အခန်း ၁၀၃
Vol. 8 Ch. 103
အခန်း (၁၀၃) ရပ်စမ်း၊ အဲဒါကငါနဲ့ဘာမှမဆိုင်ဘူး
“ဆရာ .. ဆရာအရင်ကနဲ့လုံးဝမတူတော့ဘူးလို့ သမီးခံစားနေရတယ်”
ခဏအကြာ၌ လင်းပေါင်အာက သတိပြန်ဝင်လာပြီးသူမ၏ အူကြောင်ကြောင် မျက်လုံးလေးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ရင်းပြောလိုက်သည်။
“အီး ….. ”
အမြီးလေးကလည်း သဘောတူဟန်ဖြင့် အသံပေးလိုက်သည်။
လက်ရှိချမ်ချန်ကန်းက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူကမည်သူမှစော်ကားလို့မရသည့် ဖြစ်တည်မှုတစ်ခုလိုခံစားနေရသည်။
ချမ်ချန်ကန်းကပြုံးပြီး လင်းပေါင်အာ၏ခေါင်းလေးကို ပွတ်သတ်ပေးလိုက်သည်။
“ဆရာက အခု ဉာဏ်အလင်းနည်းနည်းရသွားတာပါ၊ တခြားဘာမှထူးထူးရှားရှားမရှိပါဘူး”
“အီး ….. ”
လင်းပေါင်အာ၏ပခုံးထက်တွင်ရှိသော အမြီးလေးက အသံပေးလိုက်ပြန်သည်။
ချမ်ချန်ကန်းက တဟားဟားရယ်မောပြီး ပြောလိုက်သည်။
“အမြီးလေး မင်းကအရမ်းငယ်သေးတယ်၊ မင်းမကြာခင်ပိုကြီးလာမှာပါ”
အမြီးလေးက နှုတ်ခမ်းစူပြီး စိတ်ဆိုးသွားသည်။ သူမက ကြီးပြင်းလာကြောင်း ပြောချင်ဟန်တူပေသည်။ သူမသည် အစတုန်းက လက်သီးတစ်ဆုပ်စာသာရှိသော်လည်း အခုတော့လက်သီးနှစ်ဆုပ်စာရှိလာခဲ့ချေပြီ။
မကြာမီ လက်သီးဆုပ်စာ အများကြီးရှိလာတော့မှာသေချာပေသည်။
အထက်ဘုံရွှယ်ဝူအင်မော်တယ်နယ်မြေ၌ အင်မော်တယ်တံခါးတစ်ခုပွင့်လာခဲ့သည်။
ကျန်းယုချန်က အင်မော်တယ်တံခါးထဲမှထွက်လာပြီးနောက် သက်ပြင်းချလိုက်သည်။ သူမက အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။
မကြာခင်၌ သူမသည် အောက်ဘုံ၌ သေလုနီးပါးဖြစ်ခဲ့ရသည်။ အမှောင်တိုက်ကြီး၏အရှင်ဗုဒ္ဓသခင်သည် အင်မော်တယ်ထောင်ပေါင်းများစွာကိုပင် ဖိနှိပ်နိုင်ခဲ့သော တည်ရှိမှုတစ်ခုဖြစ်ပေသည်။
အင်မော်တယ်နယ်မြေ၌ လူတိုင်းက သူ့ကိုသေသွားပြီဟု ထင်နေကြပြီး မည်သူကမှ သူ အသက်ရှင်နေလိမ့်မည်ဟုလည်းမတွေးကြပေ။
ဤကိစ္စသာ အထက်ဘုံသို့ရောက်ရှိသွားပါက ထောင်သောင်းချီသော အင်မော်တယ်နယ်မြေများ အားလုံးအဆုံးမဲ့သော ကြောက်လန့်မှုများထဲသို့ ပြန်လည်ရောက်ရှိသွားနိုင်ပေသည်။
*ဗုဒ္ဓသခင်ပြန်လာပြီဆိုတော့ အဲဒါကသူ့ရဲ့ခေတ်ပြန်ဖြစ်ဖို့ ကံကြမ္မာပဲလား*
အဆုံး၌ ကျန်းယုချန်က သက်ပြင်းချလိုက်သည်။
ထောင်သောင်းချီနေသော အင်မော်တယ်နယ်မြေများ၏ နောက်ဆုံးရလပ်ကမည်သို့ပင်ဖြစ်ပါစေ ဤကိစ္စများကို သူမတားဆီးနိုင်သည်မဟုတ်ပေ။
သူမသည် ရှယ်ဝူအင်မော်တယ်နယ်မြေထဲရှိ သာမန်လူတစ်ဦးသာဖြစ်ပေသည်။
