← Chapters

အခန်း ၉၈

Vol. 8 Ch. 98

အခန်း ၉၈

Vol. 8 Ch. 98

အခန်း (၉၈ )ငါယောက်ျားမရသေးဘူး၊ ငါသေလို့မဖြစ်သေးဘူး

နောက်ဆုံးတွင် ကျန်းယုချန်သည် သူမ၏စိတ်ထဲမှ ရူးသွပ်သော အတွေးများကို ထိန်းချုပ်လိုက်သည်။

“ဂလု ဂလု...”

ကျန်းယုချန်သည် ကြက်မဲဂျင်ဆင်းစွပ်ပြုတ်တစ်ပန်းကန်လုံးကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ဤစွပ်ပြုတ်သည် အံ့မခန်းကောင်းမွန်သည့် အရသာရှိသည့်အပြင် အလွန်များပြားသော အင်မော်တယ်စွမ်းအားများလည်း ပါဝင်သည်။ ဤစွပ်ပြုတ်ကိုသောက်ပြီးနောက် ကျန်းယုချန်၏ စိတ်ဝိညာဉ်က အများကြီးပြန်လည်ကောင်းမွန်လာခဲ့သည်။

“ဟီးဟီးဟီး...မမလှလှလေး၊ ဆရာလုပ်ထားတဲ့ ကြက်မဲဂျင်ဆင်းစွပ်ပြုတ်က အရသာရှိရဲ့လား”

ဘေးတွင်ရှိသော လင်းပေါင်အာက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်မိသည်။ ထို့နောက် သူမနှင့် အမြီးလေးတို့ကလည်း ကြက်မဲဂျင်ဆင်းစွပ်ပြုတ်ကို သောက်လိုက်ကြသည်။ သူမတို့နှစ်ယောက်သည် အစားအသောက်သရဲနှစ်ယောက်နှင့် တူပေသည်။

ချမ်ချန်ကန်းက ပြုံးလိုက်၏။ ကျန်းယုချန်ကို ပေးသည့် ဤကြက်မဲဂျင်ဆင်းစွပ်ပြုတ်က သူမရောဂါများကိုကုသရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ကာ သူမကို လျော်ကြေးပေးခြင်းဖြစ်သည်။

ပို၍အရေးကြီးသည့် အကြောင်းအရင်းမှာ လင်းပေါင်အာနှင့် အမြီးလေးတို့ကို အာဟာရဖြည့်စေပြီး နောင်တွင် အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲစေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဆေးလုံးဆယ်လုံးကျန်ရှိသေးပြီး ၎င်းတို့တွင် ကြီးမားသော စွမ်းအားများပါဝင်နေသည်။ ဆေးလုံးတစ်လုံးတည်းနှင့်ပင် ထော့ပိုင်ယွဲ့ကို အင်မော်တယ်တစ်ပါး ဖြစ်လာစေပြီး အလွန့်အလွန်အန္တရာယ်ရှိသော လုပ်ငန်းစဉ်လည်းဖြစ်သည်။ ထို့ကြောင့် ချမ်ချန်ကန်းသည် ဤဆေးလုံးများကို မပေးခင် လင်းပေါင်အာနှင့် အမြီးလေးတို့ကို ပို၍သန်မာစေချင်ပေသည်။

ချမ်ချန်ကန်းကိုယ်တိုင်လည်း ဆေးလုံးတစ်လုံးကို သောက်ခဲ့သည်။ ချမ်ချန်ကန်းကို စိတ်ပျက်သွားစေသည်မှာ ဤဆေးလုံးက သူ့အတွက် အသုံးမဝင်ခြင်းဖြစ်သည်။ သာမန်ဆေးလုံးတစ်လုံးကို သောက်နေရသလိုပင်။

ချမ်ချန်ကန်းသည် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေသလဲ သူ့ကိုယ်သူ မသိပေ။ သို့သော် သူ့ကို ပျော်ရွှင်စေသည့် တစ်ခုတည်းသောအရာမှာ ဆေးလုံးကို သောက်ပြီးနောက် သူထုတ်လွှတ်သော ထာဝရသက်ရှည်ခန္ဓာကိုယ်မှ ထူးဆန်းသောမွှေးရနံ့က ယခင်ကလို မပြင်းထန်တော့ဘဲ ပို၍သက်သာလှခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်ရှိနေသော ဆေးလုံးဆယ်လုံးကို ချမ်ချန်ကန်းက အသုံးမပြုဘဲမနေပေ။ သူတို့ကို ဒီအတိုင်းထားပါက အလဟဿဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် ဆေးလုံးများကို အစိတ်အပိုင်းသေးသေးလေးများခွဲပြီး ဆေးစွပ်ပြုတ်ထဲသို့ထည့်ရန် စီစဉ်ခဲ့သည်။

