← Chapters

အခန်း ၁၀၅

Vol. 9 Ch. 105

အခန်း ၁၀၅

Vol. 9 Ch. 105

အခန်း (၁၀၅) ဖုန်းယွင်ရှေးဟောင်းဂိုဏ်း၊ ကျူးရှို့တိုက်ကြီးရှိခမ်းနားသောအဖြစ်အပျက်

တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ ဖေးရှန့်တောင်ပေါ်၌ ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်နယ်မြေက ဖေးရှန့်တောင်တစ်ခုလုံးကို ဖုံးလွမ်းသွားပြီဖြစ်သည်။

လက်ရှိဖေးရှန့်တောင်တစ်ခုလုံး ကျူးရှို့တိုက်ကြီးတွင်ရှိသော တမူထူးခြားသည့် အင်မော်တယ်နယ်မြေတစ်ခုဖြစ်လာခဲ့သည်။

နေ့တိုင်းနတ်ဆိုးများကလည်း ဖေးရှန့်တောင်သို့ ကျင့်ကြံရန်ဝင်ရောက်လာကြသည်။ ဤနတ်ဆိုးများအတွက် သူတို့နေ့တိုင်း ဖေးရှန့်တောင်သို့ဝင်ရောက်ခြင်းသည် သူတို့အတွက် ဘုရားဖူး ခရီးစဉ်ဟုဆိုနိုင်ပေသည်။

ဟုတ်ပေသည်။ ယင်းက အင်မော်တယ်နယ်မြေလည်းဖြစ်ပေသည်။

နတ်ဆိုးများသည် အကျိုးကျေးဇူးအများအပြားရရှိခဲ့ပြီး သူတို့၏ကျင့်ကြံခြင်းများကလည်း ခုန်ပျံကျော်လွှာပြီး တိုးတက်လာခဲ့ကြသည်။

ချမ်ချန်ကန်း၏နေရာ၌ နတ်ဆိုးများသည် အဆင့်များချိုးဖျတ်ပြီး သူ့အတွက်လည်းနယ်မြေတန်ဖိုးများ အမြောက်အများရရှိခဲ့သည်။

အရှေ့ဘက်နေထွက်ချိန်နှင့်အတူ နံနက်စောစောခါ၌ ဖေးရှန့်တောင်က အလွန်အေးချမ်းပြီး သာယာလှပနေတော့သည်။

သက်ရှည်ဘုရားကျောင်းထဲ၌ ချမ်ချန်ကန်းသည် အရှေ့အရပ်မှတက်လာသော နေရောင်ခြည်ကို မျက်နှာချင်းဆိုင်ရင်း ကျန်းမာရေးအတွက် ထိုက်ကျိကိုကစားနေသည်။

သူ၏နောက်တွင်တော့ လင်းပေါင်အာနှင့် အမြီးလေးတို့ကလည်း ချမ်ချန်ကန်း၏နောက်၌ စိတ်အားထက်သန်စွာ လိုက်လံလေ့ကျင့်နေကြသည်။

ချမ်ချန်ကန်း၏ လက်ထဲ၌ထိုက်ကျိသည် သိမ်မွေ့စွာဖြင့်ပုံစံမျိုးစုံ ဆက်တိုက်ပြောင်းလဲပြီး လျင်မြန်လိုက် နှေးကွေးလိုက်ဖြင့် တိမ်များသကဲ့သို့ စီးဆင်းနေသောရေများသကဲ့သို့ ယင်ယန်စီးချက် များဖြင့်ဝန်းရံကာ အလွန်လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများပါနေသဖြင့် အမြီးလေးနှင့် လင်းပေါင် အာတို့အတွက် အလွန်ပင်လေးနက်ကြောင်း ခံစားစေရသည်။

ထိုအခိုက် နတ်ဘုရားသက်တံနှစ်ခုက ကောင်းကင်ကိုဖြတ်သန်းပြီး သက်ရှည်ဘုရားကျောင်းထဲသို့ ဝင်ရောက်လာကြသည်။

