင်မော်တယ်သစ်သီးကို ဘာနဲ့လဲချင်တာလဲ”

ကျန်းယုချန်က

“ကျွန်မတို့ ကျန်းမျိုးနွယ်စုရဲ့ အင်မော်တယ်ဘိုးဘေးက သေဘေးနဲ့ နီးကပ်နေပါပြီ။ သူအသက်ဆက်ရှင်ဖို့ဆိုရင် ထာဝရအသက်ရှည်ဆေးကို ပြုလုပ်ဖို့ ကျူးယန် အင်မော်တယ်သစ်သီး လိုအပ်တယ်။ ဒါကြောင့် ကျွန်မက စီနီယာနဲ့ လဲလှယ်ဖို့ အထူးတလည် ဆင်းလာခဲ့တာပါ”

“စီနီယာ ကျွန်မရဲ့ တောင်းဆိုမှုကို လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မမှာ အင်မော်တယ် ရတနာတွေ၊ အင်မော်တယ် ဆေးဝါးတွေနဲ့ အင်မော်တယ် ကျောက်တုံးတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိပါတယ်”

အနီးနားတွင် အင်မော်တယ်သစ်သီးကို ပျော်ရွှင်စွာစားနေသည့် လင်းပေါင်အာက ကျန်းယုချန်၏ စကားကိုကြားသောအခါ နောက်ထပ်တစ်ကိုက် ကိုက်မည်ကို ရပ်တန့်သွားခဲ့သည်။ သူမက လှပသည့် အစ်မကြီးကို မျက်တောင်မခတ် စိုက်ကြည့်လိုက်ပြီး သူမ၏လက်ထဲက ကျူးယန် အင်မော်တယ်သစ်သီးကို ကြည့်လိုက်မိသည်။

*ဒီလှပတဲ့အစ်မကြီးက ဒီအင်မော်တယ်သစ်သီးကို အင်မော်တယ် ပစ္စည်းတွေ၊ အင်မော်တယ် ဆေးဝါးတွေ၊ အင်မော်တယ် ကျောက်တုံးတွေနဲ့ လဲလှယ်လို့ရတယ်လို့ ပြောလိုက်တာပဲ*

ထိုစကားကို ကြားသောအခါ လင်းပေါင်အာက သူမ၏လက်ထဲမှ အင်မော်တယ်သစ်သီးက အရင်ကလောက် အရသာမရှိတော့သလို ခံစားလိုက်ရသည်။

*ငါ ဒီရက်တွေအတွင်းမှာ ငါးလုံးခြောက်လုံးလောက် စားမိခဲ့တာပဲ။ အဲဒါက အင်မော်တယ်ပစ္စည်း ခြောက်ခု ခုနစ်ခုလောက်ကို ဆုံးရှုံးခဲ့ရတယ်လို့ ဆိုလိုတယ် မဟုတ်ဘူးလား*

ချမ်ချန်ကန်းလည်း ကျန်းယုချန်၏ စကားကြောင့် အံ့အားသင့်သွားသည်။ ဤကျူးယန် အင်မော်တယ်သစ်သီးက သာမန်အင်မော်တယ်သစ်သီးတစ်လုံးဟုသာ သူက ထင်ခဲ့မိသည်။ ကျန်းယုချန်တစ်ယောက်တည်း ဒါကို လဲလှယ်ဖို့ အထူးတလည် ဆင်းလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ဒ/ဤကျူးယန် အင်မော်တယ်သစ်သီးက သာမန်သစ်သီးမဟုတ်ကြောင်း ထင်ရှားပေသည်။

ချမ်ချန်ကန်းက နဂါးငါးကြင်းကို တုတ်တစ်ချောင်းဖြင့်ထိုးကာ မီးဖိုပေါ်၌ စ၍ကင်လိုက်သည်။ သူက ဖြည်းဖြည်းချင်းပဲ ဆက်ပြောလိုက်သည်။

“မင်း ကျူးယန်အင်မော်တယ်သစ်သီးနဲ့ လဲလှယ်ချင်တာ ငါသဘောတူတယ်။ ဒါပေမဲ့ မင်းကိုမေးချင်တဲ့ မေးခွန်းတစ်ခုရှိတယ်”

ကျန်းယုချန်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

“မေးပါ စီနီယာ”

“အဲဒီ အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်က အထက်ဘုံကပဲ။ မင်း သူ့အကြောင်း ဘယ်လောက်သိလဲ”

