← Chapters

အခန်း ၉၃

Vol. 8 Ch. 93

အခန်း ၉၃

Vol. 8 Ch. 93

အခန်း (၉၃)- ရုတ်တရက် ထွက်ပေါ်လာသော အမွေအနှစ်အမှတ်တရများ

ကျန်းယုချန်က ကြောက်ရွံ့နေသည့်ကြားကပင် နဂါးငါးကြင်းကင်ကို စားလိုက်သည်။

နဂါးငါးကြင်းက အလွန်ပဲ အရသာရှိပေသည်။ မူလက ကျန်းယုချန်သည် အစားအသောက်များကို စားချင်စိတ် လုံးဝမရှိပေ။ သို့သော် ပထမဆုံးတစ်ကိုက် ကိုက်လိုက်ပြီးနောက် သူမ၏မျက်လုံးများက အရောင်တောက်လာပြီး စားလိုစိတ်က ပို၍တိုးလာခဲ့သည်။

ဘေးနားတွင်ရှိသော လင်းပေါင်အာကလည်း မျက်လုံးဝိုင်းသားဖြင့် သူမ၏လျှာကိုသပ်ကာ

“ဆရာ.... ငါးကင်က အရမ်းမွှေးတာပဲ။ ဆရာ တပည့်လည်း နဂါးငါးကြင်း နောက်တစ်ကောင်စားချင်တယ်”

“အီ...အီ...အီ...အီ...”

ထိုအချိန်တွင် အမြီးလေးက အသီအူတိုင်ကို ကိုင်ထားပြီး သူမလည်း နောက်ထပ်နဂါးကို စားချင်ကြောင်း လာပြောလေသည်။

“ဘာတွေအလျင်လိုနေတာလဲ။ ဒီငါးက မကျက်သေးဘူးလေ”

“ဒါပေမဲ့ ဆရာ တပည့် ဗိုက်ဆာနေပြီ”

လင်းပေါင်အာက သူမ၏ သေးငယ်သော နှာခေါင်းလေးကို ရှုံ့ပြီး ကျန်းယုချန်၏ လက်ထဲတွင် ရှိသော ငါးကင်ကို ကြည့်လိုက်သည်။ ထိုငါးကင်သည် သူမနှင့် အမြီးလေးအတွက် ဆရာက ပြင်ဆင်ထားကြောင်း သိသာပေသည်။ သို့သော် ဆရာက တပည့်ကို မေ့သွားပြီး လှပသော အစ်မကြီးကို ပေးလိုက်ပေသည်။

“ဆရာ့ကို မချစ်တော့ဘူး”

“ယ...ယ...ယ...ယ...”

အမြီးလေးက ခေါင်းညိတ်ပြလိုက်သည်။

ချမ်ချန်ကန်းက လင်းပေါင်အာ၏ ခေါင်းကို လက်ညှိုးဖြင့် တောက်လိုက်သည်။

“ထပ်ပြီး အပိုစကားတွေ ပြောရဲတယ်ဆိုလို့ရှိရင် နောက်ထပ် သုံးရက်တိတိ အစာမစားရတဲ့ အပြစ်ဒဏ်ပေးလိုက်မယ်”

“ဆရာ တပည့်မှားသွားပြီ”

ထို့နောက် လင်းပေါင်အာက သူမ၏ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။ ဘေးနားတွင်ရှိသော အမြီးလေးကလည်း လင်းပေါင်အာ ရှုံးနိမ့်သွားသည်ကို မြင်သောအခါ တခစ်ခစ်ရယ်မောလိုက်သည်။

ချမ်ချန်ကန်းက အမြီးလေးကို မျက်စောင်းထိုးပြီးနောက် သူ၏ လက်ညှိုးနှင့် လက်မကြားတွင် အမြီးလေးကို ညှစ်ကာ ပြောလိုက်သည်။

“အမြီးလေး ရယ်ရတာလား”

ထိုအခါ အမြီးလေးကလည်း သူမ၏ မျက်တောင်လေးကို ပုတ်ခတ်လိုက်ပြီး လင်းပေါင်အာကဲ့သို့ သူမ၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

ချမ်ချန်ကန်းသည် အမြီးလေးကိုကြည့်ရင်း ဤမျှသေးငယ်သော ခန္ဓာကိုယ်လေးက ကျူးယန်အင်မော်တယ်သစ်သီးကို မြိုချသကဲ့သို့ စားနိုင်သည်ကို အံ့ဩနေမိသည်။

