← Chapters

အခန်း ၁၀၇

Vol. 9 Ch. 107

အခန်း ၁၀၇

Vol. 9 Ch. 107

အခန်း (၁၀၇) တာအိုသစ်သီးက ပိတ်ဆို့နေသောအဆင့်ကို ချိုးဖြတ်နိုင်ခဲ့တယ်

“လာစမ်း ဒီကိုလာပြီးအရသာဘယ်လိုရှိလည်းဆိုတာ မြည်းကြည့်ကြဦး”

ချမ်ချန်ကန်းက လင်းချင်ရှန်းနှင့် လင်းဟိုင်တို့အား စိတ်ဝိညာဉ်သစ်သီးနှစ်လုံးပေးလိုက်သည်။ သူတို့လက်ထဲသို့ရောက်လာသော စိတ်ဝိညာဉ်သစ်သီးနှစ်များက ကြွယ်ဝသောရနံ့ကို ထုတ်လွင့်နေပြီး တာအိုသင်္ကေတများစီးဆင်းကာ ရွှေရောင်များတောက်ပနေတော့သည်။

သူတို့နှစ်ဦးစလုံး ဤကျေးဇူးကြောင့် အလွန်အမင်းတုန်လှုပ်သွားပြီး မျက်ရည်များပင် စီးကျလုနီးပါး ဖြစ်လာခဲ့တော့သည်။

ဤသည်ကား ရှေးကျမ်းစာများတွင် မှတ်တမ်းတင်ထားသော တာအိုသင်္ကေတများပါဝင်သည့် သစ်သီးပင်ဖြစ်သည်။

မဟာတာအိုအင်မော်တယ်သစ်သီးဖြစ်ပြီး စီနီယာက သူတို့ကို အမှန်တကယ်ပေးအပ်ခဲ့ပေသည်။ စီနီယာ၏ ကျေးဇူးကား အလွန်ပင်ကြီးမားလှပေသည်။

“ကျွန်တော်တို့ ကျေးဇူးအရမ်းတင်မိပါတယ်”

ဒါကတကယ့်ကို သူတို့အတွက်ဂုဏ်ယူစရာကိစ္စပင်ဖြစ်သည်။

လင်းချင်ရှန်းက တံတွေးတစ်လုပ်မျိုချလိုက်ပြီး

“စီနီယာ”

သူသည် သူ၏လက်ထဲတွင်ရှိသော စိတ်ဝိညာဉ်သစ်သီးကိုကြည့်ပြီး လင်းဟိုင်၏နှလုံးသားထဲ၌လည်း တူညီသော ခံစားချက်မျိုးဖြစ်ပေါ်လာခဲ့သည်။

သူတို့၌အတွေးတစ်ခုသာရှိပြီး ဤမဟာတာအို အင်မော်တယ်သစ်သီးကိုစားရန် ငါ့၌ ဘယ်လိုလုပ် သီလရှိမည်နည်း။ ဤသည်မှာ ကောင်းကင်ဘဏ္ဍာကို ဖြုန်းတီးခြင်းသာဖြစ်သည်။

*မဟုတ်ဘူး ငါဒါကိုဂိုဏ်းကိုပြန်ယူသွားပြီး သေသေချာချာပူဇော်ရမယ်။ နံ့သာပေါင်းတွေနဲ့ နေ့ညမပြတ်ပူဇော်ရမယ်*

ချမ်ချန်ကန်းက သူတို့နှစ်ယောက်မစားပဲတုန့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

“ဘာလို့မစားတာလဲ၊ လိမ္မော်သီးမကြိုက်လို့လား”

လင်းချင်ရှန်းနှင့် လင်းဟိုင်တို့ကအလျင်အမြန်ခေါင်းခါယမ်းပြီး လေးလေးစားစားပြောလိုက်သည်။

“စီနီယာရဲ့မဟာတာအိုအင်မော်တယ်သစ်သီးက အလွန်အဖိုးတန်လွန်းပါတယ်။ ဒါကတကယ့်ကိုမှ အဖိုးဖြတ်မရနိုင်တဲ့ ရတနာတစ်ခုပါ။ ဒီစိတ်ဝိညာဉ်သစ်သီးနှစ်လုံးကို မြည်းစမ်းဖို့ ကျွန်တော်တို့မှာ ဘယ်လိုလုပ်သီလရှိမှာလဲ”

“အကြီးအကဲဟိုင်ပြောတာမှန်တယ်။ စီနီယာကျေးဇူးပြုပြီး ဒီတာအိုသစ်သီးနှစ်မျိုးကို ပြန်ယူလိုက်ပါ”