နတ်ဘုရားသက်တံနှစ်ခုက ကွဲသွားပြီးဓားကိုးစင်းဂိုဏ်းမှ လင်းချင်ရှန်းနှင့် လင်းဟိုင်တို့ ဝင်ရောက်လာခဲ့ကြသည်။

သူတို့နှစ်ယောက်သည် သက်ရှည်ဘုရားကျောင်းထဲသို့ ဝင်ရောက်လာရင်း ချမ်ချန်ကန်းက ထိုက်ကြည့် ကစားနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူတို့ကမနှောက်ယှက်ဝံ့ပဲ ရိုသေစွာဖြင့်စောင့်နေခဲ့သည်။ အထူးသဖြင့် ချမ်ချန်ကန်း၏ ထိုက်ကျိကစားသည့် ပုံရိပ်ကိုကြည့်ပြီး လင်းဟိုင်နှင့် လင်းချင်ရှန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထိတ်လန့်သွားကြသည်။

“စီနီယာက ဘယ်လိုလက်ဝှေ့ထိုးနည်းကို ကစားနေတာလဲ၊ သူ့ကို ယင်ယန်စက်ဝိုင်းကြီးက ဝန်းရံထားပြီး လူတွေကိုဆန်းကြယ်စေတဲ့ ခံစားချက်ကိုပေးစွမ်းနေပါလား”

ဤလက်ဝှေ့အစုံ၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ချမ်ချန်ကန်းသည် လက်ဖဝါးတစ်ချက်တည်းဖြင့် အင်မော်တယ်များကိုသတ်ဖြတ်နိုင်သည်မှာ ဤအချင်းအရာကြောင့်ဖြစ်မည်ဟု လူတိုင်းမတွေးပဲမနေနိုင်တော့ပေ။

ထို့ကြောင့် သူတို့က ချမ်ချန်ကန်းကို ပို၍ပင်လေးစားလာကြသည်။ ထိုက်ကျိကစားပြီးသောအခါ ချမ်ချန်ကန်းက လန်းဆန်းသွားသလိုခံစားလိုက်ရသည်။

သူ၏ခါးလည်းမနာတော့ပေ။ သူ၏ခြေထောက်များလည်း မနာကျင်တော့ပေ။ သူက အလွန်ပင် တက်ကြွလာသည်။

ထို့နောက် ချမ်ချန်ကန်းက လင်းဟိုင်နှင့် လင်းချင်ရှန်းတို့ကို စိုက်ကြည့်လိုက်သည်။

“မင်တို့နှစ်ယောက် ဘာကိစ္စရှိလို့လဲ”

သူတို့ရုတ်တရက်လာရောက်လည်ပတ်သည့် အစီအစဉ်အရ ချမ်ချန်ကန်းက တစ်စုံတစ်ခုဖြစ်မည်ဖြစ်ကြောင်းတွေးလိုက်မိသည်။

ချမ်ချန်ကန်းက အထက်ဘုံနှင့်ဆက်စပ်မှုရှိမရှိသိချင်မိသည်။ အထက်ဘုံကသာ သူ့ကိုနှောင့်ယှက်လျင် ပို၍ကောင်းပေမည်။

“အဖေ”

လင်းပေါင်အာက နှုတ်ဆက်လိုက်သည်။ လင်းချင်ရှန်းကပြုံးပြီးခေါင်းညိတ်လိုက်သည်။

သူ၏သမီးသည် စီနီယာကိုဆရာအဖြစ်ကိုးကွယ်ခွင့်ရသည်မှာ သူ့အတွက်အလွန်ဂုဏ်ယူရပေသည်။ လင်းဟိုင်ကဖိတ်စာတစ်စောင်ကိုထုတ်ပြီး လေးစားစွာပြောလိုက်သည်။

