← Chapters

အခန်း ၁၀၄

Vol. 8 Ch. 104

အခန်း ၁၀၄

Vol. 8 Ch. 104

အခန်း (၁၀၄) ပြန်လည်တည်ဆောက်ရန်နေရာ၊ အင်မော်တယ်အာဏာအတွက်အခွင့်အလမ်း

သိထားသင့်သည်တစ်ခုမှာ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် သူ့အတွက် သူအတော်လေး မျက်စိကျရသော သူ၏လက်အောက်ငယ်သားဖြစ်ပြီး ထိုသူက သာမန်ထက်ပိုပြီးအလားအလာရှိသူလည်းဖြစ်သည်။

အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို အင်မော်တယ်တစ်ပိုင်းအဆင့်ထိရောက်အောင် အရင်းအမြစ်များအကုန်ခံပြီး လေ့ကျင့်ထားပေးထားရခြင်းဖြစ်သည်။

အနာဂတ်၌ သူ၏ညာလက်ရုံးအဖြစ်ရွေးချယ်ဖို့တောင် စီစဉ်ထားပေမဲ့အောက်ဘုံ၌ ဤကဲ့သို့သေသွားမည်ဟု သူတွေးမထားမိပေ။

အင်မော်တယ်လန်မင်၏အမြင်မှာတော့ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ သေဆုံးရခြင်းအကြောင်းရင်းမှာ သူ့ရှေ့တွင်ရှိသော ကျန်းယုချန်နှင့်လုံးဝသက်ဆိုင်နေဟု ထင်နေပေသည်။

ကျန်းယုချန်၏လက်ထဲတွင်ရှိသော လျှို့ဝှက်ကတ်များနှင့်ဆိုပါက အောက်ဘုံ၌ အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်ကိုသတ်ဖြတ်ရာမှာ မခက်ခဲပေ။

အင်မော်တယ်လန်မင်၏ သဘောထားနှင့်ရင်ဆိုင်ရသောအခါ ကျန်းယုချန်က စိတ်အနှောင့်အယှက်ဖြစ်သည့်အပြင် အင်မော်တယ်လန်မင်နှင့် အင်မော်တယ်သိုင်းသူတော်စင်တို့ကို သနားသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။

*ရှင်တို့က စီနီယာကို စိန်ခေါ်ရဲတယ်ဟုတ်လား၊ တကယ့်ကို ဝက်ဝံအသည်းနဲ့ ကျားအသည်းကိုစားထားတာလားမသိဘူး*

*နောက်ဆုံးတော့လည်း ရှင်တို့တွေအကုန်လုံး စီနီယာလက်ထဲမှာသေဆုံးရတော့မှာပဲ*

သူမက တည်ငြိမ်အေးဆေးစွာပြောလိုက်သည်။

“အင်မော်တယ်လန်မင် ကျွန်မက ရှင့်ကို မရှင်းပြရင်ရော ရှင်တို့က ကျွန်မကို ဘာလုပ်ချင်လို့လဲ”

ကျန်းမိသားစုသည် ရွှယ်ဝူအင်မော်တယ်နယ်မြေ၌ ထိပ်တန်းမိသားစုတစ်ခုဖြစ်ပြီး အင်မော်တယ်လန်မင်နှင့် အင်မော်တယ်သိုင်းသူတော်စင်တို့ စိန်ခေါ်နိုင်သည့်သူများမဟုတ်ပေ။

အင်မော်တယ်လန်မင်က ဒေါသတကြီးဖြင့် ကျန်းယုချန်ကို စိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးက အေးစက်သော အလင်းတစ်ချက်လက်သွားသည်။

“ညီလေးလန်မင် စိတ်မလောနဲ့။ နတ်သမီးယုချန်က သူမနဲ့မသက်ဆိုင်ဘူးပြောတယ်ဆိုမှတော့ သူမ မလိမ်လောက်ပါဘူး။ သူမကိုသွားခွင့်ပေးလိုက်တော့”