နဂါးငါးကြင်းကို စားနေရင်း ကျန်းယုချန်က ချမ်ချန်ကန်း၊ လင်းပေါင်အာ၊ အမြီးလေးတို့ကို ပြောဆိုနေသည့်ပုံကို ကြည့်လိုက်သည်။ ဆရာတပည့်များကြား ပေါင်းသင်းဆက်ဆံမှုက သဟဇာတရှိပြီး ကြည်နူးဖွယ်ကောင်းသဖြင့် ကျန်းယုချန်က ပြုံးလိုက်မိသည်။ ချမ်ချန်ကန်းကို သူမက တဖြည်းဖြည်း မကြောက်ရွံ့တော့ပေ။

ရုတ်တရက် ချမ်ချန်ကန်း၏ ခန္ဓာကိုယ်မှ ထူးဆန်းသော ရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ ချမ်ချန်ကန်းသည် သူမနှင့် မဝေးသောနေရာတွင် ရှိသောကြောင့် ကျန်းယုချန်က ထိုရနံ့ကို အလျင်အမြန် ရလိုက်သည်။

ထိုရနံ့ကို ရလိုက်သောအခါ ငါးကင်ကို စားနေသော ကျန်းယုချန်၏ ခန္ဓာကိုယ်က တုန်လှုပ်ပြီး ရပ်တန့်သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့သော မှတ်ဉာဏ်တစ်ခု ရုတ်တရက် ပွင့်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူမက ရုတ်တရက် ခေါင်းမော့ပြီး ချမ်ချန်ကန်းကို ကြည့်လိုက်သည်။ အထူးသဖြင့် ကျန်းယုချန်၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ အပြည့်ရှိနေပြီး သူမ၏မျက်လုံး၌ မကြုံစဖူး ကြောက်လန့်မှုများ ရှိနေသည်။

မှန်သည်။ ၎င်းသည် အမှန်တကယ် ကြောက်ရွံ့မှုပင်ဖြစ်သည်။ ဤအခိုက် သူမ၏ ခန္ဓာကိုယ်လေးမှာ တုန်ခါနေပေသည်။

“ဒီရနံ့... ဒီအနံ့က...”

မူလက ကျန်းယုချန်သည် ချမ်ချန်ကန်းသည် ကောင်းကင်တာအို၏ ပြန်လည်မွေးဖွားခြင်း သို့မဟုတ် ကောင်းကင်တာအို၏ သားတော်ဟုသာ ထင်ခဲ့သည်။ သို့သော် ထိုရနံ့ကို ရလိုက်သောအခါ ကျန်းယုချန်၏ နှလုံးသားထဲ၌ အဖြေတစ်ခုကို ရရှိသွားခဲ့သည်။

ချမ်ချန်ကန်းသည် အောက်ဘုံတွင် အဘယ့်ကြောင့် အင်မော်တယ်နယ်မြေကို ပိုင်ဆိုင်ရသနည်း။ အောက်ဘုံတွင် ဆံပင်အစိမ်းရောင်နှင့် အင်မော်တယ်စစ်သူကြီးအပါအဝင် အင်မော်တယ် ၁၂ပါးကိုပါ အဘယ့်ကြောင့် အလွယ်တကူ သတ်နိုင်သည်ကို ကျန်းယုချန်က နောက်ဆုံး၌ နားလည်သွားပြီ ဖြစ်သည်။

“သူက... သူက...”

သူမ၏ နှလုံးသားထဲမှ အဖြေထွက်ပေါ်လာတော့မည့်အချိန်၌ ချမ်ချန်ကန်း၏အသံ ကြားလိုက်ရသည်။

“အဆင်ပြေရဲ့လား”

ဤအခိုက် လင်းပေါင်အာနှင့် အမြီးလေးတို့ကို သင်ခန်းစာပေးနေသော ချမ်ချန်ကန်းက ကျန်းယုချန် မျက်နှာမကောင်းသည်ကို မြင်ကြောင်း သတိပြုမိပြီး မေးလိုက်သည်။

“ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်”

ကျန်းယုချန်က သူမ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ချမ်ချန်ကန်း၏ အထောက်အထားကို သူမ သိသွားကြောင်း သူမ မသိစေလိုပေ။ မဟုတ်ပါက သူမ သေဆုံးရမည်မှာ သေချာပေသည်။

သူမတွင် အသက်ကယ်ကတ်ပြားများ များစွာရှိသော်လည်း၊ ရွှယ်ဝူအင်မော်တယ်နယ်မြေရှိ ထိပ်တန်းအင်မော်တယ်မိသားစု၏ နောက်ကွယ်မှ ပံ့ပိုးမှုရှိသော်လည်း သူမ ရှေ့မှ ဤလူက သူမကို အလွယ်တကူ သတ်နိုင်ကြောင်း သိပေသည်။

