← Chapters

အခန်း ၁၀၈

Vol. 9 Ch. 108

အခန်း ၁၀၈

Vol. 9 Ch. 108

အခန်း (၁၀၈) ဂုဏ်သိက္ခာရှိတဲ့စနစ်ကနေပြောတဲ့စကားက အရူးပြောနေတာနဲ့အတူတူပဲ။

လင်းချင်ရှန်းနှင့် လင်းဟိုင်တို့မှာအလွန်စိတ်လှုပ်ရှားနေပြီး လက်ထဲ၌အသီးအလုံးနှစ်ဆယ်ကိုလည်း ကိုင်လာကြသည်။

သူတို့သည် ဂိုဏ်းသို့ပြန်လာရာလမ်း၌ သူတို့၏လက်များမှာလည်းတုန်ခါနေပြီး ပတ်ပတ်လည်ကို သတိထားပြီးစောင့်ကြည့်နေကြသည်။

ကျင့်ကြံသူတစ်ဦးဦးကများ သူတို့ကိုကြားဖြတ်ပြီး တာအိုသစ်သီးအလုံးနှစ်ဆယ်ကိုယူသွားမည်ကို ကြောက်ရွံ့နေပုံရသည်။

ခြုံငုံ၍ပြောရလျှင် တာအိုသစ်သီးကား အလွန်ပင်အဖိုးတန်ပေသည်။

ဤအကြောင်းကိုသာ သတင်းဖြန့်လိုက်ပါက လူဘယ်နှစ်ယောက်လောက် ပြိုင်ဆိုင်ပြီးလုနိုင်မလဲဆိုတာ မသိကြပေ။ ဤတာအိုသစ်သီးအလုံးနှစ်ဆယ်ဖြင့် ဓားကိုးစင်းဂိုဏ်း၏အင်အားက ပို၍ကောင်းမွန်လာမည်ဖြစ်ပေသည်။

ဟုတ်ပေသည်။ လင်းချင်ရှန်းနှင့်လင်းဟိုင်တို့က သူတို့စီနီယာ၏ ညွန်ကြားချက်ကိုမမေ့ကြပေ။ ဤတာအိုသစ်သီးက ကျင့်ကြံသူများ၏ ဘယ်ကျင့်ကြံမှုနယ်ပယ်အတွက် အသုံးဝင်မလည်းဆိုတာ စမ်းသပ်ရန်ဖြစ်သည်။

ဖေးရှန့်တောင်၌ လင်းပေါင်အာက မျက်တောင်ခတ်ပြီး ချမ်ချန်ကန်းကိုမေးလိုက်သည်။

“ဆရာ ဒီတာအိုသစ်သီးတွေက တကယ်ပဲအဖိုးတန်တာလား ”

နောက်ဆုံး၌ သူမနှင့်အမြီးလေးတို့က အများကြီးစားခဲ့ပြီးပြီဖြစ်ပြီး ဤစိတ်ဝိညာဉ်သစ်သီး၏ ခြားနားချက်ကိုတော့မခံစားရပေ။ သို့သော် သူတို့သည် ယခုထိအင်မော်တယ်နယ်မြေတွင် နေထိုင်ကြသည်ကို သူတို့ကိုသူတို့မသိကြသေးပေ။

ထိုနယ်မြေတစ်ခုလုံး ချမ်ချန်ကန်း၏”အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်”မှတဆင့် အဆင့်မြင့်တင်ခံထားရခြင်းဖြစ်သည်။

ထို့အပြင် ချမ်ချန်ကန်းသည် ယခုအခါ”အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်”နှင့် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကိုပါ ထပ်မံပေါင်းထည့်ထားပေသည်။