အနီးအနားတွင်ရှိသော လင်းပေါင်အာနှင့်အမြီးလေးတို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ခြင်းဖလှယ်ပြီး သူတို့၏မျက်လုံးများကို လှန်ကြည့်ရုံမှအပ မကူညီနိုင်တော့ပေ။ သူတို့နှစ်ယောက် မျက်လုံးများ၌ ရှုပ်ထွေးမှုများကို တွေ့မြင်နိုင်သည်။

“ဒါက မဟာတာအို အင်မော်တယ်သစ်သီးလား။ ငါတော့တစ်ခါမှမကြားဖူးဘူး ဒီအရာကသာမန်စိတ်ဝိညာဉ်သစ်သီးတွေလို့ ဆရာကပြောတယ်မဟုတ်ဘူးလား။ အဲ့ဒါက အရမ်းအဖိုးတန်လို့လား”

ချမ်ချန်ကန်းက သူတို့၏စကားကိုကြားပြီးနောက် အနည်းငယ်အံအားသင့်သွားကာ အနည်းငယ်ပြုံးရင်း တွေးလိုက်မိသည်။

တခဏတွင်းမှာပင် သူတို့သည် သက်ရှည်ဘုရားကျောင်းကနေ ပျောက်ကွယ်သွားပြီး အင်မော်တယ်ယာခင်းပြင်တစ်ခု၌ ပေါ်လာခဲ့သည်။

ဤသည်ကား အမှန်တကယ်ပင် အင်မော်တယ်ယာခင်းတစ်ခုဖြစ်သည်။

ထို့အပြင် လူအများ၏အာရုံကိုစွဲဆောင်နိုင်သော အပင်တစ်ပင်လည်းရှိပေသည်။

သူတို့အားလုံးရွှေရောင်အလင်းတန်းများတောက်ပနေပြီး အင်မော်တယ်အရှိန်အဝါများဖြင့် လွှမ်းခြုံထားသော မဟာတာအို၏အငွေ့သက်များပင်ဖုံးလွမ်းထားသည့် အသီးများပြည့်နေသော အပင်တစ်ပင်ကို မြင်လိုက်ရသည်။

၎င်းသည် အမှန်တကယ်ပင် ရွှေရောင်အင်မော်တယ်သစ်ပင်နှင့်ပိုတူပေသည်။

“အကြီးအကဲတို့ ဒါကမဟာတာအိုအင်မော်တယ်သစ်သီးမဟုတ်ဘူး။ ဒါက ပုံမှန်စိတ်ဝိညာဉ်သစ်သီးပဲ။ သိပ်ပြီးတော့တွေဝေမနေပါနဲ့။ ခင်ဗျားတို့ထင်ထားသလောက်အဖိုးမတန်ဘူး။ ခင်ဗျားတို့စားချင်သလောက်စား။ ကျုပ်မှာ အများကြီးရှိတယ်”

လင်းချင်ရှန်းနှင့် လင်းဟိုင်တို့က ထိုရွှေရောင်အင်မော်တယ်သစ်ပင်ကိုတွေ့ပြီးနောက် ရှော့ရသွားကြသည်။

သူတို့သည် အံအားသင့်သွားပြီး သူတို့လက်ထဲတွင်ရှိသော စိတ်ဝိညာဉ်သစ်သီးကိုကြည့်ကာ စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။ သိပ်မကြာခင်မှာပင် ကောင်းကင်ထံမှလျှပ်စီးများ ဆင်းသက်လာခဲ့သည်။

လင်းချင်ရှန်းသည် ကောင်းကင်ထက်သို့ ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်အလင်းတန်းများဖြင့် တောက်ပကာ ရွှေရေဖြင့်ရေချိုးနေသည့် ရွှေရောင်နတ်ဘုရားတစ်ပါးအလား ရွှေရောင်အလင်းတန်းများတောက်ပနေတော့သည်။

ဖေးရှန့်တောင်ပေါ်တွင် လင်းပေါင်အာ အမြီးလေးအပြင်ချမ်ချန်ကန်းနှင့် လင်းဟိုင်တို့က မိုးကြိုးအတိဒုက္ခကိုခံနေသော လင်းချင်ရှန်းကိုမျှော်ကြည့်နေကြသည်။

“အဖေတော့ မိုးကြိုးအတိဒုက္ခခံနေပြီပဲ။ သူ အခုဆို အခြေတည်စိတ်ဝိညာဉ်ကို ချိုးဖြတ်တော့မှာပဲ”

လင်းပေါင်အာက ဝမ်းသာအားရဖြစ်သွားသည်။

လင်းဟိုင်သည် သူ့လက်ထဲတွင်ရှိသော လိမ္မော်သီး၏နောက်ဆုံးအပိုင်းကိုစားရင်း ဝမ်းသာအားရဖြစ်သွားသည်။