“စီနီယာ ဒါကစီနီယာကိုပေးဖို့ ဖုန်းယွင်ရှေးဟောင်းဂိုဏ်းက ကျုပ်တို့ကိုပို့ခိုင်းတဲ့ဖိတ်စာပါ”

“ဖိတ်စာဟုတ်လား”

ချမ်ချန်ကန်းက အံအားသင့်သွားသည်။

လင်းဟိုင်က လေးစားစွာပြောလိုက်သည်။

“စီနီယာ နောက်သုံးရက်အတွင်း ကျူးရှို့တိုက်ကြီးမှာ နှစ်ပေါင်းသုံးရာကျော်တိုင်း တစ်ခါကျင်းပတဲ့ ကျူးရှို့တိုက်ကြီးရဲ့ပွဲတော်ရှိပါတယ်။ အမှန်တော့တစ္ဆေပြည်နယ်ရဲ့ ဖုန်းယွင်ဂိုဏ်းကြီးမှာ ကျင်းပမှာပါ။ အဲအချိန်ကျရင် ကျူးရှို့တိုက်ကြီးမှာရှိတဲ့ ဂိုဏ်းတွေအကုန်လုံးက စုစည်းလာကြမှာလေ။ လူတွေအကုန်လုံးကလည်း စီနီယာဒီပွဲကိုတက်ရောက်မယ်လို့ မျှော်လင့်နေကြတယ်”

“ဖုန်းယွင်ရှေးဟောင်းဂိုဏ်းဟုတ်လား”

ချမ်ချန်ကန်းက တီးတိုးရေရွတ်လိုက်သည်။

သူ့ဆရာချန်ထားခဲ့သော စာထဲတွင်ရှိသော မင်ဟယ်အမည်ရှိသောလူမှာ ဖုန်းယွင်ရှေးဟောင်းဂိုဏ်းတွင်ရှိပေသည်။

ဤသည်က သူ့ဆရာ၏ မိတ်ဆွေဟောင်းဖြစ်ပေသည်။

သို့သော် ယခုမူ ချမ်ချန်ကန်း၌ ပြိုင်ဘက်ကင်းနယ်မြေရှိသောကြောင့် သူ၏ထာဝရသက်ရှည်ခန္ဓာကိုယ် အတွက် စိတ်ပူစရာမလိုတော့ပေ။

သဘာဝအားဖြင့် သူသည် ဖုန်းယွင်ရှေးဟောင်းဂိုဏ်းသို့ သွားစရာမလိုတော့ပေ။ သို့သော် သူ့ဆရာ၏ မိတ်ဆွေဟောင်းနှင့်တော့ ချမ်ချန်ကန်းကတွေ့ချင်မိသည်။

ထို့ကြောင့် ချမ်ချန်ကန်းက ပြောလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် ဖုန်းယွင်ရှေးဟောင်းဂိုဏ်းက တစ်ယောက်ယောက်ကိုသိမလားဆိုတာ ကျုပ်သိချင်မိတယ် ”

“စီနီယာ ကျေးဇူးပြုပြီးပြောပါ”

“ဖုန်းယွင်ရှေးဟောင်းဂိုဏ်းက မင်ဟယ်ဆိုတဲ့ အဲဒီလူကိုခင်ဗျားတို့သိလား”

ချမ်ချန်ကန်း၏ မေးခွန်းကိုကြားပြီးနောက် လင်းဟိုင်နှင့် လင်းချင်ရှန်းတို့က သူတို့မျက်လုံးထဲတွင် အံအားသင့်သော အမူအရာများဖြစ်သွားသည်။

လင်းချင်ရှန်းက လေးစားစွာပြောလိုက်သည်။

“စီနီယာမင်ဟယ်က ဖုန်းယွင်ရှေးဟောင်းဂိုဏ်းမှာရှိတဲ့ သူတော်စင်အရှင်မပါ။ အခုတော့သူက ဖုန်းယွင် ရှေးဟောင်းဂိုဏ်းတစ်ခုလုံးကို အုပ်ချုပ်နေပါပြီ”

