← Chapters

အခန်း ၁၀၆

Vol. 9 Ch. 106

အခန်း ၁၀၆

Vol. 9 Ch. 106

အခန်း (၁၀၆) မာလောင်၏ ကြီးမြတ်သောအနှစ်သာရ၊ တာအိုတက်လှမ်းခြင်း အင်မော်တယ်သစ်သီး

တောင်ပေါ်ကဆင်းပြီး ကျူးရှို့ပွဲတော်ကို တက်ရောက်ခြင်း။

ဖုန်းယွင်ရှေးဟောင်းဂိုဏ်းတွင် ခရိုင်ကိုးခုစလုံးရှိ ခမ်းနားကြီးကျယ်သော စုဝေးပွဲကိုကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကား မကြုံစဖူး အလွန်းကြီးမားလှပေသည်။

ပြည်နယ်စုကိုးခုမှ အရေးပါသူများမည်မျှတက်ရောက်ကြမည်ကို မည်သူကသိနိုင်မည်နည်း။ သို့ပေမဲ့ ကမ္ဘာကိုမမြင်ဘူးသေးသော ငါးသားပေါက်လေး ချမ်ချန်ကန်းသည် အင်မော်တယ်တစ်ဒါဇင်ကျော်ကို သတ်ပြီးသွားပြီဖြစ်သည်။

အရမ်းကြောက်စရာကောင်းတယ်....

အရမ်းကြောက်စရာကောင်းတယ်...

ချမ်ချန်ကန်းက သူသွားဖို့စီစဉ်လျှင်ပင် သူသည် ပြိုင်ဘက်ကင်းနယ်မြေက ထွက်လိုက်သည်နှင့် ဘာကောင်မှမဟုတ်တော့ပေ။ ထို့ကြောင့် ချမ်ချန်ကန်းက စိတ်သဘောထားကွဲလွဲနေခဲ့သည်။

*လူငယ်လေး မင်းမှာသိုင်းပညာမရှိဘူးဆိုရင် မင်းကိုမင်းမြတ်နိုးရမယ်*

သူသာထွက်ခွာခဲ့ပါက စီရင်စုကိုးခုတိုက်ကြီးမှ ထိပ်တန်းကျွမ်းကျင်သူများနှင့် တွေ့ဆုံမိပါကမည်သို့ဖြစ်မည်နည်း။ သူသည် လူအိုကြီးမာ၏ ချွဲသလိပ်တုန်ခါခြင်း ထင်းရှုးပင်မိုးကြိုးကြာပွတ်နည်းစနစ်ကိုလည်းမသင်ယူဘူးသလို လူအိုကြီးမာ၏ အန္တိမနည်းစနစ်ဖြစ်သည့် ဝမ်ယွမ်ထိုက်ကျိလက်သီးသိုင်းကိုလည်း မလေ့ကျင့်ဘူးပေ။

ချမ်ချန်ကန်းက သူ၏မျက်လုံးများကို အနည်းငယ်မှိတ်ထားလိုက်သည်။

သူက ဤနည်းစနစ်နှစ်ခုစလုံးကို မလေ့ကျင့်ရသေးပေမဲ့လည်း လူအိုကြီးမာ၏ ကျင့်ကြံနည်းစနစ်ထဲမှ အနှစ်သာရကို သင်ယူခဲ့ပေသည်။

ဤသည်မှာ မင်းနိုင်လျှင်ရိုက် မနိုင်လျှင်ထွက်ပြေးဟုသာဖြစ်သည်။

သို့သော် လူအိုကြီးမာသည် သတိလက်လွတ်ဖြစ်ခဲ့သော်လည်း သူကမူသတိလက်လွတ်ပြုပြီးမနေနိုင်ပေ သတိထားရပေမည်။

ထို့အပြင် နောက်ဆုံး၌ ချမ်ချန်ကန်းသည် အင်မော်တယ်လက်ဝါးတစ်ခုတည်းဖြင့် အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေကို သတ်ဖြတ်ပစ်ခဲ့ပေသည်။

