← Chapters

အခန်း ၁၀၂

Vol. 8 Ch. 102

အခန်း ၁၀၂

Vol. 8 Ch. 102

အခန်း (၁၀၂) အသုံးပြုပါ၊ ဒါကအမှတ်ပြည့်အထူးလုပ်ဆောင်ချက်ပဲ။

လေးပြင်းများက တိုက်ခက်နေသည်။ ချမ်ချန်ကန်းသည် တောင်၏ထိပ်ဖျားတွင်ရပ်နေပြီး သူ၏အဖြူ ရောင်ဝတ်ရုံမှာကလေထုထဲ၌တလွင့်လွင့် လှုပ်ခက်နေသည်။

စနစ်၏ဗားရှင်း 2.0 ၌”အလုံးစုံသော သက်ရှိလုပ်ဆောင်ချက်”ကိုရရှိခဲ့သည်။

ထို့နောက်ဗားရှင်း 3.0 ၌ “အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်”ကိုရရှိခဲ့သည်။

ယခုဗားရှင်း 4.0 သို့ရောက်ရှိလာသောအခါ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို ရရှိခဲ့ပေသည်။

ယခုချမ်ချန်ကန်း၌ လုပ်ဆောင်ချက်သုံးခုရရှိနေပြီဖြစ်သည်။

ဤလုပ်ဆောင်ချက်အသစ်ကို ရှင်းလင်းစွာသိရှိသွားပြီးနောက် ချမ်ချန်ကန်းက သူ့လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ၏ဆံပင်များကလေထုထဲတွင်ဝဲနေပြီး သူ၏မျက်လုံးများက ရုတ်တရက်အဝေးကို လှမ်းကြည့်လိုက်သည်။

ချမ်းချန်ကန်း၏ မျက်လုံးထဲ၌တောက်ပသော အလင်းတန်းတစ်ခု လျင်မြန်စွာဖြစ်ပေါ်လာခဲ့သည်။

*ဒါကအမှတ်ပြည့်အထူးပြုလုပ်ဆောင်ချက်လား*

သူတွေးလိုက်သည့်အခိုက်အတန့်၌ ချမ်ချန်ကန်း၏ခန္ဓာကိုမှ တောက်ပသောနတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ပြင်အထိအလင်းတန်းများက တောက်ပလာခဲ့သည်။

“ဝုန်း …. ”

သက်ရှည်ဘုရားကျောင်းထဲ၌ ရုတ်တရက်ပေါ်လာသော မြင်ကွင်းကြောင့် ကျင့်ကြံနေသော လင်းပေါင်အားနှင့်အမြီးလေးတို့က ထိတ်လန့်သွားကြသည်။

တစ်ချိန်တည်းမှာပင် တောင်ပေါင်းတစ်သိန်းတောင်တန်တွင်ရှိသော နတ်ဆိုးများကလည်း ဤအချင်းအရာကိုသတိပြုမိသွားကြသည်။

သူတို့က ခေါင်းမော့ပြီး ဖေးရှန့်တောင်ထိပ်ကို ကြည့်လိုက်ကြသည်။ မျက်လုံးစူးရှသည့်အလင်းတန်းများကသူတို့၏မျက်လုံးထဲသို့ ဝင်ရောက်လာပြီး ထိုမြင်ကွင်းကြောင့် ဘယ်သူမှမကြည့်နိုင်တော့ပဲ မျက်ရည်များပင်စီးကျလာခဲ့သည်။

ချမ်ချန်ကန်း၏ခန္ဓာကိုယ်မှ မီးတောင်တစ်သန်းလောက်ပေါက်ကွဲပြီး မီးရှုးမီးပန်းများထွက်လာသကဲ့သို့ ဖြစ်နေသည်။

အင်မော်တယ်အလင်းတန်းများကလည်း အရာရာကိုဖြတ်သန်းသွားပြီး ဟင်းလင်းပြင်ကို ထိုးဖောက် ဝင်ရောက်ကာ အင်မော်တယ်နဂါးများအလား ကောင်းကင်ထံတွင်ပျံသန်းပြီး ချမ်ချန်ကန်းကို ဝန်းရံနေ ကြသည်။

ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး တုန်ခါနေပြီး တာအိုတေးသံများကလည်း ပျံ့လွင့်လာခဲ့သည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းတွင်ရှိသော မရေတွက်နှိုင်သည့် နတ်ဆိုးများကဤအချင်းအရာကို နားမလည်ကြသော်လည်း သူတို့၏စိတ်ထဲ၌ အတွေးတစ်ခုသာရှိပေသည်။