ချမ်ချန်ကန်းက စိတ်ထဲကပြောလိုက်သည်။

*ဒီမင်ဟယ်က ဖုန်းယွင်ရှေးဟောင်းဂိုဏ်းရဲ့သူတော်စင်အရှင်ဖြစ်မှန်းမမျှော်လင့်ထားဘူး*

ချမ်ချန်ကန်းက ဤအချင်းအရာကို အံအားသင့်သွားသည်။

သူက တွေးလိုက်ပြန်သည်။

*အကယ်၍ မင်ဟယ်သာ ဖုန်းယွင်ရှေးဟောင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်သာ ဖြစ်သည်ဆိုပါက သူကသူ၏အဆင့်အတန်းနှင့် ကာကွယ်နိုင်မည်မဟုတ်ပေ။*

ထို့ကြောင့် သူသည် ဖုန်းယွင်ရှေးဟောင်းဂိုဏ်းတွင် သူတော်စင်အရှင်ဖြစ်ပြီး ဖုန်းယွင်ရှေးဟောင်းဂိုဏ်းသည် တစ္ဆေပြည်နယ်တွင်အလွန်အစွမ်းထက်သောကြောင့် သူ့ကိုကာကွယ်နိုင်မှာ သေချာပေသည်။

ချမ်ချန်ကန်းသည် သူ့ဆရာ၏ဆက်ဆံရေးနှင့်ပတ်သက်၍ အနည်းငယ်သိချင်မိသည်။

*ဖုန်းယွင်ရှေးဟောင်းဂိုဏ်းက ကျူးရှို့တိုက်ကြီးမှာ ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခုကို ကျင်းပမယ်ပေါ့*

ချမ်ချန်ကန်းက မျက်စိကိုမှေးလိုက်ပြီး ခဏလောက်စဉ်းစားကာ ဖိတ်ကြားချက်ကိုလက်ခံလိုက်သည်။

ချမ်ချန်ကန်းက ဖိတ်ကြားချက်ကိုလက်ခံလိုက်သည်ကို မြင်လိုက်ရသည်နှင့် လင်းချင်ရှန်းနှင့် လင်းဟိုင် တို့က သက်ပြင်းတစ်ချက်ချလိုက်သည်။

စီနီယာသာ ဤဖိတ်ကြားချက်ကို လက်မခံမည်ကိုသူတို့အမှန်တကယ် စိုးရိမ်မိသည်။

လင်းဟိုင်က ပြောလိုက်သည်။

“စီနီယာ ကျူးရှို့တိုက်ကြီးရဲ့ပွဲကို သွားမည်ဆိုလို့ရှိရင် အဲဒါကတစ္ဆေပြည်နယ်တစ်ခုလုံးရဲ့ အာရုံကို စွဲဆောင်မှာအသေအချာပဲ။ အဲဒီပွဲကတော့ တကယ့်ကိုအသက်ဝင်တော့မယ်”

လင်းပေါင်အာ၏ မျက်လုံးများကလည်း ချက်ချင်းပဲတောက်ပပြီး မျှော်လင့်ချက်များ ပြည့်လာခဲ့သည်။

“ဆရာ ကျူးရှို့ပွဲတော်ကို သွားမယ်မလား။ ကျူးရှို့ပွဲတော်ကိုသွားဖို့ တောင်ပေါ်ကဆင်းမလား။ တပည့် ဆရာနဲ့လိုက်ချင်တယ်”

“ဟဲဟဲ ….”

ချမ်ချန်ကန်းက အနည်းငယ်ရယ်ပြီးပြောလိုက်သည်။

“ဖိတ်ကြားတာကိုတော့ ငါလက်ခံပါတယ်။ ဒါပေမဲ့ ငါသွားမလား မသွားမလားဆိုတာတော့ ငါမဆုံးဖြတ်ရသေးဘူး၊”

All Chapters