အင်မော်တယ်သိုင်းသူတော်စင်က ဤအခိုက်တည် ငြိမ်နေပုံရပြီး သူ၏မျက်လုံး၌လည်း တဖျက်ဖျက် လက်နေကာ သူ မည်သည်ကိုတွေးနေမှန်းမသိပေ။

ကျန်းယုချန်ကမူ မည်သည့်စကားမှမပြောတော့ပဲ နတ်ဘုရားသက်တံအဖြစ် ပြောင်းလဲသွားပြီး တိုက်ရိုက်ထွက်ခွာသွားတော့သည်။

*အင်မော်တယ်သိုင်းသူတော်စင်နှင့် အင်မော်တယ်လန်မင်ကိုသတိပေးဖို့အတွက်လား တောင်းပန်ပါတယ်၊ ဒါကငါနဲ့မသက်ဆိုင်တဲ့ကိစ္စပဲ သူတို့သေခြင်းကို သူတို့ရှာတာပဲ*

ကျန်းယုချန်ထွက်ခွာသွားပြီးနောက် အင်မော်တယ်လန်မင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“အစ်ကိုရှန်းဝူ ဘာလို့သူမကိုထွက်ခွာခွင့်ပြုလိုက်တာလဲ။ သူမကြောင့်သာမဟုတ်ရင် အောက်ဘုံမှာ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို ဘယ်ကောင်ကများသတ်နိူင်မှာလဲ”

သိသာပေသည်။ အင်မော်တယ်လန်မင်သည် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၌ ယုံကြည်ချက် အပြည့်ရှိသေည်။

“ညီလေးလန်မင် ကျန်းယုချန်က တကယ်ပဲအစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို သတ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ ငါတို့ကသူမကို ဘယ်လိုလုပ်ဖမ်းနိုင်မှာလဲ။ ဒီလိုမျိုးကြားဖြတ်ဟန့်တားတာကလည်း ဘာဖြစ်နေလဲဆိုတာ သိဖို့ပဲမဟုတ်ဘူးလား။ ပြီးတော့အားလုံးလည်းသိတဲ့အတိုင်း သူမအနောက်မှာ ကျန်းမိသားစုလည်းရှိသေးတယ်မဟုတ်လား”

အင်မော်တယ်လန်မင်က တိတ်ဆိတ်ပြီးဘာစကားမှမပြောတော့ပေ။ ထို့နောက်အကြာကြီးတိတ်ဆိတ်နေပြီးမှ စကားထပ်ပြောလိုက်သည်။

“အစ်ကိုရှန်းဝူ နောက်ထက်ဘာလုပ်ဖို့ စီစဉ်ထားလဲ”

“အောက်ဘုံကပုရွက်ဆိတ်လေးကတော့ ဒီတစ်ခေါက်တော့ကံကောင်းလို့လွတ်သွားပေမဲ့ နောက်တစ်ခါတော့ သူ့ရဲ့သေခြင်းကနေလွတ်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ အဲဒီပုရွက်ဆိတ်က အင်မော်တယ်သတ်ဖြတ်သူဖြစ်နေမှာတော့ အောက်ဘုံကို နောက်ထပ်လူတွေစေလွတ်လည်း သူ့ကို သတ်နိုင်မှာမဟုတ်ဘူး”

ခဏလောက်ရပ်ပြီးနောက် အင်မော်တယ်သိုင်းသူတော်စင်က နှာခေါင်းရှုံ့လိုက်သည်။

“ညီကိုလန်မင် ငါကြားတာတော့ နဝမမင်းသားကမကြာခင် ပြန်လည်တည်ဆောက်တော့မယ်လို့ကြားတယ်။ အခုပြန်လည်တည်ဆောက်ဖို့ သင်လျှော်တဲ့နေရာကို ရှာနေတယ်လို့လည်းကြားတယ် အဲဒီကျူးရှို့ တိုက်ကြီးက ပြန်လည်တည်ဆောက်ဖို့ သင့်တော်တဲ့နေရာလို့ ငါတော့ထင်တာပဲ”

အင်မော်တယ်လန်မင်သည် ဤစကားကိုကြားသောအခါ သူ့မျက်နှာကအကြီးအကျယ် ပြောင်းလဲသွားသည်။

“အစ်ကိုရှန်းဝူ ခင်ဗျား....”