တကယ့်ကိုအံအားသင့်စရာပဲ၊ ကျယ်ပြောလှသည့် နတ်ဘုရားတေးသံက ကမ္ဘာတစ်ခွင်ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး လူပေါင်းများစွာကို ကောင်းကင်နှင့်မြေပြင်၏ အစစ်အမှန်သဘောတရားကို နားလည်သွားစေသကဲ့သို့ ဖြစ်စေခဲ့သည်။

ချမ်ချန်ကန်း၏ ခြေဖဝါးအောက်၌ တောက်ပသောနတ်ဘုရားစမ်းချောင်းက လှည့်ပတ်နေပြီး အရောင်ငါးရောင် အင်မော်တယ်ကြာပန်းက ပွင့်လန်းကာ ၎င်း၏ပတ်ပတ်လယ်တွင်လည်း ရွှေရောင် အလင်းတန်းများဝန်းရံထားသည်။

ဤသည်က အမှတ်ပြည့်အထူးပြုလုပ်ချက်ပင်ဖြစ်သည်။

သစ်သား၊ ရေ၊ မီး၊ မြေ၊ သတ္ထုငါးမျိုးပါဝင်သော ဝတ်စုံသော အမိုးကခေါင်းထက်တွင် ဖုံးလွမ်းနေပြီး နတ်ဘုရားကျောက်စာတိုင်လေးတိုင်ဖြင့် ယင်ယန်စွမ်းအားနှစ်မျိုးပေါင်းစပ်ပြီး သူ၏နောက်ကျော်၌ ယင်ယန်နေရောင်ခြည်ပုံစံဖြစ်ပေါ်နေပြန်သည်။

အဖြူရောင်သက်တန့်များက အရှေ့တွင်ပျံသန်းသွားပြီး ခရမ်းရောင်ချီစွမ်းအင်များကလည်း အရှေ့ အရပ်မှရောက်ရှိလာကြပြန်သည်။

နတ်ဘုရားအစောင့်အရှောက်လေးပါးကလည်း လေးဘက်လေးတန်ကနေ စောင့်ရှောက်နေကြသည်။ ချမ်ချန်ကန်း၏ပုံစံမှာ ကမ္ဘာပေါ်သို့ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်ထင်ရသည်။

သူ၏မျက်လုံးများက အေးဆေးတည်ငြိမ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း အလင်းတန်းများ တောက်ပနေသည်။

သူ၏ဆံပင်များကလည်း လေထုထဲတွင်လွင့်ပျံသန်းနေပြီး ဆံပင်တစ်ချောင်းချင်းစီကလည်း ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေတော့သည်။

အချိန်မည်မျှကြာသွားသည်မသိလိုက်ပဲ ချမ်ချန်ကန်း၏ခန္ဓာကိုယ်ပေါ်မှ အထူးပြုလုပ်ချက်က တဖြည်း ဖြည်းပျောက်ကွယ်သွားပြီး တစ်ကမ္ဘာလုံးတိတ်ဆိတ်သွားခဲ့သည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ မရေတွက်နိုင်အောင် များပြားလှသည့် နတ်ဆိုးများ၊ လင်းပေါင်အာနှင့် အမြီးလေးတို့အပါအဝင် အားလုံးကချမ်ချန်ကန်းကို ခေါင်းမော့ပြီး ကြက်သေသေနေကြသည်။

သူတို့၏မျက်လုံးထဲ၌ ယခုချမ်ချန်ကန်း၏ပုံရိပ်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေသည်။ သူ၏ပတ်ပတ် လည်တွင် နားမလည်နိုင်သော တာအိုစည်းချက်များက ပျံ့လွင့်နေပြီး သူ၏နောက်တွင်လည်း အမျိုးမျိုးသော ရူပါရုံများကလည်း ဖြစ်ပေါ်နေသည်။

သူသည် သေမျိုးအငွေ့အသက်များဖြင့် လွမ်းခြုံမထားပေ။ သူ၏လက်များကိုနောက်သို့ပစ်ပြီး အဝေးသို့ ကြည့်နေပြီး သူ၏မျက်လုံးများကလည်း ကျယ်ပြောသည့် ကြယ်တာရာကဲ့သို့ တောက်ပနေပေသည်။

ဤအချိန်၌ နတ်ဆိုးဘုရင်အုပ်စုက အဘယ့်ကြောင့်ချမ်ချန်ကန်း ဤနေရာတွင်တရားကျင့်ကြံသည်ကို သိရှိလာရပုံရသည်။

ဤသည်မှာထူးခြားသော အသွင်အပြင်တစ်ခုမွေးဖွားခြင်းဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံးပင် ကွဲအပ်သွား စေနိုင်သည်။

