← Chapters

အခန်း ၁၀၁

Vol. 8 Ch. 101

အခန်း ၁၀၁

Vol. 8 Ch. 101

အခန်း (၁၀၁) ပထမဆုံးခြေလှမ်း၊ လေတိုက်ပြီးနောက်တိမ်များလွင့်ပျံခြင်း

ချမ်ချန်ကန်းသည် အင်မော်တယ်ကျောက်တုံးတစ်တုံးကို ကောက်ယူကြည့်လိုက်သည်။ ထိုအခိုက်ရုတ်တရက်သူ၏စိတ်ထဲမှာ စနစ်ရဲ့အသံထွက်ပေါ်လာခဲ့သည်။

“စနစ်၏သတိပေးချက်”

“အိမ်ရှင်၏လက်ထဲ၌ ထိပ်တန်းအဆင့်အင်မော်တယ်ကျောက်တုံးကို တွေ့ရှိပါသည်။ ၎င်းကိုနယ်မြေ တန်ဖိုးငါးသောင်းအဖြစ် လဲလှယ်နှိုင်ပါသည်။ လဲလှယ်လိုပါသလား”

ချမ်ချန်ကန်းသည် စနစ်၏သတိပေးချက်ကြောင့် တုန်လှုပ်သွားခဲ့သည်။ သူလက်ထဲတွင်ရှိနေသော အင်မော်တယ်ကျောက်တုံးကို ကြည့်လိုက်မိသည်။

*ဒီတစ်တုံးတည်းနဲ့တောင် နယ်မြေတန်ဖိုးငါးသောင်းတောင် လဲလှယ်နှိုင်ခဲ့တာလား*

ထို့အပြင် နောက်ထပ်အံအားသင့်စရာတစ်ခုပေါ်လာခဲ့သည်။

*ဘယ်လိုတောင်အံအားသင့်စရာကောင်းလိုက်လဲ၊ ဒီအင်မော်တယ်ကျောက်တုံးကို နယ်မြေတန်ဖိုးတွေ နဲ့လဲလှယ်လို့ရတယ်ပေါ့*

*စနစ်အင်မော်တယ်လက်နက်တွေကော လဲလှယ်လို့ရလား၊ အင်မော်တယ်ဆေးဝါးတွေရော*

“စနစ်၏သတိပေးချက်”

“လက်ရှိအချိန်၌ အင်မော်တယ်ကျောက်တုံးကိုသာ နယ်မြေတန်ဖိုးအဖြစ် လဲလှယ်နှိုင်ပါသည်။ ပိုင်ရှင်လဲလှယ်လိုပါသလား”

“လဲလှယ်မယ်”

ချမ်ချန်ကန်းက တွန့်ဆုတ်မနေပေ။ အဘယ့်ကြောင့်ဆိုသော် သူ့၌အင်မော်တယ်ကျောက်တုံး ဆယ့်တစ်တုံးရှိနေသောကြောင့်ဖြစ်သည်။

အင်မော်တယ်ကျောက်တုံးတစ်တုံးလျှင် နယ်မြေတန်ဖိုးငါးသောင်းနှင့် လဲလှယ်နိုင်ပြီး ဆယ့်တစ်တုံးဆိုလျှင်နယ်မြေတန်ဖိုးငါးသိန်းငါးသောင်းဖြစ်သည်။

ချမ်ချန်ကန်းသည် ချက်ချင်းပဲ ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ရန် နယ်မြေတန်ဖိုးရရှိသည့် နည်းလမ်းတစ်ခုကို ရလိုက်ပေသည်။

ချမ်ချန်ကန်းသည် အင်မော်တယ်ကျောက်တုံး၏ တန်ဖိုးကိုသိပြီးနောက်နယ်မြေတန်ဖိုးများနှင့် အကုန်လုံးကိုလဲလှယ်ခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် သူ့၌ထိပ်တန်းအဆင့်အင်မော်တယ်ကျောက်တုံးငါးတုံးသာရှိပေသည်။ ကျန်ခြောက်တုံးမှာ အဆင့်မြင့်အင်မော်တယ်ကျောက်တုံးလေးတုံးနှင့် အလယ်အလတ်အဆင့် အင်မော်တယ်ကျောက်တုံး နှစ်တုံးတို့ဖြစ်သည်။