ယခုဆို ကတိသစ္စာပါပြုထားရပေသည်။
သူမသာ ရှယ်ဝူအင်မော်တယ်နယ်မြေသို့ရောက်ပြီး ဤကိစ္စကိုသတင်းဖြန့်လိုက်မည်ဆိုပါက တာအိုကတိကဝတ်က သူမကိုဘာလုပ်မလဲဆိုတာ သူမ မတွေးရဲနိုင်ပေ။
သူမက တွေးလိုက်မိသည်။ ရှယ်ဝူအင်မော်တယ်နယ်မြေတွင် ရှိသောလူတိုင်းက ချမ်ချန်ကန်းကို မမြင်ရပဲ သူ့ကိုယ်ပေါ်တွင်ရှိနေသော ပျက်စီးခြင်းရနံ့ကိုမရပဲ ဗုဒ္ဓအရှင်က အသက်ရှင်နေမည်ဟု မည်သူမှယုံမှာ မဟုတ်ပေ။
ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေများကလည်း အလားတူပင်ဖြစ်သည်။
“ဒီကိစ္စကငါနဲ့မဆိုင်ဘူး။ ငါ့မိသားစုဆီပြန်ပြီး အခြေအနေကိုစောင့်ကြည့်တာပဲကောင်းတယ်”
ကျန်းယုချန်က ရေရွတ်ရင်း ချမ်ချန်ကန်းထံမှ လဲလှယ်ခဲ့သော ကျူးယန်အင်မော်တယ်သစ်သီးကို ထုတ်ကြည့်လိုက်သည်။
ကံကောင်းစွာဖြင့် သစ်သီးတစ်လုံးရခဲ့သည်။ တစ်လုံးတည်းဆိုပေမဲ့လည်း ဘိုးဘေးအသက်ဆက်ရှင်ဖို့ အသက်ရှည်ဆေးကိုပြုလုပ်ဖို့ လုံလောက်မယ်လို့ထင်ပေသည်။
ကျန်းယုချန်က စိတ်ပိုင်းဖြတ်ထားပြီးသည် ကျူးရှို့တိုက်ကြီးကိုသွားသည့် ခရီးစဉ်ပြီးနောက်သူမသည် ဘယ်သောအခါ ကျူးရှို့တိုက်ကြီးကို ထပ်မံမသွားတော့ဟု ဆုံးဖြတ်ထားပေသည်။
ချမ်ချန်ကန်းကိုလည်း ထပ်မတွေ့ချင်တော့ပေ။ ထို့နောက် ကျန်းယုချန်က ကျူးယန်အင်မော်တယ်သစ်သီးကို သိမ်းဆည်းပြီးနောက် နတ်ဘုရားသက်တံအဖြစ်ပြောင်းလဲကာ ကျန်းမိသားစုဆီအမြန်နှုန်းနှင့်ထွက်ခွာရန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်၌ ကောင်းကင်ယံကိုဖြတ်သန်းပြီး နတ်ဘုရားသက်တံနှစ်ခုက ထိုးဖောက်ဝင်ရောက်လာ ကာ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ကြောက်မက်ဖွယ်ရာကောင်းသော အင်မော်တယ်စွမ်းအားများဖြင့် ဖုံးလွမ်းသွားခဲ့သည်။
ထိုအင်မော်တယ်စွမ်းအားများက လှိုင်းလုံးများသဖွယ် လွမ်းခြုံလာခဲ့သည်။
ကျန်းယုချန်က ရပ်ပြီး အေးစက်စွာကြည့်လိုက်သည်။
အင်မော်တယ်သက်တံနှစ်ခုပျောက်ကွယ်သွားပြီးနောက် လူနှစ်ဦးပေါ်လာခဲ့သည်။
ထိုသူနှစ်ဦးမှာ အင်မော်တယ်သိုင်းသူတော်စင်နှင့် လန်မင်အင်မော်တယ်သူတော်စင်တို့ဖြစ်ကြသည်။
သူတို့နှစ်ယောက်စလုံးက ကျန်းယုချန်ရှေ့တွင်ရပ်နေပြီး အေးစက်စွာစိုက်ကြည့်နေကြသည်။
ကျန်းယုချန်သည် ကျန်းမိသားစု၏ပါရမီရှင်တစ်ဦးဖြစ်ပြီး သူမ၏ကျင့်ကြံမှုစွမ်းအင်ကလည်း အံ့မခန်းပင်ဖြစ်သည်။
အင်မော်တယ်အဆင့်ငါးအထိ ကျင့်ကြံထားပြီးသားဖြစ်သည်။