၎င်းတို့ပုံရိပ်သည် ပြိုင်ဘက်ကင်းပြီး သိမ်မွေ့ပြီး လွတ်လပ်ပြီးနတ်ဘုရားတစ်ပါးလို အင်မော်တယ်တစ်ပါးလို ဒါမှမဟုတ် လွတ်လပ်ပေါ့ပါးစွာနေထိုင်သော ကျောင်းတော်သားတစ်ပါးလိုဖြစ်နေသည်။

စကားလုံးထောင်ပေါင်းများစွာရှိသော်လည်း နတ်ဆိုးအုပ်စုက မည်သို့ပြောရမှန်းမသိတော့ပေ။ သူတို့၏စိတ်ထဲ၌ စကားလုံးလေးလုံးသာရှိသည်။

“စီနီယာက တကယ့်ကိုမိုက်တာပဲ”

ယခင်က သူတို့သည် ချမ်ချန်ကန်းကို ကိုးကွယ်လေးစားကြရုံသာရှိသည်။ ယခု၌ ချမ်ချန်ကန်းအပေါ် သူတို့၏လေးစားမှုက ပြောင်းလဲသွားခဲ့သည်။

သူသည် စကြာဝဠာတစ်ခုလုံးထဲတွင် တစ်ဦးတည်းသော မဟာသူတော်စင်ဖြစ်ပြီး လူပေါင်းများစွာက သူ့အားမကိုးကွယ်ပဲ မနေနိုင်တော့ပေ။

ဖေးရှန့်တောင်ထိပ်တွင် ချမ်ချန်ကန်းက သူ့အကြည့်ကိုရုပ်သိမ်းလိုက်ပြီး အနည်းငယ်မကျေမနပ် ဖြစ်နေသည်။

“ဒါကအမှတ်ပြည့်အထူးလုပ်ဆောင်ချက်လား”

ဤအမှတ်ပြည့်အထူးလုပ်ဆောင်ချက်နှင့် ပတ်သက်၍ချမ်ချန်ကန်းက သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အမျိုးမျိုးသော ရူပါရုံအမျိုးမျိုးထွက်ပေါ်နေပြီး သူ့ကိုယ်သူကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။

သူ၏အပြုအမူနှင့် စကားလုံးများနှင့် လုပ်ဆောင်ချက်များကပင် အခြားသူများကို နက်နက်သော ခံစားချက်မျိုးပေးစေနိုင်သည်။

၎င်းသည်မမြင်ရသော လက်နက်တစ်ခုနှင့် ခြိုမ်းခြောက်ခံထားရသလို ခံစားနေရပြီး “အစစ်အမှန်တာအို ၏ လုပ်ဆောင်ချက်”နှင့် ပေါင်းစပ်လိုက်သောအခါ အမှန်ပင်ရှော့ရစရာကောင်းပြီး စိတ်ကူးလို့တောင် မယှဉ်နိုင်အောင်ဖြစ်နေမိသည်။

သို့သော် ထိုမှလွဲ၍ အခြားအသုံးဝင်မှုမရှိပေ။ ဤသည်က ချမ်ချန်ကန်းမကျေမနပ်ဖြစ်ရသည့် အချက်ပင်ဖြစ်သည်။

“ဆရာ စောစောကမြင်ကွင်းက”

ချမ်ချန်ကန်းတွေးနေစဉ် လင်းပေါင်အာနှင့်အမြီးလေးတို့က တောင်ထိပ်သို့ရောက်ရှိလာကြသည်။ သူတို့က ချမ်ချန်ကန်းကို ငေးကြည့်နေကြသည်။

“အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”က အတော်တိုက်တွန်းကြသော်လည်း စွမ်းအင်များက ဝန်းရံထားဆဲ ဖြစ်သည်။

သူ့ပုံစံက ပြိုင်ဘက်မရှိဟန်တူနေပေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် လင်းပေါင်အာနှင့်အမြီးလေးတို့က နက်နဲဆန်းကြယ်သော ခံစားချက်မျိုး ခံစားလိုက်ရသည်။

သူ၏ဆရာသည် ယခင်ကနှင့်မတူပဲ ပြောင်းလဲသွားသည်ကို သူတို့ခံစားမိသော်လည်း ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

ချမ်ချန်ကန်းက ရောက်ရှိလာသော လင်းပေါင်အာနှင့် အမြီးလေးကို ညင်သာစွာကြည့်ပြီး ပြုံးလိုက်သည်။

“ဘာဖြစ်လို့လဲ”

All Chapters