ထိပ်တန်းအဆင့်အင်မော်တယ်ကျောက်တုံးက နယ်မြေတန်ဖိုးငါးသောင်းတန်ပေသည်။

အဆင့်မြင့်အင်မော်တယ်ကျောက်တုံးက နယ်မြေတန်ဖိုးသုံးသောင်းတန်ဖိုးရှိပေသည်။

အလယ်အလတ်အဆင့်အင်မော်တယ်ကျောက်တုံးကတော့ နယ်မြေတန်ဖိုး နှစ်သောင်း တန်ဖိုးရှိပေသည်။

အဆင့်နိမ့်အင်မော်တယ်ကျောက်တုံးကတော့ ဘယ်လောက်တန်လည်းဆိုတာ မသိရသေးပေ။ ဆိုလိုသည်က ယခုအချိန်၌သူ့တွင်အင်မော်တယ်ကျောက်တုံး ဆယ့်တစ်တုံးရှိပြီး အကုန်လုံးကို လဲလှယ်ပြီးနောက် ချမ်ချန်ကန်း၌ နယ်မြေတန်ဖိုးလေးသိန်းတစ်သောင်းရရှိခဲ့သည်။

ယခင်က ဖေးရှန့်တောင်တွင် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို သတ်ပြီးနောက် ရရှိခဲ့သောနယ်မြေတန်ဖိုးများလည်း ကျန်သေးသည်။

ယခု ချမ်ချန်ကန်း၌ နယ်မြေတန်ဖိုး ခြောက်သိန်းတစ်သောင်းရှိနေပြီဖြစ်သည်။ ရုတ်တရက်နယ်မြေ တန်ဖိုးများ အများကြီးရလိုက်သဖြင့် ချမ်ချန်ကန်းက ညတွင်းချင်းသူဌေးဖြစ်သွားသလို ခံစားလိုက်ရသည်။

*ဟူး....ငါသာဒီလိုမျိုးသာ ကြိုသိခဲ့ရင်ကျန်းယုချန်ကို နောက်ထပ်အင်မော်တယ် ကျောက်တုံးတွေ ပိုပြီးတော့မှာလိုက်ပါတယ်*

ချမ်ချန်ကန်းက အလွန်နောင်တရသွားခဲ့သည်။

ယခင်က ချမ်ချန်ကန်းသည် သူနှင့်ကျန်းယုချန်တို့ လဲလှယ်မှုက ပူးပေါင်းဆောင်ရွက်မှုက အရေးမကြီး ဘူးဟုသဘောထားခဲ့မိသည်။

ဟုတ်ပေသည်။ ချမ်ချန်ကန်းမသိသည်က အင်မော်တယ်ကျောက်တုံးများသည် အထက်ဘုံတွင်ပင် ရှားပါးသောအရာများဖြစ်ပြီး အင်မော်တယ်ဘုရင်များပင်လျှင် သူတို့လက်ထဲ၌ အင်မော်တယ်ကျောက်တုံး များစွာမရှိပေ။

ကျန်းယုချန်နှင့်ပတ်သက်၍ သူမသည်အင်မော်တယ်ကျောက်တုံး အများကြီးပိုင်ဆိုင်ထားသည်က သူမ၏ကျန်းမိသားစု၌ သန်မာသည့်အမွေအနှစ်များရှိသောကြောင့်ဖြစ်သည်။

ထိုသို့သော ကျန်းမိသားစု၏ ဂုဏ်ယူရသည့်သမီးတော်အနေဖြင့် သူမ၌ ဤကဲ့သို့ရှိသည်က ပုံမှန်ပဲဖြစ်သည်။

သို့ပေလျှင် ဤသိုလှောင်လက်စွပ်သည် ကျန်းယုချန်၏ပိုင်ဆိုင်မှု အားလုံးဖြစ်ပြီး ယခုတော့ ချမ်ချန်ကန်းဆီသို့ အကုန်ပေးလိုက်ရပေသည်။

ကျန်းယုချန်သည် သူမ၏စိတ်ထဲ၌ အလွန်ဝန်လေးပြီး နာကျင်နေခဲ့ပေမဲ့လည်း သူမအသက်ကို ကယ်တင်ရန်က ပို၍အရေးကြီးပေသည်။

စကားပုံအတိုင်းပင် စိမ်းလန်းသည့်တောင်ကုန်းကို ထိမ်းသိမ်းထားသ၍ ထင်းများကုန်သွားမည်ကို ကြောက်စရာမလိုပေ။

သူမအသက်ရှင်နေသ၍ အနာဂတ်၌ အင်မော်တယ်ကျောက်တုံးများရရှိနေမည်ဖြစ်သည်။ ဖေးရှန့် တောင်ထိပ်၌ ချမ်ချန်ကန်းက တောင်ထိပ်ပေါ်သို့ရပ်ပြီးအဝေးသို့ မျှော်ကြည့်နေသည်။