အင်မော်တယ်သူတော်စင်က ခေါင်းညိတ်လိုက်သည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး သူ၏မျက်လုံးများက အဝေးတစ်နေရာကိုလှမ်းကြည့်ကာ ပရိယာယ်များသောအရိပ်များထင်ဟပ်နေ သည်။

“ညီကိုလန်မင်း အခုကမ္ဘာကြီးကဖရိုဖရဲဖြစ်နေတယ်။ ရွှယ်ဝူအင်မော်တယ်နယ်မြေမှာလည်း အရှင်သခင်က မရှိဘူး။ ပြီးတော့ နဝမမင်းသားရဲ့ ကိုယ်လုံးကိုယ်ပေါက်အရဆိုရင် နဝမမင်းသားက နတ်ဘုရားနတ်ဆိုးခန္ဓာကိုလည်းရှိတယ်။ ပြိုင်ဘက်ကင်းတဲ့စွမ်းအားတွေလည်းရှိတယ်။ ရှန်မိသားစုကလည်းနောက်ခံရှိပြန်တယ်။ သူကမှ တကယ့်ကို ပညာရှိတဲ့ရွေးချယ်မှုပဲ။ နဝမမင်းသားရဲ့ ကောင်းမွန်တဲ့ အလားလာနဲ့ဆိုရင် သူက နောက်ထက်ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ အရှင်သခင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုက အရမ်းနောက်ကျနေပြီလား”

အင်မော်တယ်သိုင်းသူတော်စင်ကစိုးရိမ်နေခဲ့သည်။

သိုင်းသူတော်စင်က နှာခေါင်းရှုံ့လိုက်မိသည်။

“တကယ်တော့ အခြားမင်းသား မင်းသမီးရှစ်ပါးနဲ့ နှိုင်းယှဉ်ရမယ်ဆိုလို့ရှိရင် နဝမမင်သားက အောက်ဘုံကိုဆင်းသက်တာက အနည်းငယ်တော့ နောက်ကျနေတာပေါ့။ ဒါပေမဲ့ ငါတို့ဘာတတ်နိုင်မှာလဲ။ အခုခေတ်မှာတော့ နဝမမင်းသားက ရွှယ်ဝူအင်မော်တယ်နယ်မြေရဲ့အရှင်သခင်ဖြစ်လာရမှာပဲ”

အင်မော်တယ်သိုင်းသူတော်စင်က ဤကဲ့သို့ ယုံကြည်ချက်ရှိသည်ကို မြင်သောအခါ အင်မော်တယ်လန်မင်၏မျက်နှာက တစ်စုံတစ်ခုကိုတွေးမိသွားပြီး မျက်နှာက အမျိုးမျိုးပြောင်းလဲသွားသည်။

“အစ်ကိုရှန်းဝူ ဒါက”

အင်မော်တယ်သိုင်းသူတော်စင်က ခေါင်းညိတ်ပြီး အင်မော်တယ်လန်မင်၏စကားကို ဖြတ်လိုက်သည်။

“အဟုတ်ပဲ။ ကျန်တဲ့မင်းသားမင်းသမီးရှစ်ပါးလုံးက ပြန်လည်တည်ဆောက်ပြီးပြီဆိုပေမဲ့ နဝမမင်းသားက နယ်မြေအထိမ်းအမှတ်ကျောက်စာတိုင်မှာ ပထမဆုံးအသိအမှတ်ပြုခံနေရတာပဲ”

“စစ်သည်တွေနဲ့ပြန်လည်တည်ဆောက်ပြီးနောက် အင်မော်တယ်နယ်မြေကို ပြန်လည်ရောက်ရှိလာပြီး နယ်မြေအထိမ်းအမှတ်ကျောက်စာတိုင်ကို ပိုင်ဆိုင်လိုက်တာနဲ့ သူ့အတွက်လွယ်ကူသွားမှာပဲ။ ငါလည်း အဲဒီကျူးရှို့တိုက်ကြီးကိုရွေးလိုက်ပြီး ကျူးရှိုက်တိုက်ကြီးက နဝမမင်းသားပြန်လည်တည်ဆောက်ဖို့ အသင့်တော်ဆုံးနေရာပဲ။ နဝမမင်းသားနဲ့နှိုင်းယှဉ်ရင် အဲဒီပုရွက်ဆိတ်က ဒီလောက်ထိအရေးမကြီး တော့ဘူး“