ဤအချင်းအရာကို တစ္ဆေပြည်နယ်တွင်ရှိသော မရေတွက်နိုင်သော ကျွမ်းကျင်သူများက သက်သေပြနိုင်ပေသည်။

သို့သော် လူတော်တော်များများက သံသယရှိပြီး သူ့ကိုဖော်ထုတ်မည်ကို စိုးရိမ်မိသည်။

ချမ်ချန်ကန်းက သူ့ကိုယ်သူတွေးလိုက်မိသည်။

အကယ်၍ သူသာ တစ္ဆေပြည်နယ်ရှိ ပွဲတော်ကိုတက်ရောက်မည်ဆိုပါက ပြိုင်ဘက်ကင်းနယ်မြေရှိ ဗားရှင်း 2 မှ “အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်”ကလည်း အသုံးဝင်မည်မဟုတ်ပေ။

ဗားရှင်း 3 တွင်ရရှိသော “အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်”နှင့် ဗားရှင်း 4 တွင်ရရှိသော “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”တို့ကလည်း အသုံးဝင်မလားဆိုတာကို သူကသိချင်မိသည်။

ဟုတ်ပေသည်။ ထို့အပြင် ငါးဆားနယ်လက်ဆောင်ထုပ်မှရရှိသော “ပန်းလှရေမှန်၏ လုပ်ဆောင်ချက်”ကို လည်းလိုအပ်ပေသည်။

ဟုတ်ပေသည်။ စီရင်စုကိုးခုပြည်နယ်စုဝေးပွဲသို့ တက်ရောက်ခဲ့ရင်တောင်မှ ဤသည်က သူ၏ကိုယ်ပွားသာဖြစ်ပေလိမ့်မည်။

သူ၏ခန္ဓာကိုယ်အစစ်ကတော့

*ဟဲ ဟဲ အသေခံတာထက် ငါးဆားနယ်ဘဝနဲ့နေရတာပဲပိုကောင်းတယ်။ ထာဝရသက်ရှည်ခန္ဓာကိုယ်ရှိတာတောင်မှ သေချင်းတရားကိုရှာဖို့ ငါကတောင်ပေါ်ကဆင်းနေရဦးမှာလား*

ထို့ကြောင့်ချမ်ချန်ကန်းက သွားဖို့မ မဆုံးဖြတ်ရသေးပေ၊း။ လင်းဟိုင်နှင့် လင်းချင်ရှန်းတို့ကို ပေါ့ပေါ့ပါးပါးပြောပြီး သူ၏အကြည့်က ငြိမ်သက်နေသည်။

“လောလောဆယ်တော့ ဒီအရှင်ကဖိတ်ကြားချက်ကို လက်ခံလိုက်မယ်။ ဒါပေမဲ့ စီရင်စုကိုးခုစုဝေးပွဲတော်ကို တက်ရောက်မလားဆိုတာကတော့ ဒီအရှင်က စဉ်းစားဖို့လိုသေးတယ်”

လင်းဟိုင်နှင့် လင်းချင်ရှန်းတို့က ခေါင်းညိတ်လိုက်သည်။

ဖေးရှန့်တောင်သည် စီနီယာ၏သီးသန့်ကျင့်ကြံသည့် နေရာဖြစ်ပြီး။ စီနီယာသည် ကြော်ကြားမှုနှင့် ကံကြမ္မာကိုဂရုမစိုက်ကြောင်း ထင်ရှားပေသည်။

သို့သော် သူတို့က ဖိတ်စာပို့ပြီးပြီဖြစ်သည်။ စီနီယာတက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ သူတို့က စီနီယာကို အနှောင့်အယှက်ပေးနိုင်သော အရည်အချင်းလည်းမရှိပေ။

သို့သော် သူတို့၏နှလုံးသားထဲတွင်တော့ သက်ပြင်းမချပဲမနေနိုင်ပေ။ အကယ်၍ စီနီယာသာမသွားပါက စီရင်စုကိုးခုပြည်နယ် အကုန်လုံးအတွက် အမှန်ပင်နောင်တရစရာကိစ္စဖြစ်သွားပေလိမ့်မည်။