သူ၌ ရည်မှန်းချက်များရှိလာသည်။

နယ်မြေတန်ဖိုးများလုံလောက်ပြီဖြစ်သောကြောင့် ယခုဖေးရှန့်တောင်တစ်တောင်လုံးကို လွမ်းခြုံရန် လုံလောက်နေပြီဖြစ်သည်။

ယခုချိန်က သူသည် ဖေးရှန့်တောင်သခင်ဖြစ်လာရန်အချိန်ဖြစ်သည်။

သူ၏အိပ်မက်ကို အမှန်တကယ်စတင်အကောင်ထည်ဖော်ရန် ပထမဆုံးခြေလှမ်းလည်းဖြစ်သည်။

ဒါ့အပြင်သူသည် အမှန်တကယ်ပင် အစစ်အမှန်စိတ်ကူးယဉ်ကမ္ဘာထဲတွင် သူ၏ဘဝသစ်ခရီးအစ လည်းဖြစ်သည်။

ခရီးစဉ်က ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ရန်ဖြစ်ပြီး ဖေးရှန့်တောင်တစ်တောင်လုံးသာမကပဲ တောင်ပေါင်းတစ်သိန်းတောင်တလျောက် ကျူးရှို့တိုက်ကြီးတစ်ခုလုံးကိုပါ လွမ်းမိုးရန်ဖြစ်သည်။

သူ၏ခရီးစဉ် သူ၏အိပ်မက်သည် ပြိုင်ဘက်ကင်းနယ်မြေအဖြစ် ကမ္ဘာတဝှမ်းကိုလွမ်းခြုံရန်ဖြစ်သည်။

စာကြောင်းတစ်ကြောင်းတည်းဖြင့် ဖော်ပြရမည်ဆိုလျှင်

“ငါရှိရာအရပ်ကို ဘယ်သူမှမတားဆီးနှိုင်ဘူး၊ လောကကြီးမှာလည်း ငါကပြိုင်ဘက်ကင်းပဲ”

ဤသည်ကား အစစ်အမှန်ပြိုင်ဘက်ကင်းနယ်မြေဖြစ်သည်။

ထို့ကြောင့်သေးငယ်သော ဖေးရှန့်တောင်လေးတစ်ခုတည်း၌ ပိတ်မိနေသင့်သည့်အရာမဟုတ်ပေ။ ချမ်ချန်ကန်းသည် ငါးဆားနယ်တစ်ကောင်ဖြစ်သော်လည်း သူ့၌ကြီးမားသော ရည်မှန်းချက်များ ရှိသေးသည်။

တောင်ထိပ်ပေါ်တွင်ရပ်၍ ချမ်ချန်ကန်းက အဝေးကိုလှမ်းကြည့်နေသည်။ အဆုံးမရှိသော တိမ် တိုက်များနှင့် မြူခိုးများကလှိုင်းလုံးများသဖွယ် အလိပ်လိုက်တက်နေသည်။

ဤကမ္ဘာကြီးသည် အလွန်စိတ်ဝင်စားစရာကောင်းပြီး သူသည် ဤကမ္ဘာပေါ်၌ နက်ရှိုင်းသော အမှတ်အသားတစ်ခု ချန်ရစ်လိုပေသည်။

ရည်မှန်းချက်အပြည့်ဖြင့် ချမ်ချန်ကန်းက ကဗျာတစ်ပုဒ်ကိုရွတ်လိုက်သည်။

“လေတိုက်လို့ တိမ်တွေလွင့်နေပေမဲ့

ပါဝင်ပစ္စည်းလည်းမရှိဘူး သကြားလည်းမရှိဘူး”

ချမ်ချန်ကန်းက ငြိမ်သက်သွားပြီး မျက်လုံးများတွန့်ကွေးလိုက်သည်။

“ဒီစာကြောင်းက မှားနေပုံရတယ်။ ငါသေချာပြန်ပြီးစဉ်းစားကြည့်ရမယ်”

ထို့နောက် ရုတ်တရက် ချမ်ချန်ကန်း၏ မျက်လုံးများ လင်းလက်လာပြီး ကဗျာကို ထပ်မံရွတ်လိုက် သည်။

“လေတိုက်လို့တိမ်တွေလွင့်နေပေမယ့်

တိမ်တွေလည်းကွဲအက်ပြီး ကြက်ဥတွေလည်းအေးခဲသွားတော့တယ်”

“အင်း … ဒါကနည်းနည်းတော့ အရသာရှိတယ်”

ချမ်ချန်ကန်းက စိတ်ကျေနပ်သွားသည်။

အင်မော်တယ်ဘုရားကျောင်းထဲ၌ လင်းပေါင်အာနှင့် အမြီးလေးတို့က ကျင့်ကြံနေပြီး ချမ်ချန်ကန်း၏ ကဗျာကိုကြားလိုက်ရသည်။