ထို့ကြောင့် သူမတို့သည် နေတိုင်း တာအိုစွမ်းအားဖြင့် နှစ်ခြင်းခံနေရသည်။

ထို့ကြောင့် သူမတို့က ကျင့်ကြံခြင်းလမ်းကြောင်း၌ ပိတ်ဆို့မှုနှင့်ကြုံတွေ့ရတော့မည်မဟုတ်ပေ။ လင်းပေါင်အာနှင့်အမြီးလေးတို့ကို အထွတ်အထိပ်ပါရမီရှင်များဟု ခေါ်ဆိုခြင်းက ချဲ့ကား ခြင်းမဟုတ်ပေ။

အထက်ဘုံရှိ ထိုအင်မော်တယ်များ၏ မောက်မာမှု၊ ကျင့်ကြံမှုနှင့် တာအိုနားလည်မှုတို့သည် လင်းပေါင်အာနှင့်အမြီးလေးတို့နှင့် နှိုင်းယှဉ်၍မရပေ။

သို့သော် ချမ်ချန်ကန်းသည် လင်းပေါင်အာ၏စိတ်ထဲမှသံသယများကို နားထောင်လိုက်သည်။ သူက စဉ်းစားပြီးပြောလိုက်သည်။

“ဒီစိတ်ဝိညာဉ်သစ်သီးတွေက ကောင်းကင်ဘုံကိုးခုနဲ့ ဆယ်ပြည်တောင်မှာတောင်မှ ဖေးရှန့်တောင်တစ်ခုတည်းမှာသာရနိုင်ပေမဲ့ အသီးပေါ်မှာရှိတဲ့ တာအိုသင်္ကေတတွေက ကျင့်ကြံသူတွေရဲ့ ပိတ်ဆို့ မှုကိုဖြေရှင်းပေးနိုင်လို့ပဲ၊း။ အဲဒါကမှ အရေးပါတဲ့အဖိုးမဖြတ်နိုင်တဲ့အရာပဲ”

ချမ်ချန်ကန်းက ကျင့်ကြံသူမဟုတ်ပေ။ သို့ပေမဲ့လည်း အဖြေက ရိုးရှင်းပေသည်။ ကျူးရှို့တိုက်ကြီးတွင် နှစ်ပေါင်းများစွာ မည်သူကမှ အင်မော်တယ်အဖြစ်သို့ မရောက်ရှိပေ။

ဤသည်မှာ ကျင့်ကြံခြင်း ပိတ်ဆို့မှုကြောင့်ဖြစ်သည်။

ဘဝတစ်လျောက်လုံး အင်မော်တယ်တစ်ပါးဖြစ်လာစေရန် ကျင့်ကြံခြင်းပိတ်ဆို့မှု မည်မျှကို ကြုံတွေ့ရမှန်းမသိပေ။

တစ်ခါတလေဖြေရှင်းရတာလွယ်ကူသော်လည်း တစ်ခါတလေ၌ကျင့်ကြံသူများကနှစ်ပေါင်းရာနှစ်ချီ မဖြေရှင်းနိုင်ပေ။

ပါရမီမြင့်သူတွေလည်း အတူတူပင်ဖြစ်သည်။ ဤစိတ်ဝိညာဉ်သစ်သီးသည် အကျိုးသက်ရောက်မှုမရှိဟု သူမမျှော်လင့်ထားသော်လည်း မည်သည့်နယ်ပယ်အတွက် အသုံးဝင်သည်ကိုတော့ သူသိချင်မိသည်။

သို့သော် ချမ်ချန်ကန်းသည် အချိန်တိုလေးအတွင်း ဤစိတ်ဝိညာဉ်သစ်သီးကိုသာ ထုတ်ယူလိုက်ပါက ဤကျူးရှို့တိုက်ကြီးတစ်ခုလုံးတွင် ရွှေဗဟိုချက်နယ်ပယ်အဆင့်မှ အခြေတည်စိတ်ဝိညာဉ်နယ်ပယ်သို့ မချိုးဖြတ်နိုင်သူ မရှိပဲမနေတော့ပေ။

အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံသူများ တိုးမြင့်လာသည်နှင့်အမျှ ကျူးရှို့တိုက်ကြီးတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့် အပြောင်းအလဲများဖြစ်ပေါ်လာနိုင်သည်။

သို့သော် စိတ်ဝိညာဉ်သစ်သီးသည် အခြေတည်စိတ်ဝိညာဉ်အဆင့်၊ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်၊ သို့မဟုတ် ဟင်းလင်းပြင်အသွင်ကူးပြောင်းခြင်းအဆင့်တို့၏ ပိတ်ဆို့မှုများအတွက် အသုံးဝင်မဝင်တော့ သူလည်းမသိပေ။

အကယ်၍ ဤကဲ့သို့အသုံးဝင်မည်ဆိုပါက အင်မော်တယ်တစ်ယောက်ဖြစ်လာသည်မှာ အိပ်မက်တစ်ခုမဟုတ်တော့ပေ။

ထို့နောက် ချမ်ချန်ကန်းသည် လူပေါင်းသန်းရာနှင့်ချီသောလူများ၏ သမိုင်း၌ ထာဝရမှတ်တမ်းတင်ခံရတော့မည့် မကျုံစဖူးဖြစ်လာရတော့မည်။

*ဟား … ဟား … ဟား … ဟား ..*

သို့သော် ချမ်ချန်ကန်းက အမှန်တကယ်စိတ်မဝင်စားပေ။ သူ၏အမြင်အရကျူးရှို့တိုက်ကြီး၏ ကျင့်ကြံခြင်းပန်းတိုင်မှာ အင်မော်တယ်ဖြစ်လာရန်သာဖြစ်သည်။

သို့သော်ညအင်မော်တယ်ဖြစ်လာလျှင်ကော ဤသည်က အစမှတ်သာဖြစ်သည်။ ပုရွက်ဆိတ်လေးကနေ ပိုကြီးသည့် ပုရွက်ဆိတ်ပြောင်းလဲသွားရုံသာရှိသည်။

ချမ်ချန်ကန်းက လေးလေးနက်နက်တွေးလိုက်မိသည်။ ချမ်ချန်ကန်းကသက်ပြင်းတစ်ချက်ချလိုက်ပြီး စနစ်ကိုမေးလိုက်သည်။

“စနစ်ငါ့ကိုပြောစမ်း၊ ငါ့မှာထာဝရသက်ရှည်တဲ့ခန္ဓာကိုယ်လည်းရှိတယ်လေ။ ငါက ဘာလို့မကျင့်ကြံနိုင်ရတာလဲ”

“စနစ်၏သတိပေးချက်”

“ပိုင်ရှင်၏မေးခွန်းကအလွန်ဆိုးရွားသဖြင့် စနစ်ကမဖြေနိုင်ပါ”

ချမ်ချန်ကန်း “……… ”

*စနစ်ကရူးနေတာလား၊ ဒါပေမဲ့စနစ်ရဲ့လုပ်ဆောင်ချက်တွေက ဘာလို့ငါ့ကိုကျင့်ကြံဖို့မကူညီနိုင်ရတာလဲ*

ချမ်ချန်ကန်းက ခဏလောက်တိတ်ဆိတ်သွားပြီးနောက် စိတ်ထဲကမေးခွန်းတစ်ခုကို ထပ်မေးလိုက် ပြန်သည်။

သူ့တွင်ထာဝရသက်ရှည်သည့်ခန္ဓာကိုယ်ရှိသော်လည်း သူ၏အရည်အချင်းမှာသာမန်သာဖြစ်ပြီး ကျင့်ကြံနိုင်စွမ်းမရှိသည့်အပြင် စနစ်၏လုပ်ဆောင်ချက်များကလည်း သူ့အတွက်အသုံးမဝင်ပေ။