ဤအခိုက် လင်းဟိုင်သည် သူ၏ခန္ဓာကိုယ်တွင်းမှ မှော်စွမ်းအားများ အားကောင်းလာသည်ကို ခံစားလိုက်ရသည်။

ချမ်ချန်ကန်းက အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

“ငါစိုက်ပျိုးခဲ့တဲ့ ဒီအစွမ်းထက်တဲ့ပေါင်းစပ်စိတ်ဝိညာဉ် သစ်သီးတွေကိုစားရုံနဲ့ မိုးကြိုးအတိဒုက္ခကို ဖြစ်စေတာလား”

သိပ်မကြာခင်မှာပင် မိုးကြိုးအတိဒုက္ခပျက်ပြယ်သွားသည်။

လင်းချင်ရှန်းက စိတ်လှုပ်ရှားသောအမူအရာဖြင့် ချမ်ချန်ကန်းအား လက်သီးဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။

“မဟာတာအိုအင်မော်တယ်သစ်သီးရဲ့ အကူအညီအတွက် စီနီယာကိုကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင်ကျွန်တော်ဘအခြေတည်စိတ်ဝိညာဉ်အဆင့်ကို ဘယ်အချိန်မှကျော်ဖြတ်နိုင်မလဲဆိုတာသိမှာ မဟုတ်ဘူး၊”

လင်းချင်ရှန်းသည် ရွှေဗဟိုချက်နယ်ပယ် ကောင်းကင်ဘုံအလွှာကိုးအထွတ်အထိပ်၌ အချိန်အတော်ကြာရပ်တန့်နေခဲ့ပေသည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအား၏ အခြေခံအုတ်မြစ်သည် လုံလောက်နေပြီဖြစ်သော်လည်း အကြောင်းတစ်စုံတစ်ရာချို့တဲ့နေသည်ဟု သူအမြဲတမ်းခံစားသောကြောင့် အဆင့်မချိုးဖြတ်နိုင်ခဲ့ပေ။ မမျှော်လင့်ပဲ ချမ်ချန်ကန်းပေးသော သစ်သီးတစ်လုံးကိုစားခြင်းဖြင့် အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

မဟာတာအိုကား ရိုးရှင်းပေသည်။ ၎င်းသည် ပျက်စီးခြင်း၊ ဖြစ်တည်ခြင်းမရှိပေ။ ၎င်းသည် အရာအားလုံး၏ မူလအစသာဖြစ်သည်။

အင်မော်တယ်တာအိုသည် သဘာဝအတိုင်းဖြစ်ပြီး ကမ္ဘာတစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုဥပဒေဿများကို ဖန်တီးထားပေသည်။

ချမ်ချန်ကန်းစိုက်ပျိုးထားသော မျိုးစပ်စိတ်ဝိညာဉ်သစ်သီးများသည် ကောင်းကင်ဘုံတာအို၏ ထုတ်ကုန် မဟုတ်ပဲ မူလအစမှပေါက်ဖွားလာသောတာအို၏အသီးနှံများဖြစ်ခြင်းကြောင့် ၎င်းကိုတာအိုသစ်သီးဟု ခေါ်ခြင်းမှာလည်း ချဲ့ကားခြင်းမဟုတ်ပေ။

လင်းချင်ရှန်းသည် ဤတာအိုသစ်သီးကိုစားပြီး တာအိုသင်္ကေတများကိုစုပ်ယူပြီးနောက် မူလကရွှေဗဟိုချက်နယ်ပယ် ကောင်းကင်ဘုံအလွှာကိုးအထွတ်အထိပ်မှ အခုအခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤအခိုက် လင်းချင်ရှန်းနှင့် လင်းဟိုင်တို့က ချမ်ချန်ကန်းအား အလွန်ပင်ကြည်ညိုလေးစားလာကြသည်။ စီနီယာအား သူတို့၏ ကြည်ညိုလေးစားမှုသည် အလွန်ကြီးမား၍အဆုံးမရှိစီးဆင်းနေသော မြစ်ဝါမြစ်၏ ရေလျှံမှုသကဲ့သို့ဖြစ်သည်။

ဤတာအိုသစ်သီးသည် ကျင့်ကြံခြင်းပိတ်ဆို့မှုများကို ဖြတ်ကျော်ရန် အကောင်းဆုံးစိတ်ဝိညာဉ်ဆေးဟု ခေါ်ဆိုထိုက်ပေသည်။