သို့သော် ချမ်ချန်ကန်း၏ ခန္ဓာကိုယ်မှ ပျံ့လွင့်လာသော ရနံ့ကြောင့် သူမ၏ နှလုံးသားထဲတွင် လှိုင်းထန်ပြီး ပို၍တုန်လှုပ်နေမိသည်။ ကျန်းယုချန်သည် သူမ၏ တုန်လှုပ်နေသော ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း တုန်ယင်နေဆဲဖြစ်သည်။ သူမ၏အသံသည်ပင် တုန်လှုပ်နေပေသည်။ ဤအချိန်၌ သူမ၏စိတ်သည် ဗလာကျင်းဖြစ်နေပြီး ပျောက်ကွယ်သွားသော မှတ်ဉာဏ်တစ်ခုတည်းသာ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ကျန်းမိသားစု၏ ဂုဏ်သိက္ခာကြီးမားသော သမီးတော်တစ်ပါးအနေဖြင့် ကျန်းယုချန်သည် မွေးကတည်းက ကျန်းမိသားစု၏ ကောင်းကင်ဘုံသွေးမျိုးဆက်ကို အမွေဆက်ခံခဲ့သည်။ အင်မော်တယ်သွေးမျိုးဆက်အမွေအနှစ်နှင့် ပတ်သက်၍ ဤထူးဆန်းသောရနံ့နှင့် နီးကပ်သော မှတ်ဉာဏ်တစ်ခု ရှိပေသည်။

အမှောင်ခေတ် ဗုဒ္ဓအရှင်သခင်၊ အင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်...

ဤထူးဆန်းသောရနံ့သည် အင်မော်တယ်နတ်ဆိုး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ထောင်ပေါင်းများစွာသော အင်မော်တယ်များက ၎င်းကို ပျက်စီးခြင်းရနံ့ဟု ခေါ်ကြပေသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက အမှောင်ခေတ်တွင် ဗုဒ္ဓနတ်ဆိုးအရှင်သည် တစ်ဦးတည်း အုပ်ချုပ်သူဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်အကုန်လုံးကို အစိုးရသူဖြစ်သည်။ အထူးသဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ပျက်စီးခြင်းရနံ့က ကောင်းကင်ဘုံကိုးခုနှင့် ဆယ်ပြည်ထောင်ကိုပင် ပျံ့နှံ့သွားကြောင်း အင်မော်တယ်နယ်မြေရှိ မိသားစုတိုင်း၏ အမွေအနှစ်မှတ်တမ်းများ၌ ထိုမှတ်တမ်းရှိပေသည်။

*သူ... သူ... သူက မသေဘူးလား။ သူက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ။ ဒီရနံ့က ပျက်စီးခြင်းရနံ့ပဲ ဖြစ်ရမယ်။ မမှားနိုင်ဘူး။ အဲဒါ သူပဲ....သူပဲ ဖြစ်ရမယ်*

အမှောင်ခေတ်၌ အင်မော်တယ်နယ်မြေရှိ သတ္တဝါအားလုံး ကြောက်ရွံ့ပြီး မျှော်လင့်ချက်ကင်းမဲ့ခဲ့ရသည့် ခေတ်တစ်ခုဖြစ်ပေသည်။ အင်မော်တယ်သွေးမျိုးဆက်၏ အမွေအနှစ်မှတ်တမ်းမှတစ်ဆင့် ကျန်းယုချန်က သိခဲ့ရသဖြင့် အလွန်ပင် ထိတ်လန့်ချောက်ချားလာခဲ့သည်။

အမှောင်ခေတ်ကို အမှန်တကယ် ကြုံခဲ့ရသော အင်မော်တယ်များသာ ဤပျက်စီးခြင်းရနံ့ကို ရှူရှိုက်မိပါက မည်ကဲ့သို့ မျက်နှာအမူအရာများ ပြသမည်နည်း။

ကျန်းယုချန် အဆင်ပြေကြောင်း ကြားသောအခါ ချမ်ချန်ကန်းက စကားမပြောနိုင်ဖြစ်သွားသည်။

*ဒီကျန်းယုချန်က ငါ့ကို လာနောက်နေတာလား။ ဒါမှမဟုတ် ငါ့ကို မျက်စိကန်းတယ်လို့ ထင်နေတာလား*

မျက်စိမကန်းသော မည်သူမဆို ကျန်းယုချန်၏ ထိန်းချုပ်မရသော ကြောက်ရွံ့မှုနှင့် သူမ၏မျက်နှာက သွေးမရှိဘဲ သူမ၏အသံက တုန်ယင်နေသည်ကို မြင်နိုင်ပေသည်။

*ဒါကိုများ မင်းက ငါ့ကို အဆင်ပြေတယ်လို့ ပြောချင်တာလား*

All Chapters