အင်မော်တယ်နယ်မြေ၌ အောက်ဘုံကိုဆင်းရန် ပိတ်ပင်ထားသည့်တားမြစ်ချက်ရှိသော်လည်း နည်းလမ်းတစ်ခုရှိသေးသည်။ ဤသည်ကတော့ အထက်ဘုံတွင်ရှိသော မင်းသား၊ မင်းသမီးများသည် အင်မော်တယ်တာအို အစောင့်အရှောက်တစ်ပါးကိုရွေးချယ်ပြီး စေလွှတ်ဖို့ပင်ဖြစ်သည်။

ရည်ရွယ်ချက်ကတော့ မင်းသား၊မင်းသမီးတို့ အောက်ဘုံသို့ဆင်းသက်လာသောအခါ ထိုအင်မော်တယ်တာအိုအစောင့်အရှောက်က မင်းသား၊မင်းသမီးတို့ကို သေဆုံးခြင်းမှ ကာကွယ်လိုပေရန် ဖြစ်ပေသည်။

ထို့အပြင်ပို၍ အရေးကြီးသည့်အချက်မှာ အင်မော်တယ်တာအိုအစောင့်အရှောက်သည် အောက်ဘုံတွင်ရှိနေသ၍ ကျူးရှို့တိုက်ကြီး၏ ကောင်းကင်တာအိုကို မစိန်ခေါ်သ၍ ကျန်သောကျူးရှို့တိုက်ကြီး၏ ဥပဒေဿများက အင်မော်တယ်တာအိုအစောင့်အရှောက်ကို သက်ရောက်မှုမရှိနိုင်ပေ။

ဤသည်က အင်မော်တယ်တာအိုအစောင့်အရှောက်များ၏ အထူးအခွင့်အရေးပင်ဖြစ်ပေသည်။ ဤအချိန်၌ ရှန်းဝူအင်မော်တယ်က အောက်ဘုံတွင်ရှိသော ပုရွက်ဆိတ်လေးကို သူ့လက်ထဲတွင် အလွယ်တကူသတ်ပစ်နိုင်တော့မည်ဖြစ်သည်။

သို့ပေမဲ့ ဤသည်ကား ရှန်းဝူအင်မော်တယ်အောက်ဘုံသို့ ဆင်းလာရသည့်အချက်မဟုတ်ပေ။ ရှန်းဝူအင်မော်တယ် အမှန်တကယ် အောက်ဘုံသို့ ဆင်းလာရသည့်အချက်မှာ နဝမမင်းသားကို ကာကွယ်ပေးဖို့ဖြစ်သည်။

အနာဂတ်၌ နဝမမင်းသားသည် အင်မော်တယ်နယ်မြေ၏အရှင်သခင်ဖြစ်လာပါက နဝမမင်းသား၏မူလတာအိုစောင့်ရှောက်သူတစ်ဦးအနေဖြင့် သူရရှိမည့် အကျိုးကျေးဇူးများက စိတ်ကူးလို့တောင်မရအောင် များပြားနေပေသည်။

ဤအချိန်၌ နတ်ဘုရားနယ်မြေတစ်ခုပိုင်ဆိုင်မှုဆိုတာ အိပ်မက်မဟုတ်တော့ပေ။ နတ်ဘုရားနယ်မြေတစ်ခုလုံးကို ချိုးဖျက်ဖို့ဆိုတာကလည်း အိပ်မက်မဟုတ်တော့ပေ။

ဤအကြောင်းကိုတွေးပြီးနောက် ရှန့်ဝူအင်မော်တယ်သိုင်းသူတော်စင်၏ မျက်လုံးများက တောက်ပ လာတော့သည်။

All Chapters