သို့ပေမဲ့ အင်မော်တယ်သိုင်းသူတော်စင်နှင့် လန်မင်အင်မော်တယ်သူတော်စင်တို့၏ရှေ့၌တော့ သူမ၏ကျင့်ကြံမှုမှာ မလုံလောက်သေးပေ။
သို့သော်လည်းပဲ ကျန်းယုချန်ကကြောက်လန့်ခြင်းမရှိပေ။ သူမသည် ချမ်ချန်ကန်းကိုကြောက်ရခြင်းမှာ မွေးရာပါသွေးမျိုးဆက်က စီးဆင်းလာသော အမွေအနှစ်များမှ အကြောက်တရားေကြာင့်ဖြစ်သည်။
သူမ၏မိသားစုဘိုးဘေးများ၊ ရှယ်ဝူအင်မော်တယ်နယ်မြေရှိအရှင်သခင်ပင်လျင် ချမ်ချန်ကန်းကို မြင်လျှင်ကြောက်လန့်မှာသေချာပေသည်။
သို့သော် ဤအင်မော်တယ်သိုင်းသူတော်စင်နှင့် လန်မင်အင်မော်တယ်သူတော်စင်တို့ကို မဆိုလိုပေ။
သူတို့သည် အင်အားကြီးသော်လည်း သူ့နောက်ကွယ်တွင်ရှိသော ကျန်းမိသားစုကိုတော့ အင်မော်တယ်သိုင်းသူတော်စင်နှင့် လန်မင်အင်မော်တယ်သူတော်စင်တို့က စိန်မခေါ်ရဲကြပေ။
သူမက မာနထောင်လွှာခြင်းမရှိပဲ အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
“အင်မော်တယ်သခင်နှစ်ပါးက ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ”
လန်မင်အင်မော်တယ်သူတော်စင်က စကားမပြောသေးဘဲ သူမကို အရေးမပါဟန်နှင့်စိုက်ကြည့်လိုက်သည်။
“နတ်သမီးယုချန် ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျူးရှို့တိုက်ကြီးကို ဆင်းသွားတယ်လို့ကြားတယ်။ ဒါကြောင့် နတ်သမီးယုချန်ကို မေးချင်တဲ့ကိစ္စအနည်းငယ်ရှိတယ် ”
ကျန်းယုချန်က အေးဆေးစွာပြောလိုက်သည်။
“အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကိုပြောနေတာလား၊ ဒါပေမဲ့အဲဒီကိစ္စက ကျွန်မနဲ့မဆိုင်ဘူး”
လန်မင်အင်မော်တယ်သူတော်စင်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာပြုံးကာ ကျန်းယုချန်ကို စိုက်ကြည့်လိုက်သည်။
“မင်းနဲ့မဆိုင်ဘူးဆိုတာ ဘယ်လိုသိမှာလဲ၊ ဒီအောက်ဘုံမှာ သူ့ကိုသတ်နိုင်တဲ့လူက မင်းအပြင် အခြားတစ်ယောက်ရှိတယ်လို့ ငါမယုံဘူး”
သို့ပေမဲ့ သူမအတွက်တော့ ကျူးရှို့တိုက်ကြီးတွင် ကိစ္စများစွာကိုဖြတ်သန်းခဲ့ပြီးပြီဖြစ်သောကြောင့် လန်မင်အင်မော်တယ်သူတော်စင်နှင့် အင်မော်တယ်သိုင်းသူတော်စင်တို့နှင့် စကားပြောရန် စိတ်မပါတော့ပေ။
သူမသည် စီနီယာနှင့်လည်း မည်သည့်ဆက်သွယ်မှုမှမရှိချင်တော့ပေ။
“ယုံတာ မယုံတာရှင်တို့ကိစ္စပဲ”
ထိုသို့ပြောပြီးနောက် ကျန်းယုချန်က ထွက်သွားရန်ပြင်လိုက်သည်။
သို့သော်လည်း လန်မင်အင်မော်တယ်သူတော်စင်က အေးစက်စွာဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“ကျန်းယုချန် ဒီကိစ္စကိုမင်းရှင်းပြရမယ်၊ ”