သို့မှသာ ပါဝင်သော ရက်စက်ကြမ်းကြုတ်သော အင်မော်တယ်စွမ်းအားက နည်းပါးပေလိမ့်မည်။ လင်းပေါင်အာ သို့မဟုတ် အမြီးလေးပင် ဤဆေး၏စွမ်းအားကို ခံနိုင်ရည်ရှိပေလိမ့်မည်။ တစ်ဆင့်ပြီးတစ်ဆင့် ဤဆေးလုံးများကို စွမ်းအားဖြည့် တဖြည်းဖြည်းစုပ်ယူစေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

“မင်းတို့နှစ်ယောက် စွပ်ပြုတ်တွေ အများကြီးမသောက်ဖို့ သတိရဦး”

ချမ်ချန်ကန်းက ဤစကားကိုပြောလိုက်သည်နှင့် လင်းပေါင်အာနှင့် အမြီးလေးတို့က တစ်ယောက်ကို သုံးပန်းကန်သောက်ပြီးသွားပြီဖြစ်ရာ သူတို့၏ပါးပြင်များသည် နီမြန်းနေပြီး ချွေးစေးလေးများပင်ထွက်ကာ ကြို့ထိုးနေသည်။

“အား... ဆရာ...၊ တပည့် ဗိုက်အရမ်းပြည့်သွားပြီ။ ခန္ဓာကိုယ်က ရုတ်တရက် အရမ်းပူနေတယ်လို့ ခံစားရတယ်”

“အီ… အီ… အီ… အီ…”

ချမ်ချန်ကန်း၏နှုတ်ခမ်းထောင့်များမှာ တွန့်ကွေးသွားပြီး ဘာပြောရမှန်းမသိတော့ပေ။ ဤအစားအသောက်သရဲနှစ်ယောက်က တကယ့်ကို မြေပိုင်ရှင်များ၏မိသားစုများ ဖြစ်ပုံရပေသည်။

*နင်တို့ကို စွပ်ပြုတ်သောက်ခိုင်းတာလေ၊ စွပ်ပြုတ်ကို ထမင်းလို စားခိုင်းတာ မဟုတ်ဘူး*

အိပ်ရာပေါ်တွင်ရှိသော ကျန်းယုချန်သည် ဤမြင်ကွင်းကို မြင်သောအခါ စကားမပြောနိုင်ဖြစ်သွားသည်။

*ဒီကလေးနှစ်ယောက်က တကယ်ပဲ သူ့ရှေ့မှာရှိနေတဲ့ သက်ရှိသတ္တဝါအားလုံးကို ကြောက်လန့်စေနိုင်တဲ့ အင်မော်တယ်အရှင်ရဲ့ တပည့်တွေလား*

“မင်းတို့တွေ စွပ်ပြုတ်သောက်ပြီးပြီဆိုတော့ ခန္ဓာကိုယ်ထဲက ဆေးစွမ်းအားတွေကို သန့်စင်ပြီး ကောင်းကောင်းကျင့်ကြံကြတော့”

လင်းပေါင်အာနှင့် အမြီးလေးတို့က ချက်ချင်းပဲ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံမှုကို စတင်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်ထဲတွင်ရှိသော အင်မော်တယ်စွမ်းအားများက အလွန်များပြားနေသဖြင့် သူတို့၏ဗိုက်ကို မအီမသာဖြစ်စေသည်။ ထို့ကြောင့် ၎င်းကို အမြန်သန့်စင်ရပေမည်။

လင်းပေါင်အာနှင့် အမြီးလေးတို့ကို လျစ်လျူရှုကာ ချမ်ချန်ကန်းက ကျန်းယုချန်ကို မေးလိုက်သည်။

“အခု ဘယ်လိုခံစားရသေးလဲ”

ကျန်းယုချန်က ပေါ့ပေါ့ဆဆပြောရဲခြင်းမရှိဘဲ ချမ်ချန်ကန်းကို ဂရုတစိုက်ဆက်ဆံနေသည်။ ချမ်ချန်ကန်းက အဘယ်ကြောင့် သူမကို မသတ်ကြောင်း သူမ မသိပေ။ သို့သော် သူ့၌ ရည်ရွယ်ချက်တစ်ခုတော့ ရှိရပေမည်။

“ကျွန်မ... ကျွန်မ အများကြီး ပိုကောင်းလာပါပြီ။ ကျေးဇူးတင်ပါတယ်စီနီယာ၊ စွပ်ပြုတ်အတွက်…”

ချမ်ချန်ကန်းသည် ကျန်းယုချန် မေ့မျောနေစဉ် ပြုတ်ကျခဲ့သော သိုလှောင်လက်စွပ်ကို ပြန်ပေးလိုက်သည်။

“စီနီယာ..ရှင်က ဘယ်သူလဲ”

ကျန်းယုချန်သည် ရှုပ်ထွေးနေသော်လည်း သူမ၏အသံက ပို၍တည်ငြိမ်လာခဲ့သည်။ ယခု ကျန်းယုချန်က သူမ၏ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်သည်။