တစ္ဆေပြည်နယ်မပြောနှင့် စီရင်စုကိုးခုစလုံးတွင် စီနီယာ၏မြင့်မြတ်သော မျက်နှာကိုကိုယ်တိုင် ကိုယ်ကျမြင်တွေ့ချင်သော ကျင့်ကြံသူမည်မျှရှိကြောင်း သူတို့မသိနိုင်ပေ။

ဖေးရှန့်တောင်သို့သွားရာ လမ်းတစ်လျှောက်၌ လူပေါင်းစုံ၊ အမျိုးအစားပေါင်းစုံ၊ နတ်ဆိုးပေါင်းစုံ၊ သားရဲပေါင်းစုံကိုတွေ့ခဲ့ရသည်။

ထို့အပြင် ပြင်ပကလူများသည် စီနီယာကိုနှောင့်ယှက်မည်ကို စိုးသောကြောင့်နတ်ဆိုးများက တောင်ပေါင်းတစ်သိန်းတောင်တန်းကို အဆောင့်အကြပ်များထူထပ်စွာ ဆောင့်ကြပ်ထားသည်။

ကျင့်ကြံသူများ၏ခွန်အားဖြင့် စီနီယာ၏ပုံရိပ်ကိုမြင်နေဖို့သာသာ တောင်ပေါင်းတစ်သိန်းတောင်တန်းကို ချိုးဖြတ်ရန်ပင် မဖြစ်နိုင်ပေ။

“စီနီယာ ဒါဆိုကျွန်တော်တို့ အရင်ထွက်ပါဦးမယ်”

“အလျင်မလိုနဲ့၊ ခင်ဗျားတို့ ဒီကိုရောက်နေပြီဆိုမှတော့ ဒီအရှင်က ခင်ဗျားတို့စားဖို့ လိမ္မော်သီး သွားယူပေးမယ်”

ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြုံးပြီးပြောလိုက်သည်။

လင်းဟိုင်နှင့် လင်းချင်ရှန်းတို့က ပဟေဠိဖြစ်သွားသည်။

“လိမ္မော်သီးဟုတ်လား”

ချမ်ချန်ကန်းသည် သူ၏စိတ်ထဲ၌ အနည်းငယ်စိတ်ကြီးဝင်သွားသော်လည်း သူ၏အမူအရာကတည်ငြိမ်နေဆဲဖြစ်သည်။

“ဘာမှလုပ်စရာမရှိတာနဲ့ ဒီအရှင်က မကြာသေးမီကမှစိုက်ပျိုးခဲ့တဲ့ စိတ်ဝိညာဉ်အသီးနှံတွေပဲ ”

မကြာသေးမီကတောင်ပေါင်းတစ်သိန်းတောင်တန်းမှ နတ်ဆိုးများသည် ချမ်ချန်ကန်းအား စိတ်ဝိညာဉ်အသီးနှစ်မျိုးဖြစ်သည့် ရွှေတစ်ထောင်သစ်သီးဟု အမည်ရသည့်အသီးနှင့် နှလုံးခိုက်အောင်ချဉ်သည့်သစ်သီးဟူသော အမည်ရသည့်သစ်သီးနှစ်မျိုးကို လာရောက်ပေးပေသည်။

ထိုဝိညာဉ်သစ်သီးနှစ်မျိုးသည် ကမ္ဘာပေါ်မြေပေါ်မှ လိမ္မော်သီးနှင့် သံပုရာသီးများဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့်သိလိုက်သည်။

ထို့ကြောင့်ချမ်ချန်ကန်းက သူ၏အင်မော်တယ်နယ်မြေ၌ ပထမဆုံးပေါင်းစပ်မှုပြုလုပ်ခဲ့သည်။ စမ်းသတ် မှုများပြုလုပ်ပြီးနောက် သူက လိမ္မော်သီးအမျိုးအစားသစ်ကို တီထွင်နိုင်ခဲ့သည်။