ကျင့်ကြံရာ၌ ပိတ်ဆို့မှုတစ်ခုနှင့်ကြုံတွေ့ရသည့်အခါ ၎င်းတို့ရှိတာအိုသင်္ကေတများကို စုပ်ယူခြင်းဖြင့် ပိတ်ဆို့မှုကိုအလွယ်တကူဖြေရှင်းနိုင်ပေသည်။

စီရင်စုကိုးခုတွင် မျိုးနွယ်စုအများအပြားရှိပြီး ၎င်းတို့ထဲတွင်လူသားကျင့်ကြံသူများ၊ နတ်ဆိုးကျင့်ကြံသူ အမြောက်အများလည်းရှိကြောင်းသိထားရပေမည်။

ထို့အပြင်လူသားကျင့်ကြံသူများ၊ နတ်ဆိုးကျင့်ကြံသူများ၊ တစ္ဆေသရဲများနှင့် သားရဲများအားလုံး ကျင့်ကြံမှုပိတ်ဆို့ခြင်းနှင့် အမြဲတစေရင်ဆိုင်ကြရပေသည်။

ထိုပိတ်ဆို့ခြင်းနှင့်ကြုံတွေ့ရသောအခါ ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံမှုအား ဆယ်စုနှစ်တစ်ခု သို့မဟုတ်နှစ်ရာပေါင်းများစွာ မတိုးတက်နိုင်ကြပေဖြစ်သည်။

သို့သော် ဤတာအိုသစ်သီးကတော့မတူပေ။ ရောဂါအားလုံးကို ပျောက်ကင်းစေသော ဆေးကဲ့သို့ တစ်လုံးတည်းဖြင့် ပိတ်ဆို့နေသောကျင့်ကြံမှုကို အလွယ်တကူဖြေရှင်းနိုင်ပေသည်။

သို့သော် လင်းဟိုင်နှင့်လင်းချင်ရှန်းတို့သည် ဤတာအိုသစ်သီးအမျိုးအစားက မည်သည့်ကျင့်ကြံနည်း အတွက်အသုံးဝင်သည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိကြပေ။

ယခုပုံစံအရ ၎င်းသည် ရွှေဗဟိုချက်နယ်ပယ်အတွက်သာ အသုံးဝင်ပေသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်၊ နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်များအတွက် အသုံးဝင်သည်ဆိုပါက ဤတာအိုသစ်သီးအကြောင်းပျံ့နှံ့သွားသည်ဆိုသည်နှင့် ၎င်းသည် စီရင်စုကိုးခု တိုက်ကြီးတစ်ခုလုံးကို တုန်ခါစေမည်ဖြစ်သည်။

ဤတာအိုသစ်သီးကို လူဘယ်နှစ်ယောက်လောက်လာရှာမလဲဆိုတာကို မည်သူက သိနိုင်မည်နည်း။

မကြာခင်မှာပင် လင်းချင်ရှန်းနှင့်လင်းဟိုင်တို့က ဤတာအိုသစ်သီးအကြောင်း သူတို့ယူဆချက်များကို ချမ်ချန်ကန်းအား ပြောပြလိုက်သည်။

ချမ်ချန်ကန်းလည်း စိတ်ထဲ၌ အနည်းငယ်အံအားသင့်သွားသည်။

သူသည် ထူးခြားသော စိတ်ဝိညာဉ်သစ်သီးကို စိုက်ပျိုးလိုက်ပုံရသည်။ သို့သော် ချမ်ချန်ကန်းသည် မျက်နှာပြင်ပေါ်၌ တည်ငြိမ်နေသော်လည်း သူ၏စိတ်ထဲမှာမူ အတွေးတစ်ခုရုတ်တရက်ပေါ်လာခဲ့သည်။ ချမ်ချန်ကန်း၏နှလုံးသားမှာလည်း တုန်လှုပ်သွားပြီး ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။

ချမ်ချန်ကန်းက နှစ်ခါလောက်ချောင်းဟန့်လိုက်သည်။

“အဟမ်း … အဟမ်း … ”

“အရမ်းကောင်းတယ် ဒါပေမဲ့ ဒီတာအိုသစ်သီးက ဘယ်နယ်ပယ်လောက်ထိ ထိရောက်လည်းဆိုတာတော့ ငါလည်းရှင်းရှင်းလင်းလင်းမသိဘူး။ ဒါပေမဲ့ မင်းတို့ဂိုဏ်းထဲကို ဒီစိတ်ဝိညာဉ်အသီးအချို့ကို ပြန်ယူသွားလို့ရတယ်။ ဂိုဏ်းထဲမှာကျင့်ကြံခြင်းပိတ်ဆို့တာနဲ့ ကြုံလာလို့ရှိရင် တစ်လုံးစီစားပြီးတော့ စမ်းသပ်ကြည့်လို့ရတာပေါ့”

All Chapters