လူတစ်ယောက်နှင့် နတ်ဆိုးတစ်ကောင်က ရှော့ရသွားကြသည်။

လင်းပေါင်အာက အံအားသင့်စွာထပြောလိုက်သည်။

“လေတိုက်လို့တိမ်တွေလင့်နေပေမဲ့။ ဆရာ့၏စကားက ဘယ်လောက်တောင် သူရဲကောင်းဆန်လိုက်လဲ။ ဆရာကသေဆုံးခြင်းနဲ့ ပြန်လည်ဝင်စားခြင်း အင်တာနက်ဘုံခြောက်ခုမှာ ဆရာ့ရဲ့ ပြိုင်ဘက်ကင်းပုံရိပ်ကို ငါခန်ါမှန်းမိပြီးတော့ မြင်ယောင်လိုက်ရသလိုပဲ”

“အီး … အီး …. အီး ….”

အမြီးလေးကလည်း လင်းပေါင်အာ၏စကားထဲတွင်ရှိသော အင်တာနက်ဆိုသည့် စကားလုံးကို နားမလည်ပေမဲ့လည်း သဘောတူလိုက်ပေသည်။

ဟုတ်ပေသည်။ လင်းပေါင်အာလည်း ထိုစကားလုံးကို နားမလည်ပေ။

သို့ပေမဲ့ ဆရာက သူမနားထဲသို့မကြာခဏပြောလေ့ရှိသည်။ “အင်တာနက်” ထိုအရာသည် အံ့ဩစရာများ ဖြင့် ပြည့်နေသောအစစ်အမှန်ကမ္ဘာကြီးတစ်ခုဖြစ်သည်။

“ငါလည်းတစ်နေ့ကျရင် အင်တာနက်ပေါ်မှာ ဆရာ့လိုပဲအောင်မြင်မှုတွေရရမယ်။ ဒါပေမဲ့ ဆရာပြောတဲ့ ပါဝင်ပစ္စည်းမရှိဘူး။ သကြားတွေလည်းမရှိဘူး။ အဲ့စကားရဲ့အနက်ကိုတော့ ငါနားမလည်ဘူး”

လင်းပေါင်အာက ဆက်ပြောလိုက်သည်။

“အီး … အီး … အီး ….”

အမြီးလေးကလည်း အတူတူပင်ဖြစ်သည်။

တောင်ထိပ်ပေါ်တွင် ကဗျာရွတ်ပြီးနောက် ချမ်ချန်ကန်းကစိတ်ကောင်းဝင်နေပြီး အလုပ်စတင် လုပ်လိုက်သည်။

အတွေးတစ်ခုတည်းဖြင့် သူကညနယ်မြေတန်ဖိုးများစွာကို သုံးစွဲလိုက်သည်။

“စနစ်၏သတိပေးချက်”

“ပိုင်ရှင်သည် နယ်မြေတန်ဖိုးလေးသိန်းကိုးသောင်းကို သုံးစွဲလိုက်ပါသည်။ လက်ရှိပြိုင်ဘက်ကင်း နယ်မြေသည် ဖေးရှန့်တောင်တစ်ခုလုံးကို လွမ်းခြုံထားပြီး အိမ်ရှင်သည် ဖေးရှန့်တောင်သခင်ဟူသော ဘွဲ့ကိုရရှိခဲ့ပါသည်။ “

“စနစ်၏သတိပေးချက်”

“ပြိုင်ဘက်ကင်း နယ်မြေစနစ်ကို ဗားရှင်း 4.0 သို့အဆင့်မြင့်တင်ရန် နယ်မြေတန်ဖိုးလေးသောင်း သုံးစွဲလိုက်ပါသည်။ အဆင့်မြင့်တင်နေပါသည်။ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါ”

အသက်နှစ်ရှိုက်သုံးရှိုက်စာလောက်ပြုပြီးနောက် စနစ်၏အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

“စနစ်၏သတိပေးချက်”

“ပိုင်ရှင်သည် ပြိုင်ဘက်ကင်းနယ်မြေစနစ်ကို ဗားရှင်း 4.0 သို့အောင်မြင်စွာအဆင့်မြင့်တင်နှိုင်ခဲ့ပြီး အမှတ်ပြည့်အကျိုးသက်ရောက်မှုဟူသော လုပ်ဆောင်ချက်ကိုရရှိပါသည်။ ”

စနစ်၏သတိပေးချက်ကိုနားထောင်ပြီးနောက် ချမ်ချန်ကန်းက ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

“ဒီလုပ်ဆောင်ချက်က ဘာကိုဆိုလိုတာလဲ”

All Chapters