လင်းပေါင်အာနှင့် အမြီးလေးတို့က ဤစိတ်ဝိညာဉ်အသီးတစ်မျိုးတည်းကို စိုက်ပျိုးသောအခါ ဖေးရှန့် တောင်၏ ကောင်းကင်ထက်၌ မဟာတာအိုသည် ၎င်းတို့၏နားထဲ၌မဟာတာအို၏ အသံများပျံ့နှံ့နေပြီး အင်မော်တယ်ဂီတသံများနှင့် ရွှေရောင်အလင်းတန်းများ ကောင်းကင်ဘုံမိုင်ပေါင်းကိုးသန်းလောက် အထိ ပျံ့နှံ့သွားသည့်ပုံရိပ်ကို မေ့မရနိုင်ပဲရှိနေခဲ့သည်။

ဤသည်မှာ မဟာတာအို၏ ကောင်းမြတ်သောနိမိတ်ဖြစ်သည်။

ဆရာက ထူးထူးခြားခြားကိစ္စတစ်ခုကို လုပ်နေသည်ဟု ယူဆရပေသည်။

အကယ်၍ ဤဝိညာဉ်သစ်သီးနှစ်မျိုးသည် အရသာကအလွန်ချိုမြိန်ပြီး အံ့ဩဖွယ်ရာအင်မော်တယ် စွမ်းအားများလည်းပါဝင်ပေသည်။

ဤဝိညာဉ်သစ်သီးကို စားခြင်းသည် ဝိညာဉ်ဆေးပြားများကို စားခြင်းထက်ပို၍စွမ်းအားဖြစ်သည်မှာ အံ့ဩစရာကောင်းပေ သည်။

လွန်ခဲ့သောရက်အနည်းက လင်းပေါင်အာနှင့် အမြီးလေးတို့က လိမ္မော်သီးအနည်းငယ်ကို စားခဲ့သည်။ ချမ်ချန်ကန်း၏ အမြင်အရကောင်းသောအရာများကို လူတိုင်းနှင့်မျှဝေသင့်ပေသည်။

ထို့ကြောင့် ချမ်ချန်ကန်းသည် စိတ်ဝိညာဉ်သစ်သီးနှစ်လုံးကိုယူကာ အရသာခံနိုင်စေရန် စီစဉ်ခဲ့သည်။ အလွန်ကြွယ်ဝသော မွှေးရနံ့ကြောင့် လင်းဟိုင်နှင့် လင်းချင်ရှန်းတို့က မကြည့်ပဲမနေနိုင်တော့ပေ။ ချမ်ချန်ကန်း၏ လက်ထဲတွင်ရှိသော စိတ်ဝိညာဉ်သစ်သီးနှစ်လုံးသည် လက်သီးစုပ်အရွယ်အစားရှိပြီး ရွှေဖြင့်သွန်းလုပ်ထားသည့် ခံစားချက်မျိုးပေးစွမ်းလေသည်။

၎င်းသည် ရွှေရောင်အလင်းတန်းများ ပြိုးပြိုးပြက်ပြက်တောက်ပလာပြီး မျက်လုံးဖွင့်ရန် အလွန်ခဲ့ယဥ်းပေသည်။

ထို့အပြင်မဟာတာအို၏ အငွေ့သက်ကသစ်သီးထဲတွင် စီးဝင်သွားပြီး သစ်သီး၏မျက်နှာပြင်၌ ရွှေရောင်တာအိုသင်္ကေတများ ပေါ်လာခဲ့သည်။

သူတို့နှစ်ယောက်စလုံ တိုက်ရိုက်မကြည့်နိုင်ပဲ သူတို့စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားသည်။

*ဘုရားရေ တာအိုသင်္ကေတတွေပါလား။ တာအိုပုံစံဖြစ်ပေါ်လာတာပဲ။ ဒီဝိညာဉ်သစ်သီးတွေက ဒီလိုမျိုး ထူးခြားမှုရှိတာလား။ ဒါကစီနီယာစိုက်ထားတဲ့ မဟာတာအိုအင်မော်တယ်သစ်သီးတွေများလား*

All Chapters