ကျန်းယုချန်က ခဏလောက်စဉ်းစားပြီးနောက်

“စီနီယာ...ကျွန်မက အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ် အကြောင်းကိုတော့ သိပ်မသိပါဘူး။ ဒါပေမဲ့ သူ့ကို ဘယ်သူက စေလွှတ်လိုက်တယ်ဆိုတာ သိပါတယ်”

“ဘယ်သူလဲ”

“ ရှန့်ဝူအင်မော်တယ်သူတော်စင်ပါ”

“အသေးစိတ်ကို ပြောပြစမ်း”

ဤအချိန်၌ ချမ်ချန်ကန်းနှင့် ထိုရှန့်ဝူအင်မော်တယ်သူတော်စင်ကြားက ရန်ငြိုးက အတော်လေး ကြီးနေပြီဖြစ်သည်။ ရှန့်ဝူအင်မော်တယ်သူတော်စင်က သူ့ကို အရိုးထဲအထိ မုန်းတီးနေပြီး အမြစ်ပြတ်ချေမှုန်းလိမ့်မည်မှာ သေချာပေသည်။ ထို့ကြောင့် သူသည် သူ့အနေဖြင့် ရှန့်ဝူအင်မော်တယ်သူတော်စင်အကြောင်း ပို၍သိနိုင်မည့် အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်သည်။

ကျန်းယုချန်က ခေါင်းညိတ်ပြီး ရှန့်ဝူအင်မော်တယ်သူတော်စင်အကြောင်း သူမ သိထားသမျှအရာအားလုံးကို ပြောပြလိုက်သည်။ ကျန်းယုချန်၏ စကားများကတစ်ဆင့် သူသည် ရှန့်ဝူအင်မော်တယ်သူတော်စင်အကြောင်း နားလည်မှုတချို့ရရှိခဲ့သည်။

သူသည် လိပ်နက်အင်မော်တယ်နယ်မြေတွင် အင်မော်တယ်သူတော်စင်ဂိုဏ်းတစ်ခု ရှိပေသည်။ အင်မော်တယ်သိုင်းသူတော်စင်သည် အလွန်အစွမ်းထက်ပြီး အင်မော်တယ်သူတော်စင်နယ်ပယ်၌ ထိပ်တန်းတန်ခိုးရှင်ဟု မှတ်ယူနိုင်ပေသည်။

သို့သော် ချမ်ချန်ကန်းသည် ထိုသူက သူနှင့် စာရင်းရှင်းရန် မဆင်းသက်နိုင်ကြောင်းကို သိလိုက်ရသောအခါ စိတ်ပျက်သွားမိသည်။ အင်မော်တယ်သိုင်းသူတော်စင်သည် ထိုအစိမ်းရောင်ဆံပင်ထက် ပို၍အားကောင်းပေမည်။

အကယ်၍ ထိုအင်မော်တယ်သိုင်းသူတော်စင်သာ အောက်ဘုံသို့ ဆင်းလာပါက သူ့ကိုသတ်ခြင်းအားဖြင့် နယ်မြေတန်ဖိုး ဘယ်လောက်တောင် ရလိမ့်မည်လဲ။

ချမ်ချန်ကန်းက စိတ်ကူးယဉ်လိုက်မိသည်။

“မင်းက အရမ်းရိုးသားတယ်။ ငါးကင်စားတော့”

ချမ်ချန်ကန်းက ယခင်က ကင်ထားသည့် နဂါးငါးကြင်းကို ကျန်းယုချန်ထံ ပေးလိုက်သည်။

ကျန်းယုချန်က အရမ်းဝမ်းသာသွားသော်လည်း ဟန်ဆောင်၍ ငြင်းလိုက်သည်။

“အင်း…ရပါတယ် အကြီးအကဲ”

ချမ်ချန်ကန်းက မျက်စောင်းထိုးပြီး ပြောလိုက်သည်။

“ဘာလဲ၊ မင်းက ငါ့ကို နှိမ့်ချတာလား”

ကျန်းယုချန်လည်း ထိတ်လန့်သွားပြီး ငါးကင်ကို အမြန်ယူလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ချမ်ချန်ကန်းက ပြုံးလိုက်သည်။

“ငါ့ရဲ့ အချက်အပြုတ်လက်ရာ အရမ်းကောင်းတယ်။ ဒီငါးကင်ကို စားပြီးသွားရင် ကျူးယန် အင်မော်တယ်သစ်သီးအကြောင်း ဆက်ပြောကြတာပေါ့”

All Chapters