သို့သော် ဤပုဂ္ဂိုလ်ကြီး၏ လက်ထဲ၌ သူမ လွတ်မြောက်နိုင်ရန် စိတ်ကူးမရှိတော့ပေ။ သူသတ်သည်ဖြစ်စေ၊ အစအနမကျန် ဖယ်ရှားသည်ဖြစ်စေ၊ သူ့အလိုကျသာဖြစ်သည်။

ဤအခိုက်တွင် ဘာကြောင့်မှန်းမသိ သူမသည် သူ့စိတ်ထဲမှ ဘိုးဘေးတစ်ဦး၏ စကားကို ပြန်သတိရသွားသည်။

*ခုခံတာထက် လိုက်လျောလိုက်တာက ပိုကောင်းတယ်*

ဤအကြောင်းကို တွေးပြီးနောက် ကျန်းယုချန်က စိတ်သက်သာရာရသွားသည်။

“ဒီမှာ မင်းရဲ့သိုလှောင်လက်စွပ်။ မင်းသတိလစ်သွားတုန်းက ပြုတ်ကျခဲ့တာ”

ကျန်းယုချန်၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး ပထမဆုံးအကြိမ်က တွေ့သည့်အတိုင်း ပြန်ဖြစ်လာသည်ကို မြင်သောအခါ ချမ်ချန်ကန်းက ကျေနပ်စွာပြုံးလိုက်သည်။

“ဒီကြက်မဲဂျင်ဆင်းစွပ်ပြုတ်က မင်းရဲ့ရောဂါကို ကူညီပေးနိုင်မယ်ထင်တယ်”

“ရောဂါ... ဘာရောဂါလဲ”

ကျန်းယုချန်၏မျက်လုံးများက သံသယများရှိလာပြီး သူမစိတ်ထဲ၌လည်း အလွန်ရှုပ်ထွေးနေသည်။ အခန်းထဲတွင် ပြင်းထန်သောစွပ်ပြုတ်နံ့ကို နားထောင်ရင်း ကျန်းယုချန်က စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

*ဘိုးဘေးတွေရဲ့ စကားကို နားထောင်ရမယ်*

ထို့နောက် ကျန်းယုချန်က အားပျော့စွာ ပြောလိုက်သည်။

စီနီယာ... စီနီယာ...”

“ကောင်းပြီ၊ ပြောပါ”

“ဒီစွပ်ပြုတ်က အရသာရှိတယ်။ နောက်တစ်ပန်းကန်လောက် သောက်လို့ရမလား”

“ရတာပေါ့”

ချမ်ချန်ကန်းက ပြုံးလိုက်သည်။ ကျန်းယုချန်ကိုယ်တိုင် ဤကြက်မဲဂျင်ဆင်းစွပ်ပြုတ်က သူမရောဂါအတွက် အထောက်အကူပြုကြောင်းကို တွေ့ရှိသွားသဖြင့် နောက်တစ်ကြိမ် ထပ်သောက်လိုပုံရသည်။

“ရောဂါက ပြန်လည်ကောင်းမွန်ဖို့ အရေးကြီးတယ်။ သောက်ချင်ရင် များများသောက်။ သောက်ပြီးရင် အရေးကြီးတဲ့ကိစ္စတွေ ဆက်ပြောကြတာပေါ့”

*အရေးကြီးတဲ့ကိစ္စတွေ ဆက်ပြောတော့မယ်ဆိုတော့ ရှင်က ကျွန်မကို သတ်ဖို့ဆုံးဖြတ်ထားတာလား*

ကျန်းယုချန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော် သူမသည် သူမ၏ကံကြမ္မာကို တိတ်ဆိတ်စွာ လက်ခံပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏ကံကြမ္မာကို လက်ခံပြီး သေဖို့စောင့်ဆိုင်းရန်အတွက် ကျန်းယုချန်က ကြက်မဲဂျင်ဆင်းစွပ်ပြုတ်ကို အားရပါးရသောက်လိုက်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ဤပုဂ္ဂိုလ် ချက်ထားသည့်စွပ်ပြုတ်က အလွန်အမင်း အရသာရှိပေသည်။ သူ၏လက်ထဲတွင် သေဆုံးရသည်မှာ ဂုဏ်ယူစရာပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် သေရမည်ဖြစ်သော်လည်း ဗိုက်ဝသည့် တစ္ဆေတစ်ကောင်သာ ဖြစ်တော့မည်။

စွပ်ပြုတ်ကိုသောက်နေစဉ် သူမ မကြာမီသေရတော့မည်ကိုတွေးပြီး မသိလိုက်မီ မျက်လုံးများ နီရဲကာ မျက်ရည်များ ဝဲလာပြီး ငိုတော့မလိုပုံရသည်။

“ဟူး... ငါတကယ်ပဲ သေတော့မှာလား။ ငါ ယောက်ျားတောင် မယူရသေးဘူး။ ငါတကယ်မသေချင်သေးဘူး*

All Chapters