ဤကာလအတွင်း သူသည် စိတ်ဝိညာဉ်ဆေးပင်များကို အပင်ရာနှစ်ချီစားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်က များစွာပြောင်းလဲသွားခြင်းမရှိပေ။ ထို့အပြင် စိတ်ဝိညာဉ်ဆေးလုံးများကို စားသည်ကလည်း အသုံးမဝင်ပေ။ အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကလည်း သူ့အတွက်အသုံးမဝင်ပေ။ သူသည် အင်မော်တယ်စွမ်းအင်များကို စုပ်ယူနိုင်ခြင်းမရှိသလို သာမန်စိတ်ဝိညာဉ်စွမ်းအင်ကိုလည်း စုပ်ယူနိုင်သည်မဟုတ်ပေ။ ဤသည်က စကားလုံးဖြင့် ဖော်ပြရန်ပင်ခက်ခဲပေသည်။

သူ၏ခန္ဓာကိုယ်သည် အိုးထဲ၌ ကျောက်တုံးကို ကြော်နေရသကဲ့သို့ ဆီ၊ဆားအရသာများမဝင်သကဲ့သို့ဖြစ်နေသည်။

သို့ပေမဲ့ သူသိချင်မိသည်။

*မဖြစ်သင့်ဘူး ဒါကပုံမှန်မဟုတ်ဘူးလေ*

ချမ်ချန်ကန်း၏စကားကိုကြားသောအခါ စနစ်ကပြန်ဖြေလိုက်သည်။

“စနစ်၏သတိပေးချက်”

“ပိုင်ရှင်သည် ယခုအခါ ပြိုင်ဘက်ကင်းနယ်မြေစနစ်ကို ဖွင့်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့်အသုံးမဝင်သောကျင့်ကြံမှုများကို ပြုလုပ်ရန်မလိုအပ်ပေ”

ချမ်ချန်ကန်းက ခေါင်းခါလိုက်ပြီး

“ပြိုင်ဘက်ကင်းနယ်မြေက တကယ့်ကိုပြိုင်ဘက်ကင်းတာပဲ။ ဒါပေမဲ့ပြိုင်ဘက်ကင်းနယ်မြေထဲမှာပဲ ငါကပြိုင်ဘက်ကင်းတာလေ။ ဒီနယ်မြေထဲကထွက်သွားရင် ငါကဘာလုပ်ရမှာလဲ”

“စနစ်၏သတိပေးချက်”

“ပိုင်ရှင်သည် လက်ရှိတွင် ပြိုင်ဘက်ကင်းနယ်မြေထဲတွင်သာရှိနေရန်လိုအပ်သည်။ ပိုင်ရှင်၏ကျင့်ကြံလိုစိတ်နှင့် ပတ်သက်ပြီးစနစ်ကနောက်ဆက်တွဲ စနစ်အဆင့်မြင့်တင်မှု၌ လုပ်ဆောင်ချက်အသစ်ကိုထပ်မံဖွင့်လှစ်နိုင်ပေသည်”

ချမ်ချန်ကန်း၏မျက်လုံးများက တောက်ပလာခဲ့သည်။

“စနစ် အဲဒါဆိုရင် ငါက ဘယ်ဗားရှင်းထိ အဆင့်မြင့်တင်ဖို့လိုအပ်တာလဲ”

“စနစ်၏သတိပေးချက်”

“စနစ်ကမသိပါ”

ချမ်ချန်ကန်းက ကြောင်အသွားခဲ့သည်။

*မသိဘူးဟုတ်လား၊ စောက်ကျိုးနည်း...ဂုဏ်သိက္ခာရှိတဲ့စနစ်ဖြစ်ပြီး သူ့စကားကိုသူ တာဝန်မယူဘူးပဲ*

“စနစ် မင်းဒီထက်ပိုပြီး တိတိကျကျမပြောနိုင်ဘူးလား”

စနစ်က ချမ်ချန်ကန်းကို စကားထပ်ပြီးမပြောတော့ပေ။ ချမ်ချန်ကန်းလည်း စွံ့အသွားခဲ့